Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Wednesday, June 8, 2016

ထမင်းဘူးများ (၂ )

ထမင်းဘူးတွေ ရိုက်ထားသလောက်လေးတွေဆက်တင်ပေးချင်လို့ ပါ။
အရင်ပြောဘူးသလိုပါဘဲ ချက်ထားတာ ရိုက်ထားတာ ကြာပါပြီ။
အမှတ်တရ အဖြစ် အပျင်းပြေ ကြည့်ရအောင်တင်လိုက်ပါတယ်။


ကိုက်လံကြော် ငပိထောင်းသံပုရာသီးညှစ် ၀က်သားလုံးအာလူးခြောက်စပ်ကြော်
 
 ကိုက်လံကို ကြက်သွန်ဖြူ ငရုတ်သီးစိမ်းအနီဒါးပြားရိုက်ဆီသတ်ပြီး ခရုဆီနဲ့ ကြော်၊ ငပိထောင်းကိုသံပုရာသီးညှစ် ။ ၀က်သားလုံးကြော်ကို ဂျင်း ကြက်သွန်ဖြူနီ ငရုတ်သီးအကြမ်းဖတ်နည်းနည်းနဲ့ ဆီသတ်ပြီး အာလူးနဲ့ မဆလာနဲ့ ခပ်ခြောက်ခြောက်လေးပြန်ကြော်ထားတာ။




ပုစွန်ဆီပြန် ငပိကြော် မုန်ညင်းထုတ်ကြော် သံပုရာခွံသုပ်
ပုစွန်ကိုရိုးရိုး ပဲ ကြက်သွန်ဖြူနီနဲ့ ဆီသတ်ပြီး ဆီပြန်ချက်ထားတာပါ။ သံပုရာသီးညှစ်ပြီးသားတွေကို ဆားနဲ့ သန့် သန့် လေးနယ်ပြီး ပုလင်းထဲမှာ နပ်နေအောင်နေပြထားတာကို သရက်ချဉ်အကြမ်းသုပ်သလို မျိုး ကြက်သွန်ဖြူနီ ငရုတ်သီး နံနံပင်နဲ့ ဆီစိမ်းဆမ်းသုပ်ထားတာပါ။

ဝက်အူချောင်းကိုကြက်သွန်နီအကွင်းလိုက်နဲ့ ပြန်ကြော်ထားတာ။ လက်ဖက်သုပ်၊  မက်ကရယ်ငါးပေါင်းကိုငါးသလောက်လိုပေါင်းထားတာပါ။















ဒီဟင်းကတော့မေ့တောင်နေပြီ။ ၀က်သားလားဝက်လျာလား ကြက်မြစ်ကြက်သည်းလားမမှတ်မိတော့ဘူး။ ကြည့်ရတာတော့ ၀က်လျာနဲ့ တူတယ်။ ငပိကြော် နဲ့ မျှစ်ပဲပြုတ်ကြော်








ကြက်ဥလိပ်ကြော် ကြက်မြစ်ကြက်သည်း ခရမ်းချဉ်သီးစပ်ချဉ်ချက် ပန်းမုန်လာပွင့်ကြော်

ခရမ်းချဉ်သီးစပ်ချဉ်ဟင်းလောက်ချက်ရတာလွယ်တာမရှိဘူး။ ခရမ်းချဉ်သီးတွေဖြတ်ညှပ် ကြက်သွန်ဖြူနီငရုတ်သီးထောင်း ထဲ့ ပုစွန်ခြောက်မှုန့် ထဲ့ ငပိကြိုက်ရင်ထဲ့ (အိုင်အိုရာ က ပုစွန်ခြောက်များများနဲ့ ငံပြာရည်နဲ့ ချက်တာများတယ်။ ငပိက အနံ့ ပြင်းတော့ ကိုယ်က ကြိုက်ပေမဲ့ ပတ်ဝန်းကျင်ကမခံနိုင်မှာစိုးလို့ ငံပြာရည်နဲ့ ချက်တာများတယ်။) ဆီမထဲ့လည်းရတယ်။ တခြားဟင်းတွေဆီပြန်ပါရင် ဆီမထဲ့ပဲချက်တယ်။ အရသာတူတူပါဘဲ။ အိုးတည်ပြီး အားလုံးမွှေးကြိုင် ကြေသွားအောင် ရေနည်းနည်းချင်းထဲ့ တည်။ စိတ်ကြိုက်ရပြီဆို ရေကြိုက်သလောက်ထဲ့ ကောင်းကောင်းဆူပွက်ပြီး မပျစ်မကျဲလေးရောက်ရင် ငရုတ်သီးစိမ်း နံနံပင် အုပ်လိုက်ရုံ။ အကြိုက်ဆုံးဟင်းထဲမှာပါတယ်ပြောရမယ်။


ကြက်မြစ်ကြက်သည်း ချက်တာလေးရိုးစင်းစွာ ရေနဲ့ ဆီနဲ့ ရော ပြုတ်ကြော်လုပ်ပြီး ဆီပြန်တော့ချလိုက်တာဘဲ။ အမြစ်အရင်ချက်။ အမြစ်ကျက်ပြီး အရည်ကျန်နေချိန်မှာအသည်းတွေ ထပ်ရော မွှေပေး။ အဖုံးအုပ်ဆက်တည်ထား။ အသည်းကျက်သွားရင် ဆီကောင်းကောင်းပြန်သွားမှချ။ မွှေးကြိုင်နေတဲ့ ကြက်မြစ်ကြက်သည်းဆီလေး နဲ့ ထမင်းပူလေးနဲ့ နယ်စားရတာ အလွန်ကောင်းပေါ့။

ကဲ အရင်ပို့ စ်မှာ ပုံမပါလို့ စိတ်ကောက်နေတဲ့သူတွေ ငိုချင်တဲ့သူတွေ တ၀ကြီးကြည့်ပြီးချက်စားကြတော့နော်။း)
ခင်မင်လေးစားသော...
အိုင်အိုရာ

5 comments:

  1. တစ်ဝကြီးကြည့်ပြီး တစ်ဝကြီးအာရုံခံသွားတယ် အိုင်အိုရာရေ။ လွယ်ကူတဲ့ခရမ်းချဉ်သီးချက်တော့ သားတို့ဖေကြီး ကြိုက်နှစ်သက်လို့ အမြဲလိုလိုဟင်းတစ်ခွက်အနေနဲ့ပါတယ်။ ငြုပ်သီးစိမ်းလေးထောင်းထည့် ငါးခူလေးဖြစ်စေ ငါးကျည်းလေးဖြစ်စေ ပြုတ်အသားနွှင်ထည့် နံနံပင်လေးအုပ် ^_^

    ReplyDelete
    Replies
    1. တီတင့်ပြောတာနဲ့ စားချင်လာပြီ။ အရင်နှစ်ပါတ်ကချက်စားတယ်။ ဒီအပါတ်ငပိရည်ဖျော်စားတယ်။ ငါးငပိချက်လည်းအကြိုက်ဘဲ။
      အိုင်အိုရာ

      Delete
  2. အားပါးပါး..
    တကယ်ချက်တတ်တာဘဲ..
    အန်တီတင့်ပြောသလိုဘဲ
    ခရမ်းချဉ်သီးချက်ကတော့
    အိမ်ကကျားကျားအကြိုက်ဆုံးတဲ့
    ကျမတော့ပဲပုပ်နဲ့ဘဲချက်တာများတယ်
    ပုဇွန်ခြောက်နဲ့တခါမှမချက်ဖူးသေးဘူး
    တဝကြီးငမ်းသွားပြီနော့်

    ReplyDelete
    Replies
    1. အနှစ်ပါမှထမင်းစားတတ်တဲ့ ကိုယ့်ချစ်ချစ်က အဲဒါကျ ဟက်ဟက်ပက်ပက်မစားဘူး။
      ကိုယ်က ပဲပုပ်ဆို ဘယ်လိုလုပ်လုပ်ကြိုက်တယ်။ သူက ရှမ်းထမင်းချဉ်နဲ့ က လွဲရင် မစားဘူး။
      ချက်တတ်တယ်ဆိုတာကလည်းကိုယ်မှမချက်ရင်ငတ်မှာလေကွယ်။

      Delete
  3. I miss the old Blogging. Many bloggers that have stopped over the years or primarily use Facebook now. My favorite bloggers retired from the blogging world. Maybe I should retire, too. I miss the fun in blogging. I remember way back in 2010. :'( So Sad!

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။