Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Sunday, July 17, 2011
အိမ်ချက်ဒန်ပေါက်၊ ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သခွားသီးအချဉ်သုပ်
 ဒန်ပေါက်ချက်နည်းတွေက တော့ လွယ်လွယ်တွေ့ နေရတာဆိုတော့ ရေးနေဘို့ မလိုတော့ဘူးထင်ပါတယ်။ ကြက်သားဘဲလွယ်လွယ်ကြော်စားလိုက်မယ်တွေးထားပြီး ရုတ်တရက်စိတ်ကူးပြောင်းပြီး ကမန်းကတန်းဘဲချက်ဖြစ်လိုက်ပါတယ်။ အဲဒီအရင်နေ့ က ကုလားဆိုင်က နေဈေးဝယ်ထားတော့ အာရုံက လွယ်လွယ်ရောက်သွားတာဖြစ်မယ်ထင်ပါတယ်။
 ကုလားဆိုင်က၀ယ်လာတဲ့ သရက်သီးသနပ်နဲ့ တွဲစားပါတယ်။
ကြက်သားကရင်ပုံတွေချည့်ဆိုတော့ သိပ်နှပ်ဘို့ မလိုဘူးလေ။ ခဏလေးနဲ့ နူးတယ်။ ဒိန်နဲ့ မဆလာနဲ့ တော့ ၁၅မိနစ်လောက်နှပ်လိုက်ပါတယ်။ ပြီးမှ ပြုတ်ကြော်ဆန်ဆန်လုပ်ပြီးမှ ထမင်းတလွှာကြက်သားတလွှာထဲ့ပြီးနှပ်တာပါ။ ပုံထဲကအတိုင်း စပျစ်ခြောက်၊ ကြက်သွန်နီကြော်မဆလာမွှေထားတာတွေ၊ ဆီတွေ၊ အရောင်ရည်တွေ ထဲ့ပြီး ထမင်းကိုနှပ်လိုက်တာပါ။
 ချဉ်ပေါင်ဟင်းချိုလေးနဲ့ ဆိုတော့ အအီပြေတာပေါ့။
 ငရုတ်သီးစိမ်းကိုလည်း ဆားနဲ့ တို့ ပြီးကိုက်စားရင် ဒန်ပေါက်နဲ့ လိုက်တယ်လေ။
 သခွားသီးသုပ်ကို ပူစီနံ ထဲ့ ငရုတ်သီးစိမ်းထဲ့ပြီး သံပုရာသီးနဲ့ ချို၊ချဉ်၊စပ်သုပ်ပါတယ်။
ဘာလချောင်ကြော်ကတော့ နောက်တခေါက်စားမှ ကြော်ဖြစ်တယ်။ ပထမတခါက အရမ်းဗိုက်ဆာနေလို့ မစောင့်နိုင်ကြတော့လို့ ဒီတိုင်းစားလိုက်ကြပါတယ်။ ဘာလချောင်ကြော်နဲ့ ဆိုတော့ပိုလိုက်တာပေါ့။
အချိုပွဲအဖြစ် အအီပြေ စတော်ဘယ်ရီ လေးနဲ့ ..
ခုတလော..စိတ်မကောင်းစရာတွေချည့်ကြားနေရလို့ ဘာမှမလုပ်ချင်လောက်အောင်စိတ်တွေ ညှိုးနွမ်းနေမိပါတယ်။ ဒါက ဟိုး ပြီးခဲ့တဲ့ အပါတ်ကလုပ်စားဖြစ်တာပါ။
ခံစားချက်တွေတောင်ရေးဖြစ်တော့မလို့ ၊သိပ်ကိုယ်ရေးကိုယ်တာဆန်ပြီး လာဖတ်သူတွေကို အားနာစရာဖြစ်ကုန်မှာစိုးတာနဲ့ ဘဲ။ ဘရိတ်အုပ်ထားရတယ်။
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေရှင်။
ခင်မင်လေးစားသော
အိုင်အိုရာ
ဂျေဂျေရေ..ငှက်အကြောင်း အချိန်နဲ့ လူအားရင် ရေးမယ်နော်။ ခုတော့ခွင့်လွှတ်။
28 comments:
  1. ဒန်ပေါက်ချက်နည်းလွယ်တယ် ဆိုပေမယ့် မချက်တက်တာနဲ့  သားရည်ပဲကျသွားတော့ဒယ်။ ဒန်ပေါက်နဲ့ ချဉ်ပေါင်ဟင်း အရမ်းလိုက်တယ်။ အရင်တုန်းက နီလာဆိုင်မှာ စားရင် ချဉ်ပေါင်ဟင်းကို နှစ်ခါလောက်တောင်းရတယ်။
    စတော်ဘယ်ရီသီးတွေ သကြားနဲ့ တို့ စားစရာ ကောင်းချက်တော့။
    ခံစားချက်တွေလည်း အချိန်ရရင်ရေးပါအုန်း လို့ တောင်းဆိုပါတယ်နော် ...
    ReplyDelete
  2. စိတ်ညစ်တာတွေ ကင်းဝေးပါစေ ဒါမှ ဟင်းတွေ ငမ်းရမှာ
    ReplyDelete
  3. ဒီတခေါက်သိပ်ကြိုက်တဲ့ဒန်ပေါက်နဲ့တိုးလို့တ၀စားသွားပါတယ်အမ။postတွေကိုအားမှတင်ပါ..မအိုင်အိုရာ..ကျေးဇူးတင်လျှက်..စူးစမ်း
    ReplyDelete
  4. ကိုယ်လည်း တူတူပဲ အိုင်အိုရာရေ
    စိတ်ကူးတူနေတယ်သိလား အိမ်မှာ ဒန်ပေါက်ဖောက်တယ်
    မနေ့ကမှပါ နောက်မှတင်မယ်။ ကမန်းကတန်းဒန်ပေါက်ကလည်း
    စားချင်စရာပါလားနော်း)
    ReplyDelete
  5. ဒန်ပေါက် စားချင်စရာ၊
    အိမ်ချက်ဒန်ပေါက်မှ ကိုယ်က စားချင်တာ၊
    ကြိုးစားကြည့်အုံးမယ်။
    ReplyDelete
  6. ဒန်ပေါက်ကိုတစ်ခါမှ ကိုယ်တိုင် လုပ်မစားဖူးဘူး။ ကြိုက်တော့ကြိုက်တယ် လုပ်တတ်ဘူးး) တစ်ခေါက်တော့ လုပ်စားကြည့်ပါဦးမယ်လေ ။ စတော်ဘယ်ရီတွေလှလိုက်တာနော် အရောင်ကို စိုရဲနေတာဘဲ စားချင်လိုက်တာ သခွားသုပ်လည်း သွားရေကျသွားတယ်
    ReplyDelete
  7. လိုက်ဖက်ပါ့၊ အစပ်နဲ့ အဟပ်က။
    အပြင်အဆင်ကလည်း ကောင်းတော့ စားချင်စဖွယ်ပဲ။
    စိတ်မကောင်းစရာတွေလည်း ရှိကြတာပေါ့ နော် တခါတလေ။
    ငှက်အကြောင်း ကတော့ အချိန်ရရင်ရေးပေါ့။
    အိုင်အိုရာ့ အကြောင်းက ရေးချင်တာကိုရေးပါ။
    ဒါပေမယ့် နှစ်ခုလုံးကိုတော့ အဆင်ပြေတဲ့ အချိန်မှာရေးပါ။ အားပေးလျှက်။
    ReplyDelete
  8. ညယံ..
    ချဉ်ပေါင်ဟင်းရည် ဒီမှာတော့အလိုက်တောင်းရင်ဆိုင်ကရိုက်လွှတ်လိမ့်မယ်။း)))
    နောက်တော့မှ ဘာတွေရေးနေပါလိမ့် လို့ နောင်တရမယ်နော်။
    ဗစ်စတာ..
    ဆုတောင်းလေးပြည့်ချင်ပါတယ်။
    ဟင်းကတော့ ချက်စားနေသရွေ့ တင်စရာရှိနေမှာမပူနဲ့ ။ ကိုယ်ကဘိုစာသိပ်မကြိုက်တော့ ကိုယ်တိုင်ချက်စားတာဘဲအဆင်ပြေတယ်လေ။ ဆိုင်ကလွယ်လွယ်ဝယ်ရတဲ့တရုပ်စာတွေကျတော့မကောင်းဘူး။ ကုန်အောင်မစားနိုင်ဘူး။
    ကိုစူးစမ်း..
    ဒန်ပေါက်ကြိုက်တယ်ဆိုလို့ ဝမ်းသာမိပါတယ်။ အားပေးနားလည်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။
    ဘေဘီ..
    ကိုယ်တို့ ဝမ်းသာစရာတွေကြားရရင်လည်း တူတူဆိုကောင်းမယ်နော်။
    အားလုံးအဆင်သင့်ရှိနေတော့ ကမန်းကတန်းပေမဲ့ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်ဘဲချက်ပြီးသွားပါတယ်။ ပစ္စည်းမစုံရင်တော့ တခါတခါချက်ရင်းစိတ်မပါတော့ဘူး။
    ကိုယ်ကထောပတ်တို့ ဂီးတို့ သီဟိုစေ့တို့ မထဲ့ချင်တော့ သိပ်လည်းစုံဘို့ မလိုဘူးလေ။
    အပြုံးပန်း..
    ဟုတ်တယ် အိမ်ချက်ဆိုတော့ ကိုယ်ကြိုက်သလို ထဲ့လို့ ရတယ်လေ။ လုပ်ကြည့်ပါ။ သိပ်မခက်ပါဘူး။
    ချော..
    လုပ်ကြည့်ပါ။ ချောက ဒီထက်ခက်တာတွေတောင်ချက်နေတာ။ အဆင်ပြေမှာပါ။ စတော်ဘယ်ရီတွေလည်းပေါနေပြီလေ။ လှလည်းလှ ကောင်းလည်းကောင်းတယ်။ ကဲ..အားလုံးသာ အားပေးသွားပေတော့ ချောရေ..
    ခင်မင်သော..
    အိုင်အိုရာ
    ReplyDelete
  9. မကောင်းမွန်ဝင်း..
    သိပ်ပြီးနားထောင်ကောင်းအောင်ပြောတတ်တယ်နော်။ ကျေးဇူးအရမ်းတင်ပါတယ်။ အားပေးနားလည်ခင်မင်မှုအတွက် တကယ်ဝမ်းသာရပါတယ်။
    စားချင်စဖွယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ တကယ်။
    ခင်မင်သော..
    အိုင်အိုရာ
    ReplyDelete
  10. ဒန်ပေါက်က အဆင်သင့်ချက်လို့ရတဲ့ အထုတ်တွေဘဲ ဖောက်ချက်ဘူးတယ်... ကိုယ့်ဟာကိုယ် စီစဉ်ပြီး မချက်ဖူးဘူး... ပုံလေးကြည့်ပြီး စားချင်လိုက်တာ... ရန်ကုန်ပြန်မှ တဝစားတော့မယ်
    ReplyDelete
  11. ရို့ စ် အော့ဖ် ရှယ်ရွန်း..
    ကိုယ့်ဘာသာကိုယ်ချက်စားတာ အများကြီးပိုကောင်းပါတယ်။ ပုံလေးဘဲစားခိုင်းရတာ အားနာပါတယ်ကွယ်။ ကိုယ်လည်း အရင်တုန်းကနယ်မှာ ပရောဂျက်သွားသွားလုပ်ပြီး ပြန်လာရင် ဒန်ပေါက်စားဘို့ က စာရင်းတခုလေ။း)
    ခင်မင်သော..
    အိုင်အိုရာ
    ReplyDelete
  12. Waa:waa: ဒံပေါက်စားချင်၍ ငိုနေခြင်းဖြစ်သည်။ အရမ်းကောင်းမယ့်ပုံပဲ အစ်မ။ :')
    ReplyDelete
  13. မြတ်ကြည်..
    တိတ်..တိတ်..အကုန်စားသွား..ဟုတ်လား။း)
    ကိုယ်လည်း အင်ဒီးယန်းဆိုင်တွေမှာ ခဏခဏစားဖြစ်တော့ ကိုယ်တိုင်မချက်ဖြစ်တာတောင် နဲနဲကြာသွားပြီ။ မြန်မာကြိုက်ကတော့ ကိုယ်တိုင်ချက်မှ မြန်မာပြည် ကဒန်ပေါက်နဲ့ ပိုတူတယ်။ စားလို့ လည်းပိုကောင်းတယ်လို့ ထင်တယ်။
    လာလည်လို့ ကျေးဇူးပါ။ မှတ်ချက်လေးပေးသွားတော့ ပိုပြီးကျေးဇူးတင်ဝမ်းသာမိပါတယ်။
    ခင်မင်သော..
    အိုင်အိုရာ
    ReplyDelete
  14. ထမင်းထစားရမှာ ပျင်းပြီး စာလိုက်ဖတ်နေတာ ဒန်ပေါက်ပွဲမြင်တော့ မနေနိင်တော့ဘူး ထစားရတော့မယ်။ အချဉ်လေးတွေ လုပ်ထားတာလည်း ဒန်ပေါက်နဲ့ တော်တော်လိုက်မယ့်ပုံပဲ။ နောက်နေ့တော့ ဝယ်စားရအုံးမယ်။
    ReplyDelete
  15. ကိုမြစ်ကျိုးအင်း..
    ဒန်ပေါက်ဝယ်စားပြီးသွားပြီလား..း)
    ထမင်းစားပြီးဖတ်ရင်အတော်ဘဲ။ ကျမလည်း သူများချက်ထားတာမှာကိုယ်ကြိုက်တာပါနေရင်..ဗိုက်ကဆာလာရော။
    အိုင်အိုရာ
    ReplyDelete
  16. Your Briyani seems delicious!!! Just ate them in Ygn and actually I was disappointed. Take care!
    Mon Petit Avatar
    ReplyDelete
  17. Mon,
    I just got back from your blog.
    Are you on the trip?
    Where did you eat Briyani in Ygn?
    Take care too.
    Iora
    ReplyDelete
  18. ဒန်ပေါက်ကတော့ရှယ်ပဲ။ စားချင်စဖွယ်ပဲနော်။
    တစ်ခါမှ ကိုယ့်ဟာကိုယ်မချက်ဖူးဘူး။ အထုတ်ဖောက်ပြီးပဲ ချက်စားဖူးတယ်။
    ReplyDelete
  19. I ate the biryani, which is bought from Kyat Shar Sun, at my hubby home. It was not delicious at all and yours and Baby's biryani seem really yummy!!!
    Mon Petit Avatar
    ReplyDelete
  20. ဒံပေါက်လာစားသွားပါတယ်။ ကောင်းလိုက်တာ။
    ReplyDelete
  21. တီတီဆွိ..
    ချက်ဘူးသွားရင်လည်း လွယ်သွားမှာပါ။ ကိုယ်ထဲ့မဲ့ ပစ္စည်းလေးတွေ လွယ်လွယ်ရှိပြီး စိတ်ပါဘို့ ဘဲလိုတာပါ။ တိုဖူးကျိုသလောက်တော့ မပင်ပန်းဘူးထင်တာဘဲ။ (အိုးသိပ်မကြီးရင်)
    အခုအလုပ်မလုပ်သေးရင်. စိတ်ပါတဲ့နေ့ လက်တဲ့စမ်းကြည့်ပါလား။ ပျက်ရင်တော့မကျိန်ဆဲနဲ့ နော်..း)
    မွန်..
    အရင်ကဆို ကြက်လျှာစွန်းကကောင်းတယ်နော်။ ခေတ်ကပျက်တော့ လက်ရာတွေလည်းပျက်ကုန်ပြီထင်ပါ့။း)))
    စန်းထွန်း..
    စား..စား..စာကျက်ဘို့ အားလိုတယ်မှုတ်လား။ စားနိုင်မှ ကျက်နိုင်မှား)
    ReplyDelete
  22. ခင်မင်သော..
    အိုင်အိုရာ (နံမည်ထဲ့ဘို့ မေ့သွားလို့ )
    ReplyDelete
  23. ဘလော့ဂ်အပြင်အဆင်နဲ့ ဓါတ်ပုံတွေက အရမ်းလှတာပဲ။ အရမ်းကို အားကျပြီး ချက်ထားတာတွေကို မျက်စိနဲ့ တစ်ဝ လေ့လာပြီး ပြန်သွားပါတယ်။ အိုင်အိုရာဘလော့ဂ်လေးက တော်တော်ကို မျက်စိပသာဒဖြစ်စေတာပဲ။ Love it!
    ReplyDelete
  24. စနိုး..
    အမွှန်းတင်စကားအတွက် ၀မ်းသာကျေးဇူးတင်ပါတယ်။
    ဒီလိုအားပေးတာတွေဖတ်ရလေ..ဘလော့ထဲမှာ ပိုအချိန်ပေးချင်လေဖြစ်နေရတာပေါ့။း)
    အားတဲ့အခါလာလည်ပါနော်။ အမြဲကြိုဆိုလျှက်ပါ။
    ခင်မင်လေးစားသော..
    အိုင်အိုရာ
    ReplyDelete
  25. စတော်ဘယ်ရီ စားချင်တယ်......................း)))
    ReplyDelete
  26. မသက်ဝေ..
    စားချင်ရင်စားပါရှင်။
    မသက်ဝေ ၀ိုင် လုပ်ချင်စိတ်မပေါ်ခင်မြန်မြန်လေးစားလိုက်နော်။း)
    ReplyDelete
  27. ဒန်ပေါက်ချက်နည်းလေး တင်ပေးပါလား။ အရောင်ကြည့်ပြီး သဘောကျ သွားလို့ 
    ReplyDelete
  28. အားမနာတမ်းသုံးဆောင်ခဲ့ပါတယ်ရှင်
    တောင်ကြီးသူဆိုတော့ စတော်ဘယ်ရီလဲကြိုက်ပါတယ်
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။