Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, July 19, 2015
ငါးခူရဲယိုရွက်အုပ်အတု ဘူးသီးကြော် ငါးမြွေထိုးကြော် ဂေါ်ဖီသုပ် နဲ့ မုန်ညင်းဟင်းခါး
ငါးခူရဲယိုအတုဟင်း ..Cat fish & Kale
 တခါတခါဆို ငါးခူစင်းကောရဲယိုရွက်အုပ် အရမ်းစားချင်တာ။
အမေရိကားမှာ မြန်မာစာဆင်းရဲတော့ ကြံဖန်လုပ်စားရတာပေါ့။
ဒီဟင်းက Cat fish fillet (ငါးပတ်လိုလိုမျိုးကိုအသားလွှာထားတာ) ကိုစဉ်းပြီးတော့ ကြက်သွန်ဖြူနီဂျင်း ငရုတ်သီးထောင်းကို ဆီသတ် ခရမ်းချဉ်သီးတစ်လုံးလောက်ထဲ့ပြီး ဆားပြားထဲ့ မွှေးပြီးကျက်သွားတော့မှ ငါးစဉ်းထားတာတွေထဲ့ ငံပြာရည်ထဲ့ အဖုံးလေးအုပ်ထား။  ခြောက်သွားတဲ့အချိန်မှာ ရေဆူနည်းနည်းထဲ့  အုပ်ထား။ အရည်အားလုံးမခမ်းခင် မှာ အသင့်လှီးဖြတ်ဆေးကြောရေစစ်ထားတဲ့ ကေးလ်အရွက်တွေ ကိုရဲယိုရွက်အစားအုပ်။
ငရုတ်သီးစိမ်းလေးပါအုပ်။ ငံပြာရည်လေး အရွက်ထဲကို နည်းနည်းထပ်ဖြန်း။ အဖုံးအုပ်ထား။ ဖျစ်ဖျစ်မြည်လာရင် အရွက်လည်း အစိမ်းရောင်မပျက်လေး အိရင်ရပါပြီ။
( ကေးလ်ကခါးသက်သက်နဲ့ နုညံ့ပြီးတော်တော်နဲ့ အစိမ်းရောင်မပျောက်လို့ ကောင်းပါတယ်။)
မြန်မာ့ရိုးရာဘူးသီးကြော် မနက်စာအတွက်
 ဘူးသီးကြော်ကတော့ စားဖြစ်ပါတယ်။ ကုလားဆိုင်မှာ ဘူးသီးရတော့ ကုလားဆိုင်သွားတိုင်းဘူးသီးတစ်လုံးကတော့ပါလာတာဘဲ။
အိုင်အိုရာက အင်တာနက်မှာသူများတွေတင်ထားတဲ့ မှုန့် နှစ်တွေလိုက်လိုက်စမ်းကြည့်တယ်။
တချို့ လည်းပုံမှာတော့ကောင်းပါတယ်။ ကြော်ပြီးကြာကြာမခံတာများတယ်။
အမြန်စားချင်ရင်တော့ အိုင်အိုရာ က တင်ပူရာမှုန့် ထဲကို ဆန်မှုန့် နဲ့ ကောက်ညင်းမှုန့် ထပ်ရောပြီး ကြော်ဖြစ်တယ်။ (ကိုယ့်စိတ်ကြိုက်ဖြစ်တာလေးတွေနောက်မှ ပြန်ရှာပြီးတင်ထားလိုက်အုန်းမယ်။ လွယ်လွယ်ပြန်ရှာလို့ ရအောင်။)
ဆား၊ဂျင်းနဲ့ ကြက်သွန်ဖြူရည်ထဲ့တယ်။ ညှစ်ပြီးသားဂျင်းနဲ့ ကြက်သွန်ဖြူကိုမှ အချဉ်ရည်ဖျော်တဲ့ထဲထဲ့တယ်။ မြန်ကောင်းသက်သာအောင်ပေါ့။ အချဉ်ရည်ကို ကြက်ဖတံဆိတ် ငရုတ်ဆီ ထဲကို မန်ကျည်းရည် နဲ့ ငံပြာရည်ထဲ့တယ်။တခါတခါလည်းပဲကျက်မှုန့် ထဲ့တယ်။ မထဲ့တဲ့အခါများပါတယ်။
ငရုတ်သီးစိမ်း၊နံနံပင်ထဲ့တယ်။ စိတ်ကူးပေါက်သလိုလုပ်တယ်။ တခါတခါ ငရုတ်လှော်မှုန့် နည်းနည်းထဲ့တယ်။ ချိုချိုလေးဖြစ်ချင်ရင် ထညက်လေးနဲနဲ ထဲ့တယ်။ အရောင်လည်းပိုလှတယ်။
ကိုယ်တိုင်လုပ် ငါးမြွေထိုးခြောက်ကြော်
 ကုလားဆိုင်မှာ ငါးမြွေထိုးရေခဲရိုက်ရောင်းတယ်။ အဲဒါငါးမြွေထိုးခြောက်စားချင်ရင် အဲဒီက၀ယ်လာတာကို ရေဆေးဗိုက်ဖေါက်သန့် စင်ပြီးရင် ဆားနည်းနည်းလေးကဲပြီး နယ်။ အခြောက်လှမ်း။ ရာသီပေါ်မူတည်ပြီး သုံးလေးရက်ဆိုရပါပြီ။ ဆီပူနဲ့ ကြွတ်နေအောင်ကြော်ပြီး အဲဒီဆီနဲ့ ထမင်းပူလေးနဲ့ နယ်စားပြီး စားရတာ သဘောကျတယ်။
ဂေါ်ဖီထုတ်သုပ်
တခါတခါ ညနေပိုင်းတွေ ထမင်းမစားပဲ ဟင်းချိုနဲ့ အသုပ်စားဖြစ်တယ်။
ဘာမှသုပ်စရာမရှိရင် ဂေါ်ဖီကိုလှီးပြီး အသုပ်သုတ်သလို သုပ်စားတယ်။ ဆီချက်တို့ ပဲမှုန့် တို့ ပုဇွန်ခြောက်မှန့် တို့ အမြဲအဆင်သင့်လုပ်ထားတော့ သုပ်ရတာမြန်ပါတယ်။
ဆီချက်၊ ပဲမှုန့် ကျက်၊ ပုဇွန်ခြောက်မှုန့် ၊ ငံပြာရည် ၊ မန်ကျည်းရည်၊ ငရုတ်သီးလှော်မှုန့် ထဲ့ပြီး ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်သုပ်ထားတာပါ။
မုန်ညင်းဖြူဟင်းခါးနဲ့ ဂေါ်ဖီသုပ်
Iora's Flan
 မြန်မာလိုတော့ပူတင်းပဲခေါ်ရမှာပါ။ ထုံးစံအတိုင်း အချိုပွဲ လေးနဲ့ အဆုံးသတ်ကြတာပေါ့နော်။
အရင်က ခဏခဏလုပ်စားဖြစ်တာလေးပါ။
လုပ်နည်းကို ဒီမှာ တင်ပေးထားဘူးပါတယ်။
Flan made by Iora
 (ပုံတွေကို အချိန်ကုန်လို့ နံမည်မထိုးထားပါဘူး။ ကော်ပီရိုက်က အိုင်အိုရာပါ။ ဖဘ မှာရောတချို့ ဘလော့တွေမှာ ရောကိုယ့်ပုံတွေရော သူများပုံတွေရော ကိုယ်လုပ်ထားသလိုမျိုးခိုးကူးပြီးပြောင်တင်ကြတဲ့သူတွေကို ရှုံ့ ချပါတယ်။)
Flan made by Iora
ကိုယ့်စီမမေ့မလျော့လာလာလည်တဲ့သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ခင်မင်လျက်ပါလို့ ...
အိုင်အိုရာ
15 comments:
  1. ငါးမြွေထိုးခြောက်လေးလုပ်ကြည့်အုန်းမယ် ကြိုက်တယ်
    ReplyDelete
  2. ဂျက်ရေ..
    သူကသေးတော့မြန်မြန်ခြောက်လွယ်တယ်။
    အရမ်းကြီးမခြောက်ခင်ကြော်စားလည်းကောင်းပါတယ်။
    အိုင်အိုရာ
    ReplyDelete
  3. အဟား...
    စမ်းသပ်ချက်ကြည့်ရမယ်..
    အဲ့ဒီငါးစဉ်းကောဟင်း..
    ဒါနဲ့ငရုတ်သီးကအစိမ်းတောင့်ကိုသုံးရတာလား..
    အမူန့်တွေကိုသုံးရမှာလား..
    (ပထမထောင်းထဲ့တဲ့အပိုင်းမှာ)
    ခုတလောကျမလည်းကြော်တွေလုပ်စားဖြစ်တယ်။
    ကန်စွန်းဥ၊ဖရုံသီးကြော်တွေပါ၊
    မုန့်နှစ်နဲ့ အရမ်းကောင်းတယ်..မရေ..
    ငါးခြောက်လည်းကြိုက်စ်..
    ပူတင်းလည်းကြိုက်စ်..ဘဲ..
    ReplyDelete
    Replies
    1. မီးမီး..
      ဟုတ်ဘူး။ ရိုးရိုးငရုတ်သီးအရောင်တင်မှုန့် (ကိုယ်က chili powder သုံးထားတာ ကုလားဆိုင်ကလေ။)။
      ကိုယ်ဘူးသီးတစ်လုံးရယ် ပုဇွန်လေးတွေရယ်ကြော်စားဘို့ ကြံနေတာ တခြားအရာတွေ ဖြိုနေရတာနဲ့ လုပ်ရသေးဘူး။
      စကားမစပ် ပုဇွန်ခြောက်လှမ်းတာ ၂၀၀ ဒီဂရီလား။ ကိုယ်ပြန်လာရှာတာ ရှာမတွေ့ လို့ ။ မီးမီးလို လုပ်မလို့ လေ။
      အိုင်အိုရာ
      Delete
    2. မ..
      ကျမတော့ ၁၈ဝ လောက်ထားတာဘဲ..
      တခါခါလည်း ၂ဝဝ..
      ခုလိုနေပူတဲ့အချိန်ဆိုရင်
      အပြင်ထုတ်လှမ်းလည်းရမယ်နဲ့တူတယ်
      တခါမှမစမ်းဖူးသေးပါ
      မီးမီး
      Delete
  4. အဟဲ..နောက်တခုလောက်မန့်ချင်သေး..
    ကြက်သွန်မြိတ်ပင်တွေ ၇ စီးကို
    .99$တဲ့ တစ်ကျပ်တောင်မပြည့်ဘူး..
    မအိုင်အိုရာကိုအရမ်းသတိရတယ်..
    သိလား.. :P
    ReplyDelete
    Replies
    1. မန့် လေကြိုက်လေ။ မန့် သာမန့် ..း)
      အဲလိုတခါမှမရဘူးဆရာ ဒီမှာ။ ကိုယ်က ၀က်သားနဲ့ ကင်ပေါင်းကြော်လုပ်စားချင်တာ။
      ကိုယ်တော့ လွယ်လွယ်ဝယ်ရတဲ့အဲဒီကေးလ်ရွက်ကို ပဲနည်းမျိုးစုံလုပ်စားနေတယ်။
      အကုန်ကောင်းတယ်။
      အိုင်အိုရာ
      Delete
  5. အော်... မြန်မာစာရှားပါးတဲ့ အမေရိကားမှာတောင် အိုင်အိုရာတစ်ယောက် ဖွယ်ဖွယ်ရာရာလုပ်စားတတ်တာ မြန်မာပြည်မှာသာဆိုရင်ဆိုတဲ့ အတွေးလေးဝင်လာတယ်...
    ReplyDelete
  6. တီတင့်..
    မြန်မာပြည်မှာတုန်းက စားချင်တာအမြဲလွယ်လွယ်ရတော့ ကြိုးကြိုးစားစားဖန်တီးလုပ်စားတာမျိုးသိပ်မရှိဘူး။
    မီးဖိုချောင်လည်းမ၀င်ဘူး။ လက်ဖက်သုပ်တာတို့ ဘာတို့ လောက်သာလုပ်တာ။
    ဒီမှာကျမှ ကိုယ်လုပ်မှကိုယ်စားရတော့ လျှောက်လုပ်ဖြစ်နေတာတီတင့်ရေ။
    ရန်ကုန်နဲ့ ဖုန်းပြောရင်လည်း အိုင်အိုရာ က ငါးခြောက်တွေ ငါးချဉ်တွေ ပုစွန်ချဉ်တွေကိုယ်တိုင်လုပ်ပါလားပြောလည်းဘယ်သူမှစိတ်မ၀င်စားဘူး။ အကုန်ရနေတာကိုး ။း)
    ကိုယ်လည်းအဲမှာတုန်းက ဒီလိုတွေမှမလုပ်တာကိုး။
    အိုင်အိုရာ
    ReplyDelete
  7. မနက်က ဘုရားဆွမ်းကပ်ပြီးဝင်ကြည့်သေးတယ် ဘာမှမစားရသေးတော့ဗိုက်ဆာလို့ပြန်ပြေးတာ :)
    အခုမှတစ်ခေါက်လာပြီးဗူးသီးကြော်စားရင်းနဲ့လာမန့်တာ...မြန်မာပြည်မှာဆိုအလွယ်ရတော့ကိုယ်တိုင်
    သိပ်မလုပ်ဖြစ်တာများတယ်နော်...ကျနော်လည်းအပြင်ရောက်မှကြံဖန်ပြီးအလွမ်းပြေလုပ်စားရင်းနဲ့
    အစားအစာတော်တော်များများကိုယ့်ဘာသာလုပ်တတ်နေတာ...
    ဒါလည်းဖန်တီးမှုတစ်မျိုးပေါ့...နောက်ပြီးကိုယ့်အားကိုယ်ကိုးတတ်တာပေါ့ဗျာ...
    မုံလာထုတ်ကိုသုပ်စားတာကြိုက်တယ်...အစ်မဘလော့လေးပြန်အသက်ဝင်လာတာ
    အရမ်းပျော်ပါတယ်... :) နောက်တင်မည့်ပို့စ်များလည်းမျှော်နေပါတယ်
    ပျော်ရွှင်ပါစေအစ်မ...
    ရွှေညာသားလေး
    ReplyDelete
  8. ရွှေညာသားလေး..
    မနက်တုန်းကတောင်ဘူးသီးကြော်မလို့ လုပ်နေတာ။
    နောက်တော့အပြင်သွားဘို့ ဖြစ်လာတာကြောင့်မကြော်ဖြစ်တော့ဘူး။
    ဖန်တီးမှုကတော့မျိုးကိုစုံနေတာဘဲပြောရမယ်။ ရှိတာနဲ့ ဖြစ်အောင်လုပ်ရတာကိုး။
    အဟုတ်ဘဲ။ အပြင်ရောက်မှ မြန်မာပြည်မှာတုန်းက အခန့် သားစားခဲ့ရတာတွေကိုတန်ဘိုးကောင်းကောင်းသိလာတာ။
    ပြီးတော့ဟိုမှာမစားတာတွေလည်းစားလာဖြစ်တယ်။
    ပျော်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ရှင်။
    အိုင်အိုရာ
    ReplyDelete
  9. မမ အိုင်အိုရာ
    မမ ဆီ အခုမှပဲရောက်ဖြစ်တော့တယ် မ ရေ ....ပို့စ်အသစ်တွေ အားလုံး ကို တစ်ဝကြီး အားပေးသွားပါတယ်
    စာအရေး အသားလဲကောင်း ဟင်းချက်လဲ တော်တဲ့ မမကို အမြဲ သတိရနေတယ်. စားချင်စဖွယ် ဟင်းတွေ မုန့် တွေ ကလဲ အများကြီးပဲ .ပေါင်မုန့်လဲ ကြိုက်တယ် ပူတင်းလဲ ကြိုက်တယ်...
    မိုးစက်ဝိုင်
    ReplyDelete
  10. မိုးစက်လေး...
    မြှောက်တာတော်တယ်နော်။ ဖတ်ရင်းနဲ့ ပြုံးနေတော့တာ။
    ကိုယ်ကလည်းသတိရနေတာ။ ဘယ်မှာ ဘာတွေများလုပ်နေလဲလို့ ....း)
    အိုင်အိုရာ
    ReplyDelete
  11. စားစရာတွေ တဝကြီး လာကြည့် သွားပါတယ် လို့ :) သတိလည်း ရပါတယ် လို့....
    ReplyDelete
  12. စူးနွယ်လေး...
    စားစရာတွေတ၀ကြီးလာကြည့်သွားလို့ ကျေးဇူးတင်ပါတယ်လို့ ..
    ဒီကလည်းသတိရပါတယ်လို့ ....း)
    အိုင်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။