ပြောရလျှင် ဒေါ်အိုင်အိုရာတစ်ယောက် ပွဲဈေးထဲရောက်သည်က ပြန်ကြားရေးဌာနများမှ သတင်းများကို စတင်စိတ်ဝင်စားမိရာမှစသည်။ ဒီ့နောက်မှာတော့ ကျောင်းတက်နေတုန်း စာတွေကများ ဟင်းကောင်းကောင်းမချက်နိုင် ဟင်းကောင်းကောင်းမစားရတော့ ဘလော့ဂါ ပွဲဈေးတန်းမှာ ခင်းကျင်းထားသော ဟင်းလျာများကို သွားသွားသွားရည်ယိုရင်း စာကျက်ရန်အင်အားယူရသည်။ အဲသည်ကစပြီး စာမေးပွဲပြီးတိုင်း ပွဲဈေးသွားသွားလည်ပြီး ဟင်းလျာများကို ငေးသည်။ သို့ သော်အချိန်ရှားသူမို့ မှန်မှန်တော့မရောက်ဖြစ်။
ပွဲဈေးကိုရောက်လာပြီးတဲ့နောက် ကိုယ်လည်း ဆိုင်တစ်ဆိုင်ဖွင့်ချင်လာသည်။ ဆိုင်စခင်းဘို့ လုပ်တုန်းက ဆရာရင်းတယောက်က ငှက်နှင့်ပတ်သက်သည့် ပြခန်းလေးလုပ်ခိုင်းလို့ စနည်းနာရင်း ဆိုင်ခန်းတစ်ခန်း ကိုယ့်ဖာသာ တည်ဆောက်ခဲ့မိသည်။ ကိုယ်က သည်လိုဆောက်ဖူးတာမဟုတ်တော့ နည်းလမ်းများ တော်တော်ဖတ်ရသည်။ သည်လိုနဲ့ ဘဲ သူမဖာသာတစ်ဦးတည်း စမ်းသပ်ပြီး ချောချောမွေ့ မွေ့ ဆိုင်လိုလို ပြခန်းလိုလို လေးတစ်ခု ဖြစ်သွားသည်။ သို့ သော် အခန်းဟောင်းလောင်းကြီးနှင့်တော်တော်ကြာသွားပြီး ပြခန်းလည်းမဖြစ် ဆိုင်ခန်းလည်းမဖြစ် ဟိုလိုလိုသည်လိုလိုဖြစ်နေခဲ့သည်။ နောက်တော့ ကျောင်းပြီးမှ ဆိုင်ခန်းမကျ ပြခန်းမကျ ဖွင့်ဖြစ်ခဲ့သည်။
စတုန်းကတော့ ဒေါ်အိုင်အိုရာတစ်ယောက် သည်လိုတွေးခဲ့သည်။ သူမကသဘာ၀၀န်းကျင်ထိန်းသိမ်းရေးကို သည်းကြီးမည်းကြီးစိတ်ဝင်စားသူ၊ ငှက်များကိုချစ်သူ၊ ခရီးသွားခြင်းကိုနှစ်သက်သူ၊ စာဖတ်ဝါသနာပါသူ၊ ဟင်းချက်မုန့် လုပ်စသည်များကို အပျင်းပြေ လုပ်ချင်သူ၊ ပြည်တွင်းပြည်ပ ခရီးသွားအတွေ့ အကြုံများကို မိတ်ဟောင်းမိတ်သစ်များအား ဝေငှချင်သူ၊ တခါတခါ ဘာရယ်မဟုတ် သူမခံစားတွေးတောမိသည်များကို ဖွင့်အံချင်သူ ဆိုတော့ ပြခန်းမကျ ဆိုင်ခန်းမကျလေးဖွင့်ပြီး လာသမျှရွှေပွဲလာပရိသတ်များကို ဈေးခွန်မပေးရလေတိုင်း အလကားပဲတင်း ပြခန်းလေးမှာ တင်ပြမည်ပေါ့။ ပြခန်းတဘက်၊ ဆိုင်ခန်းတဘက်ဆိုပါတော့။ ဆိုင်ခန်းမှာတော့ အိမ်ချက်ဟင်းလေးတွေ တင်ပြီး မိတ်သစ်မိတ်ဟောင်းတွေကို စားစေချင်လို့ ဈေးပေါပေါနဲ့ ရောင်းမည်ပေါ့။
တကယ်တော့ ဟင်းချက်ပြီးခင်းကျင်းရသည်ကလွယ်သည်။ ဦးနှောက်သုံးစရာမလို။ မဟုတ်လည်း ကိုယ်ကနေ့ တိုင်းထမင်းဟင်းချက်စားနေသည်ဘဲ။ ဘာမှအပန်းမကြီး။ ဓါတ်ပုံရိုက်မှတ်တမ်းတင်ရတာလည်း ၀ါသနာထုံတော့ ဟင်းလျာများကိုကြော်ငြာရသည်မှာလည်း မခက်ခဲ။ တစ်ခုဘဲ ခက်သည်က သူမ၏ ချစ်ချစ်က အစားအသောက်များဆို ပူပူလောင်လောင်မှ နှစ်သက်တော့ သူမ ဆိုင်အတွက် ဓါတ်ပုံရိုက်နေလျှင် ဟင်းတွေအေးကုန်တတ်၍ မျက်နှာမညိုအောင် ပြန်အပူပေးရသည်။ သို့ မဟုတ် သိသိကြီးနှင့်ပူပါသေးတယ်ဟု နွေးတေးတေးဖြစ်သွားသောဟင်းများကို ချော့ကျွေးရသည်။
သည်လိုနှင့် ဈေးသည်ကြီးဆန်နီ ဖြစ်မှန်းမသိဖြစ်လာသည်။ ပြခန်းတင်ဘို့ အကြောင်းအရာတွေ အတွက် စာဖတ်ရမည်။ ကိုးကားစာအုပ်များတင်ပေးရမည်။ တင်မည့်တင် ပြခန်းလာသူ၊ (ရည်ရွယ်လာသူရော၊ လမ်းမှားရောက်လာသူရော၊ ဘယ်လိုဘဲရောက်လာရောက်လာ ကံဆိုးသူများဟုပင်ဆိုရမည်။) အတွက် တစုံတခု အကျိုးရစေချင်သည်။ သည်လိုနှင့်ဘဲ လုံးလည်ချာလည်လိုက်ရင်း အတွေးများက အကောင်အထည်ပေါ်လာသည်ကနဲနဲ မသိချင်ယောင်ဆောင်ကာဟင်းတွေဘဲချက်ရောင်းနေတော့သည်။ ဟင်းတွေကလည်း အာဟာရနှင့် ပျော်ရွှင်မှုတော့ပေးသည်ဘဲလေ။ သည်လိုနှင့် လူတွေကလည်း သူ့ ကို ဈေးသည်ကြီးဆန်နီဘဲထင်နေကြတော့သည်။ အဲသည်မှာ ရွှေပွဲတော်လာ ပရိသတ်တွေ၊ ပြခန်းဆိုင်ခန်းရှင်တွေ နှင့် မျက်မှန်းတန်းရင်းခင်မင်လာတော့သည်။ ခင်မင်သော်ငြားလူချင်းက နီးနီးကပ်ကပ်မြင်ဘူးကြသည်တော့မဟုတ်။ အဝေးမှဝါးတားတားဖြင့်ခင်နေကြခြင်းသာဖြစ်သည်။ သည်တော့ ငယ်သူကို အမလို့ ခေါ်လိုခေါ် ကြီးသူကို ညီမလို့ ခေါ်လိုခေါ်။ သူမက တမင်ဟန်ဆောင်လိုသည်မဟုတ်သော်လည်း သူမကို လူမသိစေလို။ ထင်ပေါ်ကြော်ကြားမှုကိုမလိုချင်။ ထင်ပေါ်သူများ လွတ်လပ်မှုဆုံးရှုံးကြတော့သူမကမထင်ပေါ်ချင်။ လွတ်လပ်မှုကိုတော့ တန်ဘိုးထားသည်။ (မြန်မာပြည်ကလာသည်လေ။) အေးအေးဆေးဆေးနေချင်သည်။ ပျော်ပျော်ရွှင်ရွှင်နေချင်သည်။ရန်သူမလိုချင်။ သို့ သော်မိတ်ဆွေများက တခုတ်တရ နှုတ်ဆက်သွားလျှင်သော်၎င်း၊ အဝေးမှ လက်လှမ်းပြသွားလျှင်သော်၎င်းစိတ်ထဲမှ သိပ်ကိုပျော်မိသေးသည်။
ဒေါ်အိုင်အိုရာက အသက်တော့မငယ်တော့။ သူမတို့ သူငယ်ချင်းအချင်းချင်းပြောစကားနှင့်ဆိုလျှင် "One foot is already in the grave " ဖြစ်နေပြီ။ သို့ သော်စိတ်ကတော့နုပျိုဆဲ။ လှချင်တုန်း။ သွားချင်လာချင်တုန်း။ ပျင်းချင်တုန်း။ စားချင်တုန်း။ သူမမမွေးခင်ကပင် သူမမှာ တူတူမများရှိနှင့်နေပြီမို့ လူ့ လောကမရောက်ခင်ကပင် တီတီဖြစ်နေခဲ့သူ။ ဖြစ်ချင်တော့သူမခပ်ငယ်ငယ်မှာ သူမအထက်နှစ်ယောက်ကအကို ကငယ်ငယ်နှင့် အိမ်ထောင်ပြုတော့ နောက်ထပ်တူတူမ တွေ ငယ်ငယ်လေးကတည်းကထပ်ရခဲ့သည်။ ပြောချင်သည်က ဒါကြောင့်လည်း ဒေါ်အိုင်အိုရာတစ်ယောက် လူငယ်များကို အလွန်ချစ်ခင်တတ်သည်။ သံယောဇဉ်ရှိတတ်သည်။ လူငယ်ကဲ့သို့ ပင်နေထိုင်သွားလာတတ်သည်။ အိမ်ထောင်ကျတော့ လည်းသားသမီးမရှိ။ သူမ၏ကိုကို ကို အသက်ကြီးပေမဲ့ ချွဲတုန်း။ နွဲ့ တုန်း။ အမများရဲ့ လက်ရာကိုတမ်းတတုန်း။ လူကြီးတွေကိုလည်း အလွန်ချစ်တတ်သည်။ သူမ၏မိဘများမရှိတော့ မိဘများအမှတ်ထားပြီး အလွန် ကူညီချင်သည်။ သူငယ်ချင်းများဆိုလျှင်တော့ မပြောနှင့်တော့။ အပြန်စကား ပွဲသိမ်းစကား သူမဘယ်တော့မှ စ မပြော။
ဒေါ်အိုင်အိုရာက သူ့ ကို အထင်သေးမှာတော့ မပူပေမဲ့ အထင်ကြီးမှာ အလွန်ကြောက်သည်။ လူတွေက သူ့ ကို ရှိသည်ထက်ပိုတော်သည် တတ်သည်ဟုထင်မှာလည်း သိပ်ကြောက်သည်။ ဘလော့ပွဲဈေးတန်းထဲက သူအားလုံးကို လည်း မသိ။ သိရန်လည်းမကြိုးစား။ ရသည့်အချိန်လေးတော့ ပွဲဈေးထဲ သွားဈေးခင်း လျှောက်လည်လုပ်သည်။ မြန်မာတွေ အလွန်တော်ကြသည်ဟု ပွဲဈေးသွားလည်တိုင်း သူမဖာသာ ကျေနပ်ဂုဏ်ယူသေးသည်။ ပွဲဈေးမှာ ချိတ်ကြစောင်းကြလျှင် မိမိနှင့်ဘာမှမဆိုင်ပေမဲ့ စိတ်မသက်မသာဖြစ်တတ်သည်။ သွားသတိ စားသတိ နေမှ။ အသွားမတော်တစ်လှမ်း အရေးမတော်တစ်ကြောင်းဟု ကိုယ့်ကိုကိုယ်သတိပေးရသည်။ မိမိ၏ဆိုင်မကျ ပြခန်းမကျကို တစ်ဦးဦး ရောက်လာလျှင် ဧည့်ဝတ်မကျေမှာစိုးသည်။ ကိုယ်သွားလို့ ဆိုင်ရှင်က ဧည့်များလို့ ကိုယ့်ကို သတိမထားမိလျှင်လည်း တိတ်တိတ်ပြန်လာတတ်သူ။ ဒေါ်အိုင်အိုရာ တခုတော့စိုးရိမ်မိသည်။ တခါတရံ ဧည့်မှတ်တမ်းမှာစာသားမှတ်ချက်လေးတွေပေးသည့်အခါ လေသံ၏ tone ကိုမသိတော့ နောက်တောက်တောက်ရေးမိလျှင် တဘက်လူက နားလည်ခွင့်လွှတ်ပါ့မလားဟု။
ဘလော့ဂါပွဲဈေးတန်းကြီးကတော့ဖြင့် တနေ့ တခြားပိုလို့ ပိုလို့ စည်ကားလို့ နေသည်။ ပွဲဈေးလျှောက်ရင်း ဗျူတီဆလွန်းဆိုင်သစ်လေးတစ်ခု၊ အထွေထွေစတိုးဆိုင်လေးတစ်ခု၊ ပန်းချီကားတို့ ဓါတ်ပုံတို့ တင်တဲ့ဆိုင်လေးတစ်ခု၊ ကို စိတ်ဝင်စားဘွယ်ရာ တွေ့ မိသည်။ မိတ်ဆွေများကို သွားဘို့ တိုက်တွန်းရအုန်းမည်။ ဒေါ်အိုင်အိုရာတစ်ခုသတိထားမိသည်ကတော့ ပွဲခင်းကျင်းသူများ နှင့် ပွဲလာလည်သူများ သည် သူတို့ ၏ အရွယ်အလိုက်၊ ပညာအလိုက်၊ နောက်ကြောင်းအလိုက်၊ အသိုင်းအ၀ိုင်းအလိုက်၊ ၀ါသနာအလိုက်၊ ခင်းကျင်းရောင်းချပြသည့် ဟန်များကွဲပြားကြသည်။ တစ်ခါတစ်ရံ အသက်အရွယ်ကြောင့် အမြင်ချင်းမတူသည်ကို တွေ့ ရသည်။ တစ်ခါတစ်ရံ ၀ါသနာအလိုက် အကြိုက်ချင်းမတူကြသည်ကိုတွေ့ ရသည်။ တစ်ခါတစ်ရံ နောက်ခံပညာရပ်ချင်း မတူကြသောကြောင့် ညီးငွေ့ ခြင်းများ ရှိသည်ကိုတွေ့ ရသည်။ သို့ သော် လေးစားစရာ တစ်ခုကတော့ ဘလော့ဂါ အများစုဟာ ရင့်ကျက်သူများဖြစ်ပြီး အလွန် ဒီပလိုမေစီရှိကြသည်။ ယဉ်ကျေးစွာ ဖြင့် ကူးလူးဆက်ဆံကြသည်။ ဘောင်ကိုသိကြသည်။ စည်းမကျော်ကြ။ အလွန်နှစ်သက်စရာကောင်းလှသည်။ ဒါကြောင့်လည်း ဒီပွဲဈေးကြီးမှာ ဒေါ်အိုင်အိုရာတစ်ယောက် ယောင်လည်လည် နှင့် ဆိုင်မခင်းတောင် ပြခန်းမပြင်တောင် လည်မြဲလည်နေအုန်းမည်မှာသေချာလှသည်။
ဘလော့ဂါပွဲဈေးတန်းကြီးကတော့ဖြင့် တနေ့ တခြားပိုလို့ ပိုလို့ စည်ကားလို့ နေသည်။ ပွဲဈေးလျှောက်ရင်း ဗျူတီဆလွန်းဆိုင်သစ်လေးတစ်ခု၊ အထွေထွေစတိုးဆိုင်လေးတစ်ခု၊ ပန်းချီကားတို့ ဓါတ်ပုံတို့ တင်တဲ့ဆိုင်လေးတစ်ခု၊ ကို စိတ်ဝင်စားဘွယ်ရာ တွေ့ မိသည်။ မိတ်ဆွေများကို သွားဘို့ တိုက်တွန်းရအုန်းမည်။ ဒေါ်အိုင်အိုရာတစ်ခုသတိထားမိသည်ကတော့ ပွဲခင်းကျင်းသူများ နှင့် ပွဲလာလည်သူများ သည် သူတို့ ၏ အရွယ်အလိုက်၊ ပညာအလိုက်၊ နောက်ကြောင်းအလိုက်၊ အသိုင်းအ၀ိုင်းအလိုက်၊ ၀ါသနာအလိုက်၊ ခင်းကျင်းရောင်းချပြသည့် ဟန်များကွဲပြားကြသည်။ တစ်ခါတစ်ရံ အသက်အရွယ်ကြောင့် အမြင်ချင်းမတူသည်ကို တွေ့ ရသည်။ တစ်ခါတစ်ရံ ၀ါသနာအလိုက် အကြိုက်ချင်းမတူကြသည်ကိုတွေ့ ရသည်။ တစ်ခါတစ်ရံ နောက်ခံပညာရပ်ချင်း မတူကြသောကြောင့် ညီးငွေ့ ခြင်းများ ရှိသည်ကိုတွေ့ ရသည်။ သို့ သော် လေးစားစရာ တစ်ခုကတော့ ဘလော့ဂါ အများစုဟာ ရင့်ကျက်သူများဖြစ်ပြီး အလွန် ဒီပလိုမေစီရှိကြသည်။ ယဉ်ကျေးစွာ ဖြင့် ကူးလူးဆက်ဆံကြသည်။ ဘောင်ကိုသိကြသည်။ စည်းမကျော်ကြ။ အလွန်နှစ်သက်စရာကောင်းလှသည်။ ဒါကြောင့်လည်း ဒီပွဲဈေးကြီးမှာ ဒေါ်အိုင်အိုရာတစ်ယောက် ယောင်လည်လည် နှင့် ဆိုင်မခင်းတောင် ပြခန်းမပြင်တောင် လည်မြဲလည်နေအုန်းမည်မှာသေချာလှသည်။
(၂၀၁၁ ဘလော့ဒေး အမှတ်တရ အဖြစ် ကိုမြစ်ကျိုးအင်း ရဲ့ ဘလော့ဂါပွဲဈေးတန်း ကိုဖတ်ပြီး ပြန်လည်ရေးသားပါသည်။ တက်ဂ်သူ ရို့ စ် ကျေနပ်ပါစေရှင်။)
ဘလော့ဂါအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုရာဆန္ဒများပြည့်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ