Sometimes, I feel like I would like to share something with my old friends, new friends and my family members. This is just a place where I, my friends and my family members can share our ideas and our interests.
Tuesday, May 8, 2012
မြန်ကောင်းသက်သာနဲ့ ဝမ်းနည်းဝမ်းသာနှုတ်ဆက်ပွဲ
ကန်စွန်းရွက်ကြော်၊ ကြာဆံကြော်၊ ကြက်သားအာလူး၊ သခွားသီးနဲ့ ကြက်သွန်ချဉ်၊ တရုတ်နံနံရိုး နဲ့ ခါဂျက်ဥ၊ ချစ်ပ်စ်၊ ၀က်သားလုံးကြော် နဲ့ ဆလတ်ရွက်၊ ဟင်းချို၊ လက်ဖက်သုပ်
မြန်မြန်နဲ့ စားကောင်း သူတို့ လည်းစားနိုင်၊ အမြင်မှာလည်းလှ လူလည်းသက်သာ၊ ငွေလည်းသိပ်မကုန်၊ သိပ်လည်းအလုပ်မရှုပ်မဲ့ဟင်းတွေကို သူနဲ့ တိုင်ပင်ပြီးစီစဉ်ချက်လိုက်ပါတယ်။ ကျမစီစဉ်လိုက်တာကတော့ ကြက်သားအာလူး(အာလူးကရှိပြီးသား)မဆလာချက်ရယ်၊ ၀က်သားလုံးပြုတ်ကြော်ခြောက်ခြောက်လေးရယ်၊(မကြော်ဘူးလေ။ ကြော်ရင်အချိန်ပေးရတယ်။ လူပင်ပန်းတယ်။ညှော်တယ်။ ပျော့သွားရင်လည်းစားမကောင်းဘူးလေ)လက်ဖက်သုပ်ရယ်  (ဒါလည်းအဆင်သင့်ရှိပြီးရယ်ဒီမိတ်အထုတ်)၊ ကညွတ်ဖြစ်ဖြစ်အစိမ်းရောင်အရွက်တစ်မျိုးကြော်ရယ် (ကန်စွန်းရွက်ကြော်ဖြစ်သွားပါတယ်။ မြန်တယ်လေ။ကညွတ်ကဈေးကြီးနေပြီးကန်စွန်းရွက်ကသက်သာနေတယ်။)   နောက်ဆုံးတင်ထားတဲ့ပို့ စ်က ပုံစံမျိုး ကြာဆံကြော်ရယ်၊ ကြက်ရိုးပြုတ်ဟင်းချိုကို ကြက်သွန်မြိတ်၊ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်ကောင်းခတ်နဲ့ Appetizer ကိုတော့လွယ်လွယ်ရှိနေတာကိုဘဲလှအောင်ပြင်ထဲ့လိုက်ပါတယ်။ အာလူးကြော်ရယ်၊ နောက်ထပ်ချစ်ပ်တစ်မျိုးရယ်၊ ကျမတော့သိပ်သဘောကျတာမဟုတ်ပေမဲ့ဒီကဘိုပွဲတွေမှာအမြဲလိုပါလေ့ပါထရှိတဲ့ တရုတ်နံနံရိုးရယ်၊ ခါဂျက်ဥရယ်နဲ့ သူနဲ့ တွဲစားဘို့ ဟုမ်းမိတ်ဆော့စ်တစ်မျိုးကိုပဲပြုတ်နဲ့ ဖန်တီးလိုက်ပါတယ်။
သူငယ်ချင်းတို့ လည်း ပွဲရှိလို့ မစဉ်းစားချင်ရင်ဒီလိုပဲလုပ်ကြည့်ရင်သိပ်မပင်ပန်းပဲလှလှပပနဲ့ ပြီးသွားပြီး အားလုံးလည်းအားပေးကြတာတွေ့ ရပါလိမ့်မယ်။ ကျမက တနင်္ဂနွေနေ့ ခင်းပိုင်းမှာစားဘို့ စီစဉ်ထားတာပါ။ အားလုံးအဆင်ပြေတဲ့အချိန်ညှိလိုက်ကြတာလေ။ အဲတော့သောကြာနေ့ ညမှာ ကျောက်ကျော နှစ်ဘန်း (အဖြူသက်သက်ရယ် သာကူပန်းရောင်နဲ့ အစိမ်းရောထားတာရယ်)အရင်ထိုးထားလိုက်ပါတယ်။ အဲဒါကလည်းဘာမှမကြာပါဘူး။ ပင်လည်းမပင်ပန်းဘူး။ နာရီဝက်ဆိုတစ်ဘန်းရတာပါဘဲ။ အဲဒီညကတည်းကတစ်ဘန်းကိုလှီးပြီးဘူးတွေထဲထဲ့ပြီးရေခဲသေတ္တာထဲထဲ့ထားလိုက်တယ်လေ။ နောက်နေ့ တဘန်းကိုလှီးပြီးထဲ့ပေါ့။   ကျောက်ကျောကတော့လွယ်လို့ ထိုးနည်းမလိုပါဘူးနော်။
 သောကြာမှာဈေးဝယ်တယ်။ ကြက်သားကိုစနေနေ့ မနက်ပိုင်းမှာဆားဆနွင်း၊မဆလာ၊ ဒိန်ချဉ်၊ ကြက်သားမှုန့် ၊ ငံပြာရည်နဲ့ နယ်ပြီးနှပ်ထား။ ကြက်သားနယ်ပြီးတော့ကန်စွန်းရွက်ရယ်၊ ကြာဆံကြော်ရယ်ထဲထဲ့မဲ့ အသီးအရွက်တွေ (ခါဂျက်ဥ၊ ဘရော့ကလီ၊ ပန်းမုန်လာ၊ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ ကိုလည်းသင်ပြီးလှီးချွတ် ရေစစ်ထားပါတယ်။ ပြီးတော့ရေအရမ်းစစ်အောင်မစောင့်ပဲ   ရေခဲသေတ္တာထဲမှာ ထဲ့ထားလိုက်ပါတယ်။ ကြက်သွန်ဖြူကတော့နကိုယ်တည်းကသင်ပြီးသားတွေရှိတော့သင်စရာမလိုတော့ဘူး။ ဂျင်းပဲသင်ထားလိုက်တယ်။ ပဲပြုတ်နဲ့ ပုဇွန် အထုတ်တွေကိုရေခဲသေတ္တာအောက်ထပ်မှာရွှေ့  ထားလိုက်တယ်။ နောက်နေ့ သုံးရင်မခဲနေအောင်လို့ လေ။
ညနေပိုင်းကျတော့ကြက်သားကိုဂျင်း၊ ကြက်သွန်ဖြူနီ၊ မဆလာ၊ ပျဉ်းတော်သိမ်၊ ဇီယာနဲ့ ဆီသတ်ပြီးမှ ပေါင်းအိုးထဲမှာရေကိုကြက်သားမြုတ်ရုံထဲ့ပြီးတည်လိုက်ပါတယ်။ ပေါင်းအိုးနဲ့ ဆိုတော့ ဆယ်မိနစ် ကျော်ကျော်လောက်ဆိုအသားကကျက်ပြီး အာလူးရောလို့ ရတဲ့အနေရပြီ။ ဆီလည်ရေလည်အနှစ်နဲ့ ချက်မှာဆိုတော့ ရေကိုများများထဲ့ထားပါတယ်။ အာလူးကလည်းအရည်တွေစုတ်အုန်းမှာဆိုတော့များများထဲ့မှ မခြောက်မှာပါ။ တနင်္ဂနွေမနက်ကျတော့မှ အာလူးဆားနယ်ပြီးရောလိုက်ပါတယ်။ အာလူးကိုနဲနဲလည်းကြေစေချင်။ အားလုံးလည်းမကြေစေချင်ဆိုတော့ တ၀က်ကိုဒီတိုင်းရော၊ တ၀က်ကိုဆီနဲ့ လှိမ့်ပြီးမှထဲ့လိုက်ပါတယ်။ ချခါနီးတော့မဆလာလေးထပ်အုပ်တော့မွှေးမွှေးလေးပေါ့။
ကြာဆံကြော် (ပြီးခဲ့တဲ့ပို့ စ်မှာကြော်တဲ့အတိုင်းကြော်ထားတာပါ။ အသားမပါပါဘူး။ ပုဇွန်နဲ့ ကြက်ဥနဲ့ အသီးအရွက်တွေပဲပါပါတယ်။)
သခွားသီး၊ကြက်သွန်နီ နဲ့ ငရုတ်ဆီ၊ သကြားလေးနဲနဲထဲ့ပါတယ်။
သူတို့ တွေလာပြီးတော့မှ ကန်စွန်းရွက်ကြော်ပါတယ်။ စားပြီးတော်တော်လေးကြာမှရိုက်ရလို့ နဲနဲမဲနေပြီ။               
ဧည့်သည်တွေစားနေတုန်းမှာမြန်မြန်ရိုက်ရတော့မြင်တဲ့အတိုင်းဝါးတားတားဘဲ။ မကုန်ခင်မြန်မြန်ရိုက်ရတာ။ဝက်သားလုံးကိုလည်းစနေနေ့ ကတည်းက ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊ ခရုဆီ၊ ကြက်သားမှုန့် နယ်လုံးပြီးပြုတ်ကြော်လုပ်ထားလိုက်ပါတယ်။ ကျမကစနယ်ကတည်းကချက်မဲ့ဒယ်အိုးကြီးထဲထဲ့ပြီးနယ်ပြီးဘေးမှာလုံးပြီးစီသွားလိုက်တာ။ ဆေးရတာသက်သာအောင်ရယ်၊ အချိန်ကုန်သက်သာအောင်ရယ်ပေါ့။ ပြီးတော့ရေနဲ့  ဆီနဲ့ တစ်ခါတည်းထဲ့ပြီး အသားလုံးတွေမာသွားတော့မှတစ်လုံးစီပုံမပျက်အောင်ဇွန်းနဲ့ အသာလေးမွှေရင်းခွဲသွားပါတယ်။ ဆီပြန်တဲ့ထိတည်ထားလိုက်ပါတယ်။ မနက်စားခါနီးကျမှ ရဲရဲလေးဖြစ်အောင်အပူပေးပြီးပြန်လှိမ့်ပြီးမှ ပွဲပြင်လိုက်ပါတယ်။ ပန်းကန်လည်းလှ တွဲစားလို့ လည်းရအောင် အမေရိကန်ရိုမိန်းဆလတ်ရွက်နဲ့ ဘေးမှာစိတ်ထားတဲ့သံပုရာသီးနဲ့ တွဲထဲ့လိုက်ပါတယ်။
ပုံတွေဝါးနေတာတော့သီးခံလက်စနဲ့ သီးခံတော့နော်။ ဒါကလက်ဖက်သုပ်။ သူ့ ကိုလည်းဂေါ်ဖီတွေစနေနေ့ ကတည်းကလှီးပြီးနယ်မဲ့အိုးထဲအဆင်သင့်ထဲ့အုပ်ထားလိုက်တာ။ ခရမ်းချဉ်သီးပါရေဆေးပြီးထဲ့ထားလိုက်တယ်။ မနက်ကျတော့ကြက်သားထဲအာလူးရောနေချိန်မှာခရမ်းချဉ်သီး ရော သံပုရာသီးရောလှီးထဲ့ထားလိုက်တယ်။ လက်ဖက်ပုလင်းတွေအဆင်သင့်ဘေးမှာထားထားလိုက်တယ်။ မြန်အောင်လို့ ။ စားခါနီးမှလက်အိတ်စွတ်ပြီးအားလုံးထဲ့ငံပြာရည်၊ နဲ့  ဆီထဲ့ပြီးနယ်ပေးလိုက်ပါတယ်။ ငရုတ်သီးမစားနိုင်ကြတော့ဘေးမှာပဲပုံပေးလိုက်ပါတယ်။
ချစ်ပ်စ်..နဲ့ ပဲပြုတ် Humus . Humus ဆိုတာ popular ဖြစ်တဲ့ Middle Eastern dip တစ်မျိုးပါ။ သူတို့ အရှေ့ အလည်ပိုင်းမှာတော့ဘယ်လိုစားတယ်မသိ။ Bread နဲ့ စားတယ်လို့ တော့ကြားဘူးတယ်။ ဒီမှာတော့အဲဒီတရုတ်နံနံရိုးတို့ ၊ ခါဂျက်ဥတို့ ၊ ငရုတ်သီးအပွတောင့်ရောင်စုံတွေလှီးထားတာတို့  နောက်ပြီး မက်ဆီကန်အစာတစ်မျိုးဖြစ်တဲ့ တော်တီးယာလို့ ခေါ်တဲ့ချစ်ပ်စ်တွေနဲ့ တွဲစားကြပါတယ်။( Tortilla chips ကို ခရမ်းချဉ်သီးပန်ထွေဖျော်ပုံစံမျိုးစုံနဲ့ လည်းစားကြပါသေးတယ်။) အိုင်အိုရာလည်းကိုယ်ကြိုက်တာတွေကိုယ်ထဲ့ပြီးအိုင်အိုရာ့စတိုင်လုပ်လိုက်ပါတယ်။ ပဲပြုတ်ကို ရေနဲနဲ့ ထဲ့၊ ကြက်သွန်နီကြော်ထဲ့၊ ဆားနဲနဲထဲ့၊ မဆလာနဲနဲထဲ့ သံပုရာသီးနဲနဲညှစ်ထဲ့ပြီး ဘလင်ဒါနဲ့ ကြိတ်လိုက်တာ အပေါ်ကလို တို့ စားလို့ ရသွားပါတယ်။ သူတို့ လည်းအရမ်းကြိုက်ကြလို့ လုပ်နည်းမေးနေသေးတယ်။း)) အတုကို။
ကျောက်ကျော..ကိုယ့်ဖာသာကိုယ်လည်းမြည်းရသေးတာပေါ့နော်။း)
ကျောက်ကျော..ဘယ်တော့မှမမုန်းတဲ့ကျောက်ကျော
စနေနေ့ ကတည်းကဘူးထဲထဲ့ထားပြီးဘူးလိုက်ပဲချကျွေးလိုက်တော့တယ်။း)
အုန်းထမင်း နဲ့ ရိုးရိုးထမင်းနှစ်မျိုးချက်ပါတယ်။ ဒါကအုန်းထမင်း။ ထမင်းနှစ်အိုးလုံးကို နေ့ ခင်း ၁၂ နာရီမှာစတည်ပါတယ်။ ဒါမှ နေ့ ခင်း ၁နာရီကျော်မှာအဆင်သင့်လည်းဖြစ်နေအောင်ပူလည်းပူနေအောင်ပလတ်မဖြုတ်သေးဘဲတင်ပေးထားလိုက်ပါတယ်။ ပန်းကန်တွေဇွန်းတွေခရင်းတွေခွက်တွေအားလုံး ဘူဖေးလိုကိုယ့်ဖာသာကိုယ်ထဲ့စားနိုင်အောင်အဆင်သင့်တင်ပေးထားလိုက်ပါတယ်စနေနေ့ ညကတည်းက။ ပြီးတော့အပေါ်ကနေအားလုံးကိုအုပ်ထားပြီး မနက်ကျမှအုပ်ထားတာကိုဖယ်ထားလိုက်ပါတယ်။ သူတို့ လည်းစိတ်ကြိုက်ထဲ့။ အိမ်ရှင်လည်းသက်သာပေါ့။
ပုံတွေဝါးနေတာသီးခံပါနော်။
အိုင်အိုရာတို့ အိမ်ကလက်ဖက်သုပ်ရင်ဂေါ်ဖီဖတ်ကြီးမှကြိုက်တယ်။ သေးရင်နယ်ပြီးရင်နွမ်းဖတ်သွားလို့ မကြိုက်ဘူးလေ။
ကျောက်ကျောအတွင်းသား
အချိုပွဲ အုန်းနို့ သာကူကျောက်ကျော
အုန်းနို့ ကျောက်ကျော
ကျောက်ကျောဘန်းအအေးခံထားတာ
ကဲ..လာပါပြီ ကိုကိုတို့ မောင်မောင်တို့ အကြိုက်၊ ခလယ်ကပုလင်းကဘီယာပုလင်း။ဘယ်ဘက်က စက္ကူဘူးကလည်းဘီယာဘူးဘဲ။
လာပါပြီ။ ကိုကိုကာလသားတို့ အကြိုက် Tequila. တီကီးလာဆိုတာမက်ဆီကန်အရက်တစ်မျိုးပါ။ သိပ်ပြင်းပါတယ်။  သူ့ ကိုသောက်ရင် ဖန်ခွက်သေးသေးလေးထဲကိုထဲ့ပြီး straight  သောက်ရင်သောက်။ " lick..sip.. suck" လို့ ပြောပြီးသောက်တဲ့ နည်းနဲ့ သောက်ရင်သောက်။ လက်ညှိုးအရင်းနားမှာ ဆားကိုတင်၊ ရှောက်သီးစိပ်ကို အဆင်သင့်ထား ဖန်ခွက်သေးသေးထဲကိုတီကီးလာထဲ့။ ၀မ်း တူး သရီး ဆို ဆားကိုအရင်လျက်၊ တီကီးလာကိုမော့၊ ရှောက်သီးစိပ်ကိုပါးစပ်နဲ့ မြန်မြန်စုတ်။ ပြင်းလွန်းအားကြီးလို့ လျှာတွေအာတွေပူဆင်းသွားတာပေါ့။ အိုင်အိုရာကတော့တီကီးလာကိုပင်းတယကိုအမေရိကန်သူငယ်ချင်းမလေး (ကြယ်ကြွေတာကြည့်တဲ့သူငယ်ချင်းလေ)နဲ့ သူ့ သူငယ်ချင်းတွေနဲ့ သွားကြတုန်းကဟိုတယ်မှာညစာမစားခင် အပေါ်ကနည်းကိုသင်ပေးခဲ့လို့ မြန်မာပြည်မှာတတ်လာခဲ့တာပါ။ ပြင်းသလားတော့မမေးနဲ့ ဘဲ။ ဒီမှာလည်းသူငယ်ချင်းယောက်ျားလေးတွေဂုဏ်ပြုကြ နှုတ်ဆက်ကြရင်အဲဒါနဲ့ ဘဲလေ။ တစ်ချိန်လုံးကြုံနေရတယ်။
ဒီပွဲလည်းထုံးစံအတိုင်းလက်ကျန်တွေရှိနေသေးတယ်လေ။ သူကတော့ကြက်သားဟင်းတွေမကုန်ခင် အုန်းထမင်းထပ်ချက်ကြွေးပါတဲ့လေ။ ၀က်သားလုံးကတော့အကုန်ပြောင်ပြီ။
သူငယ်ချင်းသွားတော့မယ်ဆိုတော့ရှိနေတုန်းက ခဏခဏမတွေ့ ဖြစ်ခဲ့တာနောင်တရနေတာ။
အမြဲပါဘဲလေ။ နေ့ တစ်ဓူဝကိစ္စတွေနဲ့ ဘ၀ကကုန်နေရတယ်။
တွေ့ ကြုံ ဆုံကွဲ ဓမ္မတာဘဲ ဆိုပေမဲ့ချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေးကိုတော့   လွမ်းနေမိဦးမှာပါ။     
ကဲ...ရေးတာလည်းရှည်နေပြီ။ ဖတ်ရတဲ့သူလည်းစိတ်မရှည်ဖြစ်နေလျော့မယ်။
အိုင်အိုရာလည်းအိပ်ချင်လှပြီ။ ဘုရားလည်းမရှစ်ခိုးရသေးဘူး။ မနက်လေးနာရီထိုးသွားပြီ။ မြန်မြန်အိပ်မှ။
မနက်ကျခေါင်းကိုက်နေရင်ဒုက္ခ။း))
ထုံးစံအတိုင်းလာလည်လို့ မိတ်ဟောင်းမိတ်သစ်များအားလုံးကိုကျေးဇူးတင်ပါတယ်လို့ ။
ခင်မင်လေးစားသော...
အိုင်အိုရာ   
32 comments:
  1. သများတို့အတွက်မပါပေမယ့်လဲ
    အရှက်မရှိ သရက်စေ့ သများ ဂျက်ကလာရောက်သုံးဆောင်ခဲ့ပါတယ်
    အားလုံးကစားချင်စရာတွေကြီးပါပဲရှင် သများနဲ့တွေ့တဲ့အခါလဲအဲလိုလေးချက်
    ကျွေးပါနော်လို့--------
    ReplyDelete
  2. တကယ် ပါ အမရာ
    တံတွေးတွေ ဂလု ဂလု နဲ့ မောက်စ် ကိုင်းရင် ကျနေတာ
    ဟီးးးးးးဟီးးးးးးး
    စိတ်မဆိုးနဲ့နော် ၀မ်းနဲ့ဝမ်းသာ လို့ခေါင်းစဉ်တက်လာလို့
    ကျူတီက ရိုးရာ ပွဲလုပ်တယ် ထင်နေတာ :D :D
    စိတ်မဆိုးနဲ့နော် မမ အိုင်အိုရာ :D
    ReplyDelete
    Replies
    1. Qt..
      နီးနေရင်အတင်းဒီကကျွေးမှာသိလား။
      စိတ်မဆိုးပါဘူးကျူတီကလည်း။ ဘာကိုဆိုးရမှာလည်း။း))
      Delete
  3. စုံလှ လင်လှချည့်
    ReplyDelete
    Replies
    1. ဗစ်..
      တကယ်ဆို ကြာဆံကြော်မပါတောင်ရတယ်။ ကိုယ်ကကျွေးချင်လို့ ထဲ့တာလေ များတောင်နေသေးတယ်။ စားစရာအမယ်များတော့ တစ်ခုချင်းထဲ့လိုက်ရင်ပဲ ပန်းကန်ကတော်တော်မောက်နေပြီ။ ဒါကြောင့်ဟင်းတွေကျန်နေတာ။
      Delete
  4. Replies
    1. KhinU Khine..
      You are welcome. Thanks for visiting and commenting too.
      Delete
  5. Eat them all as usual.yammy:P
    Gyidaw
    ReplyDelete
    Replies
    1. Gyidaw...
      I miss you. How are you doing? Are you back?
      Thanks for nice words. :D
      Delete
  6. Well..if I never see that kind of party preparation, I'll always afraid to do party with colorful friends, thanks...& which d u use to get pink color in ur jelly.
    ReplyDelete
    Replies
    1. Khin..
      Yeah..it is kind of like combination of our Burmese culture and the good taste that all people from various places can eat happily. So the dishes with mild taste are always a good option. I got the pink color from the pink color tapioca pearl in my jelly. Thanks for joining.
      Delete
  7. အဲဒီ dipping sauce မစားဖူးဘူး။ လက်ဖက်ကို ကြိုက်ကြလား မမ?
    ReplyDelete
    Replies
    1. မြတ်ကြည်လေး..
      အဲဒီလို dipping sauce ကိုကျောင်းတက်တုန်းက Lab ထဲမှာတစ်နေကုန်နေရတဲ့အခါတွေမှာအလှည့်ကျအဆာပြေတွေဝယ်လာကြပြီးစားကြတော့အမြဲပါနေတော့စားဖြစ် သွားတာ။ မဆလာနံ့ လေးနဲ့ ဆိုတော့စားလို့ ဝင်တယ်လေဘိုစာတွေကြားမှာ။း) လက်ဖက်ကတော့တစ်အားကြိုက်ကြလို့ မြတ်ကြည်လေးရေ။ ၀ယ်ပေးပါဆိုပြီးမှာလို့ ခဏခဏ၀ယ်ပေးရတယ်။ တစ်ခါတစ်ခါအ၀ယ်မှားလို့ အစပ်တွေနဲ့ တိုးလို့ မစားနိုင်ကြတာလည်းကြုံရသေးတယ်။ တစ်ချို့ အထုတ်တွေက ချဉ်ငံစပ်ပဲရေးထားတာ။ ဘယ်လောက်စပ်တယ်။ မစပ်ဘူးမသိရဘူးလေ။ အားလုံးတော့မဟုတ်ပါဘူး။ မ ရဲ့ thesis defense day တုန်းက မ တို့ ဌာနက defense အပြီးမှာ partyလုပ်ပေးတယ်လေ။ အဲဒါ လက်ဖက်ကိုသူတို့ ဖာသာမြန်မာစားသောက်ဆိုင်ကနေ အော်ဒါမှာပြီး ထဲ့ကြတယ်။ ရှန်ပိန်ဖေါက်ပြီးလက်ဖက်နဲ့ ရယ်တော့ရယ်ရသား။ အမေရိကန်ပရော်ဖက်ဆာတွေလည်းကြိုက်သလားမမေးနဲ့ ။ ကိုယ့်ရိုးရာအစာကိုကြိုက်တယ်ဆိုတော့ကိုယ်ကလည်းပျော်တာပေါ့နော်။
      Delete
  8. ကြာဇံကြော်နဲ့.. ကျောက်ကျောတော့ တကယ်စားချင်သွားတယ်.. ကျန်တာတွေလည်း အားလုံးကြိုက်တယ် :D
    ReplyDelete
    Replies
    1. စနိုးမေ..
      ကြိုက်တာသာသုံးဆောင်သွားပါနော်။ လေနဲ့ ကျွေးရတာတော့တကယ်အားနာပါတယ်။း)
      Delete
  9. Wow... ကျနော်လည်း ပြင်သစ်သွားပြီး ပီအိပ်ခ်ျဒီ သွားတက်ချင် လာပြီ၊း)
    တကယ့်ကို အမျိုးစုံသလို လူပေါင်းစုံ ကြိုက်မယ့် ဟင်းတွေပါပဲဗျာ၊ မြန်၊ ကောင်း၊ သက်သာဆိုတဲ့ နာမည်နဲ့လည်း လိုက်တယ်၊ ကန်စွန်းရွက်၊ လက်ဖက်သုပ်နဲ့တင် ကျနော့်အတွက် စားကောင်းနေပြီ၊ တကီလာက ဒီလောက်မပြင်းပါဘူး မအိုင်အိုရာရဲ့..၊း) ကြိုက်တယ်..။
    ReplyDelete
    Replies
    1. ကိုညီလင်းသစ်..
      အဟီး..သွားတက်လေ။ အွန်လိုင်းကနေ ပွဲလုပ်ပေးမယ်။း))
      တကီလာကမပြင်းဘူးဆိုတော့ကိုညီလင်းသစ်က သဘာကြီးပါလားလို့ တွေးရမလိုဖြစ်သွားတယ်။ စတာပါ။
      သူတို့ တွေတော့ ပြင်းလွန်းလို့ ဆိုပြီးမီးရှို့ ကြည့်ကြတာ မီးတောက်တယ်လေ။ Straight သောက်ပြီးတာနဲ့ ရှုံ့ မဲ့ပြီး အပြေးအလွှားအသားလုံးတွေဝါးစားကြတယ်။း)
      ကျမတော့တကီးလာနဲ့ လုပ်တဲ့ မာဂရီတာစ်ကိုပိုကြိုက်တယ်။း)
      Delete
  10. I love all the dishes! I wish I'd be there eating them all, and definitely drinking the drinks!!!
    Mon Petit Avatar
    ReplyDelete
  11. Mon..
    I'm glad that you love all the dishes.
    I wish you were here and taste everything we had too!
    Iora
    ReplyDelete
  12. ဒီနေ့မှ ဘလော့ဂ်တွေ စာလိုက်ဖတ်ရင်း ညဥ့်နက်လာတော့ ဆာသလိုလို ဖြစ်လာတာ ကျိတ်မှိတ်ပြီး ဆက်ဖတ်နေတာ။ ခုတော့ မရတော့ဘူး။ ထစားရတော့မယ်။ နှိပ်စက်ချက်က အဲဒီလို။
    Tequila သောက်နည်းတော့ ကြားဖူးတယ်။ တခါမှတော့ မစမ်းဖူးသေးဘူး။
    သူငယ်ချင်းတွေက ဝေးတော့မယ်ဆိုမှ ကုန်ခဲ့တဲ့ အချိန်တွေ မတွေ့ဖြစ်ခဲ့တာတွေကို နောင်တ ရသလိုလို ဖြစ်မိတယ်။ အဲဒီစိတ်ကိုက တကယ်ခင်မင်သူတွေမှာ ဖြစ်လေ့ရှိတဲ့ စိတ်မျိုးပေါ့။
    တနေ့နေ့ ပြန်ဆုံကြမှာပါ။
    ReplyDelete
  13. အားပါးပါး။။။
    အားလုံးတယောက်ထဲချက်တာလား။
    တော်လိုက်တာ။
    ကျမဆိုချာချာလည်ပြီးဂန့် နေမှာ။
    ကျောက်ကျော်ကြိုတာတောင် ၃ခါလောက်ရှိပြီ။
    မဖြစ်သေးဘူး။
    အမေရိကန်လွတ်လပ်ရေးနေ့ 
    ကျရင်ကိုယ့်အစားစာကိုယ်ယူသွားရမယ်တဲ့။
    ဘာလုပ်ရမှန်းမသိသေးဘူး။
    အိုင်အိုရာpostထဲမှာမွေနှောက်ရှာကြည့်အုံးမယ်။
    အယ်ကိုဟော်ဖရိးဘီယာကောသောက်ဖူးလား။
    ဂျာမန်မှာသောက်ခဲ့တယ်။
    အားလုံးကအတူတူဘဲချဉ်စုပ်စုပ်ကြီးနော်..။
    ဟီးးးးတောသားတော့လုပ်ပြန်ပြီ။
    ReplyDelete
  14. ကိုမြစ်ကျိုးအင်း..
    အင်းအိမ်က တီကီလာပုလင်းပို့ လိုက်မှထင်တယ်။ ဘော်ဒါတွေနဲ့ စမ်းသပ်လို့ ရအောင်။း)
    ဟုတ်တယ်။ ဟုတ်တယ်..တကယ်ခင်လို့ ဖြစ်ရတာနော်။ တစ်ချို့ နှုတ်ဆက်ပွဲတွေသွားပါတယ်။ ဘာမှမခံစားရတာလည်းရှိတယ်။ ကောင်းတဲ့နေရာသွားရင်အားကျတာကလွဲလို့ နောင်တတော့မရခဲ့ပါဘူး။
    အိုင်အိုရာ
    မီးမီးငယ်..
    အားလုံးတစ်ယောက်တည်းချက်တာမှန်ပေမဲ့တော်တော့မတော်ပါဘူး။..
    ဟင်းတွေကမြန်ကောင်းသက်သာဆိုတဲ့အတိုင်းမြန်ပြီးစားကောင်းလူသက်သာငွေသက်သာဆိုတော့လူမပင်ပန်းလှပါဘူး။
    စာရွက်လေးနဲ့ ဘာလုပ်ရမယ်ဆိုတာတွေချရေးထားလိုက်တယ်လေ။ ဘယ်အချိန်ဘာလုပ်မယ်ဆိုပြီး။ ကြိုတွေးထားတော့ဇယ်ဆက်သလို အချိန်မလေအောင်လုပ်သွားလို့ ရတယ်လေ။ မတွေးထားရင်တော့အစီအစဉ်မကျတဲ့အခါစိတ်ပင်ပန်းရတာပေါ့။း)
    ကြည့်ကြည့်မွှေနှောက်ကြည့်သိချင်တာရှိရင် စီဘောက်စ်မှာအော်ခဲ့လည်းရတာဘဲ။
    အများနဲ့ ဆိုတော့ ကျောက်ကျောလည်းကောင်းတာဘဲ။ ကျောက်ကျော်လည်းကောင်းတာဘဲ။ အပန်းမကြီးရင်အိုင်အိုရာတော့အမြဲလက်ဖက်သုပ်ကျွေးတယ်။ ဒါပေမဲ့သယ်ရေးခက်ရင်တော့မကောင်းဘူး။
    ဘီယာနံ့ ရောအရသာရောမကြိုက်တတ်တော့သိပ်သောက်လေ့မရှိဘူး။
    Punchတို့  Margaritasတို့  wine တို့ တစ်ခါတစ်ခါပွဲရှိရင်သောက်ဖြစ်ပါတယ်။ အဲဒါတွေကိုသောက်နေတုန်းဘာမှမဖြစ်ဘူး။ နောက်နေ့ ကျခေါင်းကိုက်လို့ ချင့်သောက်ရပါတယ်။း)
    အိုင်အိုရာ
    အိုင်အိုရာ
    ReplyDelete
  15. ညီမလည်း မမလက်ရာကို စားခွင့်ရချင်တယ် :D :D
    ဓာတ်ပုံလေးတွေကြည့်ပြီးပဲ သရေကျသွားတယ် :D :P
    ReplyDelete
  16. စားဖွယ်စုံလင်နဲ့ စားခွင့်ကြုံချင်ပါသေးတယ် အိုင်အိုရာရေ (စကားခေါ်တာ :P)
    အုန်းနို့ကျောက်ကျော စားချင်လိုက်တာ တစ်နေ့က မချစ်(ချစ်ကြည်အေး) ထိုးကျွေးတာ မဝသေးဘူးး)
    အိုင်အိုရာရဲ့ သူငယ်ချင်းလေး PhD သွားတက်ရမှာဆိုတော့ Congratulation လို့ပြောလိုက်ပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  17. ကန်ဒီ..
    အွန်လိုင်းပေါ်ကချည့်စားနေရတာမနိတ်ဘူးနော်။း)း)
    ဓါတ်ပုံတွေကသေချာမချိန်နိုင်လို့ အရမ်းဝါးနေလို့ တကယ်အားနာနေတာ။
    တီတင့်..
    အိုင်အိုရာကလည်းစားမဲ့သူတွေမျှော်နေတာ..း))
    ကျောက်ကျောတွေအစားကောင်းတာမနေ့ ညကတီဗီရှေ့ မှာငုတ်တုတ်ကြီးအိပ်ပျော်နေတာ။း)
    ဟုတ်ကဲ့ ပြောလိုက်ပါ့မယ်။
    ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်။
    ReplyDelete
  18. ၀မ်းနည်းလို.ပြင်ေ၇း၇င်ပိုဖတ်လို.ကောင်းသွားမယ်ထင်ပါတယ်နော်။ ၀မ်းနဲဆိုတော.တမျိုးဖြစ်နေသလားလို.။စိတ်မ၇ှိပါနဲ.နော်
    ReplyDelete
  19. အောင်ညလေး စားချင်လိုက်တာနော်...သူငယ်ချင်းတွေ တွေ့ ကြတာ ပျော်စရာကြီး..ခွဲရမယ်ဆိုတော့လည့် ဝမ်းနည်းစရာကြီး..လက်ဖက်ကို ဗီယက်နမ်နဲ့  နီပေါတွေ ကြိုက်တယ်..ကျောက်ကျောကို အမေရိကန်တွေ ကြိုက်တယ်..Jerry နဲ့  တူလို့ တဲ့...
    ReplyDelete
  20. အမည်ဖေါ်သူ...
    စန်းထွန်း..
    စားချင်ရင်စားလိုက်ကွာ။ ခုထိကိုမကုန်သေးဘူး။ ဘယ်ကုန်မလဲ အဲဒီကျန်တဲ့ကြက်သားဟင်းကိုမစားဘဲ ကြက်ဥကြော်စားလိုက် ငပိချက်ချက်စားလိုက်လုပ်နေတယ်လေ။ ဒီနေ့ ကံဆိုးတဲ့သူငယ်ချင်းနဲ့ သူ့ အမေလာလည်လို့ အတင်းကျွေးလွှတ်လိုက်သေးတယ်လေ။ ကိုယ်ကတော့သူငယ်ချင်းယူလာတဲ့ ရှမ်းထမင်းချဉ်ကိုစားတယ်လေ။
    ဟုတ်တယ်။ ဗီယက်နမ်သူငယ်ချင်းတစ်ယောက်က စားဘူးသွားပြီးတဲ့နောက်မှာလာမေးသေးတယ်။
    လက်ဖက်ကို လက်ဖက်ခြောက်ကနေလုပ်လို့ ရမလားတဲ့။ ရတော့ရတယ် အရမ်းတော့မကောင်းဘူး။ နဲနဲတော့တူတယ်လို့ ပြောပြပြီးသူကလည်းဝယ်ခိုင်းလို့ ဝယ်ပေးရသေးတယ်။ ၀ယ်ပေးတယ်သာပြောတာတော်တော်များများတော့ဝယ်ခိုင်းရင်ကိုယ်ကလက်ဆောင်အဖြစ်ပေးလိုက်တာပါဘဲ။ မြန်မာအကျင့်အတိုင်း။ သူတို့ ကြိုက်တယ်ဆိုတော့လည်းကိုယ်ကပေးချင်တယ်လေ။း)
    ReplyDelete
  21. ဆောရီး ဆောရီး အမည်မဖေါ်သူရေ..
    အမည်မဖေါ်သူလို့ ရေးတာဘယ်လိုဖြစ်တယ်မသိ အမည်ဖေါ်သူဖြစ်သွားလို့ ..
    စာလုံးပေါင်းမှားရုံမကစာကလည်းကျသေး။
    ReplyDelete
  22. အစားအသောက်တွေ စုံလိုက်တာ...
    ဒါပေမဲ့ ခွဲခွာနှုတ်ဆက်တဲ့ပွဲဆိုတော့လည်း စိတ်မကောင်းစရာ...
    သာကူကျောက်ကျောနဲ့ အုန်နို့ကျောက်ကျောလေးတွေက ချစ်စရာလေးတွေ
    စကားမစပ်.. ပုလင်းတွေလည်း ကြိုက်တယ်။း)
    ReplyDelete
  23. အိုင်အိုရာ
    တစ်ယောက်ထဲနဲ့စုံနေအောင်လုပ်နိုင်တယ်နော်
    ကျောက်ကြာလေးလဲစားချင်တယ်
    လက်ဖက်လေးလဲဝါးချင်တယ်
    ကြာဇံကြော်လေးလဲကြိုက်တယ်
    မာမာ
    ReplyDelete
  24. မာမာ..
    တစ်ယောက်တည်းရှိတော့တစ်ယောက်တည်းကြဲနေရတာပေါ့..း)
    စားချင်တာအားလုံးစားသွားပါနော်။
    ReplyDelete
မှတ်ချက်လေးတွေကိုရင်းနှီးခင်မင်စွာပေးနိုင်ပါတယ်ရှင်။ ကျေးဇူးတင်လျှက်ပါ။