Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Friday, July 1, 2011
မြန်ကောင်းသက်သာ ငါးအိုးကင်းပူတို်က် နဲ့ ထမင်းနယ်
 ဟိုးပြီးခဲ့တဲ့ အပါတ်က အပူကန်သလို ဖြစ်ပြီးသွားဖုံးတွေ ကြွနေလို့ အစာစားရင် နာနာနေတာနဲ့ အမာတွေမစားချင်ပါဘူး။ ဆန်ပြုတ် တရက်သောက်ကြည့်ပါသေးတယ်။ ကိုယ်က ဆန်ပြုတ်တို့ ခေါက်ဆွဲပြုတ် တို့ သိပ်ကြိုက်လှတာ မဟုတ်တော့ ဟုတ်တိပတ်တိမစားပါဘူး။
 ပါးစပ်ကသာနာတာ လူကအကောင်းကြီးဆိုတော့ သိပ်ဗိုက်ဆာတာပေါ့။ ဒါနဲ့ ထုံးစံအတိုင်း မြန်ကောင်းသက်သာနည်းကို အမေပြောတဲ့ မဟော်သဓါ ဥာဏ်နဲ့ စဉ်းစားပြီး ကိုယ့်ကိုကိုယ် ပြုစုရင်း သူ့ အတွက် ပါလုပ်ကျွေးဖြစ်ပါတယ်။
 ထမင်းကို ရေလေးတောက်ပြီး မိုက်ခရိုဝေ့နဲ့ အရင်အပူပေးလိုက်ပါတယ်။ ပျော့သွားအောင်လို့ ။ ပြီးတော့ရှမ်းထမင်းချဉ်နယ်သလို ကြေအောင် နယ်ပါတယ်။ မနယ်ခင် ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်၊ ကြက်တံဆိပ်ငရုတ်ဆီ၊ ကြက်သားမှုန့် နဲနဲ ထဲ့။ သူငယ်ချင်းပေးထားတဲ့ ပဲပုတ်မှုန့် ကုန်နေပြီထင်တာ၊။ အမြဲအဆင်သင့်လုပ်ထားတတ်တဲ့ ဆီချက်ပုလင်းတွေ၊ ငရုတ်သီးဆီကြော်ပုလင်းတွေ ဆွဲထုတ်ရင်း နဲ့ ပဲပုတ်မှုန့် ဘူးလေးလည်း တွေ့ တာနဲ့ အဆင်ပြေသွားပြီး ထဲ့နယ်လိုက်ပါတယ်။  အားလုံးသမသွားအောင် ထမင်းကိုလည်း တော်တော်ကြေသွားအောင် နယ်လိုက်ပါတယ်။ အချဉ်ကြိုက်ရင်တော့ သံပုရာသီး တို့ မန်ကျည်းရည်တို့ ထဲ့နယ်နိုင်ပါတယ်။ သူ ကတော့ သံပုရာ သီးညှစ်စားပါတယ်။
ထမင်းအပူမပေးထားခင်မှာလည်း ရေဆေးထားတဲ့မက်ကရယ်ငါးကို ခပ်မြန်မြန်ဘဲ သံပုရာသီး၊ ဆားနဲနဲ၊ ကြက်သားမှုန့် နဲနဲ နဲ့ ဘဲနယ်ပြီးခဏထားလိုက်ပါတယ်။ ပြီးတော့ ထမင်းနယ်နေတုန်းမှာ မကပ်တဲ့ဒယ်အိုးမှာ ဆီပါးပါးလေး ဖြန်းလိုက်ပါတယ်။ ပြီးတော့ ငါးကို ကိုယ်ကြိုက်တဲ့အနေ ခဏဘဲထား ပြီး ပုံထဲက အရောင်မျိုးလေး ဖြစ်လာရင် တဖက်လှန်ပေးပါတယ်။ ငါးကကျက်လွယ်တော့ ခဏလေးနဲ့ ကျက်ပြီးမွှေး တက်လာပါတယ်။ ကြိုက်တတ်ရင် ဂျင်းရည်တို့ ကြက်သွန်ဖြူရည်တို့ ညှစ်ပြီးနှပ်နိုင်ပါတယ်။ ကျမကတော့ မက်ကရယ်ငါး က ငါးသလောက်နံ့ နဲ့ တူတာကြိုက်လို့ သူ့ အနံ့ လိုချင်လို့ မထဲ့ပါဘူး။
ထမင်းလည်းစိတ်တိုင်းကျ နယ်အပြီး ငါးလည်းကျက်။ ပန်းကန်ချ ဘာချ လုပ်တုန်း နဲနဲလေးပြန်အပူပေးလိုက်ပါသေးတယ်။ ပြီးတော့မှ ရှမ်းထမင်းချဉ်စားသလိုမျိုး အလုံးလေးလုပ်ပြီး ပန်းကန်ထဲကို ပြားပြားလေးပြင်ထဲ့ပါတယ်။ နံနံပင်လေး၊ ကြက်သွန်ဖြူဆီချက်ဖတ်လေး၊ ငရုတ် သီးဆီကြော်ဖတ်လေး  အပေါ်ကတင်၊ ပဲပုတ်မှုန့် လေး နဲ့ ငရုတ်သီးတောင့်ကြော်လေး ဘေးမှာ ကပ်ပေးလိုက်တော့ စားချင်စဖွယ်လေးဖြစ်သွားပါတယ်။ ကျမလည်း ထမင်း မစားဖြစ်တာ နှစ်ရက်လောက်ဆိုတော့ အရမ်းစားလို့ ကောင်းသွားပါတယ်။
 ဒါက ညဘက်မှာ အရင်လုပ်စားဖြစ်တာပါ။ နှစ်ယောက်သား လျှာတွေ့ နေကြတော့ (ကိုယ်ကတော့ သွားဖုံးကလည်းနာတုန်းဆိုတော့) ကြက်ဥ မပါတာက နောက်နေ့ လုပ်စားဖြစ်တာပါ။
ပုံတွေ အများကြီးထဲ့ထားပါတယ်။ ကြိုက်တဲ့ပန်းကန်သာ ဆွဲစားပါတော့။ စာတွေများရင် ပျင်းမှာစိုးလို့ လေ။ ဖွင့်မရရင်တော့ ပြန်ဖြုတ်လိုက်တာပေါ့။
အချိုပွဲကတော့ ကော်ဖီခါးခါးစိမ့်စိမ့်ကို ခရင်မ်ထဲ့ပြီး ခွက်ကြီးနဲ့ သောက်ပါတယ်။ ဟုတ်ပါတယ်။ တခါတခါ လူကလုပ်ချင်တာ လျှောက်လုပ်တာ။ ခွက်ကြီး ကိုဇိမ် နဲ့ သောက်တာ။
 ခရင်မ်မထဲ့ခင် အငွေ့ တထောင်းထောင်း နဲ့  ( ခရင်မ် မကြိုက်သူများအတွက် )
ခရင်မ်ထဲ့ပြီး..
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ
19 comments:
  1. ငါးတော့အရမ်းကြိုက်တယ်။ တို့လည်းလေ တခါတလေ ညဗိုက်ဆာရင်ငါးတတုံးကို အဲလိုလုပ်ပြီးထမင်းမပါပဲ စားတတ်တယ် :)
    ReplyDelete
  2. စူးနွယ်လေး..
    ဘာလို့ ဒီလောက် အကြိုက်တွေတူနေကြပါလိမ့်နော်။း)
    ReplyDelete
  3. ခုသူများတွေအလှည့်ပီးဘီ...တို့တွေအလှည့်ရောက်ပီ...ဒန် တန့် ဒန်... (ဒါမဲ့ ရှမ်းထမင်းချဉ်အရမ်းကြိုက်တော့ ထမင်းနယ်နဲ့ ငါးဟင်းကို သွားရည်ကျသွားတယ်)
    JJ
    ReplyDelete
  4. ခုေ၇ာ သက်သာပြီလား သဖုံးယောင်တာ
    မိုးလင်းလင်းခြင်းရောက်လာတာ ဟင့်
    ဗိုက်ဆာလိုက်တာနော် ဒါနဲ့ ကိုယ်လည်း
    ကော်ဖီ ခွက်ကြီးကြီးနဲ့ ကြိုက်တယ် သိလား
    ဒါပေမဲ့ အခါးသက်သက်ပဲ ခရင်မ်နဲ့ အချိုမထည့်ဘူး
    ReplyDelete
  5. ရွှေညာသားလေး...ပုံတွေကြည့်ပြီး သွားရည်ကျသွားတယ်။ ဗိုက်တွေဆာနေတုန်းရောက်လာလို့ စိတ်ကူးနဲ့ ကုန်အောင်စားလိုက်တယ်နော်။
    ReplyDelete
  6. တစ်ခါမှ ငါးကို အဲလိုလုပ်မစားဖူးဘူး .. ဆီလည်းနည်းတယ်ဆိုတော့ စိတ်ဝင်စားတယ် ပြီးတော့ကြည့်ရတာနဲ့တင် စားချင်စရာဖြစ်စေတယ် အရောင်လည်းလှတယ် ။ ကော်ဖီကြိုက်တာချင်းတော့ တူတယ် အဲလို ခရင်မ်များများနဲ့ သောက်ရတာ သဘောကျတယ်
    ReplyDelete
  7. I love fish too!!! Coffee with whipped cream? I could say I live for it.
    Mon Petit Avatar
    ReplyDelete
  8. ဂျေဂျေ..
    ဂျေဂျေ့ အလှည့် က သဘာဝ အကြောင်းလား။
    ငါးထမင်းချဉ်အစားထိုးပေါ့။ ငါးကို အဲလိုလုပ်လိုက်တော့ ပြုတ်တာ နွှင်တာ ပန်းကန်ဆေးရတာတွေလည်းသက်သာပြီး ငါးကိုလည်း ပီပီပြင်ပြင် စားရတော့ ခရမ်းချဉ်သီးမပါတာကလွဲ လို့ သဘောတရားတော့ခပ်ဆင်ဆင်ပါဘဲ။း)
    ဘေဘီရေ..
    ခုတော့သက်သာသွားပါပြီ။ သတိတရ မေးလို့ ကျေးဇူးနော်။
    ကော်ဖီကို သကြားမထဲ့ဘဲသောက်တာ ကောင်းတဲ့အကျင့်လေးပါ။
    ကိုယ်ကတော့ တခါတလေမှမထဲ့တာ။ ပြင်းပြင်းစိမ့်စိမ့်သောက်ချင်တဲ့အခါမျိုးပေါ့။ အဲဒီကော်ဖီတုန်းက ပြင်းပြင်းစိမ့်စိမ့် သောက်ချင်တော့ သကြားကို ပါလေကာဘဲထင်ပြီး နို့ မှုန့် နဲ့ ခရင်မ်ကို များများထဲ့ထားတာပါ။
    ကော်ဖီကိုတော့ကြိုက်တော့ အစုံလုပ်အာင်သောက်တာဘဲ။
    မိုးလင်းလင်းချင်းလာလည်လို့ ကျေးဇူးဘဲနော်။
    ရွှေညာသားလေး..
    စားပါ။ စားပါ။ ပုံနဲ့ ဘဲကြွေးနေရတာတောင် အားနာပါတယ်။
    ချော..
    လုပ်မစားဘူးသေးရင်တော့ ရက်ကောမန်းဒ် လုပ်ပါတယ်။ လုပ်စားနော်။ ကြိုက်မှာသေချာတယ်။ ရိုးရိုးငါးကြော်က ဆီပေါက်မှာကြောက်ရတယ်။ ကြွတ်အောင်ကြော်ရတော့ အချိန်ပိုကြာတယ်။ ဆီပိုသုံးရတယ်။ ငါးကြော်နံ့ ကမွှေးပေမဲ့ ဒီကအခန်းတွေမှာ fan ဖွင့်လည်း ညှော်နံ့ ကအကြာကြီးစွဲကျန်နေတယ်။ ငါးကြော်ပျော့သွားရင် စားလို့ သိပ်မကောင်းတော့ဘူး။ သူကအစကတည်း ကအပေါ်ယံလေးတင်းပြီး ခပ်အိအိလေးလုပ်ထားတာဆိုတော့ ပျော့မှာလည်းမပူရဘူး..(ညွှန်းနေတာ ညွှန်းနေတာ လုပ်စားဖြစ်အောင်လို့း) )
    ကော်ဖီလည်း အကြိုက်တူတယ်။ အင်း..အကြိုက်တူတွေစုနေတယ်နော်။
    မွန်..
    ငါးကြိုက်တယ်ဆိုတော့ တော်သေးတာပေါ့။ ၀က်သားတို့ ငါးတို့ တင်ရင် မစားတဲ့သူတို့ မကြိုက်တဲ့သူတို့ တော့ အားနာစရာလို့ အမြဲတွေးမိတယ်။
    ဟုတ်တယ်..ဟုတ်တယ်။ whipped cream ထဲ့ထားတာ။
    ကျေးဇူးဘဲ မွန်ရေ ကြိုက်တယ်ဆိုလို့ ။
    ခင်မင်လျှက်..
    အိုင်အိုရာ..
    ReplyDelete
  9. ဒီတခါတော့ ပန်းကန်မှာ ကပ်နေတဲ့ အကြွင်းအကျန်လေးပဲ ကြည့်ပြီး ပြန်သွား ပါတယ်ဗျာ..၊း) ပြန်ခါနီး ကော်ဖီခွက်နဲ့ ဘောပင်ရဲ့ ဆက်စပ်ပုံကို ခေါင်းကုတ် သွားသေးတယ်...။း)
    ReplyDelete
  10. ကိုညီလင်းသစ်..
    နောက်လည်းကျသေး တွေးစရာကလည်းပါသွားသေးဆိုတော့ သိပ်မနိတ်ဘူးပေါ့နော်။ field သမားဆိုတော့ အတိုင်းအတာမှန်းနိုင်အောင် ဘောပင်တို့ ပေတံတို့ ထဲ့ထဲ့ရိုက်ရတယ်လေ။
    ကော်ဖီခွက်ကြီးအားမနာတမ်းသောက်ရအောင် ဘေးမှာရှိနေတော့ထဲ့ရိုက်ထားတာပါ။ ဒီလိုတွေးလည်း ရသေးတယ်။ ကော်ဖီသောက်ရင်း အကြွေးစာရင်းမှတ် အဲလေ ဈေးစာရင်းမှတ်တယ်။ စာရေးတယ်ပေါ့။
    ReplyDelete
  11. မြစ်ကျိုးအင်းJuly 5, 2011 at 10:39 AM
    စားချင်စရာလေးပါဗျာ။ အစားအသောက်ကို အနုပညာဆန်ဆန် ဖန်တီးထားတာ တော်ရုံစိတ်ရှည်မှုမျိုးမဟုတ်ဘူး။ ကျနော်သာဆို တီးဖို့ပဲ အာရုံရမှာ။း)
    ReplyDelete
  12. ကိုမြစ်ကျိုးအင်း..
    ကျမကလေလူကရုပ်ဆိုးသလောက်အလှအပကိုကြိုက်ပြီး ခံစားတတ်တယ်။း) အနုပညာဆန်တာကိုလည်းသဘောကျပါတယ်။ လှတပတပြင်ထားတဲ့ အစားအသောက်ကိုလည်း မျက်စိနဲ့ ပါစားပါတယ်။ ဒါပေမဲ့သိပ်စိတ်ရှည်တဲ့ထဲမှာတော့မပါပါဘူ။ သူများအတွက်တော့စိတ်ရှည်တတ်ပါတယ်။ သူများအကြိုက်ကိုလည်းလုပ်ပေးချင်ပါတယ်။ သူကလည်းကိုမြစ်ကျိုးအင်းလိုဘဲ တီးဖို့ ဘဲ။ ပူတာကလည်းကြိုက်တော့ ပြင်နေလို့ အေးသွားရင် သိပ်မကြိုက်တော့ဘူး။:)
    ReplyDelete
  13. ငါးအိုးကင်းနဲ့ ထမင်းနယ်က အပြင်အဆင်က နိုင်ငံတကာစံချိန်ဝင်တယ်။ ငါးထမင်းနယ် ကော အာလူးထမင်းနယ်ကောကြိုက်တယ်။
    ကျွန်မလေ သိလား အခု သံပုရာသီးဝယ်ပြီး သံပုရာရည်ဖျော်သောက်နေတတ်ပြီ။
    ဘယ်သူ့ ဆီက ဓါတ်ကူးသွားပါလိမ့် နော်။
    ReplyDelete
  14. မကောင်းမွန်ဝင်း..
    ကိုယ်ကမြှောက်မှန်းသိလည်း ၀မ်းသာတယ်နော်။း)
    ဓါတ်ကူးတာဘယ်သူ့ စီကပါလိမ့်။
    ဒီကဖျော်ရတာပျင်းလို့ အမြဲမဖျော်ဖြစ်ဘူး။ အမြဲတော့ ၀ယ်သောက်တယ်။ တခါတခါကျရင်တော့ သေသေချာချာဖျော်သောက်တယ်။
    အိုင်အိုရာ
    ReplyDelete
  15. ရှမ်းထမင်းချဉ်ကြိုက်တယ်..
    ပဲပုတ်ခြောက်ကြွပ်ကြပ်ကြော်လေးနဲ့ဆိုကောင်းမှကောင်း..
    ဒါလေးကတော့ နည်းတစ်မျိုး..
    စမ်းကြည့်ရမှာပ.. အစားသောက်ဆိုလက်မနှေးဘူး.း)
    ReplyDelete
  16. ကူးကူးရေ..
    မအားတဲ့နေ့ တွေဆိုဒါလေးကမဆိုးဘူးပြောရမယ်။ ခရမ်းချဉ်သီးမပါတာတခုပါဘဲ။
    စမ်းကြည့်။ စမ်းကြည့် ကူးကူးကြိုက်မှာသေချာတယ်။
    ReplyDelete
  17. ကျမကလေ လူကရုပ်ဆိုးသလောက် အလှအပကိုကြိုက်ပြီး ခံစားတတ်တယ် တဲ့... (ယုံပါဘူး...)
    ကော်ဖီခွက်ကြီးတော့ သိပ်ကြိုက်သွားဘီ... Cream တော့ မထည့်ချင်ဘူး... ဝနေလို့... ဟီးဟီး
    ReplyDelete
  18. ရုပ်ဆိုးတယ်ဆိုတာ ယုံဘူးလို့ ပြောတာနော်....း))))))
    ReplyDelete
  19. မသက်ဝေ..
    ရော်...ဒါဆို မြန်မာပြည်က မိုးလေ၀သသတင်းလိုဖြစ်သွားမှာပေါ့။ မသက်ဝေခန့် မှန်းတာ လွဲသွားမှာပေါ့။း) ဒီကပြောတာ ယုံ။
    ကော်ဖီခွက်ကြီးကတော့ အိမ်မှာနေရတဲ့နေ့ ဆို အိပ်ယာထတာနဲ့ ဖျော်ပြီးသားဘဲ။ ခရင်မ် ကတကယ်တော့ မကြိုက်တတ်ဘူး။ ဒါပေမဲ့တခါတခါ မကြိုက်တာတွေကို သူများစားနေတာမြင်လာရင်တို့ ဈေးကြီးပေးစားလိုက်ရတာတို့ ဆိုအိမ်မှာပြန်
    ပြန်စမ်းသပ်တတ်တယ်။ ၀နေမှ သိပ်မကြိုက်တဲ့ဟာကို စမ်းသပ်ပြီးစားနေသေးတယ်။ ဂွစာ။ Idiot. (ကိုယ့်ကိုကိုယ်ပြောတာနော်။)
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။