Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Sunday, June 26, 2011

ငါးအိုးကပ်၊ ပဲသီးကြော်၊ ပန်းခြောက်ကြော်

အစိုတွေမစားချင်တဲ့နေ့ ကဒီလို ခပ်ခြောက်ခြောက်တွေ ချက်စားဖြစ်ခဲ့ပါတယ်။ ဘာမှမထူးဆန်းလို့ ချက်နည်းတော့ မရေးတော့ပါဘူး။

ငါးအိုးကပ်
ပဲသီးကြော်

ပန်းခြောက်ကြော်


အီမှာစိုးလို့ သံပုရာသီး ညှစ်စားရအောင် အဆင်သင့် စားမဲ့ပန်းကန်ထဲထဲ့ပြီး ထမင်းလွတ်စားပါတယ်။

စပျစ်သီးရေစစ်ထားတာ ခြွေစားလိုက်တော့နော်။ ဘေးကငရုတ်သီး လည်းရေစစ်ထားတာ ယောင်ပြီး မစားလိုက်နဲ့ နော်။း)


ခင်မင်လေးစားသော..
အိုင်အိုရာ

(ဒီပို့ စ်ကတော့ မြန်လိုက်တာ။ လူလယ်ကျထားတာ)း)


22 comments:

  1. ငါးအိုးကပ် သိပ်ကြိုက်တာ။ အမေ့ကိုသတိရတယ် အမေလည်းသိပ်ကြိုက်တယ်။ ပန်းခြောက်ချည်းပဲကြော်မစားဖူးသေးဘူး။
    ငါးအိုးကပ်လေး စားချင်တာ :(

    ReplyDelete
  2. စူးနွယ်လေး..
    ပါဆယ်ပို့ လိုက်မယ်နော..
    ကိုယ့်အမေလည်း သိပ်ကြိုက်တာ။ ကိုယ်တို့ ကအမေ့သမီးတွေပေါ့နော်။
    ပန်းခြောက်ကို ရေစိမ်တာ၂ခါ၃ခါလဲပြီး ကြော်စားကြည့်ပါ။ ကြာဇံဟင်းထဲမှာကြိုက်ရင် ပိုကြိုက်ဘို့ ဘဲရှိတယ်။ တကယ်။း)

    ReplyDelete
  3. လပြည့်ရိပ်June 26, 2011 at 1:12 PM

    လိုက်ဖက်တဲ့ ဟင်းလျာတွေပါလား။ ငါးအိုးကပ်စားချင်တယ်။ ကပ်နေတဲ့ ဟင်းအနှစ်တွေက အရမ်းအရသာရှိတာ... ဟင်း ...သရေကျသွားတယ်..

    ReplyDelete
  4. လပြည့်ရိပ်..
    အကြိုက်တူသွားပြန်ပြီ။ ကပ်နေမှ ပိုလည်းမွှေးတယ်နော်။
    အိုင်အိုရာ

    ReplyDelete
  5. အို့ အို ငါးအိုကပ် စားချင်လိုက်တာ
    ပန်းခြောက် အရင်က သုပ်စားတယ်
    မကြော် စားဖူးဘူး။ အားပြီပေါ့လေ ဟုတ်လား
    ဒါနဲ့ ဟင်းကြီးပဲစားတော့ ၀ရဲ့လားဟင်
    လူကောင်ကလည်း သေးသေးကွေးကွေးလေးတွေနေမှာပေါ့လေ
    ကိုယ်နဲ့များကွာပါ့နော်း)

    ReplyDelete
  6. ဘေဘီရေ..
    ထမင်းမစားချင်မှ သူ့ ချ့ည့်စားတာပါ။ အ၀စားတာပေါ့။
    လွဲသွားပြီ ကိုစောခိုင်..လူကောင်ကငယ်တုန်းက ပိန်သလောက်ကြီးလာတော့ အညှိုးနဲ့ ဝနေတော့တာ။ မယ်ဒေါ် အဖွဲ့ ဝင်ပါမယ် ဆိုကွယ်။
    မအားဘဲ ဂလေရိုက်နေတာဘေဘီရေ..လှစ်ကနဲ.လှစ်ကနဲ
    အိုင်အိုရာ

    ReplyDelete
  7. အခုမှ စိုစိုပြည်ပြည်လေး ပြန်မြင်ရတော့တယ်။ ဒီကိုလာလည်လို့ ဟင်းခွက်တွေ မမြင်ရရင် စိတ်ထဲတစ်မျိုးကြီးပဲဗျာ။ အသစ်သစ်သော ဟင်းချက်နည်းလေးတွေ သိရလို့ ကျေးဇူးတင်ပါတယ်ဗျာ...။ ကျွန်တော်က ကိုယ်တိုင်စားရတာမစားရတာထက် တတ်ထားချင်တာဗျို့။ ဒါကြောင့် နည်းလေးတွေကို မှတ်ထားတယ်။ ကိုယ်တိုင်တတ်ထားတော့ ဘယ်သူ့မှ အားကိုးရတော့ဘူးလေနော့။ ကြိုက်တာချက်စားလို့ရတယ်။

    ReplyDelete
  8. ရွှေညာသားလေး..
    တကယ်တော့ ဟင်းပုံတွေက အများကြီးရှိပါတယ်။ ဟူတ်တယ် ကိုယ်ချက်တတ်တော့ သူများအားမကိုးရတာတော့မှန်တယ်။ စိတ်ထဲပေါ်တာချက်စားရုံဘဲ။ ကျမလည်း စာသာဖတ်တာ အစားအသောက်ပုံဆို ချက်ချင်းကြည့်ဖြစ်တယ်။ စာကတော့ဖြေးဖြေးချင်းဘဲဖတ်တယ်။း)
    အိုင်အိုရာ

    ReplyDelete
  9. You made my stomach as orchestra at late night:( I like "nga lay oh kut"very much.All of your dishes are yummy.
    Gyidaw

    ReplyDelete
  10. Gyidaw,
    You always leave the beautiful words that drive me to think putting more food images. But may be the look is better than the taste. No one knows whether they are tasty or not. So I offer here very bravely :)))

    ReplyDelete
  11. I love ငါးအိုးကပ် and definitely can eat that only without rice, hehe, but I will have to eat the whole portion. By the way, Iora, those seedless grapes are very expensive here.:))
    Mon Petit Avatar

    ReplyDelete
  12. ငါးအိုးကပ် ရှလွတ် ..

    ReplyDelete
  13. ပန်းခြောက်က ကြော်စားလို့လည်း ရတာလား.. ကြက်သွန်နီနဲ့ ကြော်တာလား အစ်မ?

    ReplyDelete
  14. သဉ္ဇာနဲ့ မေးခွန်းချင်း တူတယ်။ ဘယ်လိုကြော်ရတာလဲ အစ်မ။ ကြမ်းပြင်ပေါ်ချထား ပြီး လွှားခနဲ ကျော်လိုက်ရတာလား :P (နောက်တာနော်)။ ကြာဆံ ချက် ချက်တုန်းက ပိုနေတဲ့ ပန်းခြောက်တွေ ဘာလုပ်ရင် ကောင်း မလဲ စဉ်းစား မိလို့ ပါ။ :)

    ReplyDelete
  15. Mon Petit Avatar..
    စားစား မကျန်လေကြိုက်လေဘဲ။ မသိမ်းချင်လို့ ..ဟုတ်ပါဘူး စားစေချင်လို့ ပါ။ အဲဒီစပျစ်သီး က ၅ဒေါ်လာကျော်ကျော်ကျပါတယ်။ တပေါင်ကို ၂ ဒေါ်လာအောက်လို့ ထင်ပါတယ်။

    ဗစ်စတာ..
    တွတ်သာတွတ်..

    သဉ္ဖာ..
    သူများတွေတော့ကြော်စားတာမတွေ့ ဘူးဘူး။ ဒို့ ကြော်စားတာတော့ ကောင်းလို့ စားဖြစ်ပါတယ်။ အရင်ပို့ စ်မှာ ကြော်နည်း ရေးဘူး ပါတယ်။ http://mamaiora.blogspot.com/2011/04/blog-post_08.html

    ReplyDelete
  16. အေအေတီအို..
    ဟုတ်ဘူး။ တန်းမှာတင်ပြီးမှကြော်ရမှာ။း)
    http://mamaiora.blogspot.com/2011/04/blog-post_08.html မှာ ရေးဘူးပါတယ်။ ကြည့်လိုက်ပါနော်။

    ReplyDelete
  17. ဟုတ်တယ်ဗျ၊ ကျနော်လည်း ပန်းခြောက်ကြော်ကို စိတ်ဝင်စားသွားတယ်၊ မစားဖူးသေးဘူးလို့ မှတ်တာပဲ၊ တွေးနေတာက ထည့်စရာနေရာ ၃ ခုပါတဲ့ ပန်းကန်နဲ့စားမှာမို့ ဟင်း ၃ ပွဲ ချက်တာလား၊ ဒါမှမဟုတ် ဟင်း ၃ ပွဲချက်မိလို့ ထည့်စရာ နေရာ ၃ ခုပါတဲ့ ပန်းကန်နဲ့ စားတာလား..ဆိုတာ..။းD

    ReplyDelete
  18. ကိုညီလင်းသစ်..
    စိတ်ဝင်စားရင် လုပ်စားကြည့်ပါလား။ ကျမတော့ကြိုက်လို့ ဒီတိုင်းတောင် နှိုက်နှိုက်စားတယ်။
    ဟင်း၃ပွဲလုံးထဲ့လို့ ရလို့ အဲဒီပန်းကန်လေးသုံးတာပါ။ အထင်မကြီးနဲ့ ဆရာ။ အဲဒါ ပေါချောင်ကောင်း။ မယ်လမင်းကောင်းကောင်းလေး တစ်ဒေါ်လာ ဆိုင်ကတွေ့ လို့ ဝယ်ထားတာ။ စုံနဖာစီ ဗြုတ်စဗျင်းတောင်း ထဲ့ ဘို့ အဆင်ပြေတယ်။

    ReplyDelete
  19. အားလုံးကြိုက်ပါတယ်။

    ဒါ့ထက် ကျွန်မနှိုက်စားတတ်တာသိလို့ “ဘေးကငရုတ်သီး လည်းရေစစ်ထားတာ ယောင်ပြီး မစားလိုက်နဲ့ နော်” လို့ရေးထားတာလို့ ၊ လန့်သွားတာပဲ။း)

    မဟော်သဓါ ဥာဏ် ၊ ပန်းပွင့်ခြောက်ကြော် ကိုလည်းသွားဖတ်ပါတယ်။

    သိတယ်မို့လား အကုန်လိုက်လုပ်တော့မယ်။

    ReplyDelete
  20. မကောင်းမွန်ဝင်း..
    ဟင်း..ဟင်း..မန့် ထားတာလေးဖတ်ပြီး ပြုံးမိတယ်။ ပြီးတော့ပျော်ကျန်နေခဲ့တယ်။ တော်တော်တော်တယ် လူကိုမနက်စောစောပျော်အောင်လုပ်သွားပေးတယ်။
    အကုန်လိုက်လုပ်ပြီး မကျိန်ဆဲပါဘူးလို့ ကတိပေး။း)

    ReplyDelete
  21. ငါးအိုးကပ်လေး မြင်တာနဲ့ ကို စားချင်ရော။ ပန်းခြောက်ကြော် ကို ပုဇွန်ခြောက်လေးထောင်းပြီး ကြော်ထားတာ တစ်ခါလားပဲ စားဖူးတယ်။ တော်တော် အရသာ ကောင်းတယ်။
    ဒါ့ပုံတွေက အနီးကပ်ဆိုတော့ သားရေကျပြီး မျက်နှာက စကရင် နား ကပ်သွားတယ် :)

    ReplyDelete
  22. ညယံ..
    ငါးအိုးကပ်ကြိုက်တယ်လား။ အားပေးသွားပါနော်။
    ပန်းခြောက်ကြော်ကို ကျလည်းသိပ်ကြိုက်ပါတယ်။

ိအိုင်အိုရာ

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။