ကျမချစ်သူ။
သူကအရပ်ရှည်ရှည်၊ မျက်နှာချိုချို၊ နှုတ်ချိုချို၊ ရုပ်ရည်ကတော့သာမာန်ဘဲ။ မိန်းခလေးတွေနှစ်သက်တတ်တဲ့ ထူးခြားချောမောတဲ့ရုပ်မရှိဘူး။ ပြောရမယ်ဆိုရင် ကျမစိတ်ကူးထဲကချစ်သူရဲ့ ပုံရိပ်ထဲမှာပါတာဆိုလို့ အရပ်ရှည်တာ၊ဖေါ်ရွေတာ နဲ့ ဦးဆောင်တတ်တာပဲရှိတယ်။ သြော်..ကျန်သေးတယ်။ ခြေသည်းလက်သည်းသပ်သပ်ယပ်ယပ်ညှပ်လေ့ရှိတာ
လေးလည်းပါတယ်။
သူ့ ကိုကျမစသိတုန်းက သူကမိန်းခလေးတွေနဲ့ ဆိုစကားအရမ်းနည်းတယ်။
ကျမတို့ ကအုပ်စုတောင့်တော့သူ့ ကိုခဏခဏမထိခလုတ်ထိခလုတ်စကြတယ်။ သူကအရမ်းအေးပြီးဘယ်သူနဲ့ မှစကားမပြောတဲ့ တတန်းထဲသားချင်းကိုး။ စ ချင်စရာပေါ့။
အဲတုန်းက ကျမတို့ ကျောင်းတက်နေတော့ဒုတိယနှစ်မှာကွင်းဆင်းရတယ်။ ကျမတို့ အဖွဲ့ ခွဲတော့သူကကျမတို့ အုပ်စုထဲပါလာတော့အလုပ်အတူလုပ်ရတယ်လေ။ နည်းနည်းတော့ပြောဖြစ်ကြတာပေါ့။ ကျမသူငယ်ချင်းက အရမ်းလောင်တော့ သူ့ ကိုတစ်ချိန်လုံးတွေ့ တာနဲ့ စကားရောဖောရောနဲ့ စ တာဘဲ။ ကွင်းမဆင်းခင်တုန်းကသူငယ်ချင်းက သူ့ ကိုလှမ်းတွေ့ လိုက်တာနဲ့ .. "ကို..... ......ကြီး" လို့ လှမ်းခေါ်...ဒီနေ့ အတန်းတက်မှာလား...လက်တွေ့ ရှိတယ်နော..ဘာညာလှမ်းပြောတာနဲ့ ..ဟုတ်ကဲ့..ဟုတ်ကဲ့..
ဆိုပြီးတန်းကနဲလစ်တော့တာဘဲ။
သူကကျောင်းလာရင်လည်း အဲတုန်းကလွယ်အိတ်မလွယ်ဘူး။ ကျမတို့ အစ်ကိုတွေကိုင်တဲ့သားရည်ဖုံးလေးတွေထဲမှာစာအုပ်လေးငါးအုပ်တွဲထဲ့ထားတာမျိုးတစ်ခုပဲကိုင်တယ်။
ပြီးတော့နေ့ တိုင်းလည်းကျောင်းမတက်ဘူး။ ပေါ်လာလိုက်ပျောက်သွားလိုက်ဘဲ။
တစ်အုပ်စုတည်းကျတော့မှ ဘယ်ကိုပျောက်ပျောက်နေတာလည်းဆိုတာသိရတယ်။
သူပျောက်ပျောက်နေတာအကြောင်းနှစ်ကြောင်းရှိတယ်။ တစ်ကြောင်းက သူ့ အစ်ကိုနဲ့ အလုပ်လိုက်လိုက်လုပ်တာ။
သူ့ အစ်ကိုက ကုန်သည်။ ငွေရှာနိုင်တော့သူကအဲဒါကိုသဘောကျပြီး အစ်ကိုနဲ့ လိုက်လိုက်အလုပ်သင်ပေါ့။ အစ်ကိုကကျောင်းကိုအေးဆေးတက်စေချင်တာကိုသူကလိုက်လိုက်သွားတာလေ။
ဒါကြောင့်ပျောက်ပျောက်နေတာ။
နောက်တစ်ကြောင်းကတော့ သူကကျောင်းလက်ရွေးစင် စစ်တုရင်ထိုးတာမှာ။ အဲဒါသွားသွားထိုးနေတော့ကျောင်းလာပြန်တော့လည်းအတန်းထဲမှာမရှိဘူးပေါ့။
ကျမတို့ တွေကွင်းဆင်းတော့မှအရမ်းခင်ပြီးရင်းနှီးသွားကြတာလေ။
မနက်ကိုကွင်းဆင်း။ ပြန်လာရင် နေ့ လည်စာစား။ စားပြီးအတန်းတက်ရတော့အရမ်းအိပ်ငိုက်ကြတာပေါ့။
အဲဒီအချိန်ဆို ကျမသူငယ်ချင်း လောင်စိန်က ဘယ်သူ့ ကိုဘယ်လို စ ရမလည်းပဲကြံနေတာ။ ဘာမှအခွင့်မသာရင် ဘေးကရှေ့ ကလူတွေကို ပုံဆွဲ။ ကျမလည်း မြင်တာတွေဆွဲ။ သီချင်းတွေရေး။ ကဗျာတွေချရေး။ ဘယ်လိုဗရုတ်ကျရမလည်းတွေးနေကြတာ။
ကျမကအစ်ကိုတွေအများကြီးကြားမှာကြီးလာတာဆိုတော့ အစ်ကိုတွေအစ်မတွေသူငယ်ချင်းတွေနဲ့ အိမ်မှာကခင်ခင်မင်မင်ရင်းရင်းနှီးနှီးငယ်ငယ်လေးကတည်းကနေလာခဲ့ရတာဆိုတော့
လူမစိမ်းဘူး။ သူငယ်ချင်းဖြစ်လွယ်တယ်။ ဒါကကျမရဲ့ သဘာဝပေါ့။
အမေကအိမ်မှာ သူ့ သားတွေကိုခေါ်ရင် ရှေ့ က ကိုကိုထဲ့ပြီး မှ နောက်ကနံမည်တွေတွဲခေါ်တတ်တယ်။ အမြဲတော့မဟုတ်ဘူး။ တစ်ခုခုပြောချင်ရင်တို့ သတိပေးချင်ရင်တို့ ခိုင်းချင်ရင်တို့ ပေါ့။ အစ်ကို အကြီးကိုမောင်မောင်တစ်လို့ ထားပါတော့။ နှစ်ကို မောင်မောင်နှစ်....သုံးကို မောင်မောင်သုံး..ထားပါတော့။ အဲဒါဆိုအမေက ဒီလိုခေါ်တယ်။ ကဲ...ကိုကိုမောင်မောင်တစ်ရေ..အမေ့ကိုဒါလေးတော့ လုပ်ပေးဦး။ ကဲ...ကိုကိုမောင်မောင်နှစ်ရေ..ဘာညာပေါ့။ အဲဒီတော့ကျမတို့ ညီအစ်မတွေကလည်းအစ်ကိုတွေမောင်တွေကို ခေါ်နေကျ ကနေသွေဖယ်ပြီး တစ်ခုခုပြောတော့မယ်ဆိုရင်...ကိုကိုတစ်ရေ...ဘာညာ။ အငယ်ကိုလည်း ကိုကိုထွေးရေ..ဘာညာပေါ့။ ခေါ်လေ့ရှိကြတယ်။
အဲဒါတစ်ရက်ကျတော့အတန်းထဲမှာ သူငယ်ချင်းကဘာလည်းမသိပါဘူး အဲဒီငိုက်ကောင်းတဲ့အချိန်မှာသူ့ ကို စလိုက်တယ်။ သူကငိုက်နေတာလေ။ စာအုပ်လေးငုံ့ ကြည့်ပြီး စာကူးနေသလိုလိုဘာလိုလိုနဲ့ ။ သူလည်းငိုက်တာလူမိသွားလို့ ဓါတ်ကျသွားပုံဘဲ။ မကြာပါဘူး။ ဆရာကလည်းထွက်ရော။ သူတို့ (ကျမသူငယ်ချင်းနဲ့ သူနဲ့ ) စကားပြောနေတုန်း
ကျမက လက်တွေ့ ဆင်းရတဲ့ အကြောင်းတစ်ခုကိုပြောမလို့ သူတို့ နားသွားပြီး ကဲ...ကိုကို ".... ....." ရေ လို့ ခပ်သောသောလေးအစ်ကိုတွေကိုပြောသလိုအကျင့်ပါပြီးစကားစမိတော့...
အဲဒီကျမချစ်သူဖြစ်လာမဲ့လူကြီးကဘယ်လိုပြန်ပြောတယ်မှတ်လဲ။
သူတစ်ခုခုပြန်ပြောလိုက်တယ်ထားပါတော့။
ကျမသူအဲလိုပြန်ပြောခဲ့တာကိုသတိမရတော့ဘူး။
ကျောင်းတွေပြီးလို့ သူငယ်ချင်းတွေလည်းလုပ်ငန်းခွင်ဝင် နှစ်ပေါင်းများစွာကြာသွားတယ်။
ကျမသူငယ်ချင်းလောင်စိန်လည်း ဂျပန်ရောက်ပြီးအိမ်ထောင်ကျ ခလေးလေးတစ်ယောက်ရ။
ကျမတို့ တွေလည်းမဆုံကြတော့ဘူး။
ကျမလည်းလုပ်ငန်းခွင်ဝင်။ နယ်သွားလိုက်။ တစ်ခါတစ်လေ နိုင်ငံခြားသွားလိုက်။ ရန်ကုန်မှာနေလိုက်နဲ့ ။ သူငယ်ချင်းသစ်တွေမိတ်ဆွေသစ်တွေတောင်သူငယ်ချင်းအရင်းတွေဖြစ်နေပြီ။
တစ်ရက်မှတ်မှတ်ရရ အမေရိကန်နိုင်ငံကပြန်လာခါစလေးမှာ
သူငယ်ချင်းလောင်စိန် ဘယ်ကနေဘယ်လိုစုံစမ်းပြီးရလာတယ်မသိဘူး။ ကျမစီကို ဖုန်းဆက်လာတယ်။ ကြားထဲမှာသူနဲ့ နှစ်ခါသုံးခါလာက်တော့ဆုံလိုက်ပါသေးတယ်။ ခဏဘဲ။ သူ့ အမေဆုံးတုန်းကရယ် လမ်းမှာတွေ့ လို့ ရယ် ကျမအမေဆုံးတုန်းကရယ်။ အဲဒီနေ့ ကရှေးဟောင်းနှောင်းဖြစ်တွေပြောကြတာမနက် သုံးနာရီလောက်တောင်ထိုးရော ညကိုးနာရီဆယ်နာရီလောက်ကစပြောတာ။ ဖုန်းနဲ့ ထိထားရလို့ နားတွေတောင်မှကျိန်းပြီးနာတယ်။ ဘယ်လောက်များပြောသလဲဆိုတော့။ သူနဲ့ အစပြုပြီးငယ်သူငယ်ချင်းတွေအကုန် ပြန်ဆက်မိသွားကြတယ်။ ငယ်သူငယ်ချင်းဆိုတာသူငယ်တန်းကနေ ဆယ်တန်းထိလုံးထွေးနေလာခဲ့တဲ့သူငယ်ချင်းတွေနော်။ နောက်တော့မှ ငယ်သူငယ်ချင်းတွေအကြောင်းရေးပါဦးမယ်။
ဟိုပြောသည်ပြောတွေပြောပြီး သူ့ အကြောင်းရောက်သွားတော့..
သူငယ်ချင်းကမှတ်မှတ်ရရဘာပြောတယ်မှတ်ပါသလဲရှင်။
သူ ကျမကိုပြန်ပြောခဲ့တဲ့စကားလေ။
ကျမလုံးဝသတိမရ။ မမှတ်မိတော့တာကို လောင်စိန်သူငယ်ချင်းကမှတ်မိနေတာ။
"ဟဲ့...နင့်ကို အဲတုန်းက " ကို ..... ..... ကြီး" ပြန်ပြောတာမှတ်မိသေးလား" တဲ့။
"ဟင့်အင်း..ဘာပြောတာလဲ..ငါမမှတ်မိဘူး"ဆိုတော့...
"အဲလိုပြန်ပြောလို့ ငါတို့ မှာရယ်လိုက်ရတာလေ" တဲ့။ "နင်မမှတ်မိဘူးလား"တဲ့။ "ဟင့်အင်း...ဘာလဲ...ငါတော့လုံးဝမမှတ်ဘူး"
နင်ကလည်း "ကို..တစ်လုံးဆိုတော်ပါပြီဗျာ"......ဆိုတာလေဟာ...တဲ့။
ဟား..ဟား..ဟား
ကျမချစ်သူဟာအဲလိုလူ။
ပျော်ရွှင်ကြပါစေ။
ခင်မင်လေးစားသော...
အိုင်အိုရာ
(စကားချပ်...ကျမတို့ ညီအစ်မတွေခုထိ သူငယ်ချင်းတွေမောင်တွေတူတွေကို ရှေ့ က ကိုကိုထဲ့ခေါ်ပြီးပြောတုန်းဘဲ။ အမြဲခေါ်တာမဟုတ်ဘူး။ တခုခု ပြောချင်ရင်တို့ အကူအညီလိုရင်တို့ ။း))
Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Thursday, March 6, 2014
Saturday, March 1, 2014
နင်ဘာသီးလဲ
အိုင်အိုရာအမှတ်မှားတာဖြစ်နိုင်တယ်။ စု က ကဆစ်သီးထောင်းပို့ စ် မှာ ကဆစ်သီးကဖရဲသီးသေးသေးလေးနဲ့ တူပြီးကင်းပုံသီးလိုအရသာမျိုးလို့ ဆိုထားတာမှတ်မိနေတယ်။
အင်ဒီးယန်းဆိုင်မသွားခင် အင်တာနက်ကနေရှာတော့အဲဒီကဆစ်သီးလို့ ထင်ခဲ့တဲ့အသီးကိုကဆစ်သီးလို့ အမှတ်မှားခဲ့တာဖြစ်ရမယ်။
အဲဒီမတိုင်ခင်မှာလည်းစု တင်ထားတဲ့ပုံကိုသွားကြည့်ထားပါသေးတယ်။ စုတင်ထားတဲ့ပုံကလည်း ဖရဲသီးသေးသေးလေးတွေလိုမျိုးဘဲ။
ဒီအောက်ကပုံက အိုင်အိုရာ ၀ယ်လာတဲ့အသီး။
ထားပါတော့ အဆုံးသတ်တော့ မနေ့ တနေ့ ကစု ဘလော့ကိုသွားပြန်ဖတ်ရင်းကဆစ်သီးငပိချက်ချက်တာသွားကြည့်တော့မှအို်င်အိုရာတင်ထားတဲ့ကဆစ်သီးဆိုတာ
နဲ့ စု ရဲ ကဆစ်သီးပုံကမတူတာပြန်သတိထားမိတော့တယ်။
အိုင်အိုရာကအရင်က ကဆစ်သီးကိုလုံးဝမမြင်ဖူးဘူး။ ကြားဖူးသလိုလိုတော့ရှိပါရဲ့ ။ ဒီတော့ အိုင်အိုရာအမှတ်မှားတာဘဲဖြစ်ရမယ်။
နောက်အိုင်အိုရာ အင်ဒီးယန်းဆိုင်မှာတွေ့ တွေ့ နေတဲ့အသီးတစ်မျိုးရှိသေးတယ်။ သူကကြည့်ရတာတော့ squash မျိုးနွယ်လိုဘဲ။ အဲဒါက ပိုပြီးစုတင်ထားတဲ့ပုံနဲ့ တူသလိုဘဲ။ ဒီတခေါက်သွားရင် ၀ယ်လာပြီးထပ်စမ်းသပ်ကြည့်အုန်းမယ်။ (မှတ်သေးဘူး။း) )
တော်တော်တော့တူတယ်။ အောက်ကပုံကိုကြည့်ပါဦး။ အလယ်ကအသီးလေးက အိုင်အိုရာ ၀ယ်လာတာနဲ့ တော်တော်တူသလိုဘဲ။ စိတ်ထဲမှာ အိုင်အိုရာဝယ်ခဲ့တာ ကဆစ်သီး နုနုလေးလို့ ထင်ခဲ့တာ။ အဲဒီအပြောက်ကလေးတွေနဲ့ အသီးကျတော့စုတင်ထားတဲ့ပုံနဲ့ ပိုနီးစပ်သလိုဘဲ။
အဲဒီဆိုဒ်မှာတင်ထားတာပြန်ကူးပြီးတင်ထားပေးပါတယ်။ ဖတ်ချင်လည်းဖတ်ရအောင်လို့ ပါ။
Dosakai - [Lemon Cucumber, Cucumis. sativus]

These cucumbers are sweeter than other varieties and do not need to be peeled. They go well in salads but in India they are most often cooked as an ingredient in recipes or made into pickles and chutneys.(Source: http://www.clovegarden.com/ingred/cucumb.html)
ဒီအောက်ကပုံက စု တင်ထားတဲ့ပုံပါ။ အိုင်အိုရာ ကဆစ်သီးလို့ ထင်ထားခဲ့တဲ့အသီးလေးတွေကလည်း ဖရဲသီး လိုလို ကင်းပုံသီးလိုလိုဆိုတော့ စုအသီးလောက်မရင့် သေးပဲ နုသေးတာလို့ ထင်ခဲ့တာလည်းပါတယ်။ ကိုယ် ခု စုတင်ထားတဲ့ပုံကိုသေသေချာချာပြန်ကြည့်တော့ သိပ်မတူဘူးဆိုတာသိလာတယ်။
ကိုယ့်စီလာဖတ်တဲ့ နှင်းယု လည်းကိုယ့်ပုံကို ကြည့်ပြီးကဆစ်သီးအဖြစ်နဲ့ ထောင်းစားတာကောင်းတယ်တဲ့။(နှင်းယု..ရေ ကဆစ်သီးမဟုတ်ဖူးထင်တယ်။ မသေချာဘူး။ ကဆစ်သီးလို့ မမှတ်နဲ့ တော့နော်။)
ကိုယ်မသေချာတဲ့အတွက် တင်ထားတဲ့ ပို့ စ်အဟောင်းမှာ ကဆစ်သီးလို့ တင်ထားတာတွေ ကိုကဆစ်သီးလို့ ထင်ခဲ့တဲ့ အသီးလို့ ပြန်ပြင်ပါမယ်။ အဲဒါကဆစ်သီးဆိုတာမသေချာလို့ ပါ။ တခြားသူတွေကို ကိုယ့်စီကနေ အမှား(သို့ )မသေမချာ မသိသွားစေချင်လို့ ပါ။ မသေချာတဲ့အတွက်တောင်းပန်ပါတယ်။
ငယ်ငယ်တုန်းကညောင်ပင်တစ္ဆေကစားတော့..ဆိုသလိုဆိုလိုက်ချင်ရဲ့ ။
..... ညောင်ပင်တစ္ဆေ ဝေလေလေ
နင်ဘယ်ကိုင်းမှာနေ..ငါညောင်ကိုင်းမှာနေ
နင်ဘာရေသောက်..ငါညောင်ရေသောက်ဆိုသလိုမျိုး..
နင်ဘာသီးလဲ..လို့ မေးလိုက်ချင်.....
(Source: http://teeterboard15.rssing.com/chan-8893854/all_p2.html )
ထာဝစဉ်ကျေးဇူးတင်လျှက်...
ခင်မင်လေးစားသော..
အိုင်အိုရာ
(စု ရေ..စု ပုံလေးတွေစု ရဲ့ လင့်နဲ့ တွဲတင်ထားပါတယ်။ ကွန်မန့် ရေးမရလို့ ကြိုတင်ခွင့်ပြုချက်မတောင်းခဲ့နိုင်တာခွင့်လွှတ်ပါနော်။)
Subscribe to:
Posts (Atom)