Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Friday, August 16, 2013

တမ်းတရတဲ့ရွှေချဉ်ပေါင်


 

လွမ်းနေရတဲ့ချဉ်ပေါင်ကြော်လေ။
ချဉ်ပေါင်နဲနဲလေးနဲ့ နွမ်းနွမ်းကြီးကိုဝယ်လာပြီး မျှစ်နဲ့ ကြော်တယ်လေ။
မစားရတာကြာလှပြီဆိုတော့ပျော်လိုက်တာ။  ကြော်နေကတည်းကတအားမွှေးနေတာလေ။
ထုံးစံအတိုင်းကြက်သွန်ဖြူ၊နီနဲ့ ငရုတ်ကြမ်းမှုန့် ကိုဆီသတ်၊ ပုဇွန်ခြောက်မှုန့် ထဲ့။ မျှစ်ထဲ့ ငံပြာရည်ထဲ့။
ငါးပိမထဲ့ထားဘူး။ ဒီကချဉ်ပေါင်တွေက သိပ်မချဉ်လို့ ။ ပြီးတော့အလုပ်ထဲမှာလည်းအနံ့ ထွက်မှာစိုးလို့ ။
လုံးထားတဲ့ချဉ်ပေါင်ထဲ့ အရသာမြည်း။ ပုဇွန်ခြောက်နဲ့ ငံပြာရည်နဲ့ တင် အိုခေပါတယ်။ ဆီပြန်ခါနီးတော့ ငရုတ်သီးစိမ်းညှပ်ထားတာထဲ့။ နံနံပင်ထဲ့။ အိုးချ...စားဘို့ အဆင်သင့်ပေါ့။


 
 အဲဒီနေ့ က အင်ဒီးယန်းဆိုင်မှာ ငါးမြွေထိုးလည်းတွေ့ လို့ ဝယ်လာခဲ့တယ်။ မစားရတာကြာလှပြီဆိုတော့ကြိုက်တယ်မကြိုက်တယ်သိပ်မရှိလှပေမဲ့ငါးခြောက်လုပ်မလားဆိုပြီးဝယ်လာခဲ့တယ်။
 အိမ်ရောက်တော့ လေးငါးကောင်ကို မဆလာနဲ့ ဆီပြန်ချက်လိုက်ပြီးကျန်တာအားလုံးဆားနယ်ပြီးငါးခြောက်လှမ်းလိုက်တယ်။ ပေါ့ပေါ့လေးစားလို့ ကောင်းတယ်။
အိုင်အိုရာ့ မမက ငါးမြွေထိုးခြောက်ကြော်နဲ့ ထမင်းအဆာပြေစားရတာကြိုက်တယ်။ မမကိုသတိရမိတယ်။

ကျက်ပြီ။

ဒီတစ်ပန်းကန်ပဲရတယ်။


အခြောက်လှမ်းထားတာ။

ငါးမြွေထိုးမဆလာဆီပြန်။ ချစ်ချစ် ငါးမစားတဲ့သူတောင်တော်တော်ကြိုက်သွားတယ်။

ငါးပိရည်ထဲငရုတ်သီးထဲ့ပြုတ်


အင်ဒီးယန်းဆိုင်ကမြေပဲ။ မြန်မာမြေပဲနဲ့ အရမ်းတူတယ်။ သူ့ အကြိုက်ပဲဆိုပါတော့။

ငရုတ်သီးနဲ့ ကြက်သွန်ဖြူနဲ့ ကြိတ်ထားတာထဲ့။ ပုဇွန်ခြောက်ထဲ့။ မွှေးနေတာဘဲ။

မြေပဲကြော်ရင်ဆီနဲနဲလေးဘဲလိုတယ်။ အများကြီးထဲ့ဘို့ မလိုဘူး။ မှန်မှန်တော့မွှေပေးနေမှ။ ဒါမှ အကျက်ညီတယ်။ အားလုံးကျက်ရင်အနံ့ လေးကလည်းမွှေးလာရော။ အရောင်လည်းပြောင်းလာတယ်။ မတူးအောင်သတိထားရတယ်။ မီးသိပ်များရင်လည်းကျွမ်းသွားရော။ ဒီက အကိုတစ်ယောက်ကပြောဘူးတယ်။ အမေရိကားက မြေပဲကြီးတွေကအီးပေါလောမြေပဲတဲ့။ အရွယ်ကြီးပြီးဘာမှအရသာမရှိဘူးတဲ့။ ဒီတော့အိုင်အိုရာတို့ နှစ်ယောက်ကမြေပဲတွေ့ ရင် အီးပေါလောမြေပဲကြီးတွေလို့ နောက်ဖြစ်ကြတယ်။ အိုင်အိုရာက ပဲတွေသိပ်မကြိုက်လှဘူး။ ဒီရောက်တော့အရင်မစားတာ တွေငတ်ငတ်နဲ့ စားရင်း စားဖြစ်လာတာ။

ချဉ်ပေါင်ကြော်နဲ့ တွဲစားဘို့ ကြက်သားပြုတ်ကြော်ရိုးရိုးလေး။ မကုန်နိုင်လို့ နဲနဲချင်းခွဲချက်ထားတာ။

စားလို့ ရပါပြီ။

ငါးပိရည်ကတော့ရှယ်နော်။

ကြက်သားကတော့နဲနဲပဲစားဖြစ်ပါတယ်။ အတို့ တွေ နဲ့ ချဉ်ပေါင်ကြော်နဲ့ တင်သဘောကျနေတာ။

ငါးမြွေထိုးဆီပြန်


မထူးဘူး ။ ဟင်းလိုက်သွားအောင် အရည်သောက်ပဲနီလေးနဲ့ ကြာဆံပါချက်လိုက်တယ်။ ပဲကိုရေနဲနဲ ဆီနဲနဲနဲ့ လုံး။ ပြီးတော့မှရေထဲ့ပြီးထား။ မဝေအောင်သတိထား။ ပဲချက်တိုင်းဝေလို့ သန့် ရှင်းရေးလုပ်ရတာစိတ်ကိုကုန်ရော။ နူးသွားမှ လိုသလောက်ရေဆူထပ်ထဲ့တယ်။ ပဲနူးတော့မှ ဆားထဲ့ အရသာမြည်း။ကြာဆံထဲ့။ ပဲကချိုပြီးသားဆိုတော့ဆားနဲ့ တင်အိုခေပါတယ်။ အိုင်အိုရာကတော့ငံပြာရည်နဲနဲလေးထဲ့တယ်။ ဂျင်း၊ ကြက်သွန်ဖြူ။ နီ နဲ့ ပျဉ်တော်သိမ်ရွက်ဆီသပ်ထဲ့လိုက်တာနဲ့ မွှေးသွားရော။

တို့ စရာ ရှိတာလေးတွေပြုတ်ထဲ့။ လှီးထဲ့။



မြန်မာပြည်မှာတုန်းကခဏခဏခရီးထွက်ရတယ်လေ။ နယ်မှာမနက်စာဆို အဝေးပြေးလမ်းပေါ်မှာ ထမင်းဆီဆမ်း မြေပဲလေး ဆတ်သားခြောက်လေး။ ဆိတ်သားလုံးကြော်လေးတွေ နဲ့ သရက်ချဉ်သုတ်လေးတွေနဲ့ တွဲစားဖြစ်တယ်။ ချစ်ချစ်ကတော့ဒီလိုကြော်ပေးထားရင်သိပ်ကြိုက်ပေါ့။ အိုင်အိုရာတို့ မိဘတွေလည်းမြေပဲကြော်ကြိုက်ကြတယ်။


ဦးဆုံးထဲ့တာငါးပိရည်။း) အဲဒီနေ့ ကသူမရှိဘူး တစ်ယောက်တည်းစားရတယ်။ မျက်စေ့လေးနဲ့ အားပေးသွားအုန်းနော်။





အိုင်အိုရာတို့ အမေကခရီးသွားရင် အမြဲတမ်း ကြက်သားပြုတ်ကြော်ရယ်၊ ချဉ်ပေါင်ကြော် ရယ် ငါးပိကြော်ရယ်၊ လက်ဖက်ရယ် ကြက်ဥပြုတ်ရယ် လုပ်သွားလေ့ရှိတယ်။                                          အဲဒါနဲ့ နောက်နေ့ ကျတော့ငါးပိကြော် နဲ့ လက်ဖက်နဲ့ ပါအမေ့အလွမ်းပြေတွဲစားလိုက်သေးတယ်။


ဟင်းအသစ်မတွေ့ လို့ ပြန်သွားရတဲ့သူလေးရေ..တင်ပေးလိုက်တယ်နော်။
နောက်အသစ်မမျှော်နဲ့ အုန်းနော်။း) အဆင်ပြေသလို အချိန်အားလူအားနဲ့ မုဒ်လေးရှိမှလည်းတင်ဖြစ်ပါတယ်။

လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။


ချစ်ခင်သော...
အိုင်အိုရာ

ထိုင်းကလာတာပါ။ အကောင်လိုက်ပါပါတယ်။ ဒီတံဆိပ်ကိုကျမလည်းနှစ်သက်ပါတယ်။ အမည်မသိသူရေ တင်ပေးလိုက်ပြီနော်။း)

25 comments:

  1. အိုင်အိုရာထမင်းပွဲမြင်လိုက်ရရင်အားပါးတရနဲ.စားချင်စရာတွေဘဲ။
    အိုင်အိုရာမေမေနဲ.ဒေါ်ဦးမေမေကတော်တော်တူတာဘဲ။ခရီးထွက်ရင်
    အဲဒိဟင်းတွေဘဲစားရတယ်။ခုခေတ်လိုဝယ်စားလို.မှမလွယ်ဘဲကို။

    ReplyDelete
  2. ချဉ်ပေါင်စားချင်တယ်...
    ကိုယ်ခုတလောလုပ်ရင် ပုဇွန်ခြောက်ကုန်နေလို့ ၊
    ငါးပိဘဲထဲ့တယ်၊
    တခါတလေငါးကိုအမှုန့် ဖြစ်အောင်
    လှော်ပြီးထဲ့တယ်။
    ဘယ်လိုဖြစ်ဖြစ်စားကောင်းတာဘဲ၊
    ရန်ကုန်ရောက်ရင်ဓနုဖြူဒေါ်စောရီဆိုင်မှာ၊
    အများကြီးသွားဝယ်တတ်တယ်။
    မ..ဟင်းတွေတကယ်မြန်မာဆန်တယ်။
    အရသာရှိလိမ့်မဲ့ဖြစ်ခြင်း...
    ငါးဟင်းကောဘဲ...
    တမ်းတခြင်းများစွာနဲ့  :P

    ReplyDelete
  3. စန်းထွန်းလည်း ငါးပိမထည့်ဘူး ငံပြာရည်နဲ့ ကြော်တယ်...ဆူနမ်တို့ နားက Global Food မှာ ချဉ်ပေါင်ရလို့ သွားတိုင်းဝယ်..ကန်တက်ကီမှာ ချဉ်ပေါင်ငတ်ခဲ့သမျှ မေရီလန်းရောက်မှ အဝတီးနေတယ်...း) အိန္ဒိယ၊ မက်ဆီကန်တွေလည်း ချဉ်ပေါင်ကြိုက်တယ်နော်...မမအိုင်အိုရာ ဟင်းအစပ်အဟပ်လေးတွေက ကောင်းလိုက်တာ..လိုက် ချက်စားဦးမယ်..း)

    ReplyDelete
  4. ဒေါ်ဦး..
    ဟုတ်တယ်နော်။ ၀ယ်စားလို့ ရရင်လည်းသိပ်မသန့် ဘူးလေ။
    မသန့် ပေမဲ့ကလေးဆိုတော့အဲဒီအသည်တွေစီက၀ယ်စားချင်လိုက်တာလေ။
    ဒါပေမဲ့အမေ့လက်ရာတွေကိုမမှီဘူးဆိုတာကြီးလေပိုသိလာလေဘဲ။း)

    မီးမီးရေ..
    ကိုယ်လည်းချဉ်ပေါင်စားချင်နေတယ်။ အင်ဒီးယန်းဆိုင်ကလည်းလှမ်းသေးတယ်။ ကိုယ်တို့  စန်းထွန်းစီသွားမှထင်တယ်။ သူ့ စီမှာချဉ်ပေါင်တွေပေါတယ်တဲ့။ ဟိ..
    တနေ့ ကမိုးတွေသည်းကြီးမဲကြီးရွာတော့အမေ့လက်ရာလေးတွေသတိရမိတယ်။
    အဲလိုမိုးတွေရွာနေတဲ့အချိန်တွေမျိုးမှာ ချဉ်ပေါင်ကိုမျှစ်နဲ့ ငရုတ်သီးစိမ်းလေးအုပ်၊ နံနံတို့  ရှမ်းနံနံတို့ အုပ်ထားတဲ့ဟင်းနံ့ လေးမွှေးနေတတ်တာ သတိရမိတယ်။ ခုရေးရင်းတောင်ရလာသလိုဘဲ။ အမေကသားသမီးတွေအားလုံးအကြိုက်ညီတဲ့ ၀က်သားနဲ့  အာလူးဟင်းဆီပြန်လေးတွဲချက်ထားတတ်တယ်။ ငါးပိရည်ကတော့ဇလုံတို့  အိုးခပ်လတ်လတ်တို့ နဲ့ ကိုယ်ဖျော်သလိုစတိုင်မျိုးအများကြီးဖျော်ပြီး တို့  စရာတွေမြိုင်နေအောင်ပြင်ပေးထားတတ်တယ်။ ပုဇွန်ခြောက်မှုန့်  အစားငါးမီးအုံးပြီးလည်းထဲ့တတ်တယ်။ အဲဒါမိုးနံ့ နဲ့ ရောပြီး ချဉ်ပေါင်နဲ့ မျှစ်ဟင်းအနံ့ ကိုသတိရနေတာ။
    ဟုတ်တယ် ကိုယ့်စိတ်ကြိုက်ဆို ပုံမှန်ကမြန်မာဆန်တဲ့ဟင်းတွေပိုကြိုက်တယ်။
    ရှမ်းစာ။ ကုလားစာ၊ ကရင်စာ၊ ကချင်စာတွေလည်းကြိုက်တယ်။ ဘိုဆန်တာနဲ့  တရုတ်ဆန်တာကတော့ သိပ်အာသီသမရှိတတ်ဘူး။ ချက်တော့ချက်စားတော့စားပါတယ်။
    ကိုယ်ကမီးမီးကိုမြန်မာဟင်းချက်ကျွေးမယ်။ မီးမီးကကိုယ့်ကို ရှမ်းဟင်းချက်ကျွေးနော်။း)

    စန်းထွန်းလေး..
    မနာလိုတော့ဘူးနော်။ ချဉ်ပေါင်တွေပေါတယ်ဆိုလို့ ။
    အရင်တုန်းက ကယ်လီဖိုးနီးယားမှာချဉ်ပေါင်စားတိုင်းဝယ်တိုင်းစန်းထွန်းကိုသတိရနေတတ်တာ။
    စိတ်ကူးနဲ့ တောင်ပို့ ဘို့ တွေးသေးတယ်။
    ရုံးအားတဲ့နေ့ ကျချက်စားစန်းထွန်းရေ။ ငါးပိရည်ပါရင်တခြားဟင်းတွေတောင်သိပ်မတို့  ဖြစ်ပါဘူးနော်။

    ReplyDelete
  5. မြေပဲကလွဲလို့ တခုမကျန် အကြိုက်တွေချည်းပါပဲ.. အထူးသဖြင့် ချဉ်ပေါင်ပေါ့.. ချဉ်ပေါင်ဟင်းစားနိုင်တာ ကံကောင်းလိုက်တာ မမအိုင်အိုရာရယ်... အားကျတယ် တကယ် ..

    ReplyDelete
  6. စူးနွယ်လေး…
    ခုနကဘဲ စူးနွယ်ရဲ့ ဂရိကိုလိုက်လည်လိုက်သေးတယ်။ စာတွေတော့ဖတ်မရတော့ပုံတွေပဲလာလာငမ်းရတယ်လေ။
    ကိုယ်လည်းအရင်ကမြေပဲမကြိုက်ဘူး။ အပြုတ်နဲ့ အကြော်ဘဲစားတယ်။ လက်ဖက်ထဲဆိုကြော်ထားရင်စားတယ်။ အလှော်ဆိုမစားဘူး။
    ချဉ်ပေါင်မစားရတာအရမ်းကြာနေပြီ။ အဲဒါပြန်စားရတာလေ။
    အင်ဒီးယန်းဆိုင်သွားတုန်းကရလာတာ။ အရင်တုန်းကလိုဖေါချင်းသောချင်းမစားနိုင်တော့ဘူး စူးနွယ်လေးရေ။

    ReplyDelete
  7. အစားအသောက်ရပ်ဝန်းကို အလည်ရောက်လာချိန်
    အိုင်အိုရာရဲ့ ဘယ်တော့ ပြင်ပြင်စုံစုံလင်လင် ထမင်းပွဲလေးကို မြင်လိုက်လို့
    အရောက်လာပြီး အားပေးသွားတယ်နော် ...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. စားချင်လိုက်တာ... ချဉ်ပေါင်ကြော်မစားရတာ ကြာပြီ။ ဆိုင်က ချဉ်ပေါင်ကြော်တွေစားရင် ၀မ်းလျောလို့ မစားရဲဘူး။ ချဉ်ပေါင်ရွက်ကလည်း ဒီမှာရှားတယ်။ ဟင့်..

    ကန်ဒီ့အမေလည်း အဲ့လိုပဲ။ ခရီးသွားရင် အစုံလုပ်သွားတာ ကြက်ဥပြုတ်၊ လက်ဖက် :D :D

    ReplyDelete
    Replies
    1. Little Indiaမှာ ချဉ်ပေါင်လတ်လတ်ဆတ်ဆတ်တွေအများကြီးရှိပါတယ် ကန်ဒီသွားကြည့်ကြည့်လိုက်ပါ

      Delete
  9. တီတင့်…
    အမြဲတမ်းလူတဖက်သားကိုစိတ်ချမ်းသာအောင်ပြောတတ်တယ်နော်။း)
    အဲလိုစုံစုံလင်လင်ကတော့အလုပ်အားရက်လေးမှစားဖြစ်သလိုပါဘဲတီတင့်ရယ်။
    အားပေးသွားလို့ ကျေးဇူးတင်ပါတယ်ရှင်။

    ကန်ဒီလေး..
    အဲဒီမှာချဉ်ပေါင်ပေါတယ်မှတ်နေတာ။ မြန်မာဆိုင်တွေအများကြီးဆိုတော့လေ။
    အပြင်ဆိုင်ကစားရင်ဝမ်းလျှောတတ်တယ်ဆိုရင်ကိုယ့်ဖာသာချက်စားမှစားရမှာပေါ့နော်။
    ခုတောင်ပြောရင်းစားချင်လာပြီ။ ဒီမှာလည်းငတ်တယ်ကန်ဒီလေးရေ။ အရင်နေရာလိုမဟုတ်ဘူး။း) အမေတွေကတော့တကယ်တော်တယ်နော်။ သူတို့  ကိုဘယ်တော့မှမမှီဘူးရယ်။

    ReplyDelete
  10. ငပိရည်က ဘာကိုသုံးတာလဲဟင်
    ဘူးလေး ပြပေးပါလားဟင်
    ကျေးဇူးနော်

    ReplyDelete
  11. အမည်မဖေါ်လိုသူ...
    ခုဘဲ ဓါတ်ပုံရိုက်ပြီးတင်ပေးလိုက်တယ်နော်။
    အထဲမှာအကောင်လိုက်လေးတွေပါပါတယ်။
    လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် နော်..

      Delete
    2. ကျေးဇူးတင်ပါတယ် နော်..

      Delete
  12. သူနော် လုပ်ပြန်ပြီ။
    ၂ယောက်ထဲနဲ. ပွဲတော်တည်လိုက်တာများ စုံတကာကိုစေ.နေတာဘဲ။
    ဟင်းဟင်း ဘေဘီလေးတွေမရှိခင်တုံးတော. စိတ်ကြိုက် လုပ်ထားဦးပေါ.လေ....(မနာလိုသံနှင်.ပြောသွား)
    တော်သေးတယ်၊ ဗိုက်အပြည်.စားထားပြီးတဲ.အချိန်မှ အိုင်အိုရာ.ပုံတွေကိုလာကြည်.မိလို.။ နို.မို.ဆို သေပြီဆရာ ဖြစ်သွားနိုင်တယ် ကံကောင်းချက် .....မြေပဲလေးကိုအဲ.လိုမွှေးနေအောင်ကြော်ပြီးတော. ဒို.က ထမင်းဖြူလေးနဲ.စားရတာ အရမ်းကြိုက်

    ReplyDelete
    Replies
    1. အမည်မဖေါ်သူ..သူရေ..
      ဘေဘီလေးတွေမရှိဘူး။ ဘေဘီကြီးတွေပဲရှိတယ်။ ကိုယ်ရယ်အိမ်ဦးနတ်ရယ်ဘဲ။ ဘေဘီလေးတစ်ယောက်လောက်မွေးစားချင်နေတာ။
      ကိုယ်ကလူငယ်လိုပဲနေတတ်လို့ ငယ်တယ်ထင်နေကြတာ။ လူက " One foot is already in the grave" ဖြစ်နေပြီ။း)

      Delete
  13. မမအိုင်အိုရာရေ .. ထမင်းပွဲ ပြင်ထားလိုက်တာ စုံနေတာပဲ
    ငပိရည်တို့စရာ အရမ်းကြိုက်တယ် မြေပဲလဲ ကြိုက်တယ် အခုလို အခွံနဲ့ ကြော်ထားတာပိုကြိုက်တယ်
    ချဉ်ပေါင်ကြော်ကလဲ ရှယ်ပဲ
    အခေါက်ခေါက် အခါခါ ပြန်ကြည့်ပြီး မျက်စိနဲ့ အားပေးသွားပါတယ် ..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. မိုးစက်လေး..
      စိတ်ပါရင်ပါသလိုပေါ့ကွယ်။
      ငါးပိရည်ဖျော်မိရင်တို့ စရာလေးနဲ့ မှစားချင်တာ။ ချဉ်ပေါင်ကြော်ကိုမစားရတာကြာလှပြီဆိုတော့တော်တော်စားလို့ ကောင်းတယ်အဲဒီနေ့ က။း)

      Delete
  14. ချဉ်ပေါင်ကြော်နဲ့ ငါးပိရည်ကျိုကနေ မျက်စိမခွာနိုင်ဘူး ဖြစ်သွားတယ်...၊း) အထူးသဖြင့် ငါးမြွေထိုးဆီပြန်နဲ့ ချဉ်ပေါင်ကြော် ပန်းကန်တွေထက်တောင် ပိုကြီးတဲ့ ပန်းကန်လုံးကြီးနဲ့ အထူးလှနေတဲ့ ငါးပိရည်ကျိုကို တသက်စာ မှတ်မိအောင် ကြည့်သွားခဲ့တယ် မအိုင်အိုရာ...၊း))

    ReplyDelete
    Replies
    1. ကိုညီလင်းသစ်..
      ပြောလို့ ပြောတာမဟုတ်ဘူး။ ငါးပိရည်ဖျော်တုန်းကတောင်ကိုညီလင်းသစ်ကိုသတိရလိုက်သေးတယ်။ ငရုတ်သီးတွေအများကြီးထဲ့ထားလို့ လေ။း)
      ကညလသ ကေ သသေချာချာကိုအားပေးခံစားသွားတာဘဲ။ ငါးပိရည်တွေအများကြီးဖျော်ပြီးသွေးတွေတိုးမှာစိုးလို့ ရက်ဆက်မစားရဲဘူး။ ငါးခြောက်လှဲ့ စားတယ်။ ဟား..ဟား..။

      Delete
  15. ငပိရည်နဲ့တို့စာလေးကို မျက်စိထဲကမထွက်ဘူးကွယ်

    ReplyDelete
  16. ဟေး ဂျက်..
    သတိရနေတာ။ စပါယ်ပန်းပင်လေးတွေ့ လို့ ဝယ်ထားတာစပါယ်ပန်းပွင့်လေးတွေနဲ့ လေ။
    အဲဒါစပါယ်ပန်းလေးတွေတွေ့ တော့ ဂျက်ကိုသတိရနေတာ။
    အိုင်အိုရာ

    ReplyDelete
  17. ဟင်းတွေအကုန်ကြိုက်တယ် စားချင်တယ် ကျန်တဲ့ဟင်းတွေလည်း ဗိုက်ဆာတိုင်း လိုက်ငမ်းမယ် များများချက် များများတင်နော်

    ReplyDelete
  18. ပိုးပိုး..
    ဟင်းတွေအကုန်ကြိုက်ရင်အကြိုက်တူတာပေါ့နော်။
    ငမ်းပါ။ ငမ်းပါ။ ဒီလိုလာလည်မဲ့သူမျှော်နေတာ။
    များများချက်တယ်။ များများတင်ချင်ပါတယ်။ များများမရေးချင်ဘူးကွယ်။
    ချက်နည်းမပါရင်လည်းအားနာစရာ။
    အိုင်အိုရာ

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။