Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Thursday, May 3, 2012
ထမင်းလွတ် ကြာဆံကြော်
ကြာဆံကြော်
 ကြာဆံကြော်စားထားတာကြာပါပြီ။ တစ်ခါမှမတင်ဖြစ်သေးလို့ တင်လိုက်ပါတယ်။
ကျမထဲ့ထားတဲ့အသီးအရွက်တွေကတော့ ပန်းမုန်လာ၊ ဘရော့ကယ်လီ၊ ခါဂျက်ဥ၊ ဂေါ်ရခါးသီး၊ ကြက်သွန်မြိတ်၊တရုတ်နံနံတို့ ပါ။ ရွှေပဲသီးတို့ ဘိုစားပဲတို့ ကြိုက်ရင်ထဲ့နိုင်ပါတယ်။
ကြာဆံကိုမကြော်ခင်ရေစိမ်ထားပါတယ်။ အဲဒီအချိန်မှာ အသီးအရွက်တွေရေဆေးမိမိနှစ်သက်သလိုလှီးဖြတ်ထားပါတယ်။ ပြုတ်ထားတဲ့ကြက်သားကို
အနေတော်လေးတွေလှီးထားပါတယ်။ အစိမ်းလိုက်ဆီသတ်လည်းရပါတယ်။ ကျမကတော့လိုတာသုံးရအောင်အရင်နေ့ မှာကတည်းက ပြုတ်ထားလို့ ပါ။ ပြုတ်ထားတော့ သုတ်သုတ် ကြော်ကြော် မြန်တယ်လေ။ ဟိုထဲ့ဒီထဲ့ထဲ့ရတာလည်းအဆင်ပြေလို့ ပါ။
 ကြာဆံကြော်ရတာကြော်လေ့ကြော်ထရှိရင်ဘာမှမခက်ပါဘူး။ သူ့ ကိုကြော်ရင်ကြာဆံမျှင်တွေပြတ်ပြီးမသွားအောင်သတိလေးထားလိုက်ရင် လှလှပပလေးရပါတယ်။ ပြတ်နေရင်တော့သိပ်မလှတော့သူများကိုကြွေးရင်မျက်နှာပန်းသိပ်မလှဘူးပေါ့။ ကျန်တာကတော့ဘာမှပညာမပါပါဘူး။ ကျမတို့ အမေကကြာဆံကြော်နေရင်ပျော့ပြီးပြတ်ကုန်ရင်သဘောမကျပါဘူး။ အမြဲသတိပေးပါတယ် မပြတ်စေဘို့ ။ အမေကသိပ်အသေးစိပ်တာဘဲ။ ဂျီးများတာဘဲလို့ ငယ်ငယ်တုန်းကတွေးခဲ့သလောက် ကျမလည်းအမေ့ခြေရာတစ်ထပ်တည်းနင်းမှန်းမသိနင်းနေမိလျက်သားဖြစ်နေတာ မကြာခဏသတိပြုမိလာပါတယ်။
ကြက်တံဆိပ်ငရုတ်ဆီနဲ့ သခွားသီး၊ ကြက်သွန်ချဉ်
 ပထမဆုံးဆီနဲနဲနဲ့ ကြက်ဥတွေမွှေကြော်လိုက်ပါတယ်။  ပြီးတော့ပန်းကန်တစ်ချပ်ထဲဆည်ထဲ့ထားပါတယ်။
ဝက်အူချောင်းလည်းသပ်သပ်ကြော်ပြီးဖယ်ထားပါတယ်။ ဒါကကျမပန်းကန်ကိုရိုက်ထားလို့ ဝက်အူချောင်းမပါလာပါဘူး။ ၀က်အူချောင်းလည်းငယ်ငယ်ကကြိုက်သလောက်ခုသိပ်မကြိုက်တော့ပြန်ဘူးလေ။
 ပြီးတော့ ကြက်သွန်ဖြူထောင်းထားတာဆီသတ်ပြီး အသားတွေနဲ့ အသီးအရွက်တွေထဲ့ ခရုဆီထဲ့။ ဆားပါးပါးထဲ့။ သကြားလေးနဲနဲထဲ့။သက်သတ်လွတ်စားချင်ရင် အသီးအရွက်ချည့်ထဲ့ကြော်ရုံပါဘဲ။ သက်သတ်လွတ်လည်းစားကောင်းပါတယ်ရှင်။
အသီးအနှံတွေကိုယ်နှစ်သက်သလောက်အနေရခါနီးရင် ရေစစ်ထားတဲ့ကြာဆံထဲ့။ ခရုဆီထဲ့မွှေ။ ခဏဘဲ။ သာသာလေးမွှေပြီး အားလုံးလည်းသမ၊ ကြာဆံလည်း ကျက်။ အစောကဖယ်ထားတဲ့ ကြက်ဥကြော်တို့ ဝက်အူချောင်းတို့ ထဲ့။ တရုတ်နံနံ နဲ့ ကြက်သွန်မြိတ်ဖြတ်ထဲ့။ ငရုတ်ကောင်းမှုန့် လေးဖြူးလိုက်ရင် သုံးဆောင်လို့ ရပြီပေါ့။ ၀က်အူချောင်းကမဖယ်လည်းရပါတယ်။ ကျမကသူ့ အနံ့ ကိုမလိုချင်လို့ ဖယ်ထားတာပါ။ တကယ်လို့ ကြာဆံကစိမ်ထားတာလိုရင် ရေလေး ဖြန်း ဒါမှမဟုတ်
အရိုးပြုတ်ရည်တည်ထားတာရှိရင်အရိုးပြုတ်ရည်လေးနဲ့ နဲနဲဖြန်းကြော်လည်းကောင်းတယ်။ ဟင်းချိုလေးလည်းလုပ်လို့ ရတာပေါ့။ မတည်ထားလည်းရပါတယ်။ ခရုဆီနဲ့ သကြားလေးနဲ့ ဆိုအိုခေပါတယ်။ ကျမတော့တည်ထားတဲ့အရိုးပြုတ်ရည်ထဲကို အရသာပြင်ပြီး သောက်ခါနီးကျကြက်သွန်မြိတ်နဲ့  ငရုတ်ကောင်းလေးခပ်လိုက်တာပေါ့။
ကျမတော့ဟင်းချိုပန်းကန်မရိုက်ထားလိုက်တော့ဘူး။ ရိုက်ရင်စားတဲ့အခါကျအေးနေပြန်ရော။ ခုနောက်ပိုင်းဓါတ်ပုံရိုက်ရတာပျင်းပျင်းနေလို့ သူကတောင်မစားခင်ဓါတ်ပုံမရိုက်တော့ဘူးလားတဲ့။
သုံးဆောင်နိုင်ပါပြီ
ဂရိတ်ဖရုသီးလေးနဲ့ အအီပြေအချိုတည်းနော်။
လာလည်တဲ့သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်။
ကျမအသစ်မတင်ပေမဲ့လည်း အမြဲလိုလို လာလာဖတ်တဲ့မိတ်သစ်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ ။
ကွန်မန့် မချန်ခဲ့ပေမဲ့လည်း လာလည်တဲ့အတွက်ကျေးဇူးတင်ပြီးသားပါရှင်။ အားတဲ့အခါတော့ထပ်လာလည်ပါဦးလို့ ဖိတ်ပါတယ်။
ခင်မင်လေးစားသော...
အိုင်အိုရာ
25 comments:
  1. နေကောင်းတယ်ဟုတ်း)
    ကောမန့် မချန်ပေမဲ့ အမြဲလာလည်တဲ့ထဲမှာ
    ကိုယ်လည်းပါတယ်း)
    ReplyDelete
    Replies
    1. ကောင်းပါတယ်ဘေဘီရေ။ ဘေဘီရောကောင်းတယ်မဟုတ်လား။
      အမြဲလာလည်လို့ ကျေးဇူးတင်ရပိုခင်မင်ရပါတယ်နော်။ ပြောရမယ်ဆိုရင်ဘေဘီကကိုယ့်ကိုအဦးဆုံး ကွန်မန့် ထားခဲ့လို့ ကိုယ်ကအမြဲ မှတ်မှတ်ရရဖြစ်နေတာပါ။
      ဘေဘီ့စီမှာချန်လို့ မရလို့ ကိုယ့်စီမှာချန်မှဘေဘီ့အသံလေးကြားရတာလေ။
      ဘေဘီပျောက်နေတုန်းကကိုယ်ဘုရားမှာတောင်ဆုတောင်းပေးသေးတယ် နေမကောင်းများဖြစ်နေသလားလို့ ။
      Delete
  2. ဒီလို အရသာရှိရှိ ကြာဆံကြော်လေး စားလိုက်ရလို့ကတော့
    ထမင်းကို နှစ်နပ်လွတ်ချင်လွတ်ပါစေ အိုင်အိုရာရေး) အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
    Replies
    1. တီတင့်..
      အားပေးနော်။
      အိုင်အိုရာလည်း အဲဒီနေ့ က နှစ်ခါပြန်အားပေးလိုက်တယ်လေ။း)
      Delete
  3. တကယ်စားချင်စရာ.. ဒီနေ့ညစာတော့ ကြာဇံကြော်ဘဲ စားတော့မယ်..
    ReplyDelete
    Replies
    1. Yellowtree..
      ကြော်စားလိုက်။ စားကောင်းပါတယ် အသီးအရွက်များများနဲ့ ဆိုလေ။
      လာလည်လို့ ကျေးဇူးပါ။ အဲဒီကိုလည်းစာတွေလာဖတ်သွားသေးတယ်။ ကြိုက်တယ်။
      Delete
  4. ကြာဇံကြော်တွေအဝစားသွားပြီ။သိတ်ကောင်းတာဘဲ။
    ReplyDelete
    Replies
    1. အန်တီဦး..
      အ၀စား။ ဒီမှာစားရင်ဘယ်တော့မှကုန်တယ်မရှိဘူး။း))
      Delete
  5. ဟင်းတမယ် အိုင်ဒီယာရသွားပြီ
    နောက်နေ့ ကြာဇံကြော်ရမယ် ဟဲဟဲ :D :D
    ReplyDelete
    Replies
    1. ကန်ဒီ..
      အသီးအရွက်တွေများများနဲ့ ကြော်စားသိလား။ တစ်ခွက်တည်းနဲ့ ပြီးရော။း)
      Delete
  6. ကြာဇံကြော်ကို အဖြူရောင်ကြိုက်တာချင်းတော့ တူသွားပြီမမရေ :)
    ReplyDelete
    Replies
    1. စနိုးမေ..
      အို..ဒီလိုတူတဲ့သူလည်းရှိသေးတယ်နော်။း)
      Delete
  7. ရခိုင်မုန့် တီစားမလို့ ၊
    မုန့် ဟင်းခါးဖတ်ခြောက်ဆိုပြီး ကြာဇံထုတ်ကြီးဆွဲလာမိတယ်။
    ကြော်စားရအုံးမယ်။
    ဒီလိုလေးပေါ့...။
    ReplyDelete
    Replies
    1. မီးမီးငယ်..
      ကြော်စားဖြစ်အောင်ကြော်စားနော်။ အသီးအရွက်များများနဲ့ ဆိုတော့ကြိုက်မှာသေချာတယ်။ ကိုယ်ကြော်တာဆီလည်းသိပ်မထဲ့ထားဘူးလေ။
      Delete
  8. အသီးအရွက်တွေ အများကြီးနဲ့ အဲဒီလို ကြာဇံကြော်မျိုးကို ကြိုက်တယ် မအိုင်အိုရာရေ..၊ ကြာဇံကို အရူးအမူး ကြိုက်လှတယ် မဟုတ်ပေမယ့် အခုလို အသီးအရွက်တွေ တလှေကြီးနဲ့မို့ သွားရည်ကျ သွားတယ်၊း) ဘယ်လို ကြော်ရမလဲဆိုတာ အသေးစိတ် ရှင်းပြထားလို့လည်း ကျေးဇူးပါဗျာ၊ ဇနီးသည်က ဘေးကနေ လာကြည့်ပြီး စားချင်လို့-တဲ့၊ ဒီဓါတ်ပုံတွေကနေ inspiration ရပြီး မကြော်ချင်ဘူးလား လုပ်နေတယ်ဗျို့..။း)
    ReplyDelete
    Replies
    1. ကိုညီလင်းသစ်..
      တူပြန်ပြီနော်။ ကျမလည်း အသီးအရွက်များမှကြိုက်တယ်လေ။
      ကဲ..မအိမ်သူကိုကြော်ဖြစ်အောင်ကြော်ကြွေးလိုက်နော်။ ကြော်ဖြစ်လောက်အောင် Inspiration မရဘူးဆိုရင်တော့ မအိမ်သူကိုကိုယ်တိုင်လာကြော်ကြွေးမယ်လေ။ လေယာဉ်လက်မှတ်လေးဘဲပို့ ပါ...း)(တန်လိုက်တာ)
      မအိမ်သူကိုတစ်ခါကြော်ကြွေးလိုက်လို့ ကြိုက်သွားရင် နောက်ဆိုမအိမ်သူကကြော်ကြွေးနိုင်တယ်လေ။ တစ်ခါတော့ရင်းသင့်တာပေါ့...အဟက်..နှစ်ယောက်လုံးကိုခင်နေလို့ စလိုက်တာပါ။
      Delete
  9. ကြာဆံကြော်ကြည့် ပြီးဗိုက်စာသွားပြီ။ ထမင်းသွားစားတော့မယ်။
    ReplyDelete
  10. ကြာဇံကြော်ကြိုက်မှကြိုက်
    အကုန်မသွားချင်တာ
    ReplyDelete
  11. ဘရဏီ..
    အာလူးသုတ်လာကြည့်တုန်းကလည်းဗိုက်ဆာပြီးပြန်လာရတယ်။း))
    ဂျက်..
    အဲဒါကြက်သားနဲ့ ကြော်ထားတာပါ။ ကြက်သားတုံးက၀က်သားနဲ့ တူနေလို့ ပါ။
    အကုန်မသွားလို့ ရတယ်လို့ .......း))
    အိုင်အိုရာ
    ReplyDelete
  12. အသီးအရွက် များများထည့်ပေးပါဗျို့ ....ကြက်သားမပါရင် နေပါစေ အသီးရွက်များများ :D
    ReplyDelete
  13. နက်ဖြန် ကြာဇံကြော်စားဦးမှ..ဓာတ်ပုံတွေကြည့်ပြီး သားရေယိုသွားတယ်...
    ReplyDelete
  14. ကျူတီ..
    ကဲ..အများကြီးထပ်ထဲ့လိုက်တယ်။။အ၀စားပေတော့။း)
    စန်းထွန်း..
    လွယ်တယ်စန်းထွန်းရေ။ ကြော်စား။ ကြော်စား။ တစ်ခွက်ထဲနဲ့ အဟာရ အစုံဘဲ။း)
    အိုင်အိုရာ
    ReplyDelete
  15. အရမ်းကောင်းလွန်းလို. အဝစားသွားပါတယ်...း)
    ReplyDelete
  16. ကြော်စားဖို့အစုံတော့ဝယ်ပြီးပြီ
    နက်ဖြန်ကြော်စားတော့မယ်....ဟီး သတင်းလာပို့တာ
    ReplyDelete
  17. ချောစုလက်ရာတော့မမှီဘူးနော်။ ကိုယ်အဲဒီကိုလာလည်ရင်တအားဗိုက်ဆာပြီးပြန်လာရတာဘဲ။း)
    ဂျက်...
    အိုး...ဂွတ်..ဂွတ်..ဒီတစ်ခါတော့တကယ်ကိုပီပီပြင်ပြင်လှုပ်ရှားနေပြီပေါ့။
    ကြော်ပြီးရင်တင်လိုက်နော်။ တစ်ခေါက်ပြန်လာသွားရည်ကျရအောင်လို့ ။း))
    အိုင်အိုရာ
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။