Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, January 24, 2016
ငပိရည်ဖျော်တို့ စရာ၊ ငါးစူစီကြော်၊ ငါးခူရဲယိုရွက်အစားထိုးနောက်တစ်မျိုး နဲ့ ငပိထောင်း
ငပိရည်ဖျော်ကို ကိုယ့်မမ က ငရုတ်သီးအလှော်မှုန့် ဒါမှမဟုတ် အတောင့်ကြော်ကို ထောင်းပြီးနယ်စားရတာကြိုက်တယ်။ ကိုယ်က ငရုပ်သီးစိမ်းနဲ့ ဖျော်တာကြိုက်တယ်။ အဲဒီနေ့ က မမ နဲ့ ကိုယ့်အကြိုက်ပေါင်းပြီး ဖျော်တယ်။ ငရုပ်သီးစိမ်းကို ကင်ပြီးမှ ပုစွန်ခြောက်၊ ကြက်သွန်ဖြူနဲ့ ဖျော်ထားတာကို ငရုပ်သီးအလှော်မှုန့် စားခါနီးမှ ထပ်ထဲ့ပြီးစားထားတာပါ။ တို့ စရာတွေနဲ့ စားလို့ ကောင်းတယ်။
ငါးစူစီကြော်။ Catfish ငါးခူလိုမျိုးငါး ဒါပေမဲ့ ငါးခူလိုမလုံး မမည်းဘူး။ ငါးမြင်းတို့ ငါးဒန်တို့ လို ဖြူတူတူ ပြားတားတားနဲ့ ငါးကို ကြော်ပြီး မှ ကြက်သွန်ဖြူနီကြော် ငရုပ်အကြမ်းမှုန့် နဲ့ ပြန်ကြော်ထားတာပါ။ ငါးကို အရင်ကြော်ပြီးဆည်ထားပါတယ်။ ပြီးမှ ကြက်သွန်ဖြူနီကြော်ပြန်ဆည်။ ငရုပ်သီးအကြမ်းကြော်ပြီး မကျက်တကျက်မှာ ငါးပြန်ထဲ့ ပြီး ငံပြာရည်လေးဖြန်းပြီး ငရုပ်သီးကျက် ငံပြာရည်ခြောက်ရင် ချပါတယ်။ ပြီးမှ အေးသွားမှ ဖြူနီကြော်ကို ထပ်ရောတာပေါ့။ အမေ့ အကြိုက် မောင်လေးအကြိုက်မို့ လို့ ဒီလိုဟင်းတွေချက်ရင် သူတို့ ကို သိပ်သတိရတယ်။
ဒါက အရင်ပို့ စ်မှာတုန်းကလိုဘဲ ရဲယိုရွက် အစားထိုးCollard Green ဆိုတဲ့အရွက်နဲ့  ငါးကိုအုပ်ထားတာပါ။ ချက်နည်းကတော့ တူတူပါဘဲ။
ငပိထောင်းခြောက်ခြောက်လေးစားချင်လို့ ငရုပ်သီးအတောင့်ကြော်နဲ့ ပုစွန်ခြောက်နဲ့ ကြက်သွန်ဖြူနဲ့ ထောင်းထားတာပါ။ အစိမ်းကိုလည်း ကင်ပြီးထဲ့ထောင်းထားလို့ အရမ်းမွှေးတာပါဘဲ။ ဆီကြိုက်ရင် တဲ့ရင် များများဆမ်းစားလည်းကောင်းတယ်။ 
အချိုပွဲ။ ဟိုးတုန်းက လုပ်စားခဲ့တာလေးတင်ပေးလိုက်ပါတယ်။ ရိုးရိုးရှင်းရှင်း ကော်ဖီပြင်းပြင်းနဲ့ ပေါင်မုန့် ကို ထောပတ်သုပ် ချိစ်ညှပ် ပြီးတော့ ရှောက်ယိုထပ်တင်ပြီး ချိစ်ညှပ်ထားတဲ့ပေါင်မုန့် ထပ်တင်ပြီး အထပ်လိုက်လှီးထားတာပါ။
ခုတလော ကိုယ့်ဘလော့လေးကို သတိရနေမိတယ်။ ဟိုးတုန်း က ဘလော့မိတ်ဆွေတွေကိုလည်း သတိရနေမိတယ်။ ကိုယ်သတိရတဲ့ထဲမှာ ဘယ်သူတွေပါလည်း မမေးနဲ့ ။ မေးတဲ့သူတွေ အားလုံးပါတယ်။ ကိုယ်တစ်ယောက်မကျန်နီးပါး မှတ်မိနေတယ် ပြောလို့ ရပါတယ်။ နံမည်တွေရေးရင် အများကြီးနော်။
ခဏခဏ လာလည်တဲ့သူတွေကိုပိုသတိရတာတော့မညာပါဘူးရှင်။း)
ဒါကြောင့်မို့ လို့ အလွယ်ရှာတွေ့ တဲ့ ဟိုတလောက ချက်စားထားတာလေးနဲ့ ပို့ စ်အသစ်လေးတင်လိုက်တာပါ။
ကိုယ့်စာဖတ်သူထဲကတစ်ယောက်က ကို်ယ်ငါးခူရဲယိုရွက်အုပ်အတု ဆိုတဲ့ ပို့ စ်လေးတင်တုန်းက Collard Green နဲ့ ချက်ကြည့်ရင် ပိုသဘောကျမှာပါတဲ့။ ကိုယ်အဲဒီအရွက်နဲ့ လည်းချက်ပေမဲ့ ဓါတ်ပုံမရိုက်ထားမိလို့ မတင်ဖြစ်ခဲ့ဘူး။ အဲတော့ ကော်လာ့ဒ်ဂရင်းအရွက်နဲ့ ချက်စားတိုင်း အဲဒီ မမ ကိုသတိရနေမိတယ်။ တခြားသူတွေလည်း ချက်စားရင်စားရအောင်တင်လိုက်တာပါ။ ဒီအရွက် က အရင်ပို့ စ်ထဲက ကေးလ်အရွက်နဲ့ စာရင် အရွက်သားထူတယ်။ ပိုချိုတယ်။ ကေးလ်အရွက် က ပိုပါးတယ်။ ခါးသက်သက်လေးရှိတယ်။
လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
နှစ်သစ်ကစလို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ......
ခင်မင်လေးစားသော..
အိုင်အိုရာ
14 comments:
  1. အစ်မလက်ရာတွေမမြင်ရတာကြာပြီဗျာ...ဖွယ်ဖွယ်ရာရာနဲ့ဟင်းတွေမြင်ပြီးဗိုက်ဆာလို့
    တခြားအိမ်တွေဆက်မသွားဘဲပြန်ပြေးပြီးထမင်းစား...
    အခုမှနောက်တစ်ခေါက်ပြန်လာတာ :)ကျနော်လည်း ငါးကိုအဲ့ဒီလိုကြော်စားမယ်ဆိုပြီး
    စိတ်ကူးနေတာကြာပြီမနက်ဈေးသွားဖြစ်ရင်တော့
    ငါးဝယ်ပြီးကြော်စားကြည့်အုံးမယ် :) ကော်ဖီနဲ့ပေါင်မုန့်ကလွဲပြီး ကျန်တဲ့ဟင်းတွေ
    အကုန်ကြိုက်ပါ၏....နောက်လည်းဟင်းအသစ်အဆန်းလေးတွေမျှော်နေမယ်...
    ပျော်ရွှင်ပါစေဗျာ :)
    ReplyDelete
  2. ရွှေညာသားလေး...
    တင်သာမတင်ဖြစ်တာ ချက်တိုင်းနီးနီး ဓါတ်ပုံတွေတော့ရိုက်ထားဖြစ်တယ်။
    တင်ချင်ရက်နဲ့ မတင်ဖြစ်တာ။
    အဲလိုငါးစူစီကြော်နဲ့ သရက်ချဉ်သုပ်တို့ ဘာတို့ နဲ့ လည်းလိုက်တယ် သိလား။
    ရွှေညာသားလေးတို့ စီမှာ ရဲယိုရွက် ရမယ်ထင်တယ်နော်။
    ReplyDelete
    Replies
    1. ကျနော်လည်း ပုံတွေတော့ရိုက်ထားဖြစ်တယ်အမြဲတမ်းမတင်ဖြစ်ဘူး။
      မနီလာမြို့ပေါ်မှာတော့ ရဲယိုရွက်မတွေ့မိဘူး။၂၀၁၃ လောက်တုန်းက
      ကမ်းခြေတစ်ခုအလည်သွားတော့ ရဲယိုပင်တွေအများကြီးပဲတွေ့ခဲ့တာ
      ခူးချင်တာလက်ကိုယွနေတာပဲ..အပြန်ခရီးကဝေးတော့မခူးဖြစ်ခဲ့ဘူး :)
      မြန်မာပြည်ပြန်ရောက်မှပဲ အ၀ချက်စားတော့မယ်အစ်မရေ :)
      Delete
  3. Shwe Nyar Thar Lay,
    Thanks for coming back and commenting again.
    Iora
    ReplyDelete
  4. ငါးကြော်ပန်းကန် မ ပြေး သွားပြီ... ဟိဟိဟိ
    ReplyDelete
    Replies
    1. မသက်ဝေ..
      ငါးကြော်ပန်းကန် မ ပြေးသွားတာ မသိလိုက်ဘူး။
      ဗကေးရှင်းသွားနေတာ နဲ့ ဘလော့ကို မကြည့်ဖြစ်လို့ ။
      မ ပြေးသွားလို့ ကျေးဇူး...ကျေးဇူး..
      Delete
  5. တို့လည်း သတိရတယ် ;)
    စူးနွယ်လေး
    ReplyDelete
    Replies
    1. စူးနွယ်လေး..
      ကိုယ်လည်းသတိရနေတယ်။
      Delete
  6. လွမ်းလို့ ဘလော့ကိုဝင်ခဲ့တယ် ဖတ်ပြီးတော့ ပိုလွမ်းသွားတယ် အိုင်အိုရာ ..... !_!
    ReplyDelete
    Replies
    1. တီတင့်..
      အိုင်အိုရာလည်း လွမ်းနေတာ။ တကယ်။
      Delete
  7. နှစ်သစ်မှာပျော်ရွင်ပါစေခင်ဗျာ
    ReplyDelete
    Replies
    1. ကိုအောင်ထွတ်...
      အသံမကြားရတာကြာပေါ့။
      ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်။
      Delete
  8. မဆုံဖြစ်တာ အတော့်ကိုကြာနေလို့ ဝင်နှုတ်ဆက်တာ မအိုင်အိုရာ...၊ ဟင်းတွေကတော့ အရင်အတိုင်း အရသာ ရှိမြဲပါပဲလေ..၊ ဘလော့ဂ်က မိတ်ဆွေတွေကို သတိရနေတယ်...။
    ReplyDelete
  9. ကိုညီလင်းသစ်..
    မှတ်မှတ်ရရ လာလည်လို့ ကျေးဇူးပါ။
    အရင်အတိုင်း မပြောင်းလဲပါဘူးရှင်။
    သတိရမိတဲ့သူတွေထဲမှာလည်း ထိပ်တန်းစာရင်းထဲမှာပါပါတယ်။
    သားသားလည်း တော်တော်ကြီးရောပေါ့။
    အိုင်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။