Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Monday, May 2, 2011
ညစာထမင်းလွတ်မုန့် ဟင်းခါး၊ ဘူးသီးကြော်၊ ကန်ဇွန်းရွက်ကြော်
 အလွယ်နည်းပါ။ သူငယ်ချင်းလက်ဆောင်ပေးတဲ့ စံပြဒေါ်ကြည်အထုတ်ကို စပါးလင်နဲ့ ပြုတ်ထားတဲ့ ငါးပြုတ်တွေထဲ့၊ ကြက်ဥပြုတ်တွေထဲ့၊ ကြက်သွန်ဥလေးတွေထဲ့ ပြီးပြင်ချက်လိုက်တာပါ။
ငရုတ်သီးမှုန့် ကတော့ရှယ်ဘဲနော်။ ကိုယ့်ဖာသာ အတောင့်ကို ကြော်ပြီးကြိတ်ထားတာပါ။ ငရုတ်သီးမှုန့် တွေထဲက အညှာတွေ၊ (တခါလေခဲတွေ၊ ပိုးဟတ်ချေးတွေ)ပါတတ်လို့ နောက်ပိုင်းဆိုအိမ်မှာဘဲလုပ်ပါတယ်။ ဒီရောက်တော့မလုပ်ဖြစ်ပါဘူး။ ခုမှပြန်လုပ်ဖြစ်တာပါ။ (ကိုညီလင်းသစ်နဲ့ အစပ်သမားများအတွက်စပါယ်ရှယ်။ ဘေဘီကတော့မတဲ့ဘူးနော်)
 ဒါကသူငယ်ချင်းကြော်ပေးတဲ့ကန်ဇွန်းရွက်ကြော်ပါ။ ထုံးစံအတိုင်းကိုယ်လုပ်ချင်ရာလုပ်ကြတယ်ဆိုတော့ ကန်ဇွန်းရွက်ကြော်ကိုလည်းဘာမဆိုင်ညာမ ဆိုင်စားချင်ကြပါတယ်။ (ထမင်းလွတ်နံမည်တပ်ပြီး)ကြက်သွန်ဖြူလေးနဲ့ ငရုတ်သီးစိမ်းလေးဒါးပြားရိုက်ပြီးကြော်ထားလို့ မွှေးလည်းမွှေး၊ မွှန်လည်းမွှန်ပြီးအားလုံးဟတ်ချိုးတွေချီကြလို့ ရီလိုက်ကြရတာ။ စားလို့ လည်းအရမ်းကောင်း။ သူငယ်ချင်းက နှစ်ပွဲကြော်ပေးပါတယ်။ ဂဲမလောက်တီးဝိုင်းလိုဘဲ ကျမတို့ သုံးယောက်ကလည်း ချမလောက်တီးဝိုင်းပါဘဲ။
 ကျမကဂေါ်ဖီထုတ်ပါးပါးလှီးထဲ့စားရတာကြိုက်လို့ ထဲ့စားပါတယ်။ ပျော့ပျော့ texture တွေများတဲ့ အရာထဲမှာကကြွတ်ကကြွတ်ဖြစ်နေတာကို စားချင်လို့ ပါ။  (ညကမရိုက်နိုင်ပါဘူး။ အရင်စားမိလို့ )
 ဒါကသူ့ ပန်းကန်ပါ။ ညကသူ့ ပန်းကန်ပြင်ပြီး အတင်းဓါတ်ပုံပေးရိုက်ပါဆိုပြီးရိုက်ထားတာ။း)
 ဘူးသီးကြော်ကမုန့် ဟင်းခါးထဲရော၊ ဒီတိုင်းအချဉ်နဲ့ ဆလတ်ရွက်နဲ့ ရောစားကြပါတယ်။ ကြိုက်သလိုထဲ့သုံးဆောင်ပါ။ အကြော်နဲ့ ဟင်းရည်ချည့်လည်းသောက်လို့ ရပါတယ်။
ပွဲပြင်ထားတဲ့ထဲနှစ်သက်ရာထဲ့ပြီးသုံးဆောင်သွားနိုင်ပါတယ်ရှင်။
 မုန့် ဟင်းခါးဆိုဟင်းရည်ပွက်နေမှနော်။ ဒီမှာပွက်ပွက်ဆူဟင်းရည်အိုးပါ။ သူငယ်ချင်းအမကြီးတယောက်နဲ့ ဆုံးသွားတဲ့ဆရာရင်းတယောက်ကိုသတိရမိပါတယ်။ မုန့် ဟင်းခါးဟင်းရည်မပူလို့ ကတော့အဲဒီဆိုင်သေပြီသာမှတ်။ မျက်စောင်းတော့အနဲဆုံးသူတို့ ထိုးလိုက်ကြပါတယ်။ သုငယ်ချင်းအရွတ်တုံးလေးတယောက်ကတော့ မုန့် ဟင်းခါးစားရင်ထမင်းထဲ့ပြီးကျကျနနနယ်ပြီး ခပ်ပြစ်ပြစ်လေးငရုတ်သီးမှုန့်တွေများများနဲ့ စားပါတယ်။ တူမကျတော့ မုန့် ဟင်းခါးကို ထမင်းပေါ်သာသာလေးပုံပြီးစားပါတယ်။သူတို့ လေးတွေကိုလည်းသတိရမိပါတယ်။
 အိုးဘဲဥအစားအိုးကြက်ဥများနဲ့ သုံးဆောင်သွားပါရှင်။
 ဒီလိုဆီချက်လေးတွေထဲ့စားတော့ပိုကောင်းတာပေါ့။ သုပ်စားရင်လည်းအဆင်ပြေတယ်လေ။(အရင်ကရိုက်ထားတဲ့ပုံပါ)ကျမတို့ အိမ်မှာအမေနဲ့ မောင်လေးကသုပ်စားတာပိုကြိုက်တော့သုပ်စားလို့ ရအောင် ဟင်းဆီသတ်ကတည်းကငါးဆီသတ်တွေကိုအမြဲဖယ်ထားလေ့ရှိပါတယ်။ ကျမကတော့တနေ့ ကတည်းက နေ့ လည်အဆာပြေငါးမွှေဟင်းနဲ့ သုပ်စားပြီးသွားပါပြီ။
ကိုင်း..ကျမတို့ အားလုံးစားလို့ ပြီးပြီဆိုတော့ အချိုတည်ဘို့ ဘဲကျန်ပါတော့တယ်။ အားလုံးကော်ဖီပြင်းပြင်းဆိမ့်ဆိမ့်လေးတွေသောက်ပြီး အချိုတည်းရင်း အိုစမာဘင်လာဒင်သတင်းဆက်ကြည့်ပြီး အာလူးတွေဖုတ်ကြပါတယ်။
သိပ်အီနေရင်တော့ တနေ့ ကခွဲထားတဲ့ နာနတ်သီးလေး ကိုအချိုတည်းပေါ့နော်။
ရောက်လာသူအပေါင်းစိတ်အေးချမ်းသာစွာနဲ့ သုံးဆောင်သွားပါနော်။
ခင်မင်လေးစားသော
အိုင်အိုရာ
မှတ်ချက်။ စူစန်ရေ လာကြည့်တာအားနာလို့ မြန်မြန်တင်ပေးလိုက်ပါတယ်နော်။ မုန့် ဟင်းခါးကြိုက်ရဲ့လားတော့မသိ။
18 comments:
  1. မုန့်ဟင်းခါးကို တကယ်ပဲ သွားရည်ယိုတယ်ဗျို့၊း) ဆိုင်က လှော်ပြီးသားငရုတ် သီး မှုန့်တွေမှာ ဖလံဖြူတွေနဲ့ မစပ်တာတွေ ခဏခဏ မိပြီးကတည်းက ကျနော်လည်း ကိုယ့်ဟာကိုယ်ပဲ အိမ်မှာ လှော်စားတော့တယ်ဗျာ..။
    ReplyDelete
  2. အောင်မလေးဗျာ.... အိပ်ယာဝင်ခါနီးမှ ရောက်လာမိလို့ ဗိုက်တွေ တဂြီဂြီ ဖြစ်သွားတယ်။ မုန့်ဟင်းခါးကတော့ ရှယ်ပါပဲဗျာ။ နာနတ်သီး လှီးထားတာလေးကို သဘောကျမိတယ်။ ခွက်လေးပါရတယ် ဆိုတော့ အဆင်ပြေတယ်ဗျာ။ မှတ်ထားအုံးမယ်။ အိပ်ခါနီးမို့ နောက်မှပဲ တစ်ခေါက်ထပ်လာပြီး သွားရည်ကျအုံးမယ်...:P:P:P
    ပျော်ရွှင်ပါစေ အိုင်အိုရာ...
    ReplyDelete
  3. ဘေဘီက ငရုပ်သီးပဲ မတည့်တာနော်
    ကျန်တာတော့ ပါစပ်နဲ့ အကုန်တည့်တယ် :P
    မေးမလို့ အိုင်အိုရာ့ သူက ပန်ကန်လေးတောင်
    ဓါတ်ပုံပေးမရိုက်ဘူးဆိုတော့ တွန့်တိုတာပေါ့နော် :P
    စတာ အတည်နော် :P
    ReplyDelete
  4. အိုးကြက်ဥနဲ့ နှစ်ပွဲဗျို့ ။ နာနတ်သီးလှီးထားတာလေး ကဗျာဆန်တာ။ :)
    ReplyDelete
  5. မုန့်ဟင်းခါးအရမ်းကြိုက်ပါတယ်..။
    ဘူးသီးကြော်တော့ သိပ်မဝကြိုက်ဘူး။ပဲခြမ်းကြော်လေးပါမှ။
    ငရုတ်သီးမှုန့်ကို ကိုယ်တိုင်မလုပ်ဖူးသေးဘူး။
    စမ်းကြည့်ရအုန်းမယ်။
    ပေါက်
    ReplyDelete
  6. ကိုညီလင်းသစ်..
    သွားရည်ယိုရင်လည်းအားပေးသွားပါဗျို့ ။
    ရွှေညာသားလေး..
    အိပ်ယာကနိုးမှပြန်လာလည်ပြီးသုံးဆောင်ဦးနော်။
    ဘေဘီရေ..
    တဲ့တာတွေအားလုံးအကြိုက်စားသွားပါနော်။
    ဒီလိုဘေဘီရေ..ကိုယ်က ဘလော့အတွက် ဓါတ်ပုံရိုက်ရိုက်နေတော့ သူက ဗိုက်အရမ်းဆာတဲ့အချိန်ဆို ကိုယ်ဓါတ်ပုံရိုက်တာပြီးအောင်စောင့်ပေးရတယ်လေ။ ကိုယ်ကလည်း လှည့်ပတ်ရီုက်နေတော့ နဲနဲလေးတော့ကြာတာပေါ့ကွယ်။ ပြီးလည်းပြီးရော သူကပူမှကြိုက်တော့ ပြန်အပူပေးရပြန်ရော။ မုန့် ဟင်းခါးဆိုတော့ ပိုဆိုးတာပေါ့။ အေးသွားရင် မစားချင်တော့ဘူးလေ။ သူကနကိုယ်ကမှမုန့် ဟင်းခါးသိပ်စားတာမဟုတ်ဘူး။း))))) (သူ့ ကိုလှမ်းပြောပြတော့ သူကပြောတယ်။ ညကအရမ်းဆာနေလို့ ပါတဲ့။ မတွန့် တိုပါဘူးတဲ့)
    ညယံ..
    အိုးကြက်ဥနဲ့ ရော နာနတ်သီးရော သုံးဆောင်ပါရှင်။
    ပေါက်ရေ..
    ဆောရီးနော်။ ကိုယ်ကပဲကြော်မကြိုက်တော့ များသောအားဖြင့်မစားဘူး။ ဘူးသီးကြော်ကိုလည်း ကျွတ်နေမှစားတာများပါတယ်။ ပျော့နေရင်မစားချင်ဘူး။ဂျီးများတယ်။း) ဒီမှာတကယ်တော့ ပဲကြော်ကောင်းကောင်းရယ်ဒီမိတ်ဝယ်လို့ ရပါတယ်။ ငရုတ်သီးမှုန့် ကညှော်တာကလွဲရင် သိပ်မပင်ပန်းပါဘူး။ အေးတဲ့အချိန် ဘလင်န်ဒါ နဲ့ ကိုယ်နှစ်သက်တဲ့အနေ ကြိတ်လိုက်တာပါဘဲ။ ဒါပေမဲ့ မွှေးပြီးကျွတ်နေတော့စားလို့ ပိုကောင်းတယ်။ လုပ်ရကျိုးနပ်တယ်ထင်တာဘဲကွယ်။ ကိုယ်ကဆီနဲနဲ နဲ့ ကြော်လိုက်တာမြန်ပြီးပိုမွှေးအောင်လို့ လေ။
    ReplyDelete
  7. အမလေး
    ကြည့်ရုံနဲ့ ဗိုက်ဝကြေးဆိုရင် ထမင်းမစားဘဲ အ၀ကြည့်ပါတယ်
    မုန့်ဟင်းခါးနဲ့ အိုးဘဲဥကတော့ ထူးထူးရှယ်ပါလား
    နာနတ်သီးလေးက တစ်မျိုး အမြင်ဆန်းနေတာမို့ တကယ်ကို စားချင်စဖွယ်
    ReplyDelete
  8. ဟတ်ချိုး
    ငရုတ်သီးမှုန့်ကိုယ်တိုင်လက်ဖြစ်ဆိုတော့ လတ်ဆတ်။
    ကန်ဇွန်းရွက်ကြော်ထဲက ဒါးပြားရိုက် ငရုတ်သီးစိမ်းရဲ့ အနံ့ကလည်း စာနဲ့ ဓါတ်ပုံကြည့်ပြီး ကိုယ့်ပါးစပ်ထဲရောက်လာသလိုပဲ။
    အိုင်အိုရာရေ ကျေးဇူးပါ။
    မုန့်ဟင်းခါးကိုတော့ ချဉ်ချဉ်ငံငံစပ်စပ် လေး မှကြိုက်တယ်။
    ReplyDelete
  9. အဲသည်အထုပ်တော့မစားဖူးသေးဘူး
    မုန့်ဟင်းခါးငါးဖယ်နဲ့တပွဲပေးပါ။ ငါးဖယ်မရှိဘူးလား...ဒါဆို အလွတ်ပဲပေး။ အသုပ်လည်းစားချင်တယ်။ ငါးမွှေဟင်းလေးနဲ့ Iora စားသလို သုပ်ပေးပါနော်... :P
    စူးနွယ်လေး
    ReplyDelete
  10. ချော..
    ယုံတယ်ဆိုရင် ခေါ်မကျွေးရတော့ဘူးလားး))))
    နာနတ်သီးတလုံးလုံးကိုယ်တယောက်ထဲစားလိုက်ရတယ်။ ကူစားပေးရင်ကောင်းမှာ။း)
    မကောင်းမွန်ဝင်း..
    ဟတ်ချိုး..ပါ။ အဲလေ..ကျေးဇူးပါ။ ကိုယ်ကတော့ ပထမ စားစားချင်း ငရုတ်သီး မထဲ့ဘဲ သုံးလေးဇွန်းကို ပလိန်းအရသာခံစားတယ်။ ပြီးတော့မှ ငရုတ်သီးမှုန့် ကို ထဲ့စားပါတယ်။ အချဉ်မထဲ့ဘူး။ ငံပြာရည်ကတော့ထဲ့တာဘဲမုန့် ဖတ်နဲ့ ဆို။ ဟင်းရည်သောက်ရင် အကြော်တို့ ၊ ငါးဖယ်တို့ နံနံပင်တို့ ထဲ့ပြီး သောက်ပြန်ပါတယ်။
    ထပ်ခါထပ်ခါစားမိလို့ သိပ်အီပြီဆိုမှ အချဉ်ထဲ့တာ။း)
    စူးနွယ်လေး..
    ဟင်းအိုးထဲ အထုတ်ဖြည်ထဲ့တော့ကိုယ်ကစူးနွယ်လေးကိုသတိရနေတာ။ စူးနွယ် ရယ်ဒီမိတ် မုန့် ဟင်းခါးလား၊ ပုန်းရည်ကြီးလားမသိဘူးချက်တုန်းကပိုးဟတ်လားဘာလား (ဘာလားညာလားတွေများနေပြီ၊ ဖတ်တာတွေကလည်းအများကြိးကို)(ပုန်းရည်ကြီးကသဲတွေပါတာဟုတ်) တွေ့ လို့ သွန်ပစ်ရတယ်ဆိုတော့ ကိုယ်ကလည်း ပြူးပြဲပြီးသေချာကြည့်တာ။ ကိုယ်လည်း ရယ်ဒီမိတ်တွေသာစားနေရတာ သိပ်တော့စိတ်မသန့် ဘူးရယ်။
    ငါးဖယ်ကလည်းလုပ်တိုင်းနောင်တရလို့  ဘွိုင်းကောက်လုပ်ထားတယ်လေ။း)
    အလွတ်လည်းစား၊ အသုပ်လည်းလုပ်ပေးမယ်နော် ကိုယ့်လို။
    ReplyDelete
  11. ချော..
    ယုံတယ်ဆိုရင် ခေါ်မကျွေးရတော့ဘူးလားး))))
    နာနတ်သီးတလုံးလုံးကိုယ်တယောက်ထဲစားလိုက်ရတယ်။ ကူစားပေးရင်ကောင်းမှာ။း)
    မကောင်းမွန်ဝင်း..
    ဟတ်ချိုး..ပါ။ အဲလေ..ကျေးဇူးပါ။ ကိုယ်ကတော့ ပထမ စားစားချင်း ငရုတ်သီး မထဲ့ဘဲ သုံးလေးဇွန်းကို ပလိန်းအရသာခံစားတယ်။ ပြီးတော့မှ ငရုတ်သီးမှုန့် ကို ထဲ့စားပါတယ်။ အချဉ်မထဲ့ဘူး။ ငံပြာရည်ကတော့ထဲ့တာဘဲမုန့် ဖတ်နဲ့ ဆို။ ဟင်းရည်သောက်ရင် အကြော်တို့ ၊ ငါးဖယ်တို့ နံနံပင်တို့ ထဲ့ပြီး သောက်ပြန်ပါတယ်။
    ထပ်ခါထပ်ခါစားမိလို့ သိပ်အီပြီဆိုမှ အချဉ်ထဲ့တာ။း)
    စူးနွယ်လေး..
    ဟင်းအိုးထဲ အထုတ်ဖြည်ထဲ့တော့ကိုယ်ကစူးနွယ်လေးကိုသတိရနေတာ။ စူးနွယ် ရယ်ဒီမိတ် မုန့် ဟင်းခါးလား၊ ပုန်းရည်ကြီးလားမသိဘူးချက်တုန်းကပိုးဟတ်လားဘာလား (ဘာလားညာလားတွေများနေပြီ၊ ဖတ်တာတွေကလည်းအများကြိးကို)(ပုန်းရည်ကြီးကသဲတွေပါတာဟုတ်) တွေ့ လို့ သွန်ပစ်ရတယ်ဆိုတော့ ကိုယ်ကလည်း ပြူးပြဲပြီးသေချာကြည့်တာ။ ကိုယ်လည်း ရယ်ဒီမိတ်တွေသာစားနေရတာ သိပ်တော့စိတ်မသန့် ဘူးရယ်။
    ငါးဖယ်ကလည်းလုပ်တိုင်းနောင်တရလို့  ဘွိုင်းကောက်လုပ်ထားတယ်လေ။း)
    အလွတ်လည်းစား၊ အသုပ်လည်းလုပ်ပေးမယ်နော် ကိုယ့်လို။
    ReplyDelete
  12. မုန့်ဟင်းခါးကတော့ ဘယ်အချိန်တွေ့တွေ့ ဘယ်နေရာမှာတွေ့တွေ့ အချိန်တိုင်း စားချင်နေတာပါပဲ... ဓါတ်ပုံတွေက ရည်လည်မိုက်တယ်... တကယ်ကို စားချင်စရာကောင်းတယ်...း))
    ReplyDelete
  13. မသက်ဝေ..
    ဟုတ်တယ် ကိုယ်လည်း မုန့် ဟင်းခါးသိပ်ကြိုက်တယ်။ (အဲ..မကောင်းရင်တော့မကြိုက်ဘူးး)။ )
    ဓါတ်ပုံတွေမိုက်တယ်ဆိုလို့ ဝမ်းသာကျေးဇူးတင်ပါတယ်။
    ReplyDelete
  14. အစ်မအိုင်အိုရာက ရို့စ် နှစ်သက်တာတွေချည်းပဲ ချက်ထားတာကိုး။ မုန့်ပာင်းခါးနဲ့ ကန်ဇွန်းရွက်ကြော်ကို ဟမ်ဘာဂါတွေ၊ ပီဇာတွေထက် ပိုမက်မောတယ်။ နာနတ်သီး လှီးထားတာလေး လှလိုက်တာ။ နာနတ်သီး ကြိုက်ပေမယ့် ရို့စ်က မလှီးတတ်လို့ မ၀ယ်ဖြစ်ဘူး။ လှီးပြီး အသားတွေ အကုန်ပါကုန်တား)))
    ReplyDelete
  15. rose..
    ဒါဆိုကိုယ်နဲ့ တူနေပြီ။ ကိုယ်လည်းအဲဒါတွေပိုမက်မောတယ်။ နာနတ်သီးကိုအဲလိုလှီးတာမျက်စေ့လည်းသပ်သပ်ဖယ်စရာမလိုဘူး။ တော်တော် မြန်တယ်။ ဒါးရှည်ရှည်ထက်ထက်လေး နဲ့ ဆိုပိုကောင်းတယ်သိလား။
    ReplyDelete
  16. rose..
    ဒါဆိုကိုယ်နဲ့ တူနေပြီ။ ကိုယ်လည်းအဲဒါတွေပိုမက်မောတယ်။ နာနတ်သီးကိုအဲလိုလှီးတာမျက်စေ့လည်းသပ်သပ်ဖယ်စရာမလိုဘူး။ တော်တော် မြန်တယ်။ ဒါးရှည်ရှည်ထက်ထက်လေး နဲ့ ဆိုပိုကောင်းတယ်သိလား။
    ReplyDelete
  17. မုန့်ဟင်းခါးက တကယ်စားချင်သွားတယ်၊
    ချက်မယ်ချက်မယ်နဲ့ မချက်ဖြစ်ပါဘူး။
    ReplyDelete
  18. ဂလု....ဂလု....ဂလု..............လုပ်ထားတာလေးက စားချင်စရာကောင်းလွန်းလို.လျှာတောင် ခလုတ်တိုက်တယ်ကွယ်.....း)
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။