ပုဇွန်ကြော် နဲ့ စပ်ချဉ် (Fried prawn with spicy dip) |
ချိစ်ကိတ်လုပ်စားထားတာလေးတွေကိုအကြွေးတင်နေတာကြာလှပါပြီ။ တကယ်ဘဲစိတ်ထဲမှာအဲဒါလေးတွေအရင်တင်ချင်ပါတယ်။ မအားတာတွေဆက်နေလို့ မရေးကိုမရေးဖြစ်ဘူးဖြစ်နေတာ။ ခုတော့ကြိုးစားပြီးရေးလိုက်ပါတယ်။း)
တဆက်တည်းအဲဒီရက်တွေတုန်းကလုပ်စားခဲ့တဲ့ပုဇွန်ကြော်လေးနဲ့ ဆလတ်သုတ်လေးပါ တွဲတင်လိုက်ပါတယ်။ လုပ်စားထားတာတွေက သုံးလေးလလောက်တောင်ရှိနေပါပြီ။ ဒါပေမဲ့ ချိစ်ကိတ်ပုံတွေနားမှာကပ်နေတာနဲ့ တခါတည်းတွဲတင်လိုက်ပါတယ်။
သန့် စင်ပြီးပုဇွန်များ (Costco ကသန့် ပြီးသားဝယ်ထားတာပါ) |
မြန်မာလိုဆီပြန်ဟင်းတော့လုံးဝမချက်စားပါဘူး။ အိုင်အိုရာ့တွက်အလွန်ကိုညှီပါတယ်။ ယူအက်စ်ကိုရောက်ခါစကတော့
ဟား..ပုဇွန်ထုတ်လုပ်ပြီးသားတွေ၊ မိုက်လိုက်တာ။ ချက်စားမယ်။ ချက်စားမယ်ဆိုပြီး တစ်ထုတ်ကြီးဝယ်ပြီးချက်လိုက်ပါတယ်။ ချက်နေတုန်းထွက်လာတဲ့အနံ့ ကိုတောင်မခံနိုင်ဘူး။ စားဘို့ တော့နှစ်ကောင်အပြင်ဆက်ကိုမစားချင်တော့တာနဲ့ နောင်ဘယ်တော့မှ အဲဒီဖရိုဇန်းတွေကိုချက်မစားတော့ပါဘူး။ ခေါင်းပါတဲ့ကောင်တွေဘဲဝယ်ပြီးချက်စားတာကြိုက်ပါတယ်။
ကြက်ဥအနှစ်မွှေထားပါတယ် |
မလုပ်တာများပါတယ်။ စိတ်ကူးပေါက်သလိုပေါ့။
ပြီးတော့ပုဇွန်ကိုကြက်ဥနှစ်ထဲနှစ်၊ ဒီ Japan made Panko bread crumb ထဲလူးပြီးကြော်ပါတယ် |
ခုလို ရွှေညိုရောင်သန်းလာရင်ဆည်ပြီး တစ်ရှူးနဲ့ ဆီစစ်ပြီးစားမဲ့ပန်းကန်ထဲ ကိုယ့်မှာရှိနေတဲ့ ဟိုအရွက်ဒီအရွက်ထဲ့ပြီးပြင်လိုက်တာပါဘဲ |
ထုံးစံအတိုင်းကျမအကြိုက် ငရုတ်သီးစိမ်းအနီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ သံပုရာရည်နဲ့ ငါးငံပြာရည်နဲ့ လုပ်ထားတဲ့ချဉ်စပ်လေးနဲ့ တွဲစားပါတယ်။ ချဉ်စပ်ကတော့ကိုယ်ကြိုက်တဲ့အပြင်းအပျော့စပ်နိုင်ပါတယ်။ |
ဒီလိုအရွက်တွေတစ်ဘူးကို ၄ကျပ်လောက်ပေးရတယ်။ အဲဒါတစ်ဘူးဝယ်ထားရင် အသီးအရွက်မချက်နိုင်လည်းအသားနဲ့ တွဲစားလိုက်တယ်လေ။ အမျှင်ပါအောင်ပေါ့။ |
Cheese cake with plum |
ချိစ်ကိတ်စလုပ်ခါစတုန်းက အင်တာနက်မှာရှာဖတ်တာ ခေါင်းတွေကိုနောက်သွားတာဘဲ။
နယူးယောက်ချိစ်ကိတ်တို့ ချီကာဂိုချိစ်ကိတ်တို့ ကနံမည်ကြီးတော့အဲဒီနည်းတွေကိုဦးစားပေးပြီးရှာတာလေ။
နောက်တော့စုပေါင်းစပ်ပေါင်းဖတ်မှတ်ပြီးကိုယ့်ဟာကိုယ်နဲနဲလေးစလုပ်ကြည့်တာအဆင်ပြေသွားတော့
အဲဒါကိုပဲဆက်လုပ်ဖြစ်သွားတော့တယ်။ ပထမတစ်ခါနှစ်ခါလုပ်ပြီးအချိုးကိုမမှတ်ထားမိလို့ နောက်မှမှတ်ထားပြီးသိမ်းထားလိုက်တာ။ ခုတော့သူများတွေကိုလည်းမျှဝေရင်းကိုယ်လည်းသေချာမှတ်ထားပြီးသားဖြစ်သွားတာပေါ့ဒီမှာတင်လိုက်တော့လေ။ နော်။
လိုတာတွေကတော့ Cream cheese 1 pack (8 oz), 1 Egg, sugar 4 table spoons, Milk 1/4 cup, Vanilla 2 drops, Zest 1 tea spoon, Some crackers crushed, 8"x 1-1/2" round baking tray
a pinch of salt, 375 degree F around 30 minute
ကဲ..စုပြီးရေးလိုက်တယ်။ မှတ်ရ ကူးရလွယ်အောင်လို့ နော်။
အပေါ်ယံပဲခြစ်ရပါမယ်။ အဖြူသားတွေမပါစေရပါဘူး။ ပါရင်ခါးပါမယ်။ |
Oven ကိုလည်း ၃၇၅ ဒီဂရီ ဖာရင်ဟိုက် နဲ့ ကြိုဖွင့်ထားရပါမယ်။
အဲဒီအချိန်မှာ ခရက်ကာလေးငါးခြောက်ချပ်ကို ဘလန်ဒါနဲ့ ကြိတ် ဒါမှမဟုတ် ပလတ်စတစ်အိတ်ထဲထဲ့ပြီးကြေအောင်တစ်ခုခုနဲ့ ထု။ တကယ်တော့ဒီအဆင့်ကိုလုပ်သာလုပ်ရတယ်။ အိုင်အိုရာတို့ နှစ်ယောက်စလုံးက အဲဒီအခံသားကိုမစားချင်ကြပါဘူး။ ဒီတော့ခပ်ပါးပါးလေးဘဲ ပါလေကာခင်းပါတယ်။ မုန့် ဖုတ်မဲ့ ဘန်းကို ထောပတ်နဲ့ နှံ့ အောင်သုတ်ပြီး အဲဒီအမှုန့် တွေထဲ့ပြီးဇွန်းဖင်နဲ့ ဖိချင်ဖိ၊ အောက်ခံညီတဲ့ ဖန်ခွက်တို့ ဘာတို့ နဲ့ ဖိပြီးညှိချင်ညှိပေါ့။ အိုင်အိုရာကတော့ ထောပတ်ကို တစ်ရှုးနဲ့ သုတ်ပါတယ်။ အမှုန့် တွေကို လက်အိတ်စွတ်ပြီးလိုက်ဖိပါတယ်။ ပြီးတော့ ရေခဲသေတ္တာထဲခဏထဲ့ထားပါတယ်။
ခရင်ချိစ်ကိုအရင်မွှေပါတယ်။ အပေါ်ကလို။ ပြီးတော့ ကြက်ဥဖေါက်ထဲ့။ ဆားထဲ့။ သကြားထဲ့။ ဗနီလာနှစ်စက်လောက်ထဲ့။ ရှောက်ခွံ (သံပုရာခွံလည်းရပါတယ်။) ခြစ်ထားတာထဲ့။ မွှေ။ နွားနို့ ရောထပ်မွှေ။ |
ဒါကနွားနို့ ရောပြီးသွားပြီ |
Iora's cheese cake |
Iora's cheese cake |
ဒါက Plum နဲ့ တွဲစားထားတာပါ (Cheese cake with plum) |
(Cheese cake with plum) |
အင်း..ခုမှဘဲစိတ်ပေါ့သွားတော့တယ်။ မွန်၊မြတ်ကြည်၊ဂျီးဒေါ်၊ မွန်လေး နဲ့ ချိစ်ကိတ်ကိုစောင့်နေတဲ့ဆွေမွန်များနဲ့ လာလည်သူများအတွက်မှတ်မှတ်ရရတင်ဖြစ်အောင်တင်လိုက်ပါပြီရှင်။
ငါးရံ့ ခြောက်ခွဲနည်း(ကျမနည်း)စောင့်နေသူများအတွက်ပဲကြွေးကျန်ပါတော့တယ်။ တင်ပေးဘို့ ဓါတ်ပုံရိုက်ထားပါတယ်။ မတင်ဖြစ်သေးတာပါ။
အားလုံးဘဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။
ခင်မင်လေးစားသော...
အိုင်အိုရာ