Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Wednesday, June 29, 2011
ဝက်သားနဲ့ သရက်သီးသနပ်ချက်၊ ပဲသီးထောင်း၊ ကန်စွန်းရွက်ကြော်၊ ကြက်ခြေထောက်ဟင်းချို
တကယ်တော့ မအားပါဘူး။ ဒါပေမဲ့အိပ်မပျော်တာနဲ့ ပို့ စ်တင်လိုက်တာပါ။ စာသာနေ့ တိုင်းမဖတ်ဖြစ်တာ ထမင်းကတော့နေ့ တိုင်းစားဖြစ်တော့ ဟင်းပုံတွေ ကအမြဲ အသင့်ရှိနေတယ်လေ။ ဒီဟင်းတွေက ချက်စားဖြစ်တာ နဲနဲတောင်ကြာပါပြီ။ 
ဝက်သားသရက်သီးသနပ်ချက်
အင်ဒီးယန်းဆိုင်က၀ယ်ထားတဲ့ သရက်သီးသနပ် နဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးမှုန့် ၊ ဆနွင်း ၊ ငပိနဲနဲ နဲ့ ဝက်သားအားလုံး ဆားပြားထဲ့ပြီး သမအောင်နယ်နှပ်ထားပြီးမှ လုံးချက်ချက်ပါတယ်။  ရေမထဲ့ခင် သေသေချာချာ မွှေပြီးဆီပြန်အောင်အရင်လုံးလိုက်ပါတယ်။ ပြီးမှ ရေဆူ
မြုပ်အောင် ထဲ့ပြီး ပွက်ပွက်ဆူပြီးနောက်မှာ မီးအေးလေးနဲ့ ဝက်သားနူးတဲ့ထိတယ်ထားပါတယ်။ သိပ်မခြောက်စေချင်လို့ ရေနဲနဲချန်ပြီး မဆလာအုပ်ပြီးချပါတယ်။
ကန်စွန်းရိုးဖြူကြော်
ကန်စွန်းရွက်ကတော့ ပေါတဲ့ရာသီရောက်နေတော့ နေ့ တိုင်းလိုလို ကြော်စားဖြစ်နေတော့ မကြာခဏတင်ဖြစ်နေအုန်းမယ်ထင်ပါတယ်။ မြန်မာပြည်ကိုတော့ မမှီပါဘူး။ ဘာပေါ့မှန်းလည်းမသိပါဘူး။
ပဲသီးထောင်း
ဝက်ရိုးဆွပ်ပြုတ်ထဲကို ကြက်ခြေထောက်ပါထဲ့ပြီး ဟင်းချို လုပ်ထားတာပါ။ စားခါနီးကျ ကြက်သွန်မိတ် လေးငရုတ်ကောင်းလေးဖြူးပြီးစားပါတယ်။
အုန်းနို့ သာကူပြင်
အချိုပွဲတော့ အရင်တုန်းက လုပ်စားထားတဲ့  အုန်းနို့ သာကူပြင်လေးတင်ပေးလိုက်ပါတယ်။
အားလုံးပျော်ရွှင်ပါစေရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ
13 comments:
  1. ဆိတ်သားနဲ့ အမဲသားကိုတော့ အဲ့လို ခဏ ခဏချက်တယ်
    ကုလားပဲခြမ်းနဲ့ ချက်စားကြည့်ကောင်းတယ်သိလာ
    ပဲသီးထောင်း မစားဖူးဘူးသိလာ လုပ်စားရမယ်
    ကန်စွန်းရွက်နဲ့ ပဲသီးထောင်းစားသွားတယ်နော်
    ကိုညီလာရင် မကျန်မှာစိုးလို့လေ ;)
    ReplyDelete
  2. ဘေဘီ..
    ကိုယ့်လိုဘဲမအိပ်သေးတာလား။ အိပ်ယာကထလာတာလား။
    ဟုတ်သားဘဲ။ ပဲကို ကြက်သားနဲ့ ဘဲချက်ဖြစ်တယ်။ ချက်ကျွေးအုန်းမှ။ ကိုယ်ကပဲစားရင် ဗိုက်အောင့်တယ်။
    ReplyDelete
  3. I love all the dishes Iora. By the way, if you have time, can you post about အုန်းနို့ သာကူပြင် as I am dying to eat that, even on the screen.
    Mon Petit Avatar
    ReplyDelete
  4. ကန်းစွန်းရွက်ကြော်နဲ့ ပဲသီးထောင်းထဲက ငရုတ်သီးတွေက မျက်စပစ်နေလို့ သွားရည်ကျမယ် ကြံခါရှိသေး မဘေဘီက အရင်ဦးသွားပြန်ပြီ၊း) ဒါနဲ့ ဝက်သားကိုပဲ ဝမ်းနည်းစွာ စားသွားပါတယ်ဗျာ...။း(
    ReplyDelete
  5. မွန်..
    ထိုင်းမှာလွယ်လွယ်ရတဲ့သာကူရှိနေတာတောင် ဒီသာကူကိုသိပ်စားချင်တယ်ဆိုတော့ ဂုဏ်ယူရမလိုဖြစ်နေပြီ။ ပြန်စဉ်းစားပြီး တင်ပေးပါ့မယ်နော် အချိန်ရတာနဲ့ ။း)
    ကိုညီလင်းသစ်..
    နောက်ကျရင် သိတယ်မှုတ်လား။ ပဲသီးထောင်း ဆက်ထောင်းစားဖြစ်လို့ ထပ်တင်ပေးပါ ဦးမယ်။ ဦးအောင်လာပေတော့နော်။
    ReplyDelete
  6. အဲက ကန်စွန်းရွက်တွေက အသားဖြူတယ်နော် :D
    ReplyDelete
  7. အော် အရောက်နောက်ကျတော့ ဟင်းတွေလဲ ကိုညီလင်းသစ်နဲ့ မဘေဘီတို့စားလို့ ကုန်ပြီထင်ရဲ့ ...
    ကန်ဇွန်းဖြူက မုန်ညှင်းနဲ့ ဆင်တယ်နော် ရုတ်တရက်ဆို မုန်ညှုင်းထင်နေတာ
    ပဲသီးထောင်းလည်း စားချင်တယ် ကြက်ခြေထောက်တော့ ကြိုက်ပြီးသားမို့ ထူးထူးထွေထွေ မလိုတော့ဘူး
    ReplyDelete
  8. သဉ္ဖာ..
    ဖြူတာကဈေးပိုကြီးတယ်။ ဒါပေမဲ့ထူးပြီးတော့မကောင်းလှပါဘူး။ ဒါကြောင့်ဈေးသက်သာပြီး နဲနဲမဲတဲ့ကစွန်းကို ဘဲခုရက်ပိုင်းဈေးသက်သာနေတော့ ဆက်တိုက်အားပေးနေတယ်လေ။း)
    ချော..
    ဘယ်လျှောက်သွားနေလဲ။ နောက်ကျပြီပေါ့။ ချောကတော့လေ..ဘာချက်ချက်စားချင်တယ်ချည့်ပြောတာဘဲ။ သိပ်လိမ္မာတယ်။း)
    ReplyDelete
  9. အဲဒီပဲသီးမျိုးလည်း ရဘို့ခက်တယ်။ ရထားနဲ့ ၄၅မိနစ်လောက် သွားရတဲ့ နေရာမှာတော့ ရှိပါရဲ့၊
    အိုင်အိုရာပြောသလို ချက်ချင်းစားပါ့မယ်။ နွမ်းတဲ့ အနံ့တော့ မကြိုက်ဘူးလေ။
    ReplyDelete
  10. မကောင်းမွန်ဝင်း..
    ကိုယ်လည်း မြန်မာပြည်မှာ အဲဒီပဲတောင့်ရှည် ကိုသိပ်ကြိုက်လှတာမဟုတ်ဘူး။ သုတ်တာကလွဲရင်။ ဒီရောက်တော့ မြန်မာ့အသီးအနှံအကုန်မရှိတော့ ရှိတဲ့ဟာကို အလွမ်းပြေစားဖြစ်နေတာပေါ့။ အဲလိုပြတ်နေလို့ လားမသိဘူး။ ပဲသီးထောင်းကိုလည်း လျှာတွေ့ နေပြီးဆက်တိုက်ထောင်းစားဖြစ်နေတာ။
    ReplyDelete
  11. This comment has been removed by the author.
    ReplyDelete
  12. အဲဒါပဲတောင့်ရှည်ကိုအိမ်မှာလည်းထောင်းစားတယ်။ အရည်စပ်စပ်လေးလည်းချက်တယ်။ ငယ်ငယ်ကတော့သူ့ကိုဘယ်လိုချက်ချက်မကြိုက်ဘူး။ အခုတော့ဗမာဟင်းဆို ကြိုက်နေတာပဲ:) သရက်သီးသနပ်နဲ့ဝက်သားလည်းချက်စားဦးမယ်။ အမေလည်းချက်တယ်။ ဟင်းရည်ထဲကအရိုးကိုက်ချင်လိုက်တာနော်
    ReplyDelete
  13. စူးနွယ်လေး..
    ဟုတ်တယ်။ ဟုတ်တယ် စူးနွယ်လေးရေ။ ဗမာဟင်းဆိုကြိုက်နေတာလေ။
    ကိုက်ကိုက်..ကိုယ့်မှာကိုက်မဲ့အဖေါ်မရှိလို့ အဖေါ်မျှော်နေတာ။ ကိုယ့်ရဲ့ သူကဘာရိုးမှမကိုက်ဘူး။ ကိုယ်တော့ ဒီမှာတယောက်ထဲ အရိုးကိုက်ရတော့ မမနဲ့ တူမကို သိပ်လွမ်းမိတယ်။ သူတို့ ကချဉ်ဆီကြိုက်တော့ တခါတလေ ငရုတ်ကျည်ပွေ့ နဲ့ တောင်ထုစားတာ။ ကိုယ်တို့ တွေ အရိုးဟင်းချက်တဲ့နေ့ ဆို ထမင်းဝိုင်းကမပြီးတော့ဘူး။း)
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။