သတိရခြင်းများစွာဖြင့်...
အမေချက်ကျွေးခဲ့တဲ့ ငါးဘဲဖြူ၊ ငါးသလဲထိုး၊ ငါးသံချိတ်အိုးကပ်ဟင်းတွေ၊ ငပိရည်ဖျော်နဲ့ တို့ စရာအရွက်အပြုတ်အစုံတွေ၊ ငါးရံ့ ကိုရှောက်ရွက်အုပ်ပြီးချက်တဲ့ဟင်း၊ ပဲကြာဆံနဲ့ အာလူးနဲ့ ဝက်သားစဉ်းကောဟင်းနဲ့ သုပ်တဲ့အသုပ်၊၊ ငါးငပိချက်၊ ၀က်စအုကြော်၊ ငါးရံ့ ခြောက်ကို ခရမ်းချဉ်သီးများများနဲ့ ငရုပ်သီးစိမ်းတွေနံနံပင်တွေနိုင်းချင်းအုပ်ပြီးချက်ထားတဲ့ဟင်း၊မန်ကျည်းရွက်ရယ် သနပ်ရွက်ရယ် ဥသျှစ်ရွက်ရယ်နဲ့ ချက်ထားတဲ့ မန်ကျည်းရွက်ချဉ်ရည်ဟင်း၊ ငါးသလောက်ကို ခရမ်းချဉ်သီးများများနဲ့ ဆီလည်ရေလည်ချက်ထားတဲ့ဟင်း၊ ငါးသလောက်ဥကြော်၊ ပုစွန်ငပိကို ရိုးရိုးဆီသတ်ပြီး ငရုပ်သီးစိမ်းနဲ့ ကြော်ထားတဲ့ငပိကြော်၊ ၀က်သားလုံးကြော်၊ ငါးဖယ်အကောင်လိုက်ရေချိုချက်၊ ငါးခူရဲယိုရွက်အုပ်၊ ငါးခူငါးဆုပ်ဟင်း၊
အမကြီးထောင်းပေးတဲ့ ငပိထောင်းတွေ ဘဲဥကြော်သုပ်တွေ တိုဟူးသုပ်တွေ
မမချက်ကျွေးတဲ့ ငါးချဉ်ပေါင်အုပ်ဟင်း၊ မလွှပွင့်စပ်ကြော်၊ ပင်စိမ်းငရုပ်သီးချက်၊ ကြောင်လျာသီးကြော်၊ ပဲပုတ်ထောင်း၊
ဒက်ဒီဝယ်ဝယ်လာတဲ့ နမ်စင်း က ပုစွန်တွေ ဂဏန်းတွေနဲ့ ကြော်တဲ့ မွှေးကြိုင်နေတဲ့ ခေါက်ဆွဲကြော်၊ သတင်းစာနဲ့ ဖက်နဲ့ နှစ်ထပ်ထုပ်ထားတဲ့ ခေါက်ဆွဲကြော်ပူနွေးနွေးအထုပ်ကို နှီးကြိုးလေးဖြည်ပြီး ဖွင့်လိုက်တဲ့အချိန်မှာရခဲ့တဲ့ ခေါက်ဆွဲကြော်နံ့ ၊ လေဟာပြင်ဈေးက၀ယ်လာတဲ့ ဖာလူဒါချိုအေးမွှေး
အကိုတွေ ညလည်စာချက်စားကြတဲ့ ငန်းသားကာလသားဟင်းတွေ၊ ဂဏန်းမဆလာဟင်းတွေ၊
ကိုကြီးသုပ်သုပ်ကျွေးတဲ့ သဘောင်္ရွက်နဲ့ ချဉ်ငံစပ် လက်ဖက်သုပ်၊
အကိုငယ်တွေ နဲ့ မာလကာပင်ပေါ်တက်ပြီးလတ်လတ်ဆတ်ဆတ်ခူးပြီး ငပိ သို့ မဟုတ် ဆားနဲ့ တို့ စားခဲ့တဲ့ မာလကာသီးတွေ
ခြံထဲကသရက်သီးတွေ၊ မိုးရွာချိန်ဆို ခေါင်မိုးပေါ်ကတဆင့် တဒုန်းဒုန်းနဲ့ ပြုတ်ကျလို့ ကွဲပြဲနေတဲ့ သရက်သီးတွေနဲ့ ငရုပ်သီးမှုန့် နဲ့ ငံပြာရည်ငံငံစပ်စပ်တွေ
မောင်လေးချက်တဲ့ ဟင်းချိုမျိုးစုံ၊ လက်ဖက်သုပ်ပေါင်းများစွာ
တူမလေးနှပ်တဲ့ လက်ဖက်အသားနှပ်
ယောင်းမငယ်ချက်တဲ့ မုန့် ဟင်းခါး
ယောင်းမကြီးထောင်းတဲ့ ပဲသီးထောင်း
ဒါအကုန်ပဲလားအိုင်အိုရာ၊
ကျန်ဦးမယ်ထင်တယ်။
ဟုတ်တယ် ကျန်နေတာက အစားအသောက်တွေအပြင်
အဲဒီအစားအသောက်တွေနဲ့ အတူ အမြဲတွဲပါနေတဲ့ သူတို့ ရဲ့ 
အေးမြချိုမြိန်ပြီး ထုတ်မပြောခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာတွေ..
ခင်မင်စွာဖြင့်..
အို်င်အိုရာ
ဟင်းတွေတော်တော်စုံသွားတယ်...ရှလွှတ် ကိုယ်တောင်သရေကျ ဖတ်ရင်းနဲ့...း)
ReplyDeleteမိုးငွေ့
ဒါတောင်စာရင်းပဲရှိသေးတာနော်။
ReplyDeleteပုံနဲ့သာဆိုပိုသွားရည်ယိုလို့ကောင်းမှာ။
အိုင်အိုရာ
အဟင့်.. ရက်စက်လှချည်လား...
ReplyDeleteငိုချင်လိုက်တာ...း(
ဘာလို့ လဲ..ပုံမပါလို့ လား ..အဟိ
Deleteဒါမှမဟုတ် ကိုယ့်လိုပဲသတိရသွားလို့ လား။
မငိုနဲ့ နော်။ ဒီစာရင်းထဲကဟာတွေကြံဖန်ချက်စားဖို့ ကြံနေတယ်။
အိုင်အိုရာ
အိုင်အိုရာရဲ့ပို့စ်အသစ်လေးမြင်လိုက်လို့ အရင်လို အစားအသောက်တွေ အောတိုက်စားရတော့မယ်ဆိုပြီး အသည်းအသန်ပြေးလာခဲ့သော်ငြားလည်း........... ဖတ်ပဲဖတ်ဖြစ်လိုက်တယ် !_!
ReplyDeleteတီတင့်ရေ..
Deleteအောတိုက်စားရအောင်တင်ပေးမယ်နော်။
မျှော်..း)
အိုင်အိုရာ
♥ ♥ ♥
Deleteအဲ့ဒီဟင်းတွေ တစ်မျိုးချင်းစီ ကုန်အောင်ချက်ကျွေးပါဗျို့ :)
ReplyDelete"ပုစွန်ငပိကို ရိုးရိုးဆီသတ်ပြီး ငရုပ်သီးစိမ်းနဲ့ ကြော်ထားတဲ့ငပိကြော်
မလွှပွင့်စပ်ကြော်၊ ပင်စိမ်းငရုပ်သီးချက်၊ ကြောင်လျာသီးကြော်၊ ပဲပုတ်ထောင်း၊"
ကျနော်လည်းဒီဟင်းတွေစားဖူးတယ်...ကြောင်လျှာသီးကြော်တော့အကြိုက်ဆုံး
မနေ့ကဈေးထဲမှာမလွှပွင့်တွေတွေ့မိသေးတယ်ဝယ်ပြီးချက်စားအုံးမှပါ...:)
ဟင်းနာမည်တွေဖတ်ရတာနဲ့တင်သွားရည်တများများနဲ့ ပုံတွေပါပါရင်ဖြင့်
ထမင်းပန်းကန်လက်ထဲကိုင်မှရလောက်တယ်...:)
ပျော်ရွှင်ပါစေ အစ်မအိုင်အိုရာ
ချက်ကျွေးချင်တယ်ဗျို့ ..
Deleteမလွှပွင့်အရမ်းကြိုက်တာ။
ချက်စားဖြစ်ရင် တင်လိုက်အုန်းနော်။ သွားရည်ကျရအောင်။
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်။
အိုင်အိုရာ
အစားအသောက်ပုံလှလှလေးတွေကြည့်ရမယ်ထင်နေတာ စာနဲ့ပဲရေးထားတဲ့ဟင်းတွေ ဖတ်ရင်တောင်သွားရည်ကျတယ် မာလကာသီးတွေကိုဂွတ်ကနဲကိုက်စားချင်မိတယ်...
ReplyDeleteဂျက်..
ReplyDeleteကိုယ်လည်း အဲဒါတွေစားချင်နေတာ မရှိတော့ ပုံလည်းမတင်နိုင်ဘူးပေါ့။
ကြိုးစားပြီး ဖန်တီးချက်တဲ့အခါတင်ဖြစ်အောင်တင်ပါ့မယ်နော်...လို့ 
မာလကာပင်ဂွကြားမှာထိုင်ပြီး လတ်လတ်ဆတ်ဆတ်ထိုင်စားခဲ့ရတဲ့အရသာကတော့ ဂျက်ရေ..ဘာနဲ့ မှမတူဘူး။
အိုင်အိုရာ