ဘိန်းမုန့် ကိုတစ်ကယ်တော့ကျမလုံးဝမကြိုက်ပါဘူး။ ငယ်ငယ်ကတည်းကဘယ်လိုမှကျွေးလို့ မရဘူး။ ဒါပေမဲ့သူ့ ကိုတစ်ချို့ ဆိုင်တွေက မော်ဒီဖိုင်းလုပ်ပြီးရောင်းတာမျိုးဆိုရင်စမ်းစားကြည့်တတ်ပါတယ်။ ထောပတ်တို့ 
စပျစ်သီးခြောက်ထဲ့တာမျိုးတို့ ဆိုရင်ပေါ့။ ပြောမယ်ဆိုရင်ထန်းလျက်ကိုလည်းလုံးဝမကြိုက်တတ်တော့ထန်းလျက်ပါတဲ့
မုန့် တွေစားခဲတယ်ပြောရမှာပါ။ ငယ်တုန်းကဆိုရင် ချောကလက်ကိုတောင်ထန်းလျက်နဲ့ တူတယ်ဆိုပြီးမစားပါဘူး။ ကြီးလာတော့မှရှားမှန်းကောင်းမှန်းသိပြီးကြိုက်ရကောင်းမှန်းသိလာတာ။
ပုံမှာပြထားတဲ့ Pancake mix နဲ့ ဆန်မှုန့် ရောပြီးလုပ်ကြည့်ထားတာပါ။ ဘိန်းမုန့် ရဲ့ မူလအရသာကိုကျမကမကြိုက်တော့မူလအရသာထက်ကောင်းနေတဲ့ဒီဘိန်းမုန့် ကိုတော့စားလို့ ရပါတယ်။ ဒါပေမဲ့မက်မက်မောမောတော့မရှိပါဘူး။ သူကတော့သိပ်ကြိုက်ပါတယ်။ သူလည်းဘိန်းမုန့် စစ်စစ်ကိုမကြိုက်တော့ဒါကိုကြိုက်ပါတယ်။ သူငယ်ချင်းကတော့ အမေရိကားကလူတွေကဒါနဲ့ ဘဲဘာမှမရောပဲဘိန်းမုန့် လုပ်ကြတယ်ပြောပါတယ်။ ဒါပေမဲ့အဲဒါဆိုရင်တော့ပန်ကိတ်အရသာဘဲထွက်နေတယ်ထင်ပါတယ်။
ဆန်မှုန့် တစ်ချိုး + Pancake mix နှစ်ချိုး ပေါင်း ၃ ချိုး
ရေ ၂ ချိုး (ဆိုလိုတာက အမှုန့် သုံးဆ ရေ နှစ်ဆပါ။ ခြင်ချင်တဲ့ခွက်နဲ့ ခြင်ပါ။ကျမတော့ 1/2 cup ခွက်နဲ့ ခြင်ထားတာပါ။)
Baking soda အနည်းငယ် (လက်ဖက်ရည်ဇွန်း နဲ့ သုံးပုံတစ်ပုံလောက်)
ဖီးကြမ်းငှက်ပျောသီးခပ်ပျော်ပျော် အသီးရဲ့ သုံးပုံတစ်ပုံခန့် 
ထမင်းကြမ်း ထမင်းစားဇွန်း ၂ ဇွန်းခန့် 
ကြံသကာအရည်ပျစ်ပျစ်ကျိုပြီးသား (ထန်းလျက်မရှိလို့ ပါ) အရည်ကျဲနေရင်မုန့် ထဲ ရေလျှော့ထဲ့ပါ။
ဘိန်းစေ့
မြေပဲ စေ့ 
Almond crush
အုန်းသီးဖတ်
ထောပတ် တစ်တုံး
ညဘက်မှာ အထက်ကအတိုင်းရေနဲ့ ဖျော်ပြီးထမင်းကြမ်းနဲ့ ငှက်ပျောသီးကိုကြေအောင်ခြေထဲ့ထားပြီးတညသိပ်ထားလိုက်ပါတယ်။ ပန်ကိတ်အမှုန့် နဲ့ ရောလုပ်တာမို့ လို့ ကြက်ဥထဲ့စရာမလိုပါဘူး။ မနက်ကျတော့ အိုးထဲမှာထောပတ်သုတ်ပြီးဘိန်းစေ့နဲ့ အခြားအဆံတွေ အုန်းသီးဖတ်တွေအရင်ထဲ့ ပြီးတော့မုန့် ရည်ဟင်းချက်ဇွန်းကြီးနဲ့ တစ်ဇွန်းလောင်းထဲ့ အဲဒီမုန့် ရဲ့ အပေါ်ဘက်မှာ အစာတွေထပ်ဖြူး အိုးအဖုံးလေးခဏပိတ်ထား။ ခဏနေတော့ ထောပတ်လေးထပ်သုတ်ပေး။ ကျမသူငယ်ချင်းဘိန်းမုန့် လုပ်ဘို့ ဝယ်လာတဲ့ အိုးကအထက်အောက်လှန်လို့ ရတော့မုန့် ကိုလှန်စရာမလိုပဲအိုးကိုဘဲလှန်လိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့အနေအထားလေးရရင် ခပ်ညိုညိုလေးဖြစ်လာရင်ပန်းကန်ထဲထဲ့လိုက်ပြီး ညှပ်ပြီးပန်းကန်ပြင်လိုက်ရုံပါဘဲ။
ဒါကပထမဆုံးလုပ်တာ |
အုန်းသီးဖတ်ကဒီလိုမျိုးနဲ့  |
ဒီအိုးလည်းဂျပန်ဆိုင်က၀ယ်တာဘဲ။ ၁၁ ကျပ်ပေးရတယ်။ |
အမှန်တော့ကြက်ဥပုံလေးနဲ့ ဆိုတော့ကြက်ဥကြော်တဲ့အိုးဖြစ်မှာပါ။ |
နောက်တစ်ခါလုပ်တော့အုန်းသီးဖတ်ကအသေးဖတ်လေးတွေ။ တရုပ်ဆိုင်က၀ယ်လာတာ။ |
သူကတော့အရမ်းစားလို့ ကောင်းတယ်တဲ့။ မညီးတမ်းအားပေးရှာပါတယ်။ |
ကပြားဘိန်းမုန့် လို့ ခေါ်ရမလားဘဲ |
ဘာမအားမှန်းကိုမသိပါဘူး။ အချိန်ကိုမရဘူး။ စာရေးရတာလည်းပျင်းနေတယ်။ စေတနာလေးထဲ့ပြီးလည်းအချိုးအဆလေးတွေရေးပေးချင်ပါတယ်။ ဒါပေမဲ့အဲလိုတွေမှတ်ရတာမပြောနဲ့ စာမေးပွဲဖြေရင်တောင်ဘယ်တော့မှပြန်မစစ်တတ်ဘူးလေ။ စစ်ရင်လည်း တစ်ပုဒ်နှစ်ပုဒ်ဘဲစစ်တယ်။ အကုန်လုံးဘယ်တော့မှပြန်မစစ်ဘူး။ ဒီတော့အဲလိုမျိုးတွေမှတ်ဘို့ မေ့မေ့နေတယ်။ တစ်ကယ်တော့အဲလိုလေးတွေမှတ်ထားတော့သိချင်တဲ့သူတို့ စမ်းချင်တဲ့သူတို့ အတွက်လည်းအဆင်ပြေသလို ကိုယ်လည်းနောက်တစ်ခါလုပ်တော့ပြန်ကြည့်လို့ ရတာပေါ့။ ကောင်းတဲ့ အကျင့်ဆိုကျမကလည်းသိပ်လုပ်ချင်တာမဟုတ်ဘူး။း))
သူငယ်ချင်းတို့ ရေ...
စမ်းချင်ရင်တော့စမ်းကြည့်လိုက်ပါအုန်းနော်။
သူကတော့သိပ်သဘောကျတယ်တဲ့။
အိုင်အိုရာကလည်း ဘိန်းမုန့် အစစ်ထက်စားကောင်းတော့နဲနဲတော့အားပေးပါတယ်။
အမြဲလာလည်သူများရောအသစ်လာလည်သူများရောအမြဲကျေးဇူးတင်ပါတယ်ရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ