Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Monday, June 18, 2012
အိုင်အိုရာရဲ့ ချဉ်ပေါင်ထမင်းသုပ်
ချဉ်ပေါင်ထမင်းသုပ် (Rice Salad with Roselle leaf)
အဲဒါချဉ်ပေါင်ကိုသိမ်းထားမယ်ဆိုပြီး အရွက်တွေခြွေ ရေဆေးပြီးတော့ လုံးထားလိုက်တာ။ သိမ်းတဲ့စခန်းတောင်မရောက်လိုက်ပါဘူး။ နောက်နေ့ ကျတော့လုံးထားတာကိုကြည့်နေရင်းနဲ့ ဗိုက်ကလည်းဆာ
ပြီးထမင်းနဲ့ နယ်ပြီးသုပ်စားချင်စိတ်တွေပေါက်လာတာနဲ့ ထွင်ပြီးသုပ်စားလိုက်ပါတယ်။ လက်ဖက်ထမင်းသုပ်လိုပေါ့။ အိုင်အိုရာတို့ အိမ်ကအသုပ်တို့ အထောင်းတို့ အရမ်းကြိုက်ကြတော့ မသုပ်ဖူး မထောင်းဖူးတာတော့ခပ်ရှားရှားရယ်။ လက်ဖက်ဆိုလည်းရန်ကုန်မှာဆိုင်တွေမှာမရောင်းဘူးခင်ကတည်းက အိမ်မှာအမေကသုပ်စားတတ်တော့ငယ်ငယ်လေးကတည်းကစားဖြစ်ပြီး ဟင်းမကြိုက်ကြတိုင်းတအိမ်လုံးကထမင်းနဲ့ သုပ်စားကြတယ်လေ။ အမေကညဘက်ဆိုများသောအားဖြင့် အဲလိုလေးတွေသုပ်သုပ်စားလေ့ရှိတယ်။ ဟင်းတွေမစားချင်ဘူး။ ခြောက်ခြောက်လေးနယ်စားတတ်တယ်။ ထမင်းဆီဆမ်း ငံပြာရည်လေးနဲ့ လက်ဖက်အစာ၊ ပုဇွန်ခြောက်၊ မြေပဲကြော်၊ ငါးအိုးကပ်ချက်ရင်လည်းထမင်းကိုဆီဆမ်းဆားနယ်ပြီး ငါးအိုးကပ်နဲ့ တွဲစားတယ်။ မုန့် ဟင်းခါးချက်ရင် ငါးဆီသတ်ထားတာတွေသပ်သပ်ဖယ်ပြီး မုန့် ဖတ်သုပ်၊ ထမင်းသုပ်သုပ်စားကြတယ်။ ငါးဖယ်တွေနဲ့ ထမင်းကိုသုပ်စားဘို့ ငါးဖယ်ကိုပိုကြော်ကြတယ်။ မုန့် ဟင်းခါးထဲထဲ့ဘို့ ပြုတ်ထားတဲ့ ဘဲဥတွေကို ကြက်သွန်နီပါးပါးလှီးပြီးသုပ်စားကြတယ်။ အမေအသက်ကြီးလာတော့ အိုင်အိုရာတို့ ညီအမတွေကသုပ်ပေးကြရတယ်လေ။ အိုင်အိုရာကလေ အမေကလည်းဟင်းတွေလိုက်ဖက်အောင်ကောင်းကောင်းမွန်မွန်ချက်ထားတာကိုမစားချင်ဘူး။ ခြောက်ခြောက်ကြီး
တွေစားချင်နေတယ်လို့ ပြောခဲ့ဖူးတယ်။ ခုအိုင်အိုရာ အသက်ကြီးလာတော့အမေ့ထက်ဆိုးတယ်ဗျာ။ ဟင်းကိုတစ်ခါကနှစ်ခါမစားချင်ဘူး။ ဟင်းသုံးလေးမျိုးရှိလည်းထမင်းဆီဆမ်းစားတယ်။ တခုခုထပ်လုပ်စားတယ်။ ဟင်းထဲကအနှစ်နဲ့ သာနယ်မစားချင်တာ။ ထမင်းဆီဆမ်းကျတော့အရမ်းကြိုက်ပြန်ရော။ခုလည်းထွင်ပြန်ပြီ။ သူများတွေတော့စားမစားမသိဘူး။ အိုင်အိုရာတော့ကိုယ့်ဟာကိုယ်ထွင်ပြီးသဘောတွေကျနေပြီ။ ဒါကြောင့်မျှပေးလိုက်ပါတယ်ရှင်။
ထမင်းတစ်ပန်းကန်စာရယ်၊ လုံးထားတဲ့ချဉ်ပေါင်ဇွန်းကြီးတစ်ဇွန်းစာမပြည့်တပြည့်ရယ်၊ပုဇွန်ခြောက်ရယ်၊ (အမှုန့် နဲ့ ပိုကောင်းတယ်)ငရုတ်သီးဆီကြော်ရယ်၊ ကြက်သွန်နီပါးပါးလှီးရယ်၊ငန်ပြာရည်ရယ်၊ နံနံပင်ပါးပါးလှီးရယ်၊ ဆီစိမ်းလေးနဲနဲရယ်၊ ပဲမှုန့် အကျက်မှုန့် နဲနဲရယ် (မထဲ့လည်းရ) အားလုံးသမအောင်ရောနယ်ပြီး ဆလတ်ရွက်ရယ်၊ ကြက်သွန်ဖြူရယ် (အပြင်သွားစရာရှိရင်မစားနဲ့ နော်း)) ကိုက်စားလိုက်တာ စိတ်ထဲမှာအရမ်းသဘောကျပြီး ထပ်သုပ်စားအုန်းမယ်လို့ တေးထားလိုက်သေးတယ်။ ငရုတ်သီးကြော်ကလည်းကြွတ်နေတော့လေ အရမ်းမွှေးပြီးစားလို့ ကောင်းတယ်။
ဆလတ်ရွက်လေးနဲ့ ထုပ်ပြီးစားကြည့်တယ်။ တကယ်ကောင်းတယ်။ သိလား။
နောက်တစ်လုပ်။
ငါးဖယ်ကြော်ထားတာရှိနေတော့သူနဲ့ လည်းတွဲစားတယ်လေ။ ငါးဖယ်ကြီးကြီးနှစ်ခုက ငရုတ်သီးစိမ်းတွေထဲ့ထားတယ်နော်။ စပ်စပ်။
Farmers' market က ချဉ်ပေါင် ၀ယ်မလို့ ကြည့်နေတာပါ။ ဒီဘက်လေးကပင်စိမ်း။
ချဉ်ပေါင်တွေလည်းအများကြီးဘဲကြော်ပစ်လိုက်တယ်။ ကြာကြာထားမယ်ဆိုပြီးဆီတွေများများထဲ့ထားပါတယ်။ ဒယ်လိုက်ချထားပါတယ်။း)
Cheese cake လေးလုပ်စားထားတာပါ။ အစပ်ပြေအချိုတည်းသွားနော်။ ချိစ်ကိတ်လုပ်နည်းသိချင်ရင်တော့တင်ပေးပါမယ်။ (လာမယ်ကြာမယ်...နော်)
ငါးရံ့တွေလတ်လတ်ဆတ်ဆတ်တွေ့ တော့သူငယ်ချင်းနဲ့ ဝမ်းသာအားရ၀ယ်လာကြပါတယ်။ သူငယ်ချင်းကတော့ချက်စားမယ်တဲ့။ ကျမကငါးရံ့ခြောက်ခွဲစားမယ်ဆိုပြီးတစ်ကောင်စီဝယ်လာကြပါတယ်။ အဲဒီတစ်ကောင်ကို ၁၀ ဒေါ်လာကျပါတယ်။ ငါးရံ့ခြောက်ဒီမှာဝယ်ရင်လည်းအဲဒီလိုတစ်ကောင်ကို ၁၀ ဘဲကျတော့ လုပ်အားရှုံးပါတယ်။ ဒါပေမဲ့သန့် ရှင်းလတ်ဆတ်ပြီး ဆားကိုယ်ကြိုက်တဲ့အနေလေးရပါတယ်ရှင်။း)
 တစ်ကယ်တော့ကျမတွေးထားတာမြန်မြန်ဆန်ဆန်တင်လို့ ရမဲ့ချဉ်ပေါင်ထမင်းသုပ်လေး ပုံနဲ့ စာတိုတိုပါ။ မရေးဘူးမရေးဘူးနဲ့ တော်တော်ရှည်သွားပြီး ဟိုရောက်ဒီရောက်တွေဖြစ်တာခွင့်လွှတ်ပါရှင်။
လာလည်တဲ့သူတွေလည်းအဟောင်းတွေဘဲဖတ်နေရလို့ သိပ်အားနာပါတယ်ရှင်။ မတင်ဖြစ်တာတွေအများကြီးတင်ဖြစ်အောင်တင်မယ်လို့ တော့တွေးထားပေမဲ့ဦးစားပေးကိစ္စတွေများနေလို့ ပါနော်။
စာဖတ်သူမိတ်သစ်မိတ်ဟောင်းနှူတ်ဆက်သွားသူများရောတိတ်တိတ်လေးပြန်သွားသူများရောစိတ်ချမ်းသာ
ကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
38 comments:
  1. Wow... သွားရည်ကျအောင် လုပ်ပြန်ပြီ..၊ ဟင်း... (သက်ပြင်းချသံ)း)
    မအိုင်အိုရာရဲ့ ချဉ်ပေါင်ထမင်းသုပ်က တကယ့်ကို စားချင်စဖွယ် ပါပဲဗျာ..၊ လုပ်နည်းကလည်း လွယ်လွယ်လေး..၊ ချဉ်ပေါင်လေး ရှိဖို့လိုတာ တစ်ခုတည်း..၊း) အနံ့မရှိ၊ မြည်းကြည့်လို့ မရတဲ့ မော်နီတာ ဖန်သားပြင်ကြီးကို ကြည့်ရင်းနဲ့ပဲ တံတွေးတွေ မျိုချနေရတယ်၊ ဂလု..။း)
    ReplyDelete
  2. ကြိုက်တယ် မမ။ ဟင်းမကြိုက်ရင် ချဉ်ပေါင်ကြော်နဲ့ နယ်စားနေကျ။
    ReplyDelete
  3. ချဉ်ပေါင်ထမင်းသုပ်မစားဖူးသေးဘူး
    တခါလောက်တော့စားဦးမှ လုပ်ပြထားတာလေးအရင်စားခဲ့တယ်
    ငါးဖယ်ကြော်အားလုံးယူလိုက်ပါတယ်
    ReplyDelete
  4. ကိုညီလင်းသစ်...
    ဟုတ်တယ် ချဉ်ပေါင်လေးဘဲလိုတာနော်။ ချဉ်ပေါင်ကလည်းပညာမပါဘူး။ ရေဆေးထားတာကိုအိုးထဲထဲ့ခြေလုံးထားတာ။ ဘာမှကိုမထဲ့ထားတာ။ တကယ်စားလို့ ကောင်းတာ ကိုညီလင်းသစ်ရေ။း)
    မြတ်ကြည်လေး...
    ချဉ်ပေါင်ကြိုက်တဲ့သူတိုင်းကြိုက်မှာပါ။ ဆီစိမ်းလေးနဲ့ နံနံပင် ကြက်သွန်နီအစိမ်းလေးနဲ့ ဆိုတော့တအားမွှေးပြီးစားချင်စရာကောင်းတယ်။း)
    ဂျက်...
    ကိုယ်လည်းခုမှထွင်စားကြည့်ပြီးသဘောကျလို့ တင်ပေးလိုက်တာပါ။
    လုပ်စားဂျက်ရေ။ အလုပ်များတဲ့သူ အလုပ်မရှုပ်ချင်တဲ့သူတွေနဲ့ ဆိုအကိုက်ဘဲသိလား။း)
    ReplyDelete
  5. ဗိုက်အရမ်းဆာနေချိန် ...သားရည်တွေမြိုချ .. ခေါင်းငိုက်စိုက်ပြန်သွား
    ReplyDelete
  6. ချဉ်ပေါင်ထမင်းသုတ်က ဓနုဖြူဒေါ်စောရီဆိုင်ရဲ့ နာမည်ကြီး ထမင်းသုတ်ပါရှင့် ....တို့မမကတော့ ဘာမှန်း မသိဖူး လုပ်စားလိုက်တာပဲဆိုတာတောင် ရှယ်ပဲ ရှယ်ပဲ ... အကြိုက်တူလို့ ထူးပြောနေတော့ဖူး ...ညလေးအတွက် တပွဲ လိုက်ပွဲကြီးကြီး :P
    ReplyDelete
  7. ပုံမြင်ကထည်းက သွားရေယိုနေဘီ... ချဉ်၊ ငံ၊ စပ်တွေ မြင်တိုင်း သွားရည်ယိုယိုနေတာ... ချဉ်ပေါင်ရွက်သုတ်ဆိုတော့ ရှယ်ဘဲ... ကျေးဇူးပါဗျာ... ပြန်တော်ပြန်တော့မှ လုပ်စားကြည့်ဦးမယ်..
    ReplyDelete
  8. ဒီတခါတော့ တိတ်တိတ်လေး ပြန်မသွားတော့ဘူး.. စားချင်တာကြေငြာပြီးမှ ပြန်သွားတယ်နော်..
    ReplyDelete
  9. မြင်သာမြင်ရ မကြင်ရ ဘဝ ဖြစ်နေတယ်အမရယ်
    မော်နီတာကိုကြည့်ပြီး တံတွေးကိုဘဲဂလုမျိုချလိုက်တယ်..
    ပစ်ပစ်လည်းအဲလို အသုတ်တွေကြိုက်တယ်...
    ReplyDelete
  10. ဗစ်..
    ဗိုက်ဆာလို့ ရောက်လာသူကိုခူးခပ်ပြင်ဆင်ပြီးစားလိုက်ပါအုန်းလို့ ပြုစုလိုက်ချင်...
    ကျူတီ..
    ကြည့်စမ်း။ အဲဒါမသိခဲ့ပါလား။ ဓနုဖြူမှာနိုင်ငံခြားသားလုပ်ဖေါ်ကိုင်ဖက်တွေလာတိုင်းစည်းဝေးပြီးတိုင်းသွားကျွေးနေကြ။ အင်္ဂလိပ်တစ်ယောက်ကအရမ်းကြိုက်လို့ လေ။ ကြုံရင်လည်းစားနေကြ။
    ၂၉ လမ်းဆိုင်ကတည်းကစားလာတာ။ နောက်လှည်းတန်း။ မြေနီကုန်း။ အိသက်ဘယ်လိုသုပ်လည်းသွားရှာကြည့်အုန်းမယ်။း))
    လိုက်ပွဲကြီးကြီးရမယ်။ ရှယ်နော်။း)
    အေအိတ်ခ်ျ..
    ယောက်ျားလေးဖြစ်ပြီးချဉ်ငံစပ်ကြိုက်တယ်လား။ အဖွဲ့ ဝင်အဖြစ်သတ်မှတ်လိုက်ပြီ ဒါဆို..း)
    Yellowtree..
    ဒါဆိုနောက်လည်းစားချင်တာပြောသွားနော်။ ဒါမရေးခင်လာလည်သွားပြီးလွတ်သွားတာတွေဆက်တိုက်ဖတ်လိုက်သေးတယ်။
    ပစ်ပစ်လေး..
    အသုပ်တွေကြိုက်ရင်အကြိုက်တူပြီ။း)
    ReplyDelete
  11. အား..ဒီလိုလုပ်စားရမှန်းမှမသိတာ..။
    စနေနေ့ ကအများကြီးဝယ်လာတယ်။
    အားလုံးကြော်ချက်ပုံစံမျိုးလုပ်ထားတယ်။
    သုပ်စားလို့ ကောင်းပါ့မလား။
    ချဉ်ပေါင်ပေါ်ချိန်လားမသိဘူးနော်..။
    ချဉ်ပေါင်ချက် သရက်သီးမှည့် ခရမ်းချဉ်သီးထောင်း၊
    ဘဲကြီးကိုချက်ကျွေးလို့ အပြောခံနေရတယ်။
    တော်လိုက်တဲ့အိမ်ရှင်မတဲ့..။
    သံပုရာသီးဖျော်ပေးပါလားလို့ လုပ်နေလို့ ..။
    ဟီး...
    ReplyDelete
  12. တကယ်ကို စားချင်စရာပါလားနော်..
    ချဉ်ပေါင်ထမင်းသုပ်ရယ်လို့ မကြားဖူးပေမဲ့ ကြည့်တာနဲ့ အရသာကို ရှယ်မှန်းသိလိုက်ပါပြီလေ..
    ReplyDelete
    Replies
    1. ချော..
      ခုမှ စပင်န် ထဲကနေတွေ့ လို့ ပြန်ရေးလိုက်တယ်နော်။
      မနေ့ ကတောင်တစ်ခါထပ်သုပ်စားပြီးသဘောတွေကျနေသေးတယ်။း)
      Delete
  13. မီးမီးငယ်..
    ကိုယ်လည်းစိတ်ကူးပေါက်ပြီးလုပ်စားတာစားလို့ ကောင်းလို့ ရှယ်လိုက်တာလေ။း)
    စပြီးပေါ်ခါစနဲ့ တူတယ်။ နောက်ထပ်မရောက်သေးတော့မသိဘူးရယ်။ ပေါ်ရင်တော့ ဖားမားစ်မားကက်မှာတွေ့ နေရတာဘဲ။
    ကြော်ချက်လိုလုပ်ထားပြီးသားဆိုတော့ငံပြာရည်လျှော့ထဲ့ပေါ့နော်။ အဖတ်ပဲစစ်ထဲ့လေနော။ကြက်သွန်စိမ်းကြိုက်ရင်တော့ပါးပါးလှီးရေဆေးပြီးထဲ့ နံနံပင်ထဲ့။ ဆီစိမ်းလေးနဲ့ မှပိုကောင်းသလိုဘဲ။
    ဟား ဟားရှောက်ရည်လေးဖျော်ပေးလိုက်လေ..း)သံပုရည်တော့တိုက်ပါဘူးဆိုပြီး..း)
    အိုင်အိုရာ
    ReplyDelete
  14. Looking forward to read a post about cheese cake, sis! All the dishes make me really hungry.
    ReplyDelete
  15. မွန်..
    မွန်လည်းပျောက်ကိုယ်လည်းပျောက်နေတာကြာနေပြီနော်။း)
    ချိစ်ကိတ်စိတ်ဝင်စားရင်တင်ပေးမယ်နော်။း)
    အိုင်အိုရာ
    ReplyDelete
  16. ကျမကြော်ထားတဲ့ချဉ်ပေါင်ကြော်တော့ ဒီနေ့ ပဲကုန်သွားပြီ....
    ငါးဖယ်ကြော်တွေကိုစိတ်ဝင်စားတယ်။ စားချင်ပါတယ်။
    ReplyDelete
  17. ထမင်းသုပ်ရယ် ငါးဖယ်ကြော်စပ်စပ်နှစ်ခုရယ်ရယ်ကိုအကြိုက်စားသွားပါတယ် ဖတ်နေရင်းတောင်သားရည်တွေကျလာလို့
    မနဲထိန်းထားရတယ် ချဉ်ပေါင်ကြော်ကြီးကလဲကောင်းလိုက်တာ အိုးလိုက်တောင်မယူပြေးချင်တယ် ငါးရံ့ခြောက်ခွဲထားတာကလဲရှယ်ဘဲနော် လှမ်းပြီးမီးဖုတ်ရင်သတင်းပို့အုံးနော် စားချင်လို့
    မာမာ
    ReplyDelete
  18. ချဉ်ပေါင်ကြော်နဲ့ ထမင်းပဲ နယ်စားဖူးတယ်.. ဒီလိုတော့ သုတ်မစားဖူးဘူး..
    စားကောင်းမယ့်ပုံပဲ.. ဆလတ်ရွတ်နဲ့ ထုပ်စားပြလိုက် တလုတ် တလုတ်ပြောလိုက်နဲ့ လူကို သရေကျအောင် လုပ်တယ်... :P
    မမကြော်ထားတဲ့ ချဉ်ပေါင်ကြော်လေးမြင်တော့ အမေ့ကို သတိရတယ်.. အမေကြော်တဲ့အတိုင်းပဲ.. ချဉ်ပေါင်ကျေကျေလေးနဲ့ မျှစ်ထည့်ပြီးကြော်တယ်.. ချဉ်ပေါင်းဟင်း အရမ်းကြိုက်တယ်.. ဒီမှာချဉ်ပေါင်ရှားပြီး ရှိတဲ့ဟာတွေကလည်း ရင့်တယ်
    ReplyDelete
  19. ရှင်လေး..
    ကိုယ်ကြော်ထားတဲ့ချဉ်ပေါင်လည်းရှိတော့ဘူး။း)
    ဖားမားစ်မားကက်ကိုတမင်သွားဝယ်မှ၊ ပေါ်တုန်းဝယ်ထားပြီးလုံးထားတာတွေကိုရေခဲရိုက်ထားမှတစ်နှစ်လုံးစားရမှာလေ။ ခုဆိုတုန်းများသွားပြီလားမသိပါဘူး။ ၀က်သားနဲ့ ငါးဝယ်ထားပြီးတော့ဒီပုံမြင်တော့ကိုယ်လည်းငါးဖယ်စားချင်နေတာ။ ၀ယ်ထားတာတွေကုန်မှဘဲဝယ်ပါမယ်လေလို့ ဘရိပ်အုပ်ထားတာ။း)
    မာမာ..
    ငါးရံ့ ခြောက်လည်းအသားတွေဖုတ်စားပြီး အရိုးနဲ့ ဗို်က်သားတစ်ချို့ ကိုခရမ်းချဉ်သီးနဲ့ ချက်စားလိုက်ပြီ။ အရမ်းစားလို့ ကောင်းတယ်။မွနေတာဘဲ။ အခုဆိုနေအရမ်းပူတော့လှန်းလို့ ကောင်းတယ်။
    ကန်ဒီ..
    သူကချဉ်ပေါင်ကြော်နယ်စားတာနဲ့ နဲနဲကွာတယ်။ ချဉ်ပေါင်ကြော်နဲ့ ဆိုဟင်းနံ့ ဘဲဖြစ်နေတယ်လေ။ သူကရေဆေးပြီးဘာမှမပါပဲလုံးထားတဲ့ကြေနေတဲ့ချဉ်ပေါင်ဖတ်တွေနဲ့ ဆိုတော့ဟင်းအနံ့ မထွက်တော့စားရတာတစ်မျိုးလေးဘဲ။ မွှေးနေတာဘဲ။း)
    ReplyDelete
  20. စားချင်စရာကောင်းလွန်းလို. ချဉ်ပေါင်ထမင်းသုပ်ကို ငါးဖယ်ဆုပ်ကြော်အားလုံးနဲ. စားသွားပါတယ်ရှင်...း)
    ငါးရံ့ခြောက်လည်း ခြောက်ရင်ကျွေးဦးနော်...း)
    ReplyDelete
  21. ချောစု..
    စားနော် အားမနာနဲ့ ။း)
    ငါးရံ့ ခြောက်က၃ရက်နဲ့ ခြောက်သွားပြီး သိမ်းတောင်မသိမ်းလိုက်ရဘူး။ တန်းပြီးဖုတ်စားလိုက်တယ်လေ။ အရမ်းလတ်လို့ တအားစားကောင်းတယ်။ ကျွေးမယ်ကျွေးမယ် စောင့်နေနော်။
    အိုင်အိုရာ
    ReplyDelete
  22. Iora yay..
    which state u are in United States that you get a lot of myanmar type groceries. I am in Michigan and don't find anything much and very difficult to think what to cook daily.
    ReplyDelete
    Replies
    1. Anonymous...
      I am in the California.
      Because there are many Chinese Groceries most of the Asian things can be bought here. But things like some vegetables such as Chin paung, Pin Sein cannot be bought at the Grocery Store but at the Farmers' Market only.
      I often think that Chinese are everywhere and I thank to them as they have their own environment and own food that we can get and eat. :D
      Thanks for visiting.
      Iora
      Delete
  23. :) that's true..there are Chinese and Indians here in Michigan too but of course not as many as in CA. Here Asian greens can be found occasionally in Farmer's market and wayyyyyyyyyy expensive. And may be because of weather i don't think they can be grown much locally also, whereas in CA weather is much better. anyhow..i noted your recipe as it requires only little Chin paung so even if I get some expensive ones, it will still be alright. :)
    ReplyDelete
  24. ချဉ်ပေါင်ထမင်းသုပ်ကတော့ ရှယ်ဘဲ..
    ဆိုင်တွေမှာ တင်ရောင်းရ ကောင်းမလားတောင် စဉ်းစားမိတယ်။း))
    ဓာတ်ပုံတွေကလည်း လှမှလှဆိုတော့ အမြင်နဲ့တင် ဗိုက်ပြည့်သွားသလို ခံစားလိုက်မိတယ်။
    ReplyDelete
    Replies
    1. ချောရေ..
      ဆောရီးနော်။ ဘယ်လိုလုပ်ချောမန့် ထားတာ စပင်မ် ထဲရောက်နေမှန်းမသိပါဘူး။
      အားနာလိုက်တာ။
      အတူဆိုင်ဖွင့်ပြီးတင်ရောင်းလိုက်ရအောင်လေ။ စားသုံးသူကတော့စားမစားမသိဘူး။ ကိုယ်ကတော့တစ်ချိန်လုံးသုပ်စားနေမှာ။း)ချောကိုလည်းသုပ်ကျွေးမယ်လေနော်။
      Delete
  25. ကန်တက်ဂီမှာ ချဉ်ပေါင်မရှိဘူး..ဆိုးချက်..ဘယ်ဆာလိုက်တာ မမအိုင်အိုရာရေ..ချဉ်ပေါင်ဆို အသေကြိုက်...
    ReplyDelete
  26. စားချင်လိုက်တာ..အဟင့်..း(
    ReplyDelete
    Replies
    1. အမည်မဖေါ်သူ..
      ကျွေးချင်လိုက်တာ..အဟင့်..း)
      Delete
  27. ကိုယ်ပြန်ထားတဲ့ကွန်မန့် တောင်မရှိဘူး။း(
    စန်းထွန်း
    မနေ့ က ဖားမားစ်မားကက်သွားတယ်။ ချဉ်ပေါင်ဝယ်မယ်ဆိုပြီး။ ချဉ်ပေါင်တော့မတွေ့ ဘူး။ ဈေးကို ဂေးပရိတ်ဒ် အတွက်ယူထားလို့ ပုံစံမျိုးစုံနဲ့ ချီတက်လာကြတဲ့ဂေးတွေကိုပဲတွေ့ ခဲ့ပြီး ဗီဒီယိုရိုက်ပြန်လာခဲ့ရတယ်။
    သိတယ်။ စန်းထွန်းအရမ်းကြိုက်မှန်း။ ၀ယ်လို့ ရရင်တောင်ပို့ ပေးလိုက်ချင်တာ။ တကယ်။း)
    ReplyDelete
  28. ထမင်းသုတ်ဆိုကြိုက်ပြီးသား ချဉ်ပေါင်ကြော်လေးပါ ပါတော့ ပိုစားကောင်းမဲ့ပုံပဲ အိုင်အိုရာရေ။
    အခုမှအိမ်တကာလည်ပြီး စာကြွေးတွေဆပ်နေတာလေး)) ငါးဖယ်ကြော်လဲ ကြိုက်တယ်။ အချိုပွဲလည်းစားချင်စရာ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
    Replies
    1. တီတင့်..
      တီတင့်မန့် ထားတာလေး စပင်မ်ထဲရောက်နေလို့ အားနာလိုက်တာရှင်။
      အားမှအေးအေးဆေးဆေးလာလည်ပါနော်။ တီတင့်အလုပ်များမှန်းနားလည်ပါတယ်။
      မလာဖြစ်လည်းသတိရချစ်ခင်လျှက်ပါရှင်။း)
      ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ။
      Delete
  29. Hi Ma Iora,
    I would love to get Burmese Pin Sein. I don't know what it is called in English. I am in Southern California. I am not sure which state you are in. Could you please let me know the english name of Burmese Pin Sein? Thanks in advance. I love your blog. Thanks for sharing with us.
    Nandar
    ReplyDelete
  30. Nandar..
    It is rarely seen Burmese Pin Sein sold in any grocery stores. But I only found in the Farmers market which does not have labels for the vegetables.
    Sometimes I found Thai Basil that is very similar with ours but it is still different (I think it has stronger scent). A few times, I have seen our type that I called Burmese Basil as Thai Basil too.
    Our Pin Sein is also called Basil.
    I am in the Northern California.
    Thanks for visiting me.
    Iora
    ReplyDelete
  31. စားချင်းစရာကြီး ရှလွတ် .... မရေ သွားရည်လာကျသွားပါတယ်။ ဒီမှာက ချဉ်ပေါင်ဝယ်လို.မရလို. ဒီမှာပဲ သွားရည်ကျသွားပါတယ်နော
    ReplyDelete
  32. ခိုင်..
    ချဉ်ပေါင်ကုလားဆိုင်မှာဝယ်လို့ မရဘူးလား။ ဒီမှာတော့ Farmers Market နဲ့ ကုလားဆိုင်မှာ သူ့ အချိန်ဆိုရတတ်တယ်။ ဒီနေ့ တောင်သွားဝယ်မလို့ စဉ်းစားနေတာ။ ၀ယ်မရတော့လည်းသွားရည်ဘဲကျသွားတော့ခိုင်ရေ။
း)
    အိုင်အိုရာ
    ReplyDelete
  33. Phung bella..
    Thanks.
    Iora
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။