Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Wednesday, August 24, 2011

ဒန့် သလွန်သီး နဲ့ ငါးဟင်း၊ မျှစ်ကြော်၊ ငရုတ်သီးဆားထောင်း

 ခရမ်းချဉ်သီးများများနဲ့ အနှစ်များဆီသတ်ပြီး ငါးများထဲ့အပြီး

 ဒန့် သလွန်သီးများသိပ်မပျော့စေချင်လို့ ငါးကျက်ခါနီးမှ ထဲ့ပါတယ်။
 ပြီးတော့ ရေဆူထဲ့ မန်ကျည်းရည်ထဲ့ ပွက်ပွက်ဆူအောင်ပြန်တည်

 ငါးဟင်းချခါနီးတော့ ရုံးပတေသီး လေးထဲ့ ၊ နံနံပင်အုပ်။ မျှစ်ကို ပုဇွန်ခြောက်နဲ့ ကြော် ငရုတ်သီးဆားထောင်းလေးနဲ့ တွဲဖက်စား







စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီ။
ဟင်းလေးတွေ မတင်ဖြစ်တာ ကြာနေလို့ မတင်ဖြစ်တဲ့ရက်တွေ တုန်းကချက်စားဖြစ်ခဲ့တာတွေ တင်ပေးလိုက်ပါတယ်ရှင်။

ခင်မင်လေးစားသော...
အိုင်အိုရာ

19 comments:

  1. Thanks for your drumstick fish curry and fried bamboshoot.It looks delicious as usual.I'll try when my stomach_ache is over.
    Gyidaw

    ReplyDelete
  2. ဒန့်တလွန်သီး မစားရတာကြာလှပေါ့း(
    ဒန့်သလွန်သီးတွေ အကုန်နှိုက်စားသွားတယ်
    ဒါနဲ့ စကားမစပ် မြသီတာက ဘူဒူလဲဟင်?

    ReplyDelete
  3. I want to try those dish now, but have to wait a few days as I have stomachache too.

    ReplyDelete
  4. ဒန့်သလွန်သီး မစားရတာ အကြာကြီးရှိပြီ။ အစ်မအိုင်အိုရာ ချက်ထားတဲ့ ဒန့်သလွန်သီး ငါးဟင်းလေး စားချင်လိုက်တာ။ Blog Day ပို့စ်လေးမှာ အစ်မကို တက်ဂ်ထားတယ်နော်။ အဆင်ပြေမယ်ဆို ရေးပေးစေချင်ပါတယ်။

    ReplyDelete
  5. အလွန်ကြိုက် .. ရှလွတ်

    ReplyDelete
  6. ဒီလိုဆိုရင်တော့ ငါးဟင်းရည် ဆမ်းပြီး၊ မျှစ်ကြော်ရယ် ငရုတ်သီးထောင်းရယ် နဲ့ပဲ စားဖြစ်မှာ သေချာတယ်..။း)

    ReplyDelete
  7. Gyidaw,

    Thanks for visiting. I am sorry to hear that you have got stomachache like me. I see now I have more friends suffering stomachache like me; you, MPA, and Baby. Please don't eat bamboo shoot when you have stomachache and it makes me more painful if I have got stomachache.

    ဘေဘီ..
    ကိုယ်လည်း ၂ခါဘဲစားဘူးတယ် ဒီမှာ။ အဲဒီနေ့ က၀ယ်နေကျ အေးရှန်း ဆိုင်မှာ မမျှော်လင့် ဘဲပုန်းလိုက်ချထားတာတွေ့ တာနဲ့ ဝယ်လာတာ။ နုတာမနဲ ရွေးရတယ်ကွယ်။ ဒန့် သလွန်သီး က စားရတဲ့အရသာထက် သူ့ ရဲ့ အနံ့ က အရသာပိုရှိသလိုဘဲနော်။
    မြသီတာ ...ဘယ်သူလည်း ကိုယ်လည်း မသိတော့ဘူး။ ဒါပေမဲ့ ရုပ်ရှင်နံမည်လား၊ ကော်လိပ်ဂျင်နေ၀င်း ပြောတဲ့ ဒိုင်ယာလော့ လား၊ တခုခုဘဲ။ ကိုယ်တို့ အိမ်မှာ တခုခု ကို မျှော်နေကြရင် အဲဒီလို နောက်ပြီးပြောလေ့ရှိကြတယ်။ ဆောရီး..ဆောရီး..

    မွန်..
    ကိုယ့်လိုပါဘဲလား။ ကိုယ်တော့ ဘေဘီ့ကို ညွှန်းတဲ့ မဟာဖြေဆေးကို အိတ်ထဲဆောင်နေရတယ်။

    ရို့ စ်..
    စားချင်ရင် စားပါလို့ ပုံနဲ့ ကျွေးရတာတော့ အားနာပါတယ်။း)
    အချိန်ကြိုးစားပြီးယူကြည့်ပါ့မယ်နော်။ တက်ဂ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ မရေးနိုင်ခဲ့ရင်တော့ စိတ်မကွက်ပါနဲ့ နော်။ အလေးမထားလို့ မဟုတ်ပါဘူး။ အလုပ်လေးတွေ ဒီလပိုင်းတွေမှာ ရှိနေလို့ ပါနော်။

    ဗစ်..
    အလွန်သဘောကျ..အင့်..ထပ်ထဲ့။

    ကိုညီလင်းသစ်..
    ငါး နဲ့ အသီးတွေ မကြိုက်ဘူးလား။ ဒါဆို လက်ဖက်သုပ်ပေးရမလား၊

    ReplyDelete
  8. ငါးကငါးပတ်နဲ.တူတယ်နော်။ငါးတွေအများကြီးနဲ.ရှယ်ချက်ထားတာ
    စားလို.သိတ်ကောင်းမှာဘဲ။မျှစ်ကြော်နဲ.ဆားထောင်းလေးကလဲ
    ကောင်းမှကောင်း။လာတာတောင်နောက်ကျနေပြီ။

    ReplyDelete
  9. အန်တီဦး..
    ဒီမှာတော့ Cat fish လို့ ဘဲရေးထားပါတယ်။ အိုင်အိုရာ လည်းသူ့ ကို ငါးပတ် နဲ့ တူလို့ ဝယ်ဝယ်စားပါတယ်။ တချို့ ကတော့ ကက်ဖစ်ရှ် ဆိုတော့ ငါးခူ လို့ လည်း ထင်ကြပါတယ်။ ဒါပေမဲ့ ငါးခူတော့ မဟုတ်ပါဘူး။ အရေခွံ က ငါးပတ်နဲ့ ပိုတူပါတယ်။ တချို့ ကလည်း ငါးတန် လို့ ပြောပါတယ်။ ငါးတန် လောက်တော့ အရေခွံ မထူဘူး၊ မမဲဘူးလို့ ထင်ပါတယ်။ ပြောမယ်ဆိုရင်တော့ ငါးပတ်အမှတ် နဲ့ ဘဲ စားဖြစ်ပါတယ်။ လာတာနောက်ကျပေမဲ့ အိုးလိုက်ကြီးရှိပါသေးတယ်။း)

    ReplyDelete
  10. စာရေးပြီး ညနက်သန်းကောင်မှာ ဘလောဂ့်လိုက်ဖတ်တာ
    ဟင်းကောင်းနဲ့ တိုးတော့ ကိုယ့်ဗိုက်ဘယ်လောက်ဆာနေမှန်းသိတော့တယ်
    ကိုယ့်ဖာကိုယ်ချက်ရင် စားကောင်းတယ်လို့မထင်ဘဲ သူများဟင်းတွေကြည့်မိတိုင်း စားချင်စိတ်တဖွားဖွားဖြစ်ရတယ်

    ReplyDelete
  11. အတူတူဘဲချောရေ..သူများချက်ထားတာတွေ့ ရင် ကိုယ်လည်း ဗိုက်ဆာလာပြီး ဟိုဟာစားချင်သလို ဒီဟာစားချင်သလိုဖြစ်လာရောသိလား။ ဒါပေမဲ့ အပြင်မှာ သူများဟင်းတိုင်းတော့မစားတတ်ဘူး ဂျီးများတယ်။ ဘလော့ဂ်ကသူများတွေ တင်ထားတဲ့ ဟင်းတိုင်းကျတော့ စားချင်နေတယ်။ မဆန်းလား။ဘလော့ဂ်တွေမှာ သူများတွေတင်တဲ့ဟင်းတိုင်း စားချင်စရာ။ ကြည့်တာနဲ့ ဗိုက်ကဆာဆာလာရော။

    ReplyDelete
  12. ငါးမကြိုက်ပေမယ့် ငါးဟင်းအနှစ်တော့ကြိုက်တယ်..ထမင်းလေးနဲ့လူးစားရရင်ရှယ်ဘဲ..။ ခုဘဲထမင်းစားပြီးတာ ဗိုက်ဆာလာပြီ..။

    ReplyDelete
  13. ဟင်းပုံတွေ တင်ရင် ငါးတို့ ဝက်သားတို့ တင်ရင် အမြဲတွေးမိတယ် မကြိုက်တဲ့မစားတဲ့သူတွေတော့ စိတ်ပျက်မှာဘဲလို့ ။
    တော်သေးတာပေါ့ ဗိုက်ဆာသွားတယ်ဆိုတော့ စိတ်မပျက်သွားဘူးပေါ့။း)
    အိုင်အိုရာ

    ReplyDelete
  14. ငါးဟင်းကတော့ သွားရည်ကို ကျမတတ်ကို ခံစားလိုက်ရပါတယ်..
    ဟင်းချက်ကောင်းသူများကို အရမ်းလေးစား အားကျမိပါတယ်။ မလေးတော့ ဒီ စနေတနင်္ဂနွေ ချက်ကြည့်လိုက်ဦးမယ်။

    ReplyDelete
  15. ဒန့်ဒလွန်သီးငါးဟင်းက ဟင်းနယ်တဲ့ ပုံကနေစပြီး ထိတာ။
    မစားရတာကြာပြီ။
    ဒီတခါ မြန်မာဆိုင်တွေမှာ မေးမြန်းရှာဖွေရမယ်။
    ဓါတ်ပုံတွေကြည့်တိုင်း အိုင်အိုရာ့ လက်ရာ ပိုစားချင်လာတယ်။

    ReplyDelete
  16. လိုက်ဖက်လှတဲ့ဟင်းတွေပါပဲ။
    ကြိုက်တယ်။

    ReplyDelete
  17. မလေး..
    ဟင်းချက်ကောင်းလားမကောင်းလားတော့မသိပါဘူး။ စိတ်မပါတဲ့အခါတွေဆိုရင်တော့ ချဉ်ရင်ချဉ် ငံရင်ငံ မကြေစေချင်တာကြေ ကြေစေချင်တာမကြေ....နဲ့ ပါဘဲ။း)
    အမေနဲ့ အမတွေ အကိုတွေ ကအရမ်းဟင်းချက်ကောင်းကြတော့ အရသာတော့ ကောင်းကောင်းခံတတ်တယ်လေ။ အဲဒါကြောင့် ယောင်လို့ များတော့ အိုင်အိုရာ ကို အထင်မကြီးလိုက်ပါနဲ့ နော်။း)

    မကောင်းမွန်ဝင်း..
    ကိုယ်လည်း အဲဒါနဲ့ မှ ၂ခါဘဲစားဘူးတယ် ဒီမှာလေ။
    ဓါတ်ပုံ ရဲ့ လှဲ့ စားမှုကြောင့် ဖြစ်မှာပါ။ တကယ်စားရရင် တော်ပြီ နောက်မစားတော့ပါဘူးလို့ နေမှာ။ ကိုယ်ကအတင်းကျွေးမှာ။ ပြေးလို့ မရဘူး။း)

    အပြုံးပန်း..
    အကြိုက်ချင်းတူပြန်ပြီနော်။
    ဘူးနဲ့ လာတဲ့မျှစ်တော့ဒီမှာပေါပြီး ကောင်းကောင်းရတော့ အဆင်ပြေတယ်မျှစ်ကြိုက်သူတွေအတွက်။ ဒန့် သလွန်သီးကတော့ မမြင်ဘူးသလောက်ပါဘဲ။

    ReplyDelete
  18. စားချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတယ်...မစားရတာကြာပြီ..ဂလု..ဂလု...

    ReplyDelete
  19. ဟုတ်ပါ့ စန်းထွန်းရေ..ကိုယ်လည်း မစားရတာ ကြာလှပြီ။
    အရွက်တွေတော့ရောင်းပြီး အသီးမရောင်းကြဘူး ဘာလို့ လည်း မသိပါဘူး။
    အိုင်အိုရာ

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။