 |
အမေ့ထမင်းဝိုင်းအလွမ်းပြေ (Burmese traditional meals: Meat, salty spicy curry and veggie) |
 |
Tomato spicy curry to be served with some veggie |
ဒီမှာနေ့ တိုင်းထမင်းဟင်းမချက်ဖြစ်တော့အိုင်အိုရာဒီလိုပုံစံမျိုးအစိုအခြောက်တွဲတဲ့ဟင်းတွဲကိုချက်ဖြစ်တာများပါတယ်။
အသားဟင်းငါးဟင်းခပ်ခြောက်ခြောက်နဲ့ အစိုဟင်းတစ်မျိုးမျိုးတွဲစားနိုင်အောင်လုပ်ပါတယ်။ အိုင်အိုရာကဟင်းတစ်မျိုးတည်းကိုဆက်တိုက်မစားချင်ပါဘူး။ (အမေတို့ အမတို့ တွေကျင့်ပေးလိုက်တာလို့ ဆိုပြီးသူတို့ ကိုဘဲအပြစ်တင်ကြတာပေါ့နော။)း)
အဲဒီတော့အသားတစ်မျိုးတည်းကိုလည်းပုံစံနှစ်မျိုးလောက်တစ်ချိန်တည်းမှာလုပ်ပါတယ်။ အချိန်မရရင်နောက်နေ့ ကျတော့မြန်မာစတိုင်ကတရုတ်စတိုင် သို့ မဟုတ်ကုလားစတိုင်သို့ မဟုတ် တစ်ခြားမြန်မာစတိုင်(အသီးအရွက်နဲ့ ရောတာမျိုး၊ အနံ့ တစ်မျိုးပြောင်းပစ်လိုက်တာမျိုး၊ နံနံပင်အုပ်ထားရာကနေပင်စိမ်း ဒါမှမဟုတ် ရှမ်းနံနံပြောင်းအုပ်တာမျိုး)
 |
ဝက်သားလုံးပြုတ်ကြော် (Meat ball with pork:Burmese style) |
ဒီဟင်းတွေချက်စားဖြစ်တဲ့ရက်တုန်းက ၀က်ကြိတ်သားကို ပထမဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့် နဲ့ နယ်ပါတယ်။ ဒီဟင်းကတော့အရမ်းမြန်ပါတယ်။ ၀က်သားကကြိတ်ထားတာဆိုတော့ကျက်လွယ်တယ်လေ။ နယ်ပြီးတာနဲ့ ဒယ်အိုးထဲကိုကိုယ်ကြိုက်တဲ့အနေလုံးပြီးတခါတည်းတန်းထဲ့ပါတယ်။ ၀က်သားသုံးပုံတစ်ပုံလောက်ကိုတော့ ကုလားလေး မဆလာထဲ့၊ ဇီယာထဲ့ပြီး တစ်ခြားဒယ်အိုးနဲ့ ထဲ့ပါတယ်။ အားလုံးထဲ့ပြီးတာနဲ့ ဆီနဲ့ ရေတခါတည်းထဲ့ပြီးအဖုံးအုပ်တည်လိုက်ပါတယ်။ အသားဟင်းတွေချက်ရင်အိုင်အိုရာကတော့ကျက်မှစိတ်ထဲမှာဘ၀င်ကျတော့အမြဲပွက်ပွက်ဆူအောင်တည်ပြီးမှ
မီးကိုပြန်လျှော့လေ့ရှိပါတယ်။ အဓိကကတော့အတွင်းကိုကောင်းကောင်းကျက်စေချင်တာပါ။ ဒီခေတ်ကလည်းဝက်တို့ ကြက်တို့ ကကူးတဲ့ရောဂါတွေပိုများလာတော့ကြောက်တာလည်းပါပါတယ်။
အသားလုံးတွေကိုအထက်အောက်လှန်လှန်ပေးပြီး နောက်ဆုံးရေခမ်းတော့မှ မွှေးပြီးရဲရဲလေးဖြစ်လာအောင်ဆက်လှိမ့်
ပေးပါတယ်။ ကိုယ်ကြိုက်တဲ့အနေအထားလေးရတော့ချလိုက်ရုံပါဘဲ။ အိုင်အိုရာက အရမ်းမကြွတ်ဘဲအထဲကအိအိနဲ့ အပြင်ကကျွမ်းကျွမ်းလေးကိုကြိုက်တော့ပုံထဲကအနေရရင်ချပါတယ်။
 |
Meat ball with pork: Burmese style with Indian spice |
အပေါ်က၀က်သားလုံးကမဆလာနဲ့ လုံးထားတာပါ။ အထက်ကအတိုင်းတည်ပါတယ်။ သူ့ ကျတော့ဆီပြန်ကတည်းကငရုတ်သီးတောင့်တွေကိုပါထဲ့ပြီးလှိမ့်ပါတယ်။ ငရုတ်သီးလည်းကြွတ်၊ အသားလုံးလည်းခပ်ကျွမ်းကျွမ်းဖြစ်ဆိုအရမ်းမွှေးပြီးနှိုက်စားမိတာဘဲ။ တစ်လုံးပြီးတစ်လုံး။ အိမ်မှာတော့မမက ဟေ့..ယူ တို့ တွေ မီးဖိုထဲမလာကြရင်ကောင်းမယ်ဆိုပြီးနှိုက်စားတဲ့အိုင်အိုရာတို့ တူအရီးတွေကိုနှင်ထုတ်တာဘဲ။း)
အမေဆိုရင်တော့...ဟင်းနံ့ လေးကမွှေးတော့အမေတောင်ဗိုက်ဆာလာပြီ..လို့ မသိမသာနဲ့ သူဆာလာကြောင်း
သတင်းပေးပါလိမ့်မယ်။း)
 |
Pork ball and lettuce |
 |
ကြက်မြစ်ကြက်သည်းပြုတ်ကြော်ရိုးရိုးလေး |
ချစ်ချစ်ကလည်းကြက်မြစ်ကြက်သည်းမစားရတာကြာလို့ ချက်ကျွေးပါအုန်းတဲ့။ အိုင်အိုရာတို့ ကမြန်မာဟင်းတွေလည်းကြိုက်။ ထမင်းလည်းကြိုက်ကြတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင်သတိထားပြီးတော့တော့ဟင်းကိုတွဲဘို့ ကြိုးစားပါတယ်။
ကြက်မြစ်ကြက်သည်းဆိုဝက်သားကြက်သားထက်၊ ငါးထက် အကြိမ်လျှော့ပြီးချက်ပါတယ်။ ဒါပေမဲ့လည်းကြိုက်ကြတော့ချက်တော့ချက်စားဖြစ်ပါတယ်။ အိုင်အိုရာကအမြစ်ကြိုက်တယ်။ သူကအသည်းကြိုက်တယ်။ နှလုံးကိုတော့နှစ်ယောက်လုံးကြိုက်ပါတယ်။ အဲတော့မျှဝယ်ပြီးချက်ပါတယ်။စားတာတော့အားလုံးစားပါတယ်လေ။ အိုင်အိုရာကမချက်ခင်အမြစ်တစ်ခုချင်း နှလုံးတစ်ခုချင်းစီကရှိနေတဲ့အဆီဖတ်တွေကိုဒါးထက်ထက်လေးနဲ့ အကုန်
လှီးဖယ်ပစ်ပါတယ်။ အနဲဆုံးတော့အသည်းအမြစ်စားပေမဲ့အဲဒီအဆီတွေတော့မပါသွားဘူးပေါ့နော်။
အပေါ်ကဟင်းကတော့ဆားဆနွင်း၊ငံပြာရည်၊ ကြက်သားမှုန့် နယ်ထားတဲ့ အမြစ်နဲ့ နှလုံးတွေကိုအရင်ရေရယ်ဆီရယ်နဲ့ လုံးပြီး အဖုံးအုပ်တည်ပါတယ်။ မကြာခဏမွှေပေးပြီးနောက်ဆုံးနူးပြီး ရေမခမ်းခင်မှာ အသည်းတွေရောပါတယ်။ ရေသိပ်နည်းရင်နဲနဲထပ်ထည့်ပေါ့။ အသည်းကကျက်လွယ်တော့အကြာကြီးတည်စရာမလိုဘူးလေ။ ရေပွက်ပွက်ဆူပြီးအထဲထိအကျက်နဲ့ မှန်းပြီးရေကို
ဆ ထည့်ပြီးဆီပြန်တော့မွှေးလာပြီလေ။
ဒါကျတော့သိပ်မာသွားရင်မကောင်းတော့ ဆီပြန်ပြီးမွှေးလာပြီဆိုချလို့ ရပါပြီ။ များသောအားဖြင့်ကြက်မြစ်ကြက်သည်းတို့ ဝက်သားလုံးတို့ ကိုအနှစ်နဲ့ ချက်တာထက်ခုလို ခြောက်ခြောက်လေး
ချက်တာကိုပိုသဘောကျပါတယ်။
 |
အိုင်အိုရာတို့ မြန်မာတွေအကြိုက် ခရမ်းချဉ်သီးငပိချက် |
ဟင်းအခြောက်တွေဆိုတော့နောက်ရက်စားလည်းသိပ်ပြဿနာမရှိလှဘူးလေ။ ဟင်းကအနံ့ တို့ ပုံစံတို့ သိပ်မပြောင်းဘူးလေနော်။ ဒီတော့အဲလိုခပ်ခြောက်ခြောက်ဟင်းတွေချက်ရင်အိုင်အိုရာက ခရမ်းချဉ်သီးငပိချက်တို့ စပ်ချဉ်တို့ ခရမ်းသီးနှပ်တို့ ကြက်ဟင်းခါးသီးကြော်တို့ လိုမျိုးတွေနဲ့ ဖက်စားဖြစ်ပါတယ်။
ဒါပေမဲ့ချစ်ချစ်က(လာပြန်ပြီး)) ခရမ်းသီးတို့ ကြက်ဟင်းခါးသီးတို့ မကြိုက်တော့ ခရမ်းချဉ်သီးငပိချက်တို့ စပ်ချဉ်တို့ နဲ့ ပိုတွဲချက်ဖြစ်ပါတယ်။ အဲဒါဆိုအသီးအရွက်ရှိတာနဲ့ ဖက်စားလိုက်ရင်အလုပ်လည်းမများလှ၊ စားလို့ လည်းမညည်းငွေ့ ၊ ခံတွင်းလည်းတွေ့ ပေါ့။ (အကြံပိုင်သော..ငခွေး..အဲလေ..အိုင်အိုရား) )
အော်..မေ့လို့ ခရမ်းချဉ်သီးချက်တာမပါလို့ ပို့ စ်တင်ပြီးမှကမန်းကတန်းပြန်လာထဲ့ပေးနေတာ။
ခရမ်းချဉ်သီးငပိချက်ကဆီသတ်ချက်လည်းရတယ်။ လုံးချက်လည်းရပါတယ်။ အိုင်အိုရာက ဆီပြန်မချက်ပဲ အရည်နဲနဲဆီနဲနဲနဲ့ ချက်ထားတာပါ။ သေးသေးစိပ်ထားတဲ့ခရမ်းချဉ်သီးတွေနဲ့ ကြက်သွန်ဖြူ၊နီ၊ ပုဇွန်ခြောက်မှုန့် ၊ ငရုတ်သီးအစိမ်းမှုန့် ၊ ငပိနဲနဲ တို့ ကိုဆီနဲနဲထဲ့ပြီးကိုယ်ကြိုက်တဲ့အနေရတဲ့ထိလုံးချက်ချက်ထားတာပါ။ (ထုံးစံအတိုင်းမြန်ကောင်းသက်သာပေါ့) လုံးချက်တဲ့အခါသတိထားရမှာက အစိမ်းစော်နံမနေဘို့ ပါဘဲ။ ကောင်းကောင်းကျက်ပြီးကိုယ်သဘောကျနူးတဲ့အနေကျရင် အရသာမြည်း၊ အရည်အနေအထားလည်းကြည့် နဲရင်ထပ်ထဲ့များရင်နဲနဲထပ်တည်၊အတော်ဖြစ်ပြီဆိုရင်ညှပ်ထားတဲ့ ငရုတ်သီးစိမ်းအုပ်၊ ကျက်ရင် နံနံပင်လေးအုပ်လိုက်ရင်တော့အိုခေပြီပေါ့။
 |
ဒီလိုမျိုးဆိုရင်တော့ဘယ်တော့မှမမုန်းတမ်းစားနိုင်တယ်နော် (ခရမ်းချဉ်သီးငပိချက်နဲ့ တို့ စရာစုံ ခ၀ဲသီးပြုတ်၊ ရုံးပတေသီးပြုတ်၊ မုန်လာဥပြုတ်။ ဆလတ်ရွက်ကိုသပ်သပ်ဗူးနဲ့ ထဲ့ထားတာလည်းအပေါ်မှာပါတယ်နော်။) |
ကဲ အားလုံးလည်းချက်လို့ ပြီးပြီ။ ထမင်းဝိုင်းလည်းပြင်လို့ ပြီးပြီ။
တစ်ခုဘဲ ကျန်တော့တယ်။
အားလုံးသုံးဆောင်နိုင်ပါပြီ။
 |
အမေ့ထမင်းဝိုင်းအလွမ်းပြေ (Burmese traditional meals: Meat, salty spicy curry and veggie) |
Wait..wait..wait.. ခဏ။ ခဏစောင့်ပါအုန်း။
ဘလောက်တင်ဘို့ ဓါတ်ပုံရိုက်ရအုန်းမယ်။ မစားနဲ့ အုန်းနော်။ ( ကဲ..ရိုက်ပေါက်။ ချစ်ချစ် ရဲ့ မျက်စောင်းကြီးလာပြီ။ သူငယ်ချင်းတို့ ကတော့မျက်စောင်းမထိုးပါဘူးနော်။ သိပြီးသား။ အိုင်အိုရာနဲ့ အမြဲဟင်းချက်ဖြစ်တဲ့သူငယ်ချင်းရှိနေရင်တော့သူငယ်ချင်းက အဲလို ခဏဆိုရင်ကူပြီးပန်းကန်ကိုပြင်ပေးပါတယ်။ ပေတာလေးတွေသုတ်ပေးတာတို့ ပိုလှအောင်နံနံပင်လေးတွေ
ဘာလေးတွေကူတင်ပေးတယ်။ မြန်မြန်ပြီးမှစားရမှာဆိုပြီးတော့နေမှာ...း) အဲလိုရိုက်မယ်လည်းလုပ်ရော ကင်မရာကဓါတ်ခဲအားနဲနေရင် သေပြီဆရာဘဲ။ မျက်စောင်းကြီးကြီးကြီးတွေထပ်မလာအောင် ကင်မရာလေးအသာချ။ စိတ်လျှော့။ နောက်ချက်တော့မှ ရိုက်တာပေါ့လေဆိုပြီးတေးထား။
ဒီလိုဟင်းမျိုးကတော့အေးလည်းသိပ်ပြဿနာမရှိတော့ချစ်ချစ်ကရိုက်ပါ။ ရိုက်ပါ။ ဆိုပြီးအားပေးပါတယ်။ ဟင်းချိုဟင်းပါရင်တော့လေ သူ့ အတွက်ဟင်းချိုကိုရိုက်ပြီးမှ ခပ်တယ်ဗျာ။ အေးမှာစိုးလို့ တဲ့။
 |
Home made အချိုပွဲ ကိတ်မုန့်  (Cake with Pandan custard) |
Home made ဆိုလို့ အထင်တော့မကြီးလိုက်နဲ့ အုန်းနော်။
ထုံးစံအတိုင်း Cake Mix ကိုဝယ်ပြီးလုပ်ထားတာ။ သူ့ အညွှန်းအတိုင်းလုပ်လိုက်ရင်လွယ်လွယ်လေးနဲ့ ဈေးသက်သာ၊အရမ်းအရသာရှိပြီး သန့် ရှင်းတဲ့ကိတ်မုန့် လေးကိုအချိုတည်းဘို့ ရတာပေါ့။
 |
My favorite cake mix |
အဲဒီကိတ်မစ်စ်နဲ့ လုပ်ထားတာပါ။ သူ့ အညွှန်းကအရမ်းလွယ်တော့လုပ်ရတာစိတ်ပါတယ်။ မပင်ပန်းဘဲကောင်းကောင်းစားရတော့ပျော်တယ်။ ကိတ်မုန့် ရိုးရိုးရလာပြီးမှ ကို်ယ်ကြိုက်သလို ကိုယ်စားချင်တာနဲ့ တွဲဖက်ပြီးပြင်ဆင်လိုက်တာပါ။ ပိုလှပြီးဆွဲဆောင်မှုရှိသွားတာပေါ့။ အဲဒါလုပ်နည်းအရင်ပို့ စ်တစ်ခုမှာတင်ဘူးပါတယ်။ ရှာပြီးမှ လင့်လေးတင်လိုက်မယ်နော်။
( ဒီမှာပါ။
http://mamaiora.blogspot.com/2012/02/blog-post_22.html)
အိုင်အိုရာက ထိုင်းကလာတဲ့ ဆွမ်းမွှေးရွက်နံ့ နဲ့ လုပ်ထားတဲ့ အနှစ် (Pandan custard)ကိုလုပ်ပြီး ကိတ်မုန့် တုံးနှစ်ခုကြားမှာညှပ်၊အပေါ်က ဂရိဒိန်ချဉ်အုပ်၊ ဘေးကနေ စတော်ဘယ်ရီလေးခြမ်းပြီးတင်ထားတာနဲ့ တွဲစားဘို့ ပြင်ထားတာပါ။
စားလို့ ကောင်းတော့စမ်းလုပ်ကြည့်တဲ့သူတွေလည်းသဘောကျမှာပါ။
အဲဒီကိတ်ကုမ္ဗဏီကတော့အိုင်အိုရာကိုဆုချဘို့ ကောင်းနေပြီ။ ခဏခဏကောင်းကြောင်းကြော်ငြာနေလို့ လေ။ ဆုမချဘဲ သူ့ တံဆိပ်ကိုတင်ထားတယ်ဆိုပြီးတရားလာစွဲမှဒုက္ခ။း(
အားလုံးဘဲလာလည်လို့ ကျေးဇူးတင်ပါတယ်။
ပျော်ပျော်ပါးပါးဝင်နွှဲရင်း တူတူစားကြ အာလူးပေးကြတာပေါ့နော်။
အလည်လာသူဆွေမွန်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ