Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Wednesday, May 30, 2012

အိုင်အိုရာ့စတိုင် ဆယ်မွန်ငါးကင် ချိစ်ငရုတ်သီးကင် နဲ့ ဆလတ်ရွက်သုပ်





ဆယ်မွန်ငါးကိုအိုးကင်းပူတိုက်ပြီး ဆလတ်ရွက်သုပ်နဲ့ တွဲစားထားတာပါ။ ၀ိတ်တက်မှာကြောက်သူများအကြိုက်ပေါ့။း) စားထားတာတော့တစ်ပါတ်ကျော်လောက်ရှိသွားပါပြီ။ အိပ်မပျော်တာနဲ့ ဘလော့လေးကိုဖွင့်ကြည့်တော့အိုင်အိုရာ့မိတ်ဆွေတွေလည်းအဟောင်းတွေကိုပဲ
လာဖတ်နေကြတာနဲ့ ဒါလေးတင်ပေးလိုက်ပါတယ်ရှင်။

ဆယ်မွန်ငါးနဲ့ တွဲစားဘို့ လက်ဆောင်ရထားတဲ့ငရုတ်သီးတွေကိုလည်း ခွဲပြီးချိစ်ထဲ့ပြီး အတူတူကင်လိုက်ပါတယ်။ဒီငရုတ်သီးကချိုပါတယ်။

မြန်ကောင်းသက်သာသလားတော့မမေးနဲ့ ။ ငါးကိုဒီအတိုင်း Grill pan ထဲတင်ပြီးမှဆားနဲနဲဖြူး ငရုတ်ကောင်းနဲနဲဖြူးပြီး တဖက်ချင်းလှန်ပေးသွားတာပါ။ ငါးကမကျက်ခင်လှန်ရင်ပဲ့တတ်ပါတယ်။ လှန်တဲ့အချိန်မှာကပ်နေရင်ခဏဆက်ထားပါ။ ကျက်ရင်လွယ်လွယ်နဲ့ လှန်လို့ ရပါတယ်။ ဒယ်အိုးကိုငါးမကင်ခင်မှာ ဆီလေးနဲနဲဖြန်းပါတယ်။ စပရေးနဲ့ ဖြန်းတော့နဲနဲလေးဘဲဆီသုံးရပါတယ်။   

ငါးလည်းတစ်ဖက်လှန်ပြီးပြီ။ ငရုတ်သီးထဲကချိစ်လေးတွေလည်းပျော်လာပြီ။ စားရခါနီးပြီ...း)

ဘေးလေးပါစောင်းပြီးကင်တော့အားလုံးကျက်သွားတာပေါ့။ သိပ်အကျက်မကြိုက်ရင်တော့မလိုပါဘူး။

စားလို့ ရပါပြီ..


အင်ဒိုနီးရှားပုဇွန်မုန့် ကိုကြော်ထားလိုက်ပါသေးတယ် တစ်ဖက်ကနေ။


ထုံးစံအတိုင်း အမေရိကန်စတိုင်နဲ့ အိုင်အိုရာ့စတိုင်ပေါင်းပြီး ဆလတ်ရွက်သုပ်ပါတယ်။ ဆလတ်ရွက်ကိုအရွယ်တော်လေးတွေဖြတ်၊ ခရမ်းချဉ်သီးတစ်လုံးလောက်ကိုသေးသေးစိပ်ထဲ့၊ ကြက်သွန်နီနုတ်နုတ်သေးသေးလှီး ငရုတ်သီးစိမ်းအနီတောင့်ဖြတ်ထဲ့ (အရောင်လည်းလှ မစားချင်ရင်လည်းရှောင်နိုင်အောင်ပါ) Ricotta cheese နဲနဲထဲ့ ပန်းသီးနဲနဲစိပ်ထဲ့ နံနံပင်နဲနဲထဲ့ နှမ်းနက်လေးတွေနဲနဲထဲ့ (အဖြူထဲ့လည်းရပါတယ်။ ဒါလေးကပိုလှလို့ ပါ) ပြီးတော့ငံပြာရည်နဲနဲ လိမ္မော်ယို နဲနဲ ဆီနဲနဲလေးထဲ့ပြီး ခရင်းနဲ့ တူနဲ့ သုံးပြီးဖွဖွလေးနယ်လိုက်ပါတယ်။ (အမေရိကန်တွေက dressing ကိုအခြေခံ အနေနဲ့ သံလွင်ဆီ၊ ရှာလကာရည်တစ်မျိုးမျိုး၊ ဆား၊ ငရုတ်ကောင်းထဲ့ပါတယ်။ (သူတို့ နှစ်သက်ရာအမွှေးရွက်တို့ ၊ mustard အနှစ်တို့ ကိုထဲ့တာပေါ့လေ။ မထဲ့တဲ့သူလည်းမထဲ့ဘူးပေါ့) အိုင်အိုရာကတော့ရှာလကာရည်ကိုနေရာတကာမှာမကြိုက်တတ်တော့ ခရမ်းချဉ်သီးကအချဉ်တို့ ယိုကရတဲ့ချိုချဉ်အရသာတို့ နဲ့ အစားထိုးပါတယ်။ တစ်ခါတစ်လေသံပုရာသီးပေါ့


အဲဒါဆိုဒီလို လှလှပပနဲ့ ဆလတ်ရွက်သုပ်လေးတစ်ခွက်ရပါပြီ။ လှလှလေးဆိုတော့အရွက်မကြိုက်တဲ့ချစ်ချစ်လည်းစားကြည့်ပြီးအရမ်းကြိုက်တယ်လေ။ မတင်ဖြစ်ပေမဲ့ဒီလိုမျိုးခဏခဏသုပ်စားဖြစ်ပါတယ်။ အထူးသဖြင့်ညပိုင်းတွေမှာပေါ့။
ပန်းကန်ထဲမှာပန်းသီးစိပ် ဆလတ်ရွက်လေးတွေရံပြီးပြင်လိုက်ပါတယ်။ ပန်းသီးပေါ်မှာဂျပန်Mayonaise တင်လိုက်ပါတယ် သူရောကျမရောကြိုက်လို့ လေ။ ပြီးတော့ ကြက်တံဆိပ်ငရုတ်ဆီကိုအစက်လေးတွေချလိုက်ပါတယ်။

ထမင်းစားချင်ရင်နဲနဲစားရအောင်ပန်းကန်သေးသေးလေးနဲ့ ထဲ့ပါတယ်။

သံပုရာသီးစိပ်လေးလည်းတင်လိုက်ရော အရမ်းကိုစားချင်နေပါပြီ။

ငါးလှီးတာနဲနဲသေးသွားတယ်ထင်ပြီး မ၀လောက်ဘူးထင်နေတာ။ ငါးကအသားချည့်ဆိုတော့ရယ် အသုပ်တွေ အသီးတွေနဲ့ တွဲစားလိုက်တော့နှစ်ယောက်စလုံးအရမ်းဗိုက်တင်းသွားပါတယ်။ သူကထမင်းတောင်မစားဘူး။ အိုင်အိုရာကတော့အဲဒီပန်းကန်ထဲကထမင်းကိုတူလေးနဲ့ ကော်ကော်စားတာဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ပါဘူး။း)

ပုံမှန်ဆိုအိုင်အိုရာ က Coke မကြိုက်ပါဘူး။ သူငယ်ချင်းတွေယူလာတာကျန်နေတာနဲ့ သောက်ဖြစ်နေတာ ဒီလိုအသုပ်နဲ့ ငါးကင်နဲ့ ကျတော့လိုက်ပါတယ်။

ပုဇွန်မုန့် ကြော်ထဲကို ထဲ့စားကြည့်တာလေ။ ပုဇွန်မုန့် ကြော်ကမြန်မာပြည်ကလိုမကောင်းပါဘူး။ ဒီလိုလေးတင်စားမှ စားလို့ ကောင်းသွားတာပါ။

ဒါကနောက်တစ်နေ့ ကျကြော်စားထားတာပါ။

ဆလတ်ရွက်သုပ်ဘဲ။ ပန်းသီးမပါတော့ဘူး။


ကဲ...အကြာကြီးနေမှတစ်ခါလောက်တင်ဖြစ်နေလို့ အချဉ်မပေါက်နေပါနဲ့ နော်။
အမြဲလာအားပေးနေသူသူငယ်ချင်းအဟောင်းများရော တိတ်တိတ်လေးပဲအားပေးနေတဲ့ သူငယ်ချင်းအသစ်များရော ခုမှမျက်စေ့လည်ရောက်လာသူများရော လာလည်လို့ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေရှင်။ အိုင်အိုရာ့ ဒိုင်ယာရီတွေ ခြစားသွားလို့ ရေးချင်တာတွေမရေးဖြစ်တာပိုမရေးဖြစ်ဘို့ ဖန်လာလို့ စိတ်မကောင်းဖြစ်နေတာ။


အားလုံးဘဲစိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ ......
ခင်မင်လေးစားသော...
အိုင်အိုရာ

21 comments:

  1. ငါးကြော်ကြီးးးးးးးးး ဟီးးးးးးဟီးးးးးးးးး
    ဂလု ဂလု ရှလွတ်
    ငါးကြော်နဲ့ ထမင်းပူပူလေးနဲ့ ၀ုန်း(တံတွေးမြိုချသံ)
    :D .. စားချင်တယ် မမရေ
    ညလေး အကြိုက်တွေချည်ပဲ :)

    ReplyDelete
  2. မမရေ...အိမ်မက်လာလည်ပါတယ်..ဒီနေ့ ဆလပ်သုပ်စားမယ်လို့ စိတ်ကူးနေတာနဲ့ ကွက်တိပါပဲ..ပြင်ထားပုံလေးက လှပြီး တကယ့်ကို စားချင်စရာလေးပါ..။

    ခင်တဲ့
    အိမ်မက်

    ReplyDelete
  3. ငါးဆိုရင် အ၇မ်းကြိုက်ပြီးသားပါ။ ဒီလိုစားချင်စရာလေးလုပ်ထားတော့ ပိုပြီး စားချင်သွားတာပေါ့...း)

    ReplyDelete
  4. ငါးကတော့ တကယ်ရေရေလည်လည်ကြိုက်တယ်.. ဘယ်လိုလုပ်လုပ်ကိုကြိုက်နေတာ. ကင်စားတာကတော့ အဆီမတက်တော့ပိုကောင်းတာပေါ့နော် :)

    ReplyDelete
  5. တကယ်ကြိုက်တာနော်...ငါးမျိုးစုံ။
    ဒီလိုကင်တာတွေဆိုင်တွေမှာ မီးနူးတဲမှာတွေ့ ရင်၊
    တန်းမှာတာဘဲ။
    အရမ်းရမ်းကြီးကိုစားကောင်းမဲ့ပုံ။
    သရေလေးကျသွားတယ်..တောက်တောက်...။
    :P

    ReplyDelete
  6. ပြင်ထားတာလေးက အရမ်းချစ်စရာကာင်းတယ်။ အားလုံး စားချင်စရာလေးတွေ :)

    ReplyDelete
  7. တီတင့်ရဲ့ သားနှစ်ယောက် အကြိုက်ပါလား အိုင်အိုရာရေ။ နည်းလေးတွေမှတ်သွားပြီ ကြည့်ရင်း ဖတ်ရင်း စားချင်လာပြီး)
    ကျေးဇူး ကျေးဇူး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. စားချင်စရာလေးတွေချည်းပဲ အိုင်အိုရာရေ

    ReplyDelete
  9. ငါးတော့ကြိုက်တယ် အိုင်အိုရာရေ
    စားချင်စရာလေးရယ် ပြင်ဆင်ထားတာ

    ReplyDelete
  10. ကျူတီ...
    ညလေးကြိုက်မယ်လို့ သိပြီးသားပါ။း)

    အိမ်မက်..
    လာလည်လို့ ကျေးဇူးပါ။ ဆလတ်သုပ်ထဲကိုကြက်ဥပြုတ်တို့ ဘဲဥပြုတ်တို့ ထဲ့သုပ်လည်းကောင်းတယ်နော်။

    ချောစု..
    ငါးကြိုက်တဲ့သူတွေများတယ်နော်။ ငါးကိုအဲလောက်ကြိုက်ကြမယ်လို့ ထင်တောင်မထင်ထားမိဘူး။း)

    စနိုးမေ..
    ဟုတ်တယ် ဟုတ်တယ် ကင်စားတော့ ဆီသိပ်မပါတော့ကျန်းမာရေးနဲ့ ပိုညီညွတ်တာပေါ့နော်။ မွှေးလည်းမွှေးတယ်။

    မီးမီးငယ်..
    ဆီမကြိုက်တဲ့သူဆိုတော့ဒီလိုမျိုးဆိုပိုသဘောကျမှာပေါ့နော်။ ဘာရယ်မဟုတ် အရွက်တွေစားရင်တောင်မီးမီး နဲ့ ကျူ့ တီကိုသတိရရနေမိတယ်။း)

    စုဘူးအိမ်..
    ပြင်ထားတာလှသွားရင်တော့ပိုစားချင်စရာကောင်းတာတော့အမှန်ဘဲနော်။
    တခါတခါကျတော့လည်းစုပုံထဲ့စားလိုက်တာ ကိစ္စရှင်းအောင်လို့ ...း)

    တီတင့်..
    ယောက်ျားလေးတွေကပိုပြီးအကင်ကြိုက်ကြသလိုဘဲနော်။
    ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်။ တီတင့်နဲ့ ဘလော့ဂါများလည်း (စာဖတ်သူများအပါအ၀င်)စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဘေးရန်ကြောင့်ကြကင်းဝေးကြပါစေလို့ အိုင်အိုရာလည်းနေ့ တိုင်းဘုရားရှစ်ခိုးတိုင်းဆုတောင်းမေတ္တာပို့ ပါတယ်။

    Evy..
    စားချင်စရာလေးဆိုတော့ဝမ်းသာမိပါတယ်။

    မာမာ..
    ငါးကြိုက်တဲ့သူတွေတော်တော်များတာဘဲမာမာရေ။ နော်။း)

    ခင်မင်လေးစားသော...
    အိုင်အိုရာ

    ReplyDelete
  11. ငါးက ဖေးဘရိတ်ထဲမှာ မပါပေမယ့် ဒီလိုမျိုးလေး ကြော်ထားတာတော့ တကယ့်ကိုပဲ စားချင်စရာ..၊း)
    ဆလပ်ရွက် စိမ်းစိမ်းလေးတွေကို သုပ်ထားတာ ကြိုက်တယ်၊ ကျနော်တို့လည်း ခဏခဏ သုပ်စားဖြစ်တယ်ဗျ၊
    မအိုင်အိုရာရဲ့ နည်းတွေက အမြဲလိုလို မြန်၊ကောင်း၊သက်သာ မို့ လက်တွေ့ အသုံးဝင်ပါတယ်..။ Carry on sis..!!!

    ReplyDelete
  12. ကိုညီလင်းသစ်..
    အိမ်ကအကိုတစ်ချို့ ကငါးမကြိုက်ကြဘူး။ ကျမရဲ့ အိမ်ဦးနတ်ကလည်းငါးနဲ့ အသားဆိုအသားပဲစားတော့ ယောက်ျားလေးတော်တော်များများငါးမကြိုက်ဘူးလို့ ဘဲယေဘူယျကိုယ့်ဖာသာကိုယ်ယူဆထားတာ။ ကိုညီလင်းသစ်လည်းသိပ်မကြိုက်ဘူးဘဲ။း)
    လက်တွေ့ အသုံးဝင်တယ်ဆိုလို့ ဝမ်းသာကျေးဇူးတင်ပါတယ် Brother ရေ။း)
    အိုင်အိုရာ

    ReplyDelete
  13. စားချင်စရာသူ့လက်ရာပါပဲရှင်
    အရမ်းကိုကြိုက်တယ်

    ReplyDelete
  14. နည်း မျိုးစုံပဲနော်။ salmon ငါး သိပ်မကြိုက်ဘူး။ အဲလိုပဲ မြတ်ကြည်က ကိုယ်နဲ့တည့်တာဆို မကြိုက်တာက များများ။ :D အမေကတော့ တော်တော်ကြိုက်တယ်။

    ReplyDelete
  15. ဂျက်..
    ဖတ်ချင်စရာသူ့ ကဗျာလေးလိုပေါ့နော်။း)

    မြတ်ကြည်လေး..
    မ လည်းဆယ်မွန်ကိုကင်တာနဲ့ ကြော်တာတော့သဘောကျတယ်။
    ပြောမယ်ဆိုရင် ချက်ရင်တော့မက်ကရယ်ငါးကိုပိုကြိုက်တယ်။
    ဒါပေါ့ လူနဲ့ တဲ့တာတွေဆိုလူတွေကသိပ်မကြိုက်ပဲ မတဲ့တာတွေဆိုပိုကြိုက်ကြတယ်လေ။ ဒါကြောင့်လည်းရှောင်ရတာတို့ လျှော့ရတာတို့ လုပ်ရတာပေါ့..ဟုတ်ဘူးလား..း))

    အိုင်အိုရာ

    ReplyDelete
  16. မမအိုင်အိုရာ ဆော်လမွန်ငါးက လှလည်းလှ စားကောင်းမှာ အသေအချာပဲ..အရွက်သုပ်ကလည်း မြန်လည်းမြန် အရသာရှိမှာ သေချာတယ်..လုပ်စားဦးမယ်ဂျ..

    ReplyDelete
  17. စန်းထွန်း..
    လုပ်စားစန်းထွန်းရေ။ တကယ်မြန်တာ ငါးကိုဘာမှမနယ်ပဲဆီဖြန်းထားတဲ့အိုးပေါ်တန်းတင်ပြီးမှအပေါ်ကနေဆားဖြူး ငရုတ်ကောင်းဖြူးဆိုတော့စူပါဖတ်စ် ဘဲ။ အရွက်သုပ်လည်းအားလုံးပစ်ထဲ့ပြီးနယ်တာဆိုတော့မြန်တာဘဲ။ တခုဘဲ အချိန်အဆတွေအရမ်းမများသွားဘို့ သတိထားနော်။ ဆလတ်ရွက်ကနုတော့ အများကြီးမလိုဘူး။ ပြီးတော့ငံပြာရည်တို့ အချိုတို့ balance ဖြစ်နေဘို့ ဘဲ။ ငံသွားတာတို့ ချိုသွားတာတို့ ဆိုရင်ပြင်ရခက်တယ်လေ။

    ReplyDelete
  18. စားလို့ကောင်းမယ့်ပုံနော်.. ပြင်ထားတာလေးလည်း သဘောကျတယ်..
    အဲ့လိုလှလှလေး ပြင်ထားတော့ ပိုစားချင်တယ် :D

    ReplyDelete
  19. ကန်ဒီ..
    အရွက်လေးတွေကလတ်တော့ပိုလှသွားတာပေါ့။
    စားလို့ တော့တော်တော်ကောင်းတယ် ဗိုက်ပြည့်သွားပေမဲ့မအီနေဘူးလေ။ ဒီကလည်းလုပ် ကျွေးချင်ပါတယ်ရှင်ရယ်..း)
    အိုင်အိုရာ

    ReplyDelete

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။