Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Tuesday, May 10, 2011

ကြက်သားအာလူး၊ ချဉ်ပေါင်ကြော်၊ ကြာစွယ်ဟင်းချို၊ ကညွတ်ကြော်၊ ကန်ဇွန်းရွက်ကြော် ပြီးတော့စတရော်ဘယ်ရီနဲ့ ဒိန်ချဉ်


ကြက်သားအာလူးဗမာချက်
 အချိန်နည်းနေလို့ ချက်နည်းတွေမရေးတော့ဘူးနော်။ ဘာမှလည်းမဆန်းလို့ ပါ။ ကြက်သားအာလူးကဆီလည်ရေလည်ပါ။ ခြောက်မသွားအောင်လို့ ရေ များများထဲ့ထားတာပါ။ 

 
 ချဉ်ပေါင် နဲ့ မျှစ်ကြော်။ ပုဇွန်စိပ်ရော၊ ပုဇွန်ခြောက်ရောထဲ့ကြော်ထားပါတယ်။

 ဆလတ်ရွက် နဲ့ ခါဂျက်ဥ ကတော့ အကပ်ပေါ့။
 ကြာစွယ် နဲ့ မှိုခြောက်ဟင်းခါး ငြုတ်ကောင်းများများလေးနဲ့ ပါ။

 ဒါက ညဘက်မှာ ကြော်စားကြတာပါ။
 ကန်ဇွန်းရွက်ကြော်မ၀လို့ ထပ်ကြော်စားတာပါ။ ဒီအပါတ် ကန်ဇွန်းကသိပ်မကောင်းဘူး အရိုးနဲနဲမာတယ်။



ကညွတ်ကတော့ရှယ်ဘဲ။ ကောင်းပါတယ်။

ကဲ..အချိုတည်းဘို့ ကတော့ စတရော်ဘယ်ရီ နဲ့ ဒိန်ချဉ်ဖျော်ပါ။ Cuppercino လိုဒိန်ချဉ်လေးကိုအသာလေးမွှေလိုက်တော့ ပိုဆွဲဆောင်မှုရှိသွားသလိုဘဲ။ ဆွဲဆောင်မှုမရှိလည်းကုန်မှာပါ။း)

ထုံးစံအတိုင်းအိမ်ရှင်စိတ်ချမ်းသာအောင်အားပေးသွားကြပါဦးရှင်။

ခင်မင်လေးစားသော
အိုင်အိုရာ

12 comments:

  1. အစ်မ အလုပ်တွေ ရှုပ်နေတာလား... ချက်ထားတဲ့ ဟင်းတွေကလည်း
    အကုန်စားချင်စရာ.. အဲဒီအထဲကမှ ချဉ်ပေါင်ကြော်နဲ့ ကန်ဇွန်းရွက်ကြော်
    ပဲ ပိုပြီး အာရုံ ရောက်တယ်...။ ချဉ်ပေါင် ပန်းကန်လေး မ သွားပြီနော်..

    ReplyDelete
  2. ဆွဲဆောင်မှုရှိအောင် ချက်ထားမှတော့ အားပေးရမှာပေါ့
    ကဲ ကိုညီလင်း ချောငယ် ရှင်တို့ အတွက်မချန်တော့ဘူး
    ကိုညီလင်းက ကန်စွန်းရွက်ကြော်နဲ့ ချဉ်ပေါင် စားချင်တာမှလား
    ချောငယ်က ဒိန်ချဉ်သောက်ချင်နေတာသိတယ် ကျန်တော့ဘူးကွယ် :P :D

    ReplyDelete
  3. ဟင်းတွေအားလုံး ကြည့်ပြီး သွားရည်ယိုနေတယ်.. ဒီမှာတော့ တကယ်ပဲ စာပိနေတယ်.. ဟင့်.. သေချာချက်မစားဖြစ်တာတောင်ကြာပြီ..

    ReplyDelete
  4. ချဉ်ပေါင်ကြော်ကို ပုစွန်ဆိတ်လေးထည့်ကြော်တာ အရမ်းကို စားချင်တယ်

    ReplyDelete
  5. how do you call "kyar swae" in english? thanks!

    ReplyDelete
  6. ဆရာနေဝင်းမြင့် လေနဲ့ပြောရရင် “ကောင်းချက်ကတော့ ရက်စက်သယ်” ဆိုတာတော့ ဖြစ်နေပြီ၊ ချဉ်ပေါင်ကြော် ဓါတ်ပုံကို ကြည့်နေတာတင် စက္ကန့် ၄၀ လောက်ကြာမယ်၊ တစိမ့်စိမ့် ခံစားတယ် ဆိုတာ ပိုပြီးနားလည်သွား သလိုပဲ၊း) ကွန်မန့်လည်း ရေးဖို့လုပ်ရော မဘေဘီက အကုန်စားသွားပြီ ဆိုပဲ၊ သွက်တယ် ဗျို့၊ အရင်လည်း ရောက်တဲ့အပြင် ကျနော်ဘယ်ဟာကို ရွေးလိမ့်မယ် ဆိုတာပါ တပ်အပ်သိနေတော့တာပဲ၊ နောက်တခါ သူချက်မယ့် ဟင်းတစ်ခွက် တော့ သွားမ, မှပဲနဲ့တူတယ်...ဟားဟား။

    ReplyDelete
  7. ချဉ်ပေါင်ကြော်ခွက်ကို ကြိုက်သူများနေပြီ ရဘူး တို့လည်း ၀င်လုရမှာပဲ:):):)ကြာစွယ်က စားလို့ကောင်းလာဗျ ကြည့်ရတာကတော့ စားချင်စရာလေး... ရွှေညာသားလေးတို့ ဆီမှာတော့ မရှိလို့ တစ်ခါမှကို မစားဖူးသေးဘူး...ကြာစွယ်...ကြာစွယ်...

    ပျော်ရွှင်ပါစေ အိုင်အိုရာရေ...

    ReplyDelete
  8. ချဉ်ပေါင်ရော ဒိန်ချဉ်ရော မရှိတော့ရင် ကညွှတ်ကြော်ဘဲစားတော့မယ်
    ကြာစွယ်ဟင်းချိုရယ်ပေါ့
    ဒါနဲ့ ကြာစွယ်က သေးသေးလေးတွေနော် ဖြူတော့ တအားဖြူတယ် သန့်နေတာဘဲ
    ဟိုနေ့က ကြက်ရိုးနဲ့ ကြာစွယ်ဟင်းချိုချက်တာ မဲသွားတယ်. ကြာစွယ်ကလည်း အကြီးကြီးရယ်
    ခု Iora ဟင်းလေးက စားချင်စရာလေးရယ်
    ဟွန့် မနက်ဖန် ကညွှတ်ကြော်စားဦးမယ် မရတော့ဘူး စားချင်လာပြီ

    ReplyDelete
  9. ဟင်းတွေကြည့်ရင်းနဲ့ ဗိုက်တောင် ဆာလာပီဗျာ..ဒီလိုကောင်းကောင်းလေးချက်ထားတာ မစားရတာတာ အတော်ကို ကြာနေပါပီ..လာလည်သွားပါတယ်ဗျာ..။။

    ReplyDelete
  10. ကိုရာဇာလေး..
    ဟုတ်ပါတယ်။ အလုပ်နဲနဲရှုပ်နေပါတယ်။ အရင်ရောက်တဲ့သူကတော့တပန်းသာမှာဘဲနော..း)

    ဘေဘီရေ..
    ဦးသူစားတမ်းဘဲနော..စောရင်များများစားရမယ်..း)

    ဆန်းနီလေး..
    သနားပါတယ်။ စာတွေပိနေလို့ ။ ကိုယ်ချင်းစာပါတယ်ကွယ်။ ကိုယ်ကျောင်းတက်တုန်းကချက်တဲ့ဟင်းတွေဆို နံမည်တောင်တပ်မရဘူး။ စားလို့ ရတာနဲ့ ရှိတာတွေပစ်ထဲ့ပြီးချက်ထားတာ။ အမည်ကိုမရှိဘူး။ ဟင်းချက်ရင်းလည်းစာဘဲကျက်နေတာလေ။

    စုဘူးအိမ်..
    ပုဇွန်စိပ်နဲ့ ချက်တာကလည်း ကံကောင်းလို့ တခါနှစ်ခါဘဲရဘူးပါတယ်။

    အမည်မဖေါ်သူရေ..
    အဲဒါ..ထိုင်းကလာတဲ့ပုလင်းပါ။ ပုလင်းမှာတော့ Lotus rootlet လို့ ရေးထားပါတယ်။

    ကိုညီလင်းသစ်ရေ..
    ဘေဘီကအကုန်စားသွားပေမဲ့ဒီထက်ကောင်းတာတွေကိုယ်တို့ ကိုပြန်ချက်ကျွေးမှာလေ။ စိတ်မပူနဲ့ ။ ပိုကောင်းပြီသာမှတ်။ စက္ကန့် ၄၀ဆိုတာရုပ်ရှင်ထဲမှာဆိုရင် အချိန်ကိုက်ဗုန်းတွေ ကိုပြန်တောင်ဖြုတ်နိုင်တယ်နော်။ ချဉ်ပေါင်တပန်းကန်ကတော့ အသာလေးပေါ့နော။

    ရွှေညာသားလေး..
    ချဉ်ပေါင်ကတော့ ပွဲဆူတဲ့သဘောရှိတယ်နော်။ နောက်ဆိုအိုးလိုက်ချမှဘဲ။ အဲဒီကြာစွယ်အသေးလေးတွေက ဒီမှာထိုင်းကလာတာပါ။
    ကျေးဇူးပါဆုတောင်းလေးအတွက်။

    ချောရေ..
    မကျန်တော့ဘူးထင်တယ်။ ဘေဘီအားပေးသွားပြီ။ ဒီကြာစွယ်ကပုလင်းနဲ့ လာတာပါချောရေ။ သေးသေးလေးမို့ လို့ ဖြူနေတာနဲ့ တူပါတယ်။ ကညွတ်ကတော့ အမြဲကောင်းတာဆိုတော့ကြော်သာကြော်ချောရေ။

    ကိုမင်းလွင်မှူး..
    အိမ်နဲ့ ဝေးနေတယ်နဲ့ တူတယ်။ ပုံနဲ့ ဘဲကျွေးရလို့ အားနာမိပါတယ်။ နောင်လည်းလာလည်ပါလို့ ဖိတ်ပါတယ်။လာလည်လို့ လည်းကျေးဇူးတင်၊ မှတ်ချက်လေးပေးသွားလို့ လည်း ၀မ်းသာရပါတယ်ရှင်။

    ReplyDelete
  11. ချဉ်ပေါင်ကြော်နည်းေ၇းပေးပါ။စားချင်စ၇ာလေး အိမ်မှာကြော်၇င်ဒီလိုမ၇ဘူး

    ReplyDelete
  12. အန်နုံးသို့ ......
    ချဉ်ပေါင်ရင့်ရင် အရင်ပြုတ်ပြီး စစ်ထားပါ။ ကြေကြေကြိုက်ရင် ကြေနေအောင် ပြုတ်ထားတဲ့ချဉ်ပေါင်ကို အရင်ခြေပေးပါ။ ဒီမှာတော့ ကျမက ချဉ်ပေါင်ပေါ်ချိန်မှာ အများကြီးဝယ်ထားပြီး ဘာမှမထဲ့ဘဲလုံးထားတာတွေကို အိတ်တွေ နဲ့ တခါစားစာတွေ ထဲ့ပြီးဖရီဇာထဲထဲ့ပြီးသိမ်းထားရတာပါ။ ကျမကကြေမှကြိုက်ပါတယ်။
    ဒီပုံမှာ ကြော်ထားတာကတော့ ပထမ ကြက်သွန်ဖြူ၊ နီ၊ နဲ့ ငြုတ်ကြမ်းမှုန့် ကို ဆနွင်းထဲ့ဆီသတ်ပြီး နဲနဲနွမ်းတော့မှ ပုဇွန်ဆိတ် နဲ့ ပုဇွန်ခြောက်မညက်တညက်ကြိတ်ထားတာကို ထဲ့ပါတယ်။ ချဉ်ပေါင်ကမချဉ်ရင် ငပိမထဲ့ပါဘူး။( မြန်မာပြည်မှာတော့ချဉ်ပေါင်ကလည်းချဉ် အနံ့ ပြင်းမှာလည်းမပူရတော့ထဲ့ပါတယ်။ ဒီမှာတော့ ရုံးကိုယူသွားရင်လည်း ငပိမပါမှ စားတဲ့အခါ အနံ့ ပျော့တော့ ငပိမထဲ့ဖြစ်တာများပါတယ်။ ပြောမဲ့သာပြောတာ မယူသွားဖြစ်တာများပါတယ်။ အိမ်မှာဘဲ စားလိုက်တော့တယ်။)
    ပုဇွန်ခြောက်နံ့ လေးမွှေးတက်လာပြီဆိုရင် ရယ်ဒီမိတ်မျှစ်ရေစစ်ထားတာကို ထဲ့ပါတယ်။ ဆားပါးပါးထဲ့ပါတယ်။ မျှစ်နံ့ လေးမွှေးပြီးနဲနဲ ခြောက်လာတော့ ခြေထားတဲ့ချဉ်ပေါင်တွေ ထဲ့ဆားထဲ့၊ ငံပြာရည်ထဲ့ အချိုမှုန့် ကြိုက်ရင် နဲနဲထဲ့။ ကျမကတော့ ကြက်သားမှုန့် နဲနဲထဲ့ပါတယ်။ ပုဇွန်ခြောက်ကကောင်းရင် ဘာမှသိပ်မလိုပါဘူး။ ချဉ်ပေါင်ထဲ့အပြီး ဆီပြန်ခါနီးမှာ ဖြတ်ထားတဲ့ငြုတ်သီးစိမ်းတွေထဲ့။ ပြီးတော့ဆီပြန်လာတော့ ရှမ်းနံနံအုပ်ပြီးချပါတယ်။ နံနံပင် တို့ ပင်စိမ်းတို့ အုပ်လည်းရပါတယ်။ ကိုယ်ကြိုက်ရာပေါ့နော်။ ဒါပါဘဲ။ ကြော်ကြည့်လို့ အဆင်မပြေရင် လည်းထပ်မေးနိုင်ပါတယ်။ အားတာနဲ့ အချိန်ယူပြီး ပြောပြပါမယ်ရှင်။

    ခင်မင်လေးစားသော..
    အိုင်အိုရာ

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။