Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Saturday, April 7, 2012
ဘိန်းမုန့် လာပါပြီ..း)
စပျစ်သီးခြောက်ထဲ့တာမျိုးတို့ ဆိုရင်ပေါ့။ ပြောမယ်ဆိုရင်ထန်းလျက်ကိုလည်းလုံးဝမကြိုက်တတ်တော့ထန်းလျက်ပါတဲ့
မုန့် တွေစားခဲတယ်ပြောရမှာပါ။ ငယ်တုန်းကဆိုရင် ချောကလက်ကိုတောင်ထန်းလျက်နဲ့ တူတယ်ဆိုပြီးမစားပါဘူး။ ကြီးလာတော့မှရှားမှန်းကောင်းမှန်းသိပြီးကြိုက်ရကောင်းမှန်းသိလာတာ။
ဆန်မှုန့် တစ်ချိုး + Pancake mix နှစ်ချိုး ပေါင်း ၃ ချိုး
ရေ ၂ ချိုး (ဆိုလိုတာက အမှုန့် သုံးဆ ရေ နှစ်ဆပါ။ ခြင်ချင်တဲ့ခွက်နဲ့ ခြင်ပါ။ကျမတော့ 1/2 cup ခွက်နဲ့ ခြင်ထားတာပါ။)
Baking soda အနည်းငယ် (လက်ဖက်ရည်ဇွန်း နဲ့ သုံးပုံတစ်ပုံလောက်)
ထမင်းကြမ်း ထမင်းစားဇွန်း ၂ ဇွန်းခန့် 
ကြံသကာအရည်ပျစ်ပျစ်ကျိုပြီးသား (ထန်းလျက်မရှိလို့ ပါ) အရည်ကျဲနေရင်မုန့် ထဲ ရေလျှော့ထဲ့ပါ။
ဘိန်းစေ့
မြေပဲ စေ့ 
Almond crush
အုန်းသီးဖတ်
ထောပတ် တစ်တုံး
ဒါကပထမဆုံးလုပ်တာ
အုန်းသီးဖတ်ကဒီလိုမျိုးနဲ့ 
ဒီအိုးလည်းဂျပန်ဆိုင်က၀ယ်တာဘဲ။ ၁၁ ကျပ်ပေးရတယ်။
အမှန်တော့ကြက်ဥပုံလေးနဲ့ ဆိုတော့ကြက်ဥကြော်တဲ့အိုးဖြစ်မှာပါ။
နောက်တစ်ခါလုပ်တော့အုန်းသီးဖတ်ကအသေးဖတ်လေးတွေ။ တရုပ်ဆိုင်က၀ယ်လာတာ။
သူကတော့အရမ်းစားလို့ ကောင်းတယ်တဲ့။ မညီးတမ်းအားပေးရှာပါတယ်။
ကပြားဘိန်းမုန့် လို့ ခေါ်ရမလားဘဲ
 ဘိန်းမုန့် နဲ့ ပေါင်မုန့် ဘေးသားတွေလုပ်စားတာတင်ပေးမယ်ပြောပြီးပျောက်နေတာလေ။ စောင့်နေရတယ်ဆိုရင်တောင်းပန်ပါတယ်နော်။
ဘာမအားမှန်းကိုမသိပါဘူး။ အချိန်ကိုမရဘူး။ စာရေးရတာလည်းပျင်းနေတယ်။ စေတနာလေးထဲ့ပြီးလည်းအချိုးအဆလေးတွေရေးပေးချင်ပါတယ်။ ဒါပေမဲ့အဲလိုတွေမှတ်ရတာမပြောနဲ့ စာမေးပွဲဖြေရင်တောင်ဘယ်တော့မှပြန်မစစ်တတ်ဘူးလေ။ စစ်ရင်လည်း တစ်ပုဒ်နှစ်ပုဒ်ဘဲစစ်တယ်။ အကုန်လုံးဘယ်တော့မှပြန်မစစ်ဘူး။ ဒီတော့အဲလိုမျိုးတွေမှတ်ဘို့ မေ့မေ့နေတယ်။ တစ်ကယ်တော့အဲလိုလေးတွေမှတ်ထားတော့သိချင်တဲ့သူတို့ စမ်းချင်တဲ့သူတို့ အတွက်လည်းအဆင်ပြေသလို ကိုယ်လည်းနောက်တစ်ခါလုပ်တော့ပြန်ကြည့်လို့ ရတာပေါ့။ ကောင်းတဲ့ အကျင့်ဆိုကျမကလည်းသိပ်လုပ်ချင်တာမဟုတ်ဘူး။း))
သူငယ်ချင်းတို့ ရေ...
စမ်းချင်ရင်တော့စမ်းကြည့်လိုက်ပါအုန်းနော်။
သူကတော့သိပ်သဘောကျတယ်တဲ့။
အိုင်အိုရာကလည်း ဘိန်းမုန့် အစစ်ထက်စားကောင်းတော့နဲနဲတော့အားပေးပါတယ်။
အမြဲလာလည်သူများရောအသစ်လာလည်သူများရောအမြဲကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ
25 comments:
  1. ဘိန်းမုန့်မစားရတာ ၁၀နှစ်တောင်ကျော်နေပြီ စားချင်လိုက်တာ
    ReplyDelete
  2. ဘိန်းမုန့်အိုးလေးရောဘိန်းမုန့်ပါကြိုက်လိုက်တာ
    သေသေသပ်သပ်နဲ့မို့ပိုပြီးစားချင်မိတယ်
    ReplyDelete
  3. နေကောင်းဟုတ် အိုင်အိုရာ
    ဘိန်းမုန့်စောင့်နေတာ ကြာလှပေါ့း)
    ဒါနဲ့ ဖီးကြမ်းငှက်ပျောသီးမှ မရတာ ကိုယ်တို့ဆီမှာ
    ဘယ်လိုလုပ်ရပါ့နော်။ တွေ့ကရာ ငှက်ပျောသီး ထည့်ပလိုက်မယ် ဟဟ
    ReplyDelete
  4. ဘိန်းမုန့်စားချင်လာပြီ။ ပန်ကိတ်အထုပ်တော့ရှိတယ်။ လုပ်စားကြည့်ဦးမယ်
    ReplyDelete
  5. တကယ့်ဘိန်းမုန့်စစ်စစ် အတိုင်းပါပဲ
    ပုံတွေကြည့်ပြီးစားချင်လိုက်တာနော်
    ReplyDelete
  6. လွင်ပြင်လှိုင်းငယ်..
    ဒီလိုလုပ်စားကြည့်ပါလား။ မပင်ပန်းဘူး။ မခက်ဘူး။ စူပါအီးဇီး နဲ့ စူပါဖတ်စ် နော်။း)
    ဂျက်ကိုစည်းရုံးလိုက်လေ နော်။း)
    မြတ်ကြည်လေး..
့လာမယ်ကြာမယ်လို့ ကြိုပြောထားတာနော်...ဟင်း..ဟင်း....း))))
    မမာမာလွင်..
    အဲဒီအိုးကိုဘိန်းမုန့် မကြိုက်တဲ့သူငယ်ချင်း နဲ့ ဘိန်းမုန့် မကြိုက်တဲ့ကျမအတူသွားဝယ်ကြတာလေ။ သူငယ်ချင်းဝယ်သွားတာပါ။း) စကားမစပ်အဲဒီကိုလာလည်ပြီး စားစရာတွေသွားရည်လာကျသွားသေးတယ်။ လာလည်လို့ ကျေးဇူးတင်ပါတယ်ရှင်။ အားတိုင်းလာလည်ဘို့ ဖိတ်ပါတယ်။
    ဘေဘီ...
    ကောင်းပါတယ်။ ကိုယ်လည်းဘေဘီ့ကိုသိပ်သတိရနေတာ။
    ဖီးကြမ်းကအရင်တုန်းကဒီမှာလည်းမရဘူး။ တွေ့ လာတာတစ်နှစ်ကျော်လောက်ရှိလာပြီထင်တယ်။ တရုပ်ဆိုင်မှာဘဲ။ တစ်ခြားငှက်ပျောသီးတွေနားမှာထားတာ။ ရတာသာထဲ့လိုက်ဘေဘီရယ်။ ခပ်ပျော်ပျော်တွေဆိုဈေးကပိုတောင်ပေါသေးတယ်။ ကိုယ်လည်းပျော်ခါနီးဟာဝယ်လာတာ။ ပေါတယ်။း)
    ReplyDelete
  7. အနောက်တိုင်းမုန့် မျိုးစုံဖန်တီးရှင်လေး..Evy...
    ဘိန်းမုန့် ကြိုက်တယ်လား။း) ကိုယ်ကတော့အဲလိုဟိုထဲ့ဒီထဲ့ထဲ့ပြီးဖုတ်ရတာတို့ ကင်ရတာတို့ ဆိုပျော်လို့ ရယ် သူကလည်းကြိုက်သွားတယ်ဆိုတော့ရယ် လုပ်ဖြစ်နေတယ်လေ။ ပန်ကိတ်အမှုန့် နဲ့ ချည့်လုပ်လည်းစားကောင်းတာပါဘဲ။
    texture နဲ့ အနံ့ ဘဲနဲနဲလေးကွာတာပါ။
    ဂျက်..
    နှစ်ယောက်လုံးကြိုက်ရင်တော့လုပ်စားတော့နော်။း)
    ရိုးရိုးဒယ်အိုးသေးသေးလေးနဲ့ လုပ်လည်းရပါတယ်။
    ReplyDelete
  8. လိုက်လုပ်စားကြည့်ပါ့မယ်။ တို့လည်းဘိန်းမုန့်ဆိုရင် ထောပတ်များများ အုန်းသီးများများနဲ့ဟာ ကြိုက်တယ်။ စစားဖူးတာလည်း အဲလိုဟာမျိုးဆိုတော့လေ။ ဘိန်းမုန့်အစစ်ဆိုတာ ထောပတ်မပါဘဲ ထန်းလျက်နဲ့ပဲ ထင်တယ်နော်။ အဲဒါဆိုရင်တော့ ကြိုက်မှာမဟုတ်ဘူး :D
    စူးနွယ်လေး
    ReplyDelete
  9. ဘိန်းမုန့်ကို ဘိန်းစေ့များများလေးနဲ့ ကြိုက်တယ်
    ရန်ကုန်မှာ ဘိန်းမုန့်အရမ်းကောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်
    မကြာခဏ သွားဝယ်စားတာ
    ခုတော့ ဘိန်းမုန့်နဲ့ ဝေးနေတာကြာပြီ.
    ကိုယ်တိုင်လုပ်ဖို့လည်း မဖြစ်နိုင်တော့ (အပျင်းထူတာလည်းပါ)
    စိတ်ကူးလေးနဲ့ စားသွားပါတယ်။း)
    ReplyDelete
  10. စူးနွယ်လေး..
    မိရိုးဖလာဘိန်းမုန့် ကတော့အခြေခံကဆန်ရယ်ထန်းလျက်ရယ်အုန်းသီးရယ်၊မြေပဲရယ်၊ ဘိန်းစေ့ရယ်လို့ ထင်ပါတယ်။ တစ်ချို့ ကမတ်ပဲနဲနဲရေစိမ်ပြီးကြိတ်ထဲ့တယ်လို့ သိရပါတယ်။ ကိုယ်လည်းငယ်ငယ်ကမနက်ဖက်ရောင်းတာတွေတော့လုံးဝကိုမကြိုက်တာ။ ရန်ကင်းဘက်မှာထောပတ်နဲ့ လုပ်တာတော့နဲနဲစားလို့ ရတယ်။ အကြိုက်တကယ်တူတယ်နော်။ မကြိုက်တာပါတူတာတော့ထူးဆန်းဘူးလား။...း))
    ချော...
    ဟုတ်တယ်နော် မကြိုက်တဲ့သူတောင် ဘိန်းစေ့လေးတွေကဖေါက်ဖေါက်ဖေါက်ဖေါက်နဲ့ ကောင်းသလိုဘဲ။
    ကိုယ်ကတော့သူများသွားဝယ်စားရင်သာကန့် လန့် ကန့် လန့် နဲ့ ပါသွားတာ။ ကိုယ်တိုင်တစ်ခါမှဝယ်မစားဖူးဘူးဆရာ။
    စိတ်ကူးလေးနဲ့ ဘဲစားသွားရတာတော့စိတ်မကောင်းပါဘူးချောရယ်။
    ReplyDelete
  11. ဘိန်းမုန့် ကိုအချိုသိပ်မကဲရင်ပေါ့လေ..
    ကြိုက်ထှာ...
    ဒါနဲ့ ပဲပြုတ်တွေ နံနံပင်တွေထည့်တာကိုကော၊
    ဘိန်းမုန့် အငန်လို့ ခေါ်လားဟင်..။
    နဲနဲ ပိန်းလို့ ခပ်တုံးတုံးလေးတွေမေးတတ်ပါတယ်:P
    ReplyDelete
  12. ကျနော်လည်း ဘိန်းမုန့်ကို မက်ရေစက်ရေ စားခဲ့တာမျိုးတော့ မရှိဘူးဗျ၊ ဒီလိုပဲ ခရီးသွားဟန်လွှဲ စားခဲ့တာ...၊ အခု ဒီ 'ကပြားဘိန်းမုန့်' ကတော့ အတော်လေး စားချင်စရာပါပဲ၊ မိရိုးဖလာ ဘိန်းမုန့်တောင်မှ မစားဖြစ်တာ ကြာပြီ မဟုတ်လား..၊း)
    ReplyDelete
  13. ကျေးဇူးအများကြီးတင်တယ်သိလား
    လုပ်စားချင်နေတာ
    လုပ်ကြည့်သေးတယ် အောင်မြင်ဖူး
    :D
    ReplyDelete
  14. မီးမီးငယ်..
    ခပ်တုံးတုံးတွေမေးတယ်ဆိုရင်ဒီကလည်းခပ်တုံးတုံးလို့ သာမှတ်လိုက်တော့ဆရာ။
    ဘိန်းမုန့် အငန်ခေါ်မခေါ်အသာထားဘိန်းမုန့် ကိုအဲလိုထဲ့မှန်းတောင်မသိဘူးဆို။
    ကဲ..ဘယ်သူပိုပိန်းတုန်း...း))
    ကိုညီလင်းသစ်..
    မိရိုးဖလာဘိန်းမုန့် ကြိုက်တဲ့သူတွေကတော့ဒီဘိန်းမုန့် ကစားကောင်းပေမဲ့ဘိန်းမုန့် နဲ့ သိပ်မတူဘူးလို့ ထင်မှာပါ။ ဒါပေမဲ့ဘိန်းမုန့် အစစ်လောက်မကောင်းဘူးလို့ တော့ပြောမှာမဟုတ်ဘူး။
    နကိုယ်ကသိပ်မကြိုက်တဲ့သူတွေဆိုရင်တော့..ဟာ..ဒီမုန့် မဆိုးဘူးစားကောင်းတယ်လို့ ပြောမှာပါ။
    မယုံရင်စမ်းကြည့်...း))ဟား..ဟာ။
    ကျော်...
    လုပ်စားကြည့်နော်။
    မိရိုးဖလာဘိန်းမုန့် နဲ့ တထပ်တည်းမတူပေမဲ့စားကောင်းတာတော့သေချာတယ်။း)
    ကျော်လုပ်တုန်းကဘာအမှုန့် နဲ့ လုပ်တာလဲဟင်။
    ဒီမုန့် ကတော့အောင်မြင်မှာသေချာတယ်။ ကြိုက်မကြိုက်သာမပြောတတ်တာ...း))))
    ReplyDelete
  15. မီးမီးငယ်..
    ခပ်တုံးတုံးတွေမေးတယ်ဆိုရင်ဒီကလည်းခပ်တုံးတုံးလို့ သာမှတ်လိုက်တော့ဆရာ။
    ဘိန်းမုန့် အငန်ခေါ်မခေါ်အသာထားဘိန်းမုန့် ကိုအဲလိုထဲ့မှန်းတောင်မသိဘူးဆို။
    ကဲ..ဘယ်သူပိုပိန်းတုန်း...း))
    ကိုညီလင်းသစ်..
    မိရိုးဖလာဘိန်းမုန့် ကြိုက်တဲ့သူတွေကတော့ဒီဘိန်းမုန့် ကစားကောင်းပေမဲ့ဘိန်းမုန့် နဲ့ သိပ်မတူဘူးလို့ ထင်မှာပါ။ ဒါပေမဲ့ဘိန်းမုန့် အစစ်လောက်မကောင်းဘူးလို့ တော့ပြောမှာမဟုတ်ဘူး။
    နကိုယ်ကသိပ်မကြိုက်တဲ့သူတွေဆိုရင်တော့..ဟာ..ဒီမုန့် မဆိုးဘူးစားကောင်းတယ်လို့ ပြောမှာပါ။
    မယုံရင်စမ်းကြည့်...း))ဟား..ဟာ။
    ကျော်...
    လုပ်စားကြည့်နော်။
    မိရိုးဖလာဘိန်းမုန့် နဲ့ တထပ်တည်းမတူပေမဲ့စားကောင်းတာတော့သေချာတယ်။း)
    ကျော်လုပ်တုန်းကဘာအမှုန့် နဲ့ လုပ်တာလဲဟင်။
    ဒီမုန့် ကတော့အောင်မြင်မှာသေချာတယ်။ ကြိုက်မကြိုက်သာမပြောတတ်တာ...း))))
    ReplyDelete
  16. အမရေ
    ဘိန်းစေ.ကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဟင်။
    ReplyDelete
  17. အမည်မဖေါ်သူရေ..
    ဘိန်းစေ့ကို Poppy seed လို့ ခေါ်ပါတယ်။ အာရှဆိုင်တွေမှာရော ဘိုဆိုင်တွေမှာရော မစ်ဒယ်လ်အိစ်ဆိုင်တွေမှာ ရော အင်ဒီးယန်း (ကုလား)ဆိုင်မှာရော ရတတ်ပါတယ်။ အင်ဒီးယန်းဆိုင်ကတော့ဈေးအသက်သာဆုံးပါ။
    အိုင်အိုရာ
    ReplyDelete
  18. အ၀စားသွားပါတယ်။
    ReplyDelete
  19. ဘိန်းမုန့်  မစားရတာ တော်တော်ကြာပြီ..အခြေအနေပေးရင် လုပ်စားဦးမယ်..မမအိုင်အိုရာ လက်ရာဆိုတော့ စားကောင်းမှာ အသေအချာပဲ..
    ReplyDelete
  20. ရှင်လေး..
    စားစား အ၀စားသွားနော်။ လုပ်ရတာလည်းလွယ်မြန်လည်းမြန်တော့တကယ်ကြိုက်သလောက်စားလို့ ရတယ်။း)
    စန်းထွန်း..
    ကဲကွာ..စန်းထွန်းအလုပ်ရတဲ့အထိမ်းအမှတ်နဲ့ အ၀စားသွား။ ဟီးဟီးး))
    ပန်ကိတ်မှုန့် တွေ Costco မှာအရမ်းသက်သာတယ်။ အဲက၀ယ်ထားရင်အကြာကြီးစားရမှာ။
    ReplyDelete
  21. ညီမရေ
    မုန့်နှစ်ကို တညသိပ်ဆိုတော့ ရေခဲသေတာထဲလား။ အပြင်မှာဘဲသိပ်ရမလား။ အမလည်းဘိန်းမုန့်ကို သိပ်သိပ်ကြိုက်။ ဘိန်းမုန့်မှ မဟုတ်ပါဘူး အမက ဗမာမုန့်တွေဆိုအကုန်ကြိုက်။ မုန့်စိမ်းပေါင်း၊ မုန့်ဗိုင်းတောင့်၊ မုန့်ပျားသလက်၊ မုန့်ဖတ်ထုတ်၊ မုန့်ကျွဲသဲ ............. အကုန် အကုန်ဘဲ
    ReplyDelete
  22. မမူယာ..
    အပြင်မှာပါ။ အိုင်အိုရာကတော့ အပေါ်ကနေ စဥ့်နီတုံးကို ခပ်ဟဟအုပ်ထားလိုက်ပါတယ်။ ဟောင်းလောင်းကြီးလည်းမထားချင်တာနဲ့ လေ။
    တကယ်တော့..အိုင်အိုရာဘာမှမထဲ့ပဲ ပန်ကိတ်မှုန့် ကိုချက်ချင်းဖျော်ပြီး အစာတွေနဲ့ လုပ်တော့လည်းအရသာသိပ်မကွာသလိုဘဲ။ ဒါပေမဲ့ အဲဒါဆိုရင်တော့ ပန်ကိတ်အရသာနဲ့ ပိုတူနေတာပေါ့။
    အိုင်အိုရာက မုန့် စိမ်းပေါင်းနဲ့ မုန့် ဗိုင်းတောင့်ကိုစမ်းသပ်မယ်ဆိုပြီး လုပ်နေတာ မလုပ်ဖြစ်လို့ ပဲတွေတောင်လွှတ်ပစ်လိုက်ရသေးတယ်။ မြန်မာမုန့် တွေကိုသေသေချာချာမလေ့လာခဲ့မိတာနောင်တရနေတာ။း))
    အိုင်အိုရာ
    ReplyDelete
  23. ညီမရေ ကျေးဇူးနော်။ ဘိန်းမုန့်စားချင်ရင်ကတော့ ညီမရဲ့နည်းလေးက ပိုကောင်းတယ်။ မှန်တယ် ပန်ကိက်မှုန့်ချည်းဘဲဆို ဘိန်းမုန့်ဘယ်ခေါ်တော့မလဲနော်။ အမလုပ်စားပြီးရင် ညီမကိုပြောမယ်နော်။
    ဟုတ်တယ်ညီမရေ။ အမလည်း ရန်ကုန်ပြန်ရင်တော့ ဗမာမုန်လုပ်နည်းတွေ အရင် သင်ခဲ့ရမယ်။
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။