Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.

Wednesday, January 26, 2011

ခရမ်းချဉ်သီးချက် နဲ့  တို့ စရာ ရယ် ငါးကြော် (ready made)ရယ်

အကြိုက်ဆုံးဟင်းထဲမှာသူလဲပါတယ်။ ကြက်သွန်ဖြူ၊နီ၊ ငြုတ်သီး ထောင်း (တကယ်တော့သေးသေးလေးလှီးထားတာပါ) ၊ ပုဇွန်ခြောက်မှုန့် ၊ ဆား၊ ခရမ်းချဉ်သီး ပါးပါးစိပ် ထားတာတွေအားလုံးကို ဆီထဲ့ပြီး လုံးလိုက်ပါတယ်။ (အချိန်မပေးနိုင်လို့ ရယ်သိပ်လဲမထူးဘူးထင်လို့ ဆီမသပ်တော့ပါဘူး)ခရမ်းချဉ်သီးကြေတဲ့ထိ၊ ရေလိုရင်ရေနဲနဲချင်းထဲ့ပြီးချေပေးပြီးကြာကြာလေးတော့တယ်ရပါတယ်။ ငံပြာရည် နဲနဲကဲထဲ့ပါတယ် တို့ စားလို့  ကောင်းအောင်။ ဆီလျှော့ထဲ့ထားပါတယ်။ ခရမ်းချဉ်သီးဗူးနဲ့ ချက်ရင်တော့ super fast ပေါ့။ ဗူးတွေပေါတဲ့အရပ်မို့ fresh ပဲဖြစ်နိုင်ရင်စားချင်ပါတယ်။ ဆီပြန်ပြန်လေးကြိုက်ရင်ဆီများထဲ့နိုင်ပါတယ်။ဟင်းချက်တာကတော့ အချိန်ရယ်၊ mood ရယ် အပေါ် မူတည်ပြီးကောင်းတစ်လှဲ့ မကောင်းတစ်လှဲ့ ဖြစ်တတ်ပါတယ်။ အချိန်ရပေမဲ့mood ကမကောင်းရင်တော့၊ (အဟင်း) တာ့တာ ပေါ့၊ အင်္ဂလိပ်ကြောင်အိမ်ထဲမှာ သိမ်းရတာ အဆင်ပြေအောင် container ထဲဘဲထဲ့လိုက်ပါတော့တယ်။






No comments:

Post a Comment

မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။