|
ကျမအကြိုက်တမာဖူးတို့ စရာ |
မုန့် ဟင်းခါးချက်တော့ ငါးတွေကအများကြီးဝယ်ထားတာရှိနေပါတယ်။ ငါးပြုတ်ကတည်းက အကြံနဲ့ အများကြီးတခါတည်း ပြုတ်လိုက်ပါတယ်။ ထပ်မပြုတ်ရအောင်လို့ လေ။
|
ငါးပိရည်ချက် (ဆီကအပေါ်ယံလေးပါ။ အောက်ကရေတွေ) |
ဆနွင်းနဲ့ ကြက်သွန်ဖြူ၊နီဆီသတ်၊ နောက် ခရမ်းချဉ်သီး ကြေအောင်ဆီသတ်ပြီးတော့ ပြုတ်ထားတဲ့ ငါးအသားနွှင်ထားတာတွေ ဆီသတ်ပါတယ်။ ဆီနဲနဲဘဲထဲ့ပါတယ်။ ပြီးတော့ ငါးပိရည် အနှစ် (ထိုင်းကလာတာ၊ အကောင်မဟုတ်ဘဲ အနှစ်ချည့်) ကိုထမင်းစားဇွန်း ၃ ဇွန်းလောက် ထဲ့မွှေပြီး ရေဆူထဲ့။ နဲနဲလေးကျအောင်တည်။ ခဏပါဘဲ။ ပြီးတော့ ပွက်ပွက်ဆူထဲကို ညှပ်ထားတဲ့ ငရုတ်သီးစိမ်းတွေ ထဲ့။ ပင်စိမ်း (ရေခဲရိုက်) တွေ အုပ်ပြီး ချလိုက်ပြီးရင်တော့ ကျမအကြိုက် ငါးပိရည်ချက်လေးရပါပြီ။ ငါးပိရည်ကတော်တော်ကောင်းတော့ ဘာမှတောင်ထဲ့စရာမလိုပါဘူး။ အေရှန်းဆိုင်က၀ယ်ထားတဲ့ တမာဖူးတွေ ရေနွေးဖျော၊ သခွားသီး ၊ ဆလတ်ရွက်နဲ့ တို့ စားပါတယ်။
စိတ်တိုင်းကျသုံးဆောင်ပါရှင်။
|
ငါးပိရည်ချက် |
|
ငါးမွှေချက် |
ငါးမွှေကလည်း စပါးလင်နဲ့ ငံပြာရည်နဲ့ ပြုတ်ထားတဲ့ ငါးပတ်လိုလို ငါးတန်လိုလို (cat fish) ကို စပါးလင်၊ဂျင်း၊ ကြက်သွန်ဖြူ၊နီဆီသတ်ပြီး တော်တော်မွှေးပြီးခြောက်လာမှ ငါးပြုတ်နွှင်ထားတာတွေ ထဲ့ပြီး ချက်ထားတာပါ။ ငါးပြုတ်ရည်တွေလည်း နဲနဲလေးပါတော့ စိုနေပါတယ်။ ခြောက်ပြီးဆီပြန်ခါနီးမှ ငရုတ်သီပွတောင့်တွေ ညှပ်ထားတာထဲ့ပြီး ငရုတ်သီးကျက်တော့ချလိုက်တာပါ။ စပါးလင်နံ့ မပျောက်စေချင်လို့ အမေ့နည်းအတိုင်း ဘာရွက်မှမအုပ်ပါဘူး ဒီတခါတော့။ သိပ်စားလို့ ကောင်းတာပါဘဲရှင် (ဘယ်သူချက်တာလည်းမသိဘူးး))
|
ပဲပြုတ်နဲ့ မျှစ်ကြော် | | | |
ပဲပြုတ်ထားတာရှိနေတော့ မျှစ်နဲ့ ရောကြော်ပါတယ်။ ကျမကပဲသိပ်မကြိုက်တော့ မျှစ်နဲ့ ရောကြော်လိုက်မှ ကျမအကြိုက်ဖြစ်သွားပါတယ်။
|
တာကီကင် (ကြက်ဆင်ကင်) |
အမေရိကန်သမတ Abraham Lincoln က ၁၈၆၃ ပြည်တွင်းစစ်အတွင်းမှာ နိုဝင်ဘာလရဲ့ နောက်ဆုံးကြာသပတေးနေ့ ကို Thanksgiving day အဖြစ်သတ်မှတ်ခဲ့ပါတယ်တဲ့။ နောင်တော့ အမေရိကန်တွေ က နိုဝင်ဘာလရဲ စတုတ္ထမြောက်ကြာသပတေးနေ့ ကို Thanksgiving နေ့ အဖြစ်ကျင်းပပြီး မိသားစုတွေ မဖြစ်မနေဆုံကြ၊ ကြက်ဆင်နဲ့ ဖရုံသီးကလည်း မပါမဖြစ်ထဲ့ကြ။ ရာဇ၀င်လေးကဖတ်လို့ ကောင်းပေမဲ့တိတိကျကျတော့ ဘာမှမမှတ်ထားမိပါဘူး။ ( စိတ်ဝင်စားရင်တော့
ဒီမှာ ဖတ်ကြည့်ပါနော်။ ) စားပွဲမစခင်မှာ တယောက်ပြီးတယောက် သူတို့ ကျေးဇူးတင်တဲ့သူတွေ ကို ဖေါ်ညွှန်းပြီး မိသားစုစုံညီ စားပွဲကျင်းပကြပါတယ်။ အဲဒီနေ့ ဆို ဖရုံသီးရောင်တွေ နဲ့ တန်ဆာဆင်ကြ၊ အလှဆင်ကြနဲ့ ပေါ့။
အမေရိကားမှာ အဲဒီနေ့ ကစလို့ ဟောလီးဒေး လို့ ဘဲကျမသဘောထားပါတယ်။ ကျမကျောင်းတက်တုန်းက ဆရာတွေက အဲဒီအချိန်ကစလို့ ရက်ရှည်ပျောက်တော့တာဘဲ။ ခရစ်စမတ် တို့ နယူးရီးယား တို့ ထိ ဆက်ပြီး ဘာမှ လုပ်ဘို့ စိတ်မကူးလေနဲ့ တော့။ နယူးရီးယားပြီးမှဘဲ အချိန်းအချက်လုပ်ပေတော့ဘဲ။ ကျမရဲ့ အနီးကပ်ပရော်ဖက်ဆာက တနှစ်ကို အာဖရိက နဲ့ နယူးဂီနီ ပုံမှန် တစ်လ နှစ်လ ကွင်းဆင်းတယ်။ အဲဒီမှာခြေခင်းလက်ခင်းသာချိန်တွေပေါ့။ ပြီးတော့ နိုဝင်ဘာဆို Thanksgiving၊ ဒီဇင်ဘာ မှာ ခရစ်စမတ် ကနေ New year ထိ vacation ယူလေ့ရှိတော့၊ သူမရှိတော့ဘူးဆိုတာနဲ့ ကျမလည်း ဓါတ်ခွဲခန်းထဲမှာ မျက်စိသူငယ်နဲ့ တွေ့ သမျှလူ ဆရာတင်ရတော့တာဘဲ။ ပညာလို သူဖုန်းစားဆိုတဲ့စကားကို အမြဲသတိရမိပါရဲ့ ။ ကဲကဲ အမြန်ဘရိတ်အုပ်မှ Thanksgiving party ကနေ တောရောက် တောင်ရောက်ဖြစ်ကုန်ပြီ။ ခွင့်လွှတ်ကြပါရှင်။
|
မြန်မာဗားရှင်း Thanksgiving party meals |
အိုင်အိုရာ့သူငယ်ချင်းတစ်ယောက်က တာကီ အမြဲလက်ဆောင်ရပါတယ် သူ့ အလုပ်ကနေ။ သူက အိုင်အိုရာနဲ့ အမြဲချိန်းတဲ့သူငယ်ချင်းကိုမေးပါတယ်။ တာကီယူမလားလို့ ။ အိုင်အိုရာတို့ က စားပြီးတဲ့အခါတိုင်း နောင်နှစ်မယူလာနဲ့ တော့လို့ ပြောကြပါတယ်။ စားရတာမနိုင်ဘဲ သိမ်းဆည်းရတာခက်၊ ဝေခြမ်းရင်ငြင်းကြနဲ့ ဆိုတော့ မယူတဲ့သူကို စိတ်ဆိုးကြပါတယ်။း)) အဟဲ...ဒါပေမဲ့အချိန်ကျလာပြန်ရင်တော့ မေးတဲ့သူကလည်း ပုံမှန်မေးပြီး ယူလာလို့ ပုံမှန်ပြောတဲ့သူကပြောကြပြီး ပွဲလုပ်ကြပြန်ပါတယ်။ မဆီမဆိုင် ၀င်နွှဲကြပြန်ပါတယ် မြန်မာဗားရှင်းနဲ့ ။
|
မုန့် တီ (နန်းလတ်နဲ့ ) ကိုတာကီသားနွှင်ပြီးသုတ်ပါတယ်။ |
|
မုန့် တီသုပ်ထဲထဲ့စားဘို့ ကြက်ဥပြုတ် |
|
မုန့် တီသုပ်အတွက် |
|
မပါမဖြစ် အကြော်ကလည်း အမြဲကြော်ရတယ်။ (ဟိုနေ့ ကဘဲစားထားပြီးတော့လို့ ပြောရင်လည်း ခံရမှာပါ။ သူငယ်ချင်းတွေကမစားရသေးဘူးလေ။ အိုင်အိုရာ့လက်ရာပွဲတောင်းတော့ထဲ့ဖြစ်အောင်ထဲ့ရတာပေါ့း))) |
|
ထုံးစံအတိုင်း ဘူးသီးကြော်၊ ခရမ်းသီးကြော်၊ ကြက်သွန်မြိတ်ကြော် |
|
တာကီကကြီးတော့ ဒီတခြမ်းကို မနဲ ဖြိုရတယ်။ ကျန်တဲ့တခြမ်းကို အတင်း ဝေခြမ်း၊ ဘူးတွေနဲ့ သူငယ်ချင်းနဲ့ အတူထဲ့ပေးရတယ်။ သူငယ်ချင်းက အကုန် လှီးချွတ်ပေးတယ်။ ချစ်ချစ်ရဲ့ သူငယ်ချင်းအတွက်ပါ လက်ဆောင်ထဲ့ပေးလိုက်တယ်။ |
|
အိုင်အို ရာ့ပန်းကန် (ဓါတ်ပုံတွေကတော့အကုန်ေ၀၀ါးနေတာဘဲ။ ဗိုက်ကအရမ်းဆာနေကြတော့ ဒေါသထွက်နေတဲ့လူအုပ်ကြီးကိုကြောက်ရတယ်။ ကျမကိုယ်တိုင်လည်းဆာနေတော့ မြန်မြန်ရိုက်တော့အားလုံးဝါး။အမှတ်တရလို့ သဘောထားပြီး သာကြည့်ရှုကြပါတော့။ |
|
သူငယ်ချင်းထိုးတဲ့ရွှေကြည်။ မာစတာက အိုင်အိုရာ။ ရေကျန်တာ ဖုတ်ရင်းနဲ့ အိုဗာဘိတ်က် နဲနဲလေးဖြစ်သွားတယ်။ အရသာကတော့ကောင်းပြီးသားဘဲ ကောင်းတာတွေချည့်ထဲ့ထားတာကိုး။ လုပ်နည်းက တော့ သူများတွေ စနစ်တကျရေးထားတာသာဖတ်ကြည့်ပါရှင်။ ကျမက သူများတွေ လိုစနစ်တကျလုပ်တာထက် ဖြတ်လမ်းတခါတခါလုပ်ချင်တယ်။ |
တာကီဘိတ်က်ထားတဲ့အချိန်မှာ သူငယ်ချင်းနဲ့ ကျမက အကြော်စုံကြော်ဘို့ နဲ့ မုန့် တီသုတ်ဘို့ ပြင်ဆင်ကြတယ်။ လူကလည်း အားလုံးပေါင်းမှ သူငယ်ချင်းနှစ်ယောက်နဲ့ ကျမတို့ နှစ်ယောက်။ တာကီပေးတဲ့သူငယ်ချင်းက နောက်ကျမှလာနိုင်တယ် မအားလို့ လေ။ ချစ်ချစ်ကတော့ ကျမနဲ့ ကျမသူငယ်ချင်းကို သြချတယ်။ လုပ်လည်းလုပ်နိုင်ကြတယ်တဲ့။ လက်ကလည်း ကြီးတယ်တဲ့။ ပြီးရင် သူ့ ကိုအတင်းစားခိုင်းလို့ စိတ်ဆိုးတယ်လေ။ သူကလွယ်လွယ်စားရတော့ ဘယ်တန်ဘိုးထားမလဲနော် ပရိသတ်ကြီးရယ်။
ကျမအကြော်ကြော်နေတဲ့ အချိန်မှာ သူငယ်ချင်းက လည်း ပြီးရင် အဆင်သင့်ဖြစ်နေအောင်ဆိုပြီး ရွှေကြည် လုပ်တယ် နှစ်ယောက်သားဘေးချင်းကပ်။ ကျမက အကြော်ကြော်ရင်း သူ့ ကိုမာစတာလုပ်။ သူငယ်ချင်းခမျာ မွှေရရှာတယ်။ ပြီးတော့ အာဗင်ထဲမှာ ထဲ့ထားပြီး စားပွဲကျင်းကြပါတယ်။ တာကီနဲ့ အကြော်တွေ အရင်စား။ ပြီးတော့ ခဏနား။ ၀ိုင်မေ့ နေလို့ စားရင်းတ၀က်ကျမှ သူငယ်ချင်းယူလာတဲ့ဝိုင် ကိုအားပေးကြ။ ခဏဆိုမှတကယ့်ခဏလေးရယ်။ သူငယ်ချင်းက မုန့် တီသုပ်ဘို့ ဆော်သြတယ်။ ကျမကလည်း အားလုံးအတွက် ဇလုံတခုထဲမှာ ပေါင်းထဲ့ပြီး လက်အိတ်နဲ့ သေသေချာချာ နယ်ပေးတယ်။ ပြီးတော့ ကိုယ့်စိတ်ကြိုက်ပြင်ကြဆိုပြီး ပန်းကန်တွေထဲထဲ့ပေးပါတယ်။ အားပေးသလားတော့မမေးနဲ့ ။
|
အိုင်အိုရာက မြေပဲတို့ အုန်းသီးတို့ ဘိန်းစေ့တို့ ပါတာမကြိုက်ဘူး။ သူငယ်ချင်း ကပြည့်စုံအောင် ထဲ့ကြတာပေါ့တဲ့။ ပြီးတော့သူကချောင်းဆိုးနေတော့ စားမရဘူး။ အိုင်အိုရာ ကလည်း အပေါ်သားတွေကို ဒါးနဲ့ လှီးပြီးမှစားတယ်။ ချစ်ချစ်က ကျတော့ စပျစ်သီးခြောက်လေးပါရင်ကောင်းမှာတဲ့။ |
ရွှေကြည်တောင်မစားနိုင်ကြပါဘူး။ အအေးခံထားတဲ့ဗန်းကို ဘယ်သူမှ မျက်စောင်းမထိုးကြဘူး။ နောက်နေ့ မှ စားဖြစ်ပါတယ်။
|
သူငယ်ချင်းကျိုပေးတဲ့တိုဟူး (လှတယ်နော်) |
သူငယ်ချင်းက ရွှေကြည်ထိုးရုံတင်မကဘူး။ တိုဟူးစားချင်တယ်လို့ ဂျီကျတဲ့ ကျမအတွက် ပဲမှုန့် ပါစိမ်ပြီးသားယူလာပြီး စားပွဲပြီးတော့ ကျိုပြန်ပါတယ်။ အမှန်ကတော့ မနက်မှ ကျိုဘို့ ပါ။ အစီအစဉ် အနည်းငယ် ပြောင်းသွားတဲ့အတွက် ထကျိုလိုက်တာပါ။ နှစ်အိုးတောင်ကျိုတာ။ ကျိုလည်း ပြီးရော အစီအစဉ်က မူလအ တိုင်းပြန်ဖြစ်သွားပါတယ်။ သေလိုက်ပါတော့။ (
ရပ်ကွက်ထဲကလူကြီးတွေရယ်..ချစ်ချစ်ရဲ့ လေသံငှားသုံးသည်)း))။
|
ဟိုနေ့ ကအကြော်ကိုသုပ်စားထားတာပါ။ (ကောင်းရေ အ၀စားနော်) |
လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ