Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Wednesday, February 18, 2015
နယူးအော်လင်းက မာဒီဂရာစ်ပုတီးပစ်ပွဲတော်
မတင်တာကြာလို့ လာလာအော်နေတဲ့ ဘော်ဒါတွေအတွက်ရယ်
ကြားသာကြားဘူးပြီးမမြင်ဘူးကြတဲ့မြန်မာလူမျိုးတွေအတွက်ရယ်
ကြားလည်းမကြားဘူးမြင်လည်းမမြင်ဘူးသူများအတွက်ရည်ရွယ်လို့ 
အဲဒီနေ့ မှာ ပွဲတော်တွေကျင်းပကြ စားကောင်းသောက်ဖွယ်တွေစားကြနဲ့ ဆင်နွှဲကြပါသတဲ့။ တိုက်ရိုက်ဆိုရင်တော့ 'farewell to meat' ဖြစ်ပါသတဲ့။
ဟိုအရင်တုန်းက အခုအမေရိကန်နိုင်ငံ ရဲ့ လူဝီဇီယားနားပြည်နယ် တို့ အလာဘားမားပြည်နယ်တို့ မစ်စီစီပီပြည်နယ်တို့ ဖြစ်လာမဲ့နယ်မြေတွေကို ပြင်သစ်တွေကကိုလိုနီနယ်ချဲ့ ပြီး
တစ်နှစ်မှာတော့ အဲဒီပွဲ ကို လာရောက်တဲ့ ရုရှားတော်ဝင် Alexis Romanov, Grand Duke of Russia, ကို ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ တော်ဝင်မိသားစုရဲ့  အရောင်တွေဖြစ်တဲ့ အစိမ်း၊ ပန်းခရမ်းရောင်၊ နဲ့ ရွှေရောင် တွေနဲ့ ပွဲတော်ကို အလှဆင်ခဲ့ကြပါသတဲ့။ အစိမ်းက သစ္စာတရား။ ပန်းမရမ်းရောင်က တရားမျှတခြင်း  နဲ့ ရွှေရောင် က တန်ခိုးအာဏာ ကိုကိုယ်စားပြု ပြီး ဒီနေ့ တိုင် အဲဒီအရောင်တွေဟာ ပွဲတော်ရဲ့  သင်္ကေတ အရောင်များအဖြစ်သုံးလို့ နေပါတယ်။ အဲဒီနေ့ က တော်ဝင်ဧည့်သည်ကို ကြိုဆိုဧည့်ခံဖို့ ကို လည်း ဘုရင် နဲ့ ဘုရင်မ (ကင်းနဲ့ ကွင်း) ကို ရွေးချယ်ဖန်တီးပြီး ဧည့်ခံစေခဲ့ရာက စလို့ ကင်း နဲ့ ကွင်း ရွေးချယ်လို့ အလှဆင်ထားတဲ့ ယာဉ်တွေပေါ်ကနေ ပုတီး တွေ ခွက်တွေ အရုပ်တွေ ဒင်္ဂါးပြား (အခုတော့ အတု)တွေ ပစ်ကျဲ ကြတဲ့ အလေ့ဟာ ဒီနေ့ ထိစွဲလာကြတာပါတဲ့။
ကဲ..အာလူးပေးတာရပ်လို့ အောက်ကပုံတွေကို ရှုစားကြပါတော့။
အိုင်အိုရာတို့ ငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ ၀င်းဦးနဲ့ ခင်သန်းနုပါတဲ့ မောင်တို့ ချယ်ရီမြေ ဆိုတဲ့ ရုပ်ရှင် ဟာ (အိုင်အိုရာ အမှတ်မမှားရင်) အင်္ဂလိပ်ကား Mardi Gras ကို ပြန်ရိုက်ထားတာဆိုတာ အိုင်အိုရာလည်း အဲဒီ ကားကို အမေရိကန်မှာ ကြည့်ဖူးမှ သိတော့တယ်။ အဲဒီကားမှာ ဒီ မာဒီဂရာစ် ပွဲကို တည်ပြီးရိုက်ထားတာလေ။ မောင်တို့ ချယ်ရီမြေမှာ တော့ မြန်မာသင်္ကြန်ပွဲတော်အလှပြကားတွေနဲ့ ပေါ့။
ဒါကြောင့် သင်္ကြန်နဲ့ သဘောတရားဆင်တဲ့ ဒီပွဲတော်ကို သွားတော့ ပုတီးရဖို့ အော်ရတာ တွေဟာ ရေပက်တော့အော်ကြသလိုမျိုးတွေလိုလို ပန်းကုံးတွေပေးကြသလိုမျိုးလိုလိုဘာလိုလိုနဲ့ ။ လူတွေကလည်းပျော်နေကြတာ တေးသံတွေကလည်း ကားတွေပေါ်မှာ တီးဝိုင်းတင်ပြီးဆိုလာကြတာရော ဘင်ခရာတီးဝိုင်းတွေလျှောက်ရင်းတီးတာရောနဲ့ မြိုင်နေတာဘဲ။ လူတွေကလည်း သီချင်းသံတွေနဲ့ အတူကကြ ယိမ်းကြနဲ့ ။ အိုင်အိုရာလည်း မြန်မာသင်္ကြန် ကိုသတိရလိုက်တာ အရမ်းဘဲ။
အိုင်အိုရာတို့ လည်းပျော်ပျော်ကြီး အော်ဟစ် ယိမ်းခဲ့ပါသေး။ ကဲမဲ့သာကဲရတာ အဲဒီနေ့ က အရမ်းအေးတာ။ ဦးထုတ်တွေရော ဂျာကင်တွေရော ပုဝါတွေရော ပုတီးတွေရော အရုပ်တွေရောနဲ့ ရှုပ်ရှက်ကိုခပ်နေတာဘဲ။း)
ကင်း
ကွင်း
တီးဝိုင်း
လေထဲမှာ ပစ်ကျဲလိုက်တဲ့ ပုတီး
ပွဲတော်က ပြန်လာတော့ လူတွေမှာ ပုတီးတွေ အရုပ်တွေကို စားစရာတွေထဲ့လာတဲ့ရေခဲဘူး တွေထဲရော အိတ်တွေနဲ့ ရော သယ်ပြန်ကြတယ်။ ညောင်းရင် ရေခဲဘူးပေါ်ထိုင်ကြသေးတယ်။း)
ပွဲတော်ကအပြန် သယ်သွားကြတာ
ဒါက ပွဲတော်က အပြန် ကမ္ဘာ့ အရှည်ဆုံးတံတားတစ်ခုပေါ်က မြင်ကွင်း
အိုင်အိုရာတို့ ရလာတဲ့ ပွဲတော်က ပစ္စည်းတွေ
လာလည်တဲ့ သူငယ်ချင်းအသစ်တွေ အဟောင်းတွေ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားလျှက်..
အိုင်အိုရာ
16 comments:
  1. သေချာတာပေါ့ အိုင်အိုရာရယ်.... မတင်တာကြာဆို ဘလော့ဂါနာမည်တောင် မေ့ချင်ချင်ဖြစ်နေပြီ... :P
    စိတ်ဝင်စားစရာ ပုတီးပစ်ပွဲတော်လေး အကြောင်းသိခွင့်ရလို့ ကျေးဇူးပါနော်။ တစ်ရွာတစ်ပုဒ်ဆန်းပါလား...
    ReplyDelete
    Replies
    1. တီတင့်..
      လုံးဝမမေ့သွားခင်မြန်မြန်တင်လိုက်တယ်နော်။
      မာဒီဂရာစ်ကို ဒီကလူတွေလည်းအိုင်အိုရာတို့ သင်္ကြန်စွဲသလိုစွဲတာ။
      အိုင်အိုရာ
      Delete
  2. အိုင်အိုရာတို.ရလာတဲ့ပုတီးလေးတွေကရောင်စုံဘဲ။လှလိုက်တာ။ပွဲတော်ကိုလဲပါဝင်ဆင်နွှဲသွားပါတယ်။
    ReplyDelete
    Replies
    1. အန်တီဦး..
      အဲဒီပုတီးတွေပစ်ရင်လည်းလိုချင်တယ်။ ဖမ်းရတာအမော။
      အိမ်မှာလည်းပြိးတော့ပုံးတွေထဲထဲ့ပြီးသိမ်း။ ရှုပ်တာဘဲအဖတ်တင်တာ။
      ပွဲတော်ပြီးသွားရင် လမ်းပေါ်က ဓါတ်ကြိုးတွေ သစ်ပင်တွေမှာ တွဲလောင်းတွေအများကြီးဘဲ။
      အိုင်အိုရာ
      Delete
  3. ပျော်စရာကြီးပဲ
    ReplyDelete
    Replies
    1. စန်းထွန်း..
      ဟုတ်တယ်..ပျော်စရာကြီး။
      မမအိုင်အိုရာ
      Delete
  4. အစားအသောက် ပို.စ်တွေကိုလဲ မျှော်နေပါတယ်။ ;)
    ReplyDelete
    Replies
    1. ကိုထွန်းထွန်း..
      တင်သာမတင်ဖြစ်တာ ဟင်းချက်တိုင်းလိုလို
      အပြင်ထွက်စားတိုင်းလိုလို ဓါတ်ပုံကတော့ရိုက်သလားမမေးနဲ့ ဘဲ။
      မျှော်နေရင်တင်ပေးရမှာပေါ့..ဟဟ။
      အိုင်အိုရာ
      Delete
  5. ပုတီးတွေအများကြီးပဲ ရလာတယ်နော်
    ဟင်းလေးတွေ တင်ပါဦး မျှော်နေတယ်
    ReplyDelete
  6. စူးနွယ်လေး..
    ဒါတောင်ပုတီးတွေက ဘေးကျသွားတာတွေအောက်ကျနေတာတွေမကောက်လို့ ..သိလား.
    ဟင်းလေးတွေတင်ပါအုန်းမယ်။ မျှော်နေတဲ့သူတွေများနေတော့ တင်ဖြစ်အောင်ကြိုးစားမှဘဲနော်။
    အိုင်အိုရာ
    ReplyDelete
  7. လက်ဆောင်ထဲကတခုလောက်မျှပါဗျို့ :P
    ReplyDelete
  8. တကယ်ယူမှာဆို လိပ်စာပေး..
    ပို့ လိုက်မယ်ဗျို့ ...တစ်ခုမကဘူး အများကြီးပေးမယ်။
    အရင်နှစ်တွေထဲကရထားတာတွေနဲ့ ဆိုနဲဘူးကြီးလို့ ပြောရမယ်။ ဟ ဟ..
    အိုင်အိုရာ
    ReplyDelete
  9. မမအိုင်အိုရာ ရေပုတီးတွေအများကြီးပဲ။ မလေးက ပုတီးလေးတွေမြင်အရမ်းသဘောကျတာ။ မမရေဟင်းတွေတင်အုံးနော်။
    မလေးမြတ်
    ReplyDelete
  10. မလေးရေ..
    ကိုယ်ကပုတီးတွေကို မြင်ရင်နဲ့ ပစ်တဲ့အချိန်ဆိုအရမ်းလိုချင်တာ။ ခလေးလိုအော်ဟစ်ပြီး ဖမ်းရတာပျော်စရာ။
    ဒါပေမဲ့အိမ်အလှဆင်တာမှာပဲ သုံးဖြစ်တယ်။ မဆွဲပါဘူး။ ဒီမှာကျတော့လည်း ပေါသလိုဖြစ်နေတာကိုး။
    ဟင်းတွေတင်အုန်းမယ်လေ။ မေးတဲ့သူတွေများနေတော့။ အဲကျ လာခဲ့အုန်းနော်။
    အိုင်အိုရာ
    ReplyDelete
  11. စိတ်ဝင်စားစရာပဲနော်၊ မောင်တို့ချယ်ရီမြေဟာ အဲဒီလိုဆိုတာ သိရတယ်၊ ပုံတွေ အကုန်လုံးကိုတော့ ကော်နက်ရှင်ကြောင့် မကြည့်ရသေးဘူး၊ မျှဝေပေးလို့ ကျေးဇူးပါ။
    ReplyDelete
  12. Pyone Pan,
    Thanks for visiting.
    When you can see the images I think you will enjoy them.
    I can't type Burmese font now. I don't know why. Will figure it out later.
    Iora
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။