ဒီတပါတ်ချက်ထားတာတွေမြန်မြန်လေးတင်လိုက်ပါတယ်။ ကြာသွားရင်လည်းမတင်ချင်တော့ဘူး။
ပြီးခဲ့တဲ့အပါတ်က ပုဇွန်နဲ့ ကြက်ဥသီးစုံဟင်းချက်တယ်။ ပြီးတော့ကြက်တစ်ကောင်ချက်ပြီးဘာမှမချက်ဖြစ်တော့ဘူး။ ကြက်သားမစားချင်တော့လို့ အလုပ်ကို ကြက်ဥကြော်ပြီးယူသွားတယ်။ မုန့် ဟင်းခါးရည်နှစ်ယောက်စာအမြန်ပစ်ထဲ့ချက်ချက်ဖြစ်တယ်။
ဒီတပါတ်တော့ ချစ်ချစ်ကိုဝက်သား နဲ့ ကြက်မြစ်ကြက်သဲတစ်လှည့်ချက်ကျွေးမယ်ဆိုပြီးထုံးစံအတိုင်း အခေါက်ပါတဲ့ပုခုန်းသားဝယ်လာပြီး လှီးဖြတ်ချက်ရပါတယ်။ ပုခုန်းသားတစ်ထုတ်ကိုတုံးတစ်ပြီးတဲ့နောက်မှာ လေးပုံရပါတယ်။ တစ်ပုံကို သူ့ အကြိုက်သရက်သီးသနပ်နဲ့ ချက်ပါတယ်။ တစ်ပုံကို အိုင်အိုရာ့ အကြိုက်အချိုချက်ပါတယ်။ကျန်တဲ့ နှစ်ပုံမှာ တစ်ပုံကိုအသားချည့်ကြော်စားမယ်ဆိုပြီးအသားတွေချည့်ပြားပြားလေးတွေလှီးပြီးဆားပြားနယ်ထားတယ်။ တစ်ပုံကခလယ်ကအရိုးကြီးနဲ့ သူ့ နားကအသားတွေပေါ့။ အဲဒါတော့ဆွတ်ပြုတ်တို့ ဟင်းချိုတို့ အတွက်ပေါ့။ အဲဒီနှစ်ပုံကတော့ဖရီဇာထဲမှာ။။ ပြီးတော့ကြက်မြစ်ကြက်သဲကိုတော့ ပြုတ်ကြော်ခြောက်ခြောက်လေးချက်
ပါတယ်။
 |
ကြက်မြစ်ကြက်သဲပြုတ်ကြော်၊ ၀က်သားအချိုချက်၊ ချဉ်ပေါင်ဟင်းချို နဲ့ ငရုတ်သီးစိမ်းထောင်း။ ဟင်းချိုကတော့မြန်မာဟင်းချိုထုံးစံအတိုင်းပုဇွန်ခြောက်မှုန့် ၊ ငပိနဲနဲ ငံပြာရည်နဲ့ ကြက်သွန်နီထဲ့တည်ထား။ ခရမ်းချဉ်သီးလေးတစ်ဝက်လောက်လှီးထဲ့။ အရည်ကျရင် ချဉ်ပေါင်ထဲ့။ ကြက်သွန်ဖြူဒါးပြားရိုက်ထဲ့။ နံနံပင်အုပ်။ ငရုတ်သီးစိမ်းထုထဲ့လည်းကောင်းတယ်။ အိုင်အိုရာကငရုတ်သီးထောင်းပါလို့ ။ |
|
 |
ဝက်သားအချိုချက်။ တုံးတစ်ထားတာတွေကို ဆား၊ပဲငံပြာရည်၊ ခရုဆီ၊ ငန်ပြာရည်၊ ရှာလကာရည်နဲ့ နယ်ပြီးနှပ်ထားပါတယ်။ နာရီဝက်လောက်နေတော့ဆီဇွန်းကြီးနဲ့ တစ်ဇွန်းလောက်ထဲ့ပြီးသကြားထဲ့ပြီးမွှေပါတယ်။ သကြားပျော်ပြီးကိုယ်ကြိုက်တဲ့အညိုရောင်ရပြီဆိုမှ ၀က်သားတွေထဲ့လုံးပါတယ်။ ကျစ်သွားအောင်လုံးပြီးမှ ကြိတ်ထားတဲ့ဂျင်း၊ ကြက်သွန်ဖြူ၊နီထဲ့ပြီးမွှေပေးပါတယ်။ အဖုံးခဏအုပ်ထပ်မွှေ၊ အရည်သိပ်ခြောက်ပြီးသိပ်ကပ်နေရင်ရေနဲနဲထဲ့ပြီးမွှေပါတယ်။ ကြက်သွန်အနှစ်တွေကျက်ပြီးမွှေးပြီးအစိမ်းနံ့ ပျောက်သွားတော့မှရေကိုဝက်သားမြုပ်ရုံထဲ့ပါတယ်။ ဦးဆုံးပွက်ပွက်ဆူအောင်အရင်ချက်ပါတယ်။ ၀က်သားအတွင်းသားထဲထိကျက်ပြီး ပိုးတွေဘာတွေရှိရင်သေအောင်လို့ ပါ။ ကောင်းကောင်းဆူပွက်ပြီးကျက်သွားမှ မီးကိုလျှော့ချပြီးမီးအေးနဲ့ အသားနူးတဲ့ထိတည်ထားလိုက်ပါတယ်။ ရေခမ်းတော့အတော်ပါဘဲ။ ၀က်သားလည်းနူးအိပြီးမွှေးကြိုင်နေပါတယ်။ ဒီလိုချက်ထားရင်နူးအိပေမဲ့အသားကကျစ်ပြီးတင်းတင်းလေးနေပါတယ်။ နူးပေမဲ့မကြေပါဘူး။ တကယ်လို့ ဝက်သားမနူးအိသေးရင်ရေကိုနဲနဲချင်းထပ်ထဲ့ပြီးမီးအေးနဲ့ ဆက်တည်ပါ။ | | |
|
 |
ကြက်မြစ်ကြက်သဲပြုတ်ကြော်။ ဆီထဲ့ပြီးဆား၊ဆနွင်းနဲ့ ငံပြာရည်နယ်ထားတဲ့အမြစ်တွေအရင်ထဲ့။ ရေကိုအမြစ်တွေရဲ တ၀က်လောက်ပဲထဲ့ ။ အဖုံးအုပ်။ မွှေပေး။ အဖုံးပြန်အုပ်ထား။ ရေခမ်းရင်အမြစ်ကိုမြည်းကြည့်။ အမြစ်ကအကြာကြီးတည်ရင်ပိုမာပါတယ်။ ဒါကြောင့်ကျက်တယ်ဆိုရင် နဲနဲလေးနူးအောင်ခဏဆက်တည်ပြီးရင်အတော်ပါဘဲ။ အမြစ်ကျက်သွားမှ အသဲတွေထဲ့။ အသဲကတော့အရည်တွေပါနေတတ်တော့အိုင်အိုရာကရေမထဲ့ပဲ သူ့ အရည်နဲ့ သူကျက်အောင်တည်ပါတယ်။ အသဲတွေကျက်ပြီးနဲနဲလေးကျစ်စပြုရင်ချလို့ ရပါပြီ။ ဆီလည်းအပြန်ပေါ့။ အိုင်အိုရာတို့ တအိမ်လုံးကအဲလိုလုပ်ထားတဲ့ကြက်မြစ်ကြက်သဲဆီနဲ့ ထမင်းနယ်စားရတာကြီုက်ကြပါတယ်။ အမေကအဲလိုပဲကြိုက်တယ်လေ။ အနှစ်နဲ့ ချက်တာသိပ်မကြိုက်ကြဘူး။ ခုတော့အနှစ်ကြိုက်တဲ့ချစ်ချစ်လည်းအိုင်အိုရာတို့ ဂိုဏ်းဝင်ဖြစ်သွားပြီ။ ကြက်မြစ်ကြက်သဲကဒီလိုချက်မှပိုစားကောင်းတယ်နော်တဲ့။ ဒင်းမသိသေးတာတွေအများကြီးဆိုတာဒင်းမသိဘူး။း) |
 |
ပုဇွန်ခြောက်၊ ဆား၊ ကြက်သွန်ဖြူနဲ့ ကြိတ်ထားတဲ့ငရုတ်သီးစိမ်းထောင်း။ ဒီလိုအစပ်လေးပါမှထမင်းစားရတာပိုအရသာရှိတာ။ နို့ မို့ ရင်ပေါ့ပေါ့ကြီးလိုဘဲ။ |
 |
အိတ်ထဲကငရုတ်သီးကမထောင်းရက်ဘူး။ ချစ်စရာကောင်းတဲ့မမကြီးအိမ်ကနေခူးလာတာ။ ရေဆေးပြီးအဲလိုဇစ်ပ်လော့က် ပလတ်စတစ်အိတ်လေးထဲထဲ့ပြီး ထမင်းစားရင်ဆားလေးနဲ့ တို့ ပြီးကိုက်စားတာ။ လတ်ဆတ်တော့အရမ်းမွှေးတာ။ ညာဖက်ကအကြီးတွေက Walmart က၀ယ်ထားတာ။ အဲဒါနဲ့ အပေါ်ကငရုတ်သီးထောင်းကိုထောင်းထားတာ။ |
 |
ကောင်းလိုက်တဲ့ချဉ်ပေါင်ဟင်းချိုလေး။ သဘောကောင်းတဲ့မမကြီးအိမ်ကခူးလာတာ။ ၀က်သားဟင်းလည်းမအီတော့ဘူး။ အစပ်လေးနဲ့ လည်းလိုက်။ ကျေးဇူးပါမမရေ။း) |
 |
ကြိုက်သလောက်ထဲ့။ အားရပါးရထဲ့။ |
 |
ကြက်မြစ်တစ်ထုတ်နဲ့ ကြက်သဲတစ်ဗူး။ အများကြီးဘဲ အားရပါးရလွေးပေတော့။း) |
 |
ဟိုးထိပ်က ၀က်သားသရက်သီးသနပ်။ |
 |
ဒါကဒီနေ့ မနက်စာ။ ဂေါ်ရခါးသီးကြော်နဲ့ ပဲပြုတ်နဲ့ ထမင်းဆီဆမ်း |
 |
ဒါကတော့ပီဘိ မြန်မာဟင်းဘဲ။ သရက်သီးသနပ်ထဲကဆီတွေကလည်းထွက်။ ၀က်သားကလည်းထွက်နဲ့ ။ အနှစ်ပဲခပ်စားကြတာပေါ့။ နှမြောတယ်ဆိုပြီး ဆီတွေမစားနဲ့ အုန်းနော်။ အနှစ်တွေစားပြီးရင်ပိုတဲ့ဆီတွေ ပစ်ရင်ပစ်။ မပစ်ရင်နောက်လိုက်ဖက်တဲ့ဟင်းတစ်မျိုးထဲထဲ့ချက်ပေါ့။ တစ်ခါလောက်ချက်ထားတာတော့ ထရန်စ်ဖက် မဖြစ်လောက်ပါဘူး။ သေချာတော့မမှတ်မိဘူး။ မီးပြင်းနဲ့ ထပ်ခါထပ်ခါသုံးပြီးကြော်ထားတဲ့ဆီကတော့ကျန်းမာရေးအတွက်မကောင်းဘူး။ ကဲ..မသိတာတွေအသာထား။ ကိုယ်တကယ်သိတာပြောတော့မယ်။ ကိုယ်လိုချက်ထားလည်းဆိုတား)။ ငရုတ်သီးမှုန့် ၊ဂျင်း၊ ကြက်သွန်ဖြူနိကြိတ်ထားတာနဲ့ အစောကနှပ်ထားတဲ့ဝက်သားတွေရောနယ်။ သရက်သီးသနပ်ထမင်းစားဇွန်းနဲ့ သုံးဇွန်း။ ငံပြာရည်ထဲ့။ ဆီနဲနဲထဲ့။ ဆနွင်းနဲနဲထဲ့။ အားလုံးစိတ်တိုင်းကျနယ်ပြီးရင် အဖုံးအုပ်ပြီးလုံး။ မွှေပေး။ ရေခမ်းသွားရင် ၀က်သားမြုပ်ရုံရေထဲ့ပြီးပွက်ပွက်ဆူပြီးဝက်သားကျက်အောင်တည်။ ၀က်သားကောင်းကောင်းကျက်ပြီဆိုရင် မီးလျှော့ပြီးမီးအေးနဲ့ တည်ထား။ မကြာခဏမွှေပေး။ အရည်မခမ်းသေးပေမဲ့အနှစ်တွေကပ်ပြီးတူးတတ်တယ်။ ၀က်သားနူးလာရင်တအားမမွှေနဲ့ အုန်း။ ကြေကုန်မယ်။ အသားကိုမထိုးမိအောင်မွှေပေး။ ရေခမ်းခါနီးဆိုလှုပ်လည်းသိပ်မထိရောက်တတ်ဘူး။ ဇွန်းကိုအသားတဲ့တဲ့မထိအောင်ထိုးမွှေပေးပေါ့။ |
|
|
|  |
ချဉ်ပေါင်ရိုးနဲ့ ကန်စွန်းရိုးကိုရေစိမ်ထားတာ။ အမြစ်လေးတွေထွက်လာပြီ။ |
|
 |
အချိုပွဲ ဖလန်း။ ဒါလုပ်နည်းတင်ပေးဘူးတယ်နော်။ ကိုယ်လည်းအဲဒီကပြန်ကြည့်လုပ်ရတာ။ မလုပ်တာကြာလို့ ..း) |
ဓါတ်ပုံတွေကဖုန်းနဲ့ ရိုက်ထားတာ။ သည်းခံလက်စနဲ့ သည်းခံအားပေးသွားကြပါတော့လို့ ...
ခင်မင်လေးစားသော..
အိုင်အိုရာ
 |
အမြန်ချက်မုန့် ဟင်းခါးဟင်းရည် |
သည်းခံအားစမ်းနေတယ်လို့ တော့မထင်လိုက်ကြပါနဲ့ ။ ဖုန်းပုံနဲ့ ကင်မရာပုံဘယ်လောက်ကွာလည်းသိချင်လို့ ကင်မရာထဲကပုံတွေထပ်တင်ကြည့်လိုက်တာပါ။ ဘာမှမရေးတော့ပါဘူး။ .....
(ပရိသတ်ကြီးကိုကြောက်ရတယ်။)
 |
ကန်စွန်းရွက်ခြံထွက်။ ကိုယ့်ခြံထွက်ဟုတ်ပါဘူး။ သူများခြံထွက်လို့ ပြောမလို့ ပါ။း) မမရေ ကျေးဇူးပါ။ အရမ်းလတ်ဆတ်ပြီးရှားရှားပါးပါးစားရတာမို့ နတ်သုဒ္ဒာနဲ့ မလဲဘူးနော်။ မှိုနဲ့ ကြော်စားတယ်။ ဓါတ်ပုံမတွေ့ လို့ ။ |
တကယ်ပြီးပါပြီ။း)