Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Saturday, February 20, 2016
ထမင်းဘူးများ
ထမင်းဘူးများ...
ချစ်ချစ်အတွက်ထဲ့ပေးခဲ့တဲ့ ထမင်းဘူးတွေပါ။ အဆင်ပြေရင် ပြေသလို ရိုက်ထားခဲ့တဲ့ပုံတွေပါ။
ရိုက်ထားတာတော့ ကြာလှပါပြီ။ အမှတ်တရ ဖြစ်အောင်နဲ့ ကိုယ့်စီလာလည်တဲ့ဘလော့သူငယ်ချင်းတွေအတွက်တင်ပေးလိုက်တာပါ။
ကြက်ကင်၊ ကညွတ်ကြော် နဲ့ ပဲပြုတ်အစပ်သုပ်
 ကြက်ကင်က ဆိုင်က၀ယ်ထားတာပါ။ ကညွတ်ကို ပုစွန်ခြောက်၊ ကြက်သွန်ဖြူနီ ခရမ်းချဉ်သီးနည်းနည်းနဲ့ ကြော်ပါတယ်။ ပဲပြုတ်ကိုတော့ ပုံထဲကအတိုင်း ကိုယ်ထဲ့ချင်တာတွေထဲ့ပြီး အအီပြေအောင်သုပ်ပေးထားတာပါ။ ပဲပြုတ်က တော့ ကိုယ့်ဖာသာပြုတ်ထားရတာပေါ့ရှင်။
ငပိကြော်၊ အစိမ်းကြော်၊ သခွားသိးအချဉ်သုပ် နဲ့  ၀က်ဦးနှောက်မဆလာချက်
ကိုက်လံကြော်၊ ၀က်အူချောင်းကြော်၊ သရက်သီးသနပ်၊ ၀က်ခေါင်းသုပ် နဲ့ ကြက်ဥခေါက်ကြော်
ပြောမယ်ဆိုရင် ဒါတွေက သူ့ အကြိုက်တွေပေါ့။ အသီးအရွက် ကို တော်တော်ရွေးတယ်။ ကိုက်လံတို့ ကညွတ်တို့ ဆိုရင်တော့ မညည်းမငြူ စားတယ်။ ၀က်ခေါင်းသုပ် လည်း အကြိုက်တူတယ်။ ကြက်ဥခေါက်ကြော်ကိုလည်း သူတော်တော်ကြိုက်တယ်။ ချက်ထားတာတွေက ကြာလှပြီဆိုတော့ တော်တော်ပြန်စဉ်းစားရတယ်။ ရိုက်ပြီးသွားတော့ ဘလော့မှာ တင်ဖို့ ရည်ရွယ်မိပြီး ချက်ခဲ့တာ ကြာသွားပြီဖြစ်ပေမဲ့ တင်ဖြစ်အောင်တင်ပေးလိုက်တာပါ။ 
မုန်ညင်းစိမ်းဖူးကြော်၊ ငပိကြော်နဲ့  ၀က်ဦးနှောက်ဆီပြန်
ဝက်သားကြာဆံကြော် နဲ့ ကြက်သွန်အချဉ်
ဝက်သားသရက်သီးသနပ်၊ ကိုက်လံနဲ့ ပြောင်းဖူးကြော်၊ ငပိကြော်
ခုတလော ဘလော့မိတ်ဆွေတွေကို သတိရနေလို့ ပို့ စ်တင်လိုက်တာပါ။
ဒီနှစ်မာဒီဂရာစ် ပုတီးပစ်ပွဲတော် နဲ့ မီစီစီပီ ကို အားလပ်ရက်သွားလည်တာ ရေးချင်ပေမဲ့ ပုံတွေ နဲ့ ဗီဒီယိုတွေ တော်တော်များများ ရှာရမှာ အချိန်ယူဖို့ မလွယ်သေးလို့  ရည်ရွယ်ယုံပဲ တတ်နိုင်ပါသေးတယ်လို့ ။
အားလုံးကိုသတိရချစ်ခင်လျှက်..
အသစ်လာလည်သူများကို လည်း ကျေးဇူးတင်ပါတယ်ရှင်။
အိုင်အိုရာ
10 comments:
  1. ထမင်းဗူးဟင်းတွေကလည်း..
    မိုက်လှချည့်လား..
    ဟင်း၃မျိုးလောက်ကိုပါတယ်။
    တော်လိုက်တဲ့မဟေသီ..
    ခုတလောကျမလည်း
    ကိုက်လံ ဘေဘီဘရိုကိုလီ
    တွေကိုရေနွေးဖျော်ပြီး
    ခရမ်းချဉ်သီးထောင်းနဲ့
    အပတ်တိုင်းစားဖြစ်နေတယ်
    ပဲကဘာပဲလဲ?
    white bean နဲ့ဘဲပြုတ်ဖူးတယ်
    တခြားဘာပဲတွေပြုတ်လို့ရလဲ..
    ReplyDelete
    Replies
    1. မီးမီး..
      ကိုယ်လည်း ဘေဘီဘရော့ကလီကို ကြိုက်တယ်။
      ခရမ်းချဉ်သီးထောင်းလည်း အရမ်းကြိုက်တာ။
      စားချင်တယ်။ သူက ခရမ်းချဉ်သီးထောင်းသိပ်မကြိုက်တော့ ကိုယ်လည်း အားမှပဲ လုပ်စားသလိုဖြစ်နေတယ်။ ပဲ က Vatana White (Yellow peas) သုံးတယ်။
      ပုံကြည့်ချင်ရင် ကိုယ့် ရဲ့ အတောမသတ်တဲ့ကျမ ပို့ စ် ထဲမှာ ရှိတယ်။ တခြားပဲတော့မသုံးဖူးဘူး။
      အအေးလောင်တာသက်သာသွားပြီလား။
      အိုင်အိုရာ
      Delete
  2. ပဲပြုတ်ကို အဲလိုလေးသုပ်စားဦးမှ အသီးအရွက် စိမ်းစိမ်းလေးကြော်ထားတာကြိုက်တယ်..
    ခုဝက် အမဲရှောင်နေတော့ ကျန်တာ စိတ်မ၀င်စားတော့ပါဘူး...။ အားရင်ပို့စ်တင်ပါဦး ဟင်းခွက်လေးတွေ သရေလာကျရအောင်လို့ပါ..း)
    မိုးငွေ့
    ReplyDelete
    Replies
    1. မိုးငွေ့ ..
      အသီးအရွက်ဟင်းလေးတွေ သီးသန့် တင်ဖြစ်အောင်ကြိုးစားအုန်းမယ် နော်။
      ကန်ဒီလည်း ခု အသီးအရွက်ပဲ စားတော့တယ် မိုးငွေ့ လည်း ၀က်အမဲရှောင်တယ်ဆိုတော့ သန့် သန့် လေးတွေမြင်ရအောင်ပေါ့။
      ပြောရမယ်ဆို ရင် ခု ကိုယ့် ထမင်းဘူး က အသီးအရွက်သုပ် တစ်ခုခု အမြဲပါပါတယ်။ ဓါတ်ပုံမရိုက်ဖြစ်ဘူး မနက်ကို အချိန်လုနေရလို့ ။
      အိုင်အိုရာ
      Delete
    2. ပဲကတော့အမြဲစားလေ့ရှိတယ်..
      ပဲမစားရင်ထိုဖူးဖြူ(ပဲပြား)စားတယ်..
      အဟဲ..ဒါကြောင့်ပဲများတာ
      အအေးလောင်တာသက်သာပြီ
      ဟင်းသီးဟင်းရွှက်စားရင်းနဲ့
      နောက်ပိုင်းအပြုတ်ဘဲစားလိုက်တော့တယ်
      အထောင်းအစပ်နဲ့တို့စားကောင်းတယ်လေ
      ပဲဟင်းချိုနဲ့ဒါဘဲ..း))
      ဟင်းကတော့အရမ်းလွယ်ဘဲ..
      Delete
  3. အိုးချက်နိုင်လိုက်တာနော်..
    ReplyDelete
    Replies
    1. Anonymous,
      စိတ်ပါရင် ပါသလို အချိန်ရရင် ရသလိုပေါ့နော်။
      Delete
  4. ထမင်းဘူးအားလုံးစားချင်စရာတွေ ......အသစ်လဲတင်ပါဦးနော်
    ReplyDelete
    Replies
    1. ဂျက်..
      နေကောင်းလား။
      သတိရတယ်။
      အသစ်တင်နိုင်ဘို့ ကြိုးစားမယ်နော်။
      Delete
  5. အရင်ရက်တွေကတုပ်ကွေးဖြစ်နေတာမို့လာကြည့်ပြီးပြန်ပြန်သွားတာ
    အစ်မထမင်းဘူးတွေကြည့်ပြီးစားချင်စိတ်တွေဖြစ်တကယ်တမ်းကိုယ့်ဆီမှာစားတော့
    စားမကောင်းနဲ့တော်တော်ဆိုးတယ်။အခုတော့နေကောင်းသွားလို့နောက်တစ်ခေါက်
    လာလည်ရင်းကွန်မန့်ရေးသွားတာပါ။
    ပျော်ရွှင်ပါစေ အစ်မ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။