Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Tuesday, December 27, 2011
အာလူးကက်တလိပ်ကြော် နဲ့ ငါးဖယ်ကြော်
လွန်ခဲ့တဲ့သုံးပါတ်လောက်က လုပ်စားဖြစ်ထားတာပါ။ အာလူးကက်တလိပ်ကြော် (၀က်သားနဲ့ ပါ)
 ချစ်ချစ်က မပြောစဘူး အာလူးကက်တလိပ်ကြော်စားချင်တယ်ဆိုတာနဲ့ လုပ်ပေးဖြစ်တာပါ။ (လွန်ခဲ့ တဲ့ သုံးပါတ်လောက်က လုပ်စားထားတာပါ။) ဒါတောင်အာလူးပြုတ်ထားတဲ့နေ့ မှာ မလုပ်ဖြစ်ဘူး။ နောက်နေ့ ကျမှ ထုထောင်းပြီးလုပ်ဖြစ်ပါတယ်။ မိမိလိုချင်သလောက် အာလူးကို ရေမြုပ်အောင်ထဲ့ပြုတ်။ အိမအိ ဒါးထိပ်လေးနဲ့ စမ်းကြည့်ပြီး အိတယ်ဆိုရင်ချပြီးရေအေးစိမ်ပြီး အခွံနွှင်လို့ ရပါတယ်။ ကျမကတော့ ပရက်ရှာကွတ်ကာနဲ့ ရေ အာလူးမမြုပ်တမြုပ်ထဲ့ပြီး တယ်လိုက်တော့ ခဏလေးနဲ့ နူးပါတယ်။ ဒါပေမဲ့ နောက်နေ့ ကျမှ အာလူး ကိုအခွံနွှင်ပြီး ကြက်သားမှုန့် ထဲ့၊ ဂျင်းရည်၊ ကြက်သွန်ဖြူရည်ညှစ်ထဲ့၊ ဆားပါးပါးထဲ့ပြီး ငရုတ်ဆုံနဲ့ ခဏထောင်းလိုက်ပါတယ်။ စီးစီးကြိုက်ရင်ကြာကြာထောင်းပေါ့။ ကျမကတော့သိပ်စေးတာမစေးတာ ပြသနာမရှိတော့ ခဏဘဲထောင်းပါတယ်။
 အာလူးမထောင်းခင် ၀က်ကြိတ်သား၊ ကို ကြက်သွန်နီနုပ်နုပ်စင်း၊ ဂျင်းထောင်း၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်ကောင်းမှုန့် ၊ ကြက်သားမှုန့် နဲ့ နယ်ပြီး မိုက်ခရိုဝေ့ထဲ ရေ နဲနဲ လေးထဲ့ပြီး (အသားမခြောက်ယုံ) ၃မိနစ်လောက် ဟိ လိုက်ပါတယ်။ အသားကျက်ပြီးသားဖြစ်အောင်လို့ ပါ။ ( ဒီနေရာမှာ အသားမပါဘဲ၊ သတ်သတ်လွတ်နှစ်သက်ရာ၊ ဒါမှမဟုတ် ကြိုက်ရာအသားငါး ထဲ့နိုင်ပါတယ်။ အမွှေးအကြိုင်လည်း မိမိနှစ်သက်ရာ တရုတ်မဆလာ၊ ကုလားမဆလာ၊ အရွက်မျိုးစုံ နှစ်သက်ရာထဲ့နိုင်ပါတယ်။ မိမိသဘောနဲ့ နှစ်သက်ရာ စမ်းလုပ်လို့ ရပါတယ်ရှင်။ အာလူးထောင်းရတော့ အာလူးကို အသားထဲ့လုံးလို့ အဆင်ပြေနိုင်တဲ့ဆိုက်ကို နှစ်သက်သလို လုံးနိုင်ပါတယ်။ ကျမကတော့ လှလည်းလှ အချိန်ကုန်လည်းသက်သာ စားရင်လည်း ၀အောင်လို့ ပုံထဲကလောက် ခပ်ကြီးကြီးလုံးလိုက်ပါတယ်။
လုံးထားတဲ့ အာလူးကို လက်နဲ့ ဖိအပေါက်လေးလုပ်ပြီး အစာသွတ်။ အာလူးကို အပေါက်ပိတ်အောင်ပြန်ပိတ်။ ဒါလည်း လွယ်ပါတယ်။ လက်နှစ်ဖက်နဲ့ သေသေချာချာလေး မံလုံးလေးလုံးရင် ခဏလေးနဲ့ လုံးလို့ ရပါတယ်။ မပေါက်အောင်တော့ သေသေချာချာ ကြည့်ပါတယ်။ ပြီးတော့ ကြက်ဥတလုံးကို ပန်းကန်တစ်ခုထဲမှာ ခေါက်ထားပါတယ်။ ဂျပန်ထုတ် Panco bread crumbs ကိုပန်းကန်ပြားထဲမှာ ထဲ့ထားပါတယ်။ ဓါတ်ပုံရိုက်ထားချင်ပေမဲ့လက်မအားတော့ လက်ဆေးပြီး မရိုက်ချင်တော့တာနဲ့ မရိုက်ထားလိုက်မိပါဘူး။ ဓါတ်ပုံနဲ့ ဆိုရင်တော့ရှင်းနေမှာပါ။ ဆီအိုးတည်ပြီး ဆီဆူလာတော့ မီးပြန်ချပြီး မီးကို မီဒီယမ်လောက်ထားလိုက်ပါတယ်။ အစောကလုံးထားတဲ့အာလူးတွေကို ကြက်ဥခေါက်ထားတဲ့ထဲ နှစ်၊ ပြီးတော့ ပန်ကိုပေါင်မှုန့် ခြောက်မှုန့် ညီညီလူးပြီး ကြော်ပါတယ်။ ရွှေဝါရောင်အညိုဘက်သန်းလာရင် တော့ဆည်ပြီး
တစ်ရှူးနဲ့ ဆီစစ်ပါတယ်။ ဆီစစ်တော့ စားမဲ့ပန်းကန်ထဲပြောင်းထဲ့ပါတယ်။
ကျမအမြဲတွဲစားလေ့ရှိတဲ့ ချဉ်ငံစပ် နဲ့ တွဲစားပါတယ်။ (ငရုတ်စိမ်း၊ ကြက်သွန်ဖြူ၊ နံနံ၊ သံပုရာနဲ့ ငံပြာရည်)၊ ဒီဖက်ထောင့်က ငါးဖယ်ရိုးဟင်းခါးပါ။
သခွားသီးလှီးပြီးကပ်စားပါတယ်။
ပြီးတော့ ငါးဖယ်ကြော်ပြီး ငါးဖယ်ကြော်လည်းစားပါတယ်။
အအီပြေသံပုရာရည်ထဲကို စပျစ်သီးထဲ့သောက်ထားတာပါ။
ငါးဖယ်အရည်ခွံကြော်
ငါးဖယ်နဲ့ တူတဲ့အကောင်တွေ့ လို့ ဝယ်ပြီးလုပ်စားထားတာပါ။ ငါးဖယ်အရည်ခွံတွေကို ညှပ်ပြီးဆားဆနွင်းနယ်၊ ကြက်သားမှုန့် နယ်ပြီး ကြွတ်အောင်ကြော်ပြီးစားကြပါတယ်။ အိမ်ကိုအရမ်းသတိရပါတယ်။ အိမ်မှာမမငါးဖယ်ခြစ်ရင် ငါးဖယ်အရည်ခွံတွေ အများကြီးထွက်တော့ အမြဲအပျော်ကြော်စားကြပါတယ်။ ငါးဖယ်ရိုးဟင်းခါးလည်း အိမ်မှာချက်လေ့ရှိပါတယ်။ အမေကတော့ အရိုးစူးမှာစိုးလို့ တချိန်လုံးသတိပေးပါတယ်။ ကျမရယ်၊ မမရယ်၊ မောင်လေးရယ် တူမလေးရယ်ကတော့ အရိုးတွေရယ်၊ ငါးဖယ်ခေါင်းတွေရယ်ပါဆည်ထဲ့ပြီး ကိုက်ကြပါတယ်။ ခဏခဏလည်းအရိုးစူးကြလို့ အဆူခံကြရပါတယ်။ ကျမတို့ အမေက သိပ်စိုးရိမ်တတ်ပါတယ်။ ဒါပေမဲ့ကျမတို့ ကလည်း သောင်းကျန်းကြပါတယ်။း)
ဒါကတော့ အမေ့အကြိုက်။ အမေကလည်း ငါးဖယ်ကြော်သိပ်ကြိုက်ပါတယ်။ ကြော်တိုင်းလည်း ဒီလိုပွနေတုန်းအမေကစားချင်တာဆိုပြီး အမေငယ်ငယ်က အမေ့အမေကြော်တိုင်းတောင်းစားတယ်လို့ ပြောလေ့ရှိပါတယ်။ ငါးဖယ်ကြော်တိုင်း အမေ့ကို အရမ်းသတိရလွမ်းမိပါတယ်။
နောက်တဒယ်ထဲ့တော့ ဒီလို ပွပွကြီးတွေပေါ့ပူနေတုန်းဆိုတော့။ အမေ့သမီးဆိုတော့ ကျမလည်း အဲဒီလိုပွပွကြီးကို နှိုက်စားပါတယ် အမေ့အလွမ်းပြေ။
မမကို အရမ်းသတိရပါတယ်။ ကျမ အိမ်မှာတုန်းက ငါးဖယ်မခြစ်ဖူးပါဘူး။ အလုပ်လုပ်တော့ သူငယ်ချင်းတွေ နဲ့ နေမှ စခြစ်ဘူးတာပါ။ အိမ်မှာဆိုရင်တော့ မမနဲ့ အမကြီးဘဲ ဒိုင်ခံခြစ်ကြတာပါ။
ကဲ..ကဲ..ဘော်ဒါတို့ ရေ Mystery Spot မသွားခင် ဗိုက်ပြည့်အောင်စားထားကြအုန်းနော်။ လမ်းမှာ ဆာနေလိမ့်မယ်။း)
အစဉ်ခင်မင်လေးစားသော..
အိုင်အိုရာ
27 comments:
  1. ကဲ မမရေ ကျနော်က ဒီပိုစ့်ကိုထမင်းစားတုန်းဖတ်နေတာ သွားရေတွေကျလို့ အဲဒါကိုလေဒီဘောစ့်ကမြင်ပြီး အဲလိုလုပ်စားချင်ပါတယ် ဘာသာပြန်ပေးပါတဲ့လေ
    သူပါရောသွားရေတွေကျသွားလေရဲ့ .သူမမလင့်ကိုယူသွားပြီးနှစ်သက်တဲ့ဟင်းတွေကို ဘာသာပြန်ခိုင်းမယ်တဲ့ (ဟိဟိ အဲဒီမှာသေတာပဲး)
    နောက်ကောင်းကောင်းလှလှလေးတွေထပ်ချက်ပါနော်
    ကျနော်လဲ အာလူးလုပ်စားမလို့
    ချစ်တဲ့
    မဒိုးကန်
    ReplyDelete
  2. ပြောဆို ဟင်းမချက်ဖြစ်တာတော်တော်ကြာပြီ မမရေ။
    ReplyDelete
  3. ငါးဖယ်ကိုအရမ်းကြိုက်တယ်
    အရိုးကိုဟင်းချိုချက်လဲကြိုက်တယ် ငါးဖယ်ဆုပ်ကိုကြော်ပြီးဆီပြန်လဲ
    ကြိုက်တယ် ထို့ကြောင့်အများကြီးစားခဲ့ပါတယ်ရှင်
    ReplyDelete
  4. အားလူကတ်တလစ်ကြော် ကောင်းတယ်။ မြန်မာပြည်မှာအစအဆုံးအိမ်မှာလုပ်စားရတယ်။ ဒီမှာ လုပ်ပြီးသားအမျိုးစုံရှိတယ်။ အရသာကတော့ ကွာပါတယ်။ သူတို့က ချိုတဲ့ ဆော့စ်ဆမ်းပြီး ဂေါ်ဖီအစိမ်းနဲ့ တွဲစားကြတယ်လေ။
    ငါးဖယ်ကို အကောင်လိုက်မ၀ယ်ဖြစ်ဘူး။ မခြစ်ချင်လို့...း)။
    ခြစ်ပြီးသားကိုဝယ်ပြီး ဇလုံထဲထည့် အရသာထည့်ပြီး မုန့်နှစ်နယ်သလိုနယ်တာပေါ့။ အိုင်အိုရာပြောသလိုပဲ ဘလမ်ဒါနဲ့လှည့်ရင် အဲဒါကိုပြန်ဆေးရတယ် ....တကယ်မလုပ်ချင်ဘူး။ (ဒီစကား ကိုယ်ချင်းတွေကြားမှာပဲထားမယ်နော်)။
    ကြိုက်တယ်ဒီပို့စ်က အမယ်အားလုံး။ သူ့ချည်းပဲလည်းကောင်း ထမင်းနဲ့စားလည်းကောင်း ဆိုသလိုပေါ့နော်။
    ReplyDelete
  5. အာလူးကက်တလိတ်မလုပ်စားတာကြာပီ...။
    ReplyDelete
  6. ဗိုက်ဆာနေတဲ့ အချိန်လေး ဖတ်လိုက်မိတယ်
    အာလူး ကတ်တလိတ်ကြော်ကို အရမ်း အရမ်း ကို ကြိုက်ပါတယ်
    ဓါတ်ပုံတွေ ကြည့်ပြီး တော့ ဗိုက်ထဲက ဂြီ ဂြီ နဲ့တောင်မြည်နေတယ်
    ReplyDelete
  7. အာလူးကတ်တလိတ်တွေ ကြော်ထားတာ အကြီးကြီးနဲ့ ၀ိုင်းဝိုင်းလေး... လှမှလှ။ ဒီနေ့ပဲ လုပ်စားလိုက်မယ် အစ်မအိုင်အိုရာ။ (စိတ်ကြီးတယ်နော်း)
    ReplyDelete
  8. ဟုတ်ပါ့ အာလူးကက်သလစ်ကြော်လေးက စားချင်စရာ
    ဒီမှာတော့ အာလူးပြုတ်ပြီးသား အဆင်သင့်ရောင်းတာမို့ လုပ်ရတာ လွယ်မယ်.. ခုလို လုံးလုံးကြီးကြီးလေး စားချင်တယ်။။ အဆာလေးသွပ်ပြီးတော့ပေါ့။
    ဒါနဲ့ ဒီ၂ရက် ၃ရက် ချယ်ရီတွေ ပွင့်တဲ့ တောင်ပေါ်ကို ဓာတ်ပုံသွားရိုက်တော့လေ ချယ်ရီပန်းလေးတွေကို စားနေဆိတ်နေတဲ့ ငှက်တွေကိုတွေ့လို့ ရိုက်လာတယ် သိလား
    အဲဒီငှက်တွေမြင်တိုင်း Iora ကို သတိရတယ်။ ဒီငှက်ဆိုရင်တော့ ဘာငှက်လဲ သူသိမှာလို့.. ပြီးတော့ ပန်းပွင့်တွေကြားက ငှက်ကိုကြည့်ရတာ စိတ်ပျော်စရာလေးမို့
ှုငှက်အကြောင်း ပြောတတ်တဲ့ Iora ကို သတိရမိတာ။
    နောက်နေ့ အဲဒီပုံလေးတွေ ဘလော့ပေါ်တင်မယ်။ လာကြည့်နော်။
    ReplyDelete
  9. အဟင့်... အစ်မရေ... အာလူးကတ်သလစ်တွေ အခုပဲ အိမ်မှာ ကြော်ကြည့်တာ ဆီအိုးထဲမှာ အကုန် တစစီဖြစ်သွားတယ် ဟိဟိ။ အရင်ကလည်း အဲ့လိုပဲ ကြော်တာ မအောင်မြင်ဘူးး))
    ReplyDelete
  10. My Favorite parrrr... Thank Sis :)
    ReplyDelete
  11. အားလုံးကြိုက်တယ်အိုင်အိုရာရေ။ အာလူးကက်သလစ်ကအနှစ်သက်ဆုံး
    အစာတွေထဲမှာပါတယ်။ ငါးအရေခွံခြောက်ကိုပဲခူးကမှာပြီး
    ကြော်ကြော်စားတတ်တယ်။ ငါးထဲမှာငါးဖယ်ကြော်အကြိုက်ဆုံးး))
    မနက်ဖြန်အတွက် ဟင်းတစ်ခွက်တော့ရပြီ။ ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  12. မစားရတာ အတော်ကြာပါပြီ..သားရေတွေ ကျ၏
    ReplyDelete
  13. အာလူး ကက်တလိတ်ကြော်မြင်တော့ အမေ့ကို သတိရတယ်၊ အိမ်မှာတုန်းက သူပဲ ကြော်ပေးတာကိုး..၊း) အခုတော့ မအိုင်အိုရာ့ လက်ရာပဲ သွားရည်ကျပြီး ပြန်သွားတယ်..။
    ReplyDelete
  14. Mystery Spot မသွားခင် အစာပြေ လာစားသွားတယ်နော် ..:)
    အာလူးကတ်တလိပ်လေးတွေ လုံးထားတာ ညီနေတာပဲ .. ရှလွတ်..
    ReplyDelete
  15. မဒိုးကန်..
    တော်သေးတာပေါ့ ထမင်းစားတုန်းတွေ့ လို့ အလုပ်လုပ်ချိန်တွေ့ သွားရင်တော့ ဒုက္ခ။
    ချက်တော့ချက်စားနေတာဘဲ မဒိုးကန်ရေ။ လှတဲ့အခါလှ မလှတဲ့အခါမလှပေါ့။ recipe ပေးပါဆိုသေရော။ ဘာလို့ ဆို ဒို့ တွေက မြန်မာနည်းနဲ့ common sense နဲ့ ဘဲချက်တာလေ။ ဘာဘဲဖြစ်ဖြစ်ပါလေ။ အကူအညီလိုရင်ပြောပါ တတ်နိုင်သလောက်ရေးပေးပါမယ်နော် အားနေတဲ့အခါဆို။
    မြတ်ကြည်လေး..
    မချက်ဖြစ်တာ လူသက်သာတာပေါ့ကွယ် ဟုတ်ဘူးလား။ ဒါဆိုဒီကဘဲစားသွားတော့နော်။
    ဂျက်စ်..(ပူပူနွေးနွေးမွေးနေ့ ရှင်)
    နောက်နေ့ ကျတော့ ကျန်တဲ့ငါးဖယ်တွေကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားဖြစ်တယ်လေ။ ထပ်တင်ပေးမယ်နော်။
    ကောင်း..
    ကြိုက်တာချင်းတူသလို ပျင်းပုံချင်းလည်းတူတာတော့ အံ့သြစရာဘဲနော်။
    ကိုယ်ချင်း ကိုယ်ချင်းကြားမှာထားကြတာပေါ့။ ဟင်း..ဟင်းး))
    မိုးငွေ့ ..
    ဟုတ်တယ် သူကအားမှလုပ်စားတာဘဲကောင်းပါတယ်။ နဲနဲ အဆင့်များတော့လေနော်။
    အမည်မသိသူရေ..
    ပုံနဲ့ နှိပ်စက်သလိုဖြစ်ရင်တော့တောင်းပန်ပါတယ်ရှင်။ ကျမလည်း တခါတခါ ကိုယ့်ပုံတွေရော သူများပုံတွေရော ဗိုက်ဆာတုန်းကြည့်မိရင် ပိုဆာလာရော။း)
    ရို့ စ်..
    ကြော်စားမယ်ဆိုပြီး ရေးထားတာလေးဖတ်ပြီး ၂နာရီလောက်ကြာတော့ ပျက်သွားတယ်ဆိုတာလေးဖတ်လိုက်ရတယ်။ စိတ်တောင်မကောင်းဘူး။ ဒို့ ထင်တာတော့ ဆီအပူချိန်များလို့ လို့ ထင်မိပါတယ်။ နောက်တခါစိတ်ပါလို့ လုပ်ရင် ဆီသိပ်မပူတဲ့အချိန်မှာ သာသာလေးထဲ့ကြည့်နော်။ ကွဲမှာစိုးရင်ဆီပါလေကာလေးထဲ့ပြီး ဒယ်ပြားထဲမှာ ကြော်ရင်လည်းရတယ်။ အဲလိုဆိုရင်တော့မကွဲလောက်ဘူးထင်တယ်။
    ချော..
    ကိုယ့်ကိုသတိရတယ်ဆိုလို့ ဝမ်းသာကျေးဇူးတင်ပျော်မိပါတယ်။ ငှက်လေးတွေ ကိုစောင့်ကြည့်ရတဲ့အရသာကို ခု ချောသတိထားမိလာလို့ သိပ်ဝမ်းသာတယ်။ တကယ်တော့သူက အပန်းဖြေနည်းတမျိုးပါဘဲ။ ပန်းလေးတွေကို မြင်ရင်ဘာပန်းပါလိမ့်လို့ သိချင်စိတ်နဲ့ ကြည့်မိမှတ်မိလေ့ လာမိသလို ငှက်ကလေးတွေကလည်း ပန်းလေးတွေလို ပုံစံမျိုးစုံ အရောင်မျိုးစုံဆိုတော့ သူတို့ ကိုမှတ်သားပြီး ပြန်လေ့လာကြည့်ရတာ စိတ်အပန်းပြေစရာပါ။ ကမ္ဘာပေါ်မှာ ငှက်တွေက အများကြီးဆိုတော့ အားလုံးတော့ကိုယ်လည်းချက်ချင်းမသိပါဘူး။ ငှက်ပုံလေးတင်တာလည်းလာကြည့်မယ်နော်။ အမြဲလာပါတယ်လေ။ နော်။
    မောင်သန့် ..
    ဖေးဘရိတ်ဆိုရင်လည်း အကုန်သာစားသွားပါနော။
    တီတင့်..
    အာလူးကက်တလိပ်ကို အိုင်အိုရာက သိပ်တော့အကြိုက်ကြီးမဟုတ်ပေမဲ့ ငါးဖယ်ကြော်ဆိုရင်တော့သိပ်ကြိုက်ပါတယ်။ ဒါပေမဲ့ ငါးဖယ်အတုတို့ ငါးခြစ်တို့ ကျ ငါးဖယ်ကြော်လို မကြိုက်ပြန်ဘူး။ မြန်မာပြည်မှာဆိုတခါတခါစောင့်မယူရင် ငါးခြစ်တွေရောထဲ့ရင် သိပ်စိတ်တိုတာဘဲ။ နော်။ တီတင့်။ဆုတောင်းလေးအတွက်ကျေးဇူးပါရှင်။
    စန်းထွန်း..
    ကက်တလိပ်ကအလုပ်ရှုပ်တော့ ကိုယ်လည်းလုပ်မစားဖြစ်တာကြာပါပြီ။ သူကစားချင်တယ်ဆိုလို့ သာလုပ်ဖြစ်တာ။ နီးရင်ကောင်းမယ်နော်။
    ကိုညီလင်းသစ်..
    ဟုတ်တယ် ကျမလည်းတွေးမိတယ်။ အဲလိုမျိုးအလုပ်ရှုပ်တာတွေကို ငယ်ငယ်ကပိုစားရပြီး ကိုယ့်ဘာသာကိုယ်ချက်လာလေ မစားဖြစ်လာလေဘဲသိလား။ အင်းလေ..ကျမလည်းပုံတွေချည့် ကျွေးနေရလို့ အားနာပါတယ်။
    ညယံ..
    စားထားနော်။ လမ်းမှာဆာမှာသိလား။
    ReplyDelete
  16. နှစ်မျိုးလုံး စားချင်စရာကောင်းတယ်။ ကျွန်မလည်း မိသားစုထဲက တစ်ယောက်ယောက် ကြိုက်တဲ့ဟင်းဆို ချက်စားဖြစ်တိုင်းလွမ်းတယ်။ လွမ်းတိုင်းလည်း ချက်စားဖြစ်တယ်။ :)
    ReplyDelete
  17. အာလူးကတ်တလိတ်ကြော်သိပ်လှတာပဲ လုံးနေတာပဲ
    ဒီမှာတော့အသားနဲ့ရောမွှေနယ်ပြီးကြော်စားလေ့ရှိတယ်
    ReplyDelete
  18. အင်း...
    ကျမအမျိုးသားကလည်းထူးဆန်းစွာဘဲ။
    ငါးဖယ်လုံးဝမကြိုက်ဘူးတဲ့။
    ကျမတော့အရမ်းကြိုက်။
    ဒီတိုင်းစားပြီးရေနွေးကြမ်းမော့။
    ကောင်းမှကောင်းနော်..မအိုင်အိုရာ :))
    ReplyDelete
  19. စုဘူးအိမ်..
    ပျောက်ချက်သားကောင်းနေလို့ နေမှကောင်းရဲ့ လားလို့ ။
    ဟုတ်တယ်နော် မိသားစုနဲ့ စားခဲ့ရတဲ့အချိန်တွေက ပျော်စရာကောင်းပြီး ပိုအရသာရှိတယ်နော်။း)
    ကျော်နှင်းဆီလွင်..
    တခါတလေပျင်းရင် အဲလို ရောပြီးလည်းကြော်ဖြစ်ပါတယ်။ ကိုယ်က ဂျပန်စာတွေကြိုက်တယ်။ လှလှပပလေးတွေ ပြင်ဆင်ထားတာကိုလည်း သိပ်သဘောကျတယ်။ အာလူးသုပ်ကိုတကယ်တော့ပိုကြိုက်ပါတယ်။ ပိုစားဖြစ်တယ်။ ပြုတ်ထားပြီး စိတ်ကူးပြောင်းပြီး သုတ်စားဖြစ်သွားတာပိုများတယ်။း)
    မီးမီးငယ်..
    ကိုယ့်အမျိုးသားကလည်း ငါးနဲ့ ဆိုင်တာတွေ သိပ်မကြိုက်ဘူးရယ်။ ကိုယ်ကတော့ ငါးဖယ်ကြော်ဆို သိပ်ကြိုက်။ ကြော်ရင်းနဲ့ ကို ကိုက်စားဖြစ်နေရော။း)
    ခင်မင်လေးစားသော..
    အိုင်အိုရာ
    ReplyDelete
  20. အားလုံးကြိုက်တယ်ဗျာ ဘာမှမလုပ်တတ်တော့ မဂျက်ဆီမှာ
    မျက်နှာပြောင်ပြောင်နဲ့ တီးနေရပါတယ် ခုလို သူများအိမ်တွေလဲကြုံငလိုလေးဝင်စားပါတယ်ဗျာ
    ReplyDelete
  21. ဘိုဖြူ..
    ဒီမှာ ကြုံတိုင်း စားသွားပါရှင်။ ပုံတွေနဲ့ အားရပါးရဧည့်ခံနေတာ..း)(ဘယ်တော့မှမကုန်ဘူးလေ)
    အိုင်အိုရာ
    ReplyDelete
  22. ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
    အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
    နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ အိုင်အိုရာရေ။
    Happy New Year !!!
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  23. အဓိပါယ်ပြည့်ဝလှတဲ့မင်္ဂလာဆုတောင်းလေးအတွက်ကျေးဇူးပါတီတင့်။
    တီတင့်လည်း တထပ်တည်းဖြစ်ပါစေရှင်။
    Same to you!!
    ခင်မင်လေးစားသော..
    အိုင်အိုရာ
    ReplyDelete
  24. ဘရဏီကြော်တိုင်းအာလူးတွေကတစဆီဖြစ်ဖြစ်သွားတယ်။အမကြော်ထားတာလေးတွေကြည့်ရတာစိတ်ချမ်းသာတယ်။လှလှပပနဲ့ စားချင်စရာလေးတွေ။
    ReplyDelete
  25. ဘရဏီ..
    ဆီတအားမကျက်ခင်ကြော်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။
    ပြီးတော့မညိုလာမချင်းတဘက်ကိုမလှန်ပါနဲ့ ကိုယ်ကြိုက်တဲ့အရောင်ရတော့မှ သာသာလေးတဘက်လှန်ကြည့်ပါ။ အဲလိုလုပ်ရက်နဲ့ ဖြစ်တာဆိုရင်တော့ လုံးတဲ့နေရာမှာ သေသေချာချာ အပေါက်အပြဲမရှိအောင်သတိထားလုံးကြည့်ပါလို့ ။ အင်း..အဲဒါလည်းဖြစ်သေးတယ်ဆိုရင်တော့ ....အိုင်အိုရာထပ်စမ်းကြည့်အုန်းမယ်။ နော်။း)))
    အိုင်အိုရာ
    ReplyDelete
  26. ငါးဖယ်ကြော်တွေ စားချင်စရာကြီး။ ညီမလည်း ငါးဖယ်ကြော် သိပ်ကြိုက်တယ်။ အိမ်မှာဆို ဟင်မချက်ရသေးဘူး ကြော်နေတုန်းနှိုက်စားတာနဲ့ တစ်ဝက်လောက်ကုန်တယ်။ :-P
    ReplyDelete
  27. ငါးဖယ်ကြော်ကို ကြိုက်လို့ အရမ်းစားရာကနေ တခါတော့မစားချင်လောက်အောင်ဖြစ်သွားဘူးတယ်။ ဘယ်လောက်စားခဲ့သလဲဆိုတော့..း))
    အိုင်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။