Burmese taste - Iora
Welcome to my blog - Mingalar bar
Sunday, January 1, 2023
Saturday, September 10, 2022
Sunrise of Gulf of Mexico,
Monday, January 11, 2021
Happy 2021!
လောလောဆယ်မှာ တော့ ကိုဗစ် ကလည်း ဒုက္ခပေးကောင်းတုန်း တကမ္ဘာလုံးအနှံ့ ၊ အမေရိကန်မှာကလည်း နိုင်ငံရေး ကမတည်ငြိမ်၊ ဟိုကဆူ သည်ကဆူနဲ့ လူက စိတ်တွေပိန်။
ဆိုင်လည်းထွက်မစားရဲ။
ဈေးဆိုင်တွေလည်း ကြာကြာမ၀ယ်ရဲ။
ကံဆိုးတာလား ကံကောင်းတာလားမသိ။ သူများတွေ အလုပ်ပြုပ်နေတဲ့ အချိန် ကိုယ်က အလုပ်သွားနေရ။
အလုပ်ပြုပ်တဲ့သူတွေက ထောက်ပံ့ကြေးတွေရ။ အလုပ်လုပ်နေရတဲ့သူတွေက ကိုဗစ်ဘယ်နေ့ ငါ့စီရောက်လာမလဲဆိုပြီး စိတ်တထင့်ထင့်နဲ့ လူပင်ပန်း စိတ်ပင်ပန်း။
၂၀၂၀ ဟာ မကောင်းတဲ့ နှစ်ဖြစ်တာမှန် ပေမဲ့ ကိုယ်ချစ်တဲ့ အမေစု ပါတီကို တနိုင်ငံလုံးနီးနီး သောင်ပြို ကမ်းပြို ရုံမက ကောင်းကင်ပါ ပြိုသလို နိုင်စေခဲ့တဲ့နှစ်မို့ လို့ ကောင်းတာလေး လည်းရှိပါသေးတယ်လို့ ဖြေရတယ်လေ။
ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ။
၂၀၂၁ ကတော့ ကောင်းတာတွေ ပြန်လည်ဆောင်ကျဉ်းလာမယ်လို့ ယုံကြည်မျှော်လင့်ရင်း မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပျော်ရွှင်ကြပါစေလို့ ။
ကမ္ဘာသူကမ္ဘာသားတွေအားလုံးလည်း မုန်းတီးတိုက်ခိုက်ကြတာတွေ ရပ်စဲပြီး မေတ္တာဂရုဏာတွေ ပွားကြပါစေလို့ ဆုတောင်းရင်း မင်္ဂလာနှစ်သစ် ၂၀၂၁ပါလို့ နှုတ်ခွန်းဆက်လိုက်လိုက်ပါတယ်ရှင်။
ချစ်ခင်လေးစားစွာဖြင့်...
အိုင်အိုရာ
Thursday, April 30, 2020
ကိုဗစ်ဆုတောင်းမေတ္တာ
ဒေါ်အောင်နဲဆန်းစုကြည်နဲ့ တကွ ကိုယ့်ရဲ အနီးအဝေး မိတ်ဆွေများ၊ သူငယ်ချင်းများ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး၊ အခုကျရောက်နေတဲ့ ကိုဗစ် ၁၉ (Covid 19) ရောဂါကပ်ဘေးကြီးမှ ကင်းလွတ်ခါ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ဘ၀အရည်အသွေးများပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ ပို့ သလိုက်ပါတယ်ရှင်။
ချစ်ခင်လေးစားသော
အိုင်အိုရာ
(နည်းနည်းတော့နောက်ကျနေပြီ မြန်မာနှစ်သစ်အကြို)
Gulf of Mexico |
Monday, January 15, 2018
Wednesday, June 8, 2016
ထမင်းဘူးများ (၂ )
အရင်ပြောဘူးသလိုပါဘဲ ချက်ထားတာ ရိုက်ထားတာ ကြာပါပြီ။
အမှတ်တရ အဖြစ် အပျင်းပြေ ကြည့်ရအောင်တင်လိုက်ပါတယ်။
ကိုက်လံကြော် ငပိထောင်းသံပုရာသီးညှစ် ၀က်သားလုံးအာလူးခြောက်စပ်ကြော် |
ပုစွန်ဆီပြန် ငပိကြော် မုန်ညင်းထုတ်ကြော် သံပုရာခွံသုပ် |
ဝက်အူချောင်းကိုကြက်သွန်နီအကွင်းလိုက်နဲ့ ပြန်ကြော်ထားတာ။ လက်ဖက်သုပ်၊ မက်ကရယ်ငါးပေါင်းကိုငါးသလောက်လိုပေါင်းထားတာပါ။ |
ဒီဟင်းကတော့မေ့တောင်နေပြီ။ ၀က်သားလားဝက်လျာလား ကြက်မြစ်ကြက်သည်းလားမမှတ်မိတော့ဘူး။ ကြည့်ရတာတော့ ၀က်လျာနဲ့ တူတယ်။ ငပိကြော် နဲ့ မျှစ်ပဲပြုတ်ကြော် |
ကြက်ဥလိပ်ကြော် ကြက်မြစ်ကြက်သည်း ခရမ်းချဉ်သီးစပ်ချဉ်ချက် ပန်းမုန်လာပွင့်ကြော် |
ခရမ်းချဉ်သီးစပ်ချဉ်ဟင်းလောက်ချက်ရတာလွယ်တာမရှိဘူး။ ခရမ်းချဉ်သီးတွေဖြတ်ညှပ် ကြက်သွန်ဖြူနီငရုတ်သီးထောင်း ထဲ့ ပုစွန်ခြောက်မှုန့် ထဲ့ ငပိကြိုက်ရင်ထဲ့ (အိုင်အိုရာ က ပုစွန်ခြောက်များများနဲ့ ငံပြာရည်နဲ့ ချက်တာများတယ်။ ငပိက အနံ့ ပြင်းတော့ ကိုယ်က ကြိုက်ပေမဲ့ ပတ်ဝန်းကျင်ကမခံနိုင်မှာစိုးလို့ ငံပြာရည်နဲ့ ချက်တာများတယ်။) ဆီမထဲ့လည်းရတယ်။ တခြားဟင်းတွေဆီပြန်ပါရင် ဆီမထဲ့ပဲချက်တယ်။ အရသာတူတူပါဘဲ။ အိုးတည်ပြီး အားလုံးမွှေးကြိုင် ကြေသွားအောင် ရေနည်းနည်းချင်းထဲ့ တည်။ စိတ်ကြိုက်ရပြီဆို ရေကြိုက်သလောက်ထဲ့ ကောင်းကောင်းဆူပွက်ပြီး မပျစ်မကျဲလေးရောက်ရင် ငရုတ်သီးစိမ်း နံနံပင် အုပ်လိုက်ရုံ။ အကြိုက်ဆုံးဟင်းထဲမှာပါတယ်ပြောရမယ်။
ကြက်မြစ်ကြက်သည်း ချက်တာလေးရိုးစင်းစွာ ရေနဲ့ ဆီနဲ့ ရော ပြုတ်ကြော်လုပ်ပြီး ဆီပြန်တော့ချလိုက်တာဘဲ။ အမြစ်အရင်ချက်။ အမြစ်ကျက်ပြီး အရည်ကျန်နေချိန်မှာအသည်းတွေ ထပ်ရော မွှေပေး။ အဖုံးအုပ်ဆက်တည်ထား။ အသည်းကျက်သွားရင် ဆီကောင်းကောင်းပြန်သွားမှချ။ မွှေးကြိုင်နေတဲ့ ကြက်မြစ်ကြက်သည်းဆီလေး နဲ့ ထမင်းပူလေးနဲ့ နယ်စားရတာ အလွန်ကောင်းပေါ့။
ကဲ အရင်ပို့ စ်မှာ ပုံမပါလို့ စိတ်ကောက်နေတဲ့သူတွေ ငိုချင်တဲ့သူတွေ တ၀ကြီးကြည့်ပြီးချက်စားကြတော့နော်။း)
ခင်မင်လေးစားသော...
အိုင်အိုရာ
Sunday, May 15, 2016
သတိရခြင်းများစွာဖြင့်
အမေချက်ကျွေးခဲ့တဲ့ ငါးဘဲဖြူ၊ ငါးသလဲထိုး၊ ငါးသံချိတ်အိုးကပ်ဟင်းတွေ၊ ငပိရည်ဖျော်နဲ့ တို့ စရာအရွက်အပြုတ်အစုံတွေ၊ ငါးရံ့ ကိုရှောက်ရွက်အုပ်ပြီးချက်တဲ့ဟင်း၊ ပဲကြာဆံနဲ့ အာလူးနဲ့ ဝက်သားစဉ်းကောဟင်းနဲ့ သုပ်တဲ့အသုပ်၊၊ ငါးငပိချက်၊ ၀က်စအုကြော်၊ ငါးရံ့ ခြောက်ကို ခရမ်းချဉ်သီးများများနဲ့ ငရုပ်သီးစိမ်းတွေနံနံပင်တွေနိုင်းချင်းအုပ်ပြီးချက်ထားတဲ့ဟင်း၊မန်ကျည်းရွက်ရယ် သနပ်ရွက်ရယ် ဥသျှစ်ရွက်ရယ်နဲ့ ချက်ထားတဲ့ မန်ကျည်းရွက်ချဉ်ရည်ဟင်း၊ ငါးသလောက်ကို ခရမ်းချဉ်သီးများများနဲ့ ဆီလည်ရေလည်ချက်ထားတဲ့ဟင်း၊ ငါးသလောက်ဥကြော်၊ ပုစွန်ငပိကို ရိုးရိုးဆီသတ်ပြီး ငရုပ်သီးစိမ်းနဲ့ ကြော်ထားတဲ့ငပိကြော်၊ ၀က်သားလုံးကြော်၊ ငါးဖယ်အကောင်လိုက်ရေချိုချက်၊ ငါးခူရဲယိုရွက်အုပ်၊ ငါးခူငါးဆုပ်ဟင်း၊
အမကြီးထောင်းပေးတဲ့ ငပိထောင်းတွေ ဘဲဥကြော်သုပ်တွေ တိုဟူးသုပ်တွေ
မမချက်ကျွေးတဲ့ ငါးချဉ်ပေါင်အုပ်ဟင်း၊ မလွှပွင့်စပ်ကြော်၊ ပင်စိမ်းငရုပ်သီးချက်၊ ကြောင်လျာသီးကြော်၊ ပဲပုတ်ထောင်း၊
ဒက်ဒီဝယ်ဝယ်လာတဲ့ နမ်စင်း က ပုစွန်တွေ ဂဏန်းတွေနဲ့ ကြော်တဲ့ မွှေးကြိုင်နေတဲ့ ခေါက်ဆွဲကြော်၊ သတင်းစာနဲ့ ဖက်နဲ့ နှစ်ထပ်ထုပ်ထားတဲ့ ခေါက်ဆွဲကြော်ပူနွေးနွေးအထုပ်ကို နှီးကြိုးလေးဖြည်ပြီး ဖွင့်လိုက်တဲ့အချိန်မှာရခဲ့တဲ့ ခေါက်ဆွဲကြော်နံ့ ၊ လေဟာပြင်ဈေးက၀ယ်လာတဲ့ ဖာလူဒါချိုအေးမွှေး
အကိုတွေ ညလည်စာချက်စားကြတဲ့ ငန်းသားကာလသားဟင်းတွေ၊ ဂဏန်းမဆလာဟင်းတွေ၊
ကိုကြီးသုပ်သုပ်ကျွေးတဲ့ သဘောင်္ရွက်နဲ့ ချဉ်ငံစပ် လက်ဖက်သုပ်၊
အကိုငယ်တွေ နဲ့ မာလကာပင်ပေါ်တက်ပြီးလတ်လတ်ဆတ်ဆတ်ခူးပြီး ငပိ သို့ မဟုတ် ဆားနဲ့ တို့ စားခဲ့တဲ့ မာလကာသီးတွေ
ခြံထဲကသရက်သီးတွေ၊ မိုးရွာချိန်ဆို ခေါင်မိုးပေါ်ကတဆင့် တဒုန်းဒုန်းနဲ့ ပြုတ်ကျလို့ ကွဲပြဲနေတဲ့ သရက်သီးတွေနဲ့ ငရုပ်သီးမှုန့် နဲ့ ငံပြာရည်ငံငံစပ်စပ်တွေ
မောင်လေးချက်တဲ့ ဟင်းချိုမျိုးစုံ၊ လက်ဖက်သုပ်ပေါင်းများစွာ
တူမလေးနှပ်တဲ့ လက်ဖက်အသားနှပ်
ယောင်းမငယ်ချက်တဲ့ မုန့် ဟင်းခါး
ယောင်းမကြီးထောင်းတဲ့ ပဲသီးထောင်း
ဒါအကုန်ပဲလားအိုင်အိုရာ၊
ကျန်ဦးမယ်ထင်တယ်။
ဟုတ်တယ် ကျန်နေတာက အစားအသောက်တွေအပြင်
အဲဒီအစားအသောက်တွေနဲ့ အတူ အမြဲတွဲပါနေတဲ့ သူတို့ ရဲ့ 
အေးမြချိုမြိန်ပြီး ထုတ်မပြောခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာတွေ..
ခင်မင်စွာဖြင့်..
အို်င်အိုရာ
Sunday, March 13, 2016
ထမင်းလွတ် ညစာတစ်မျိုး
ကညွတ်အိုးကင်းပူတိုက် |
ကညွတ်အိုးကင်းပူတိုက် နဲ့ ဖက်ထုတ်ကြော် |
ဖက်ထုတ်ကြော် |
ဒီလိုမျိုးလေးပေါ့။ ဒီပုံကတော့ တခြားအချိန်တုန်းက ဖက်ထုတ်ကြော်ကြော်စားတုန်းက ရိုက်ထားမိတာ။ အခုကြော်ထားတာထက်နည်းတယ်။ |
ထမင်းလွတ်ညစာ |
အချဉ် |
ကြာဆံနဲ့ မုန်ညင်းစိမ်း ဟင်းချို |
ဖက်ထုတ်ကြော်၊ ကြာဆံဟင်းချို နဲ့ ကညွတ်ကြော် စားဖို့ အဆင်သင့်ဖြစ်ပြီ |
ချိစ်ကိတ် |
ချိစ်ကိတ်လုပ်နည်း တင်ထားပေးပြီးသားမို့ အဲဒီလင့်မှာ ကြည့်နိုင်ပါတယ်။ အိုင်အိုရာလည်းတင်ထားမိတာ ၀မ်းသာနေတာ။ မလုပ်တာကြာသွားရင် အချိုးအစားတွေက မေ့သွားရော။ ဒီမှာပြန်ပြန်လာကြည့်ရတယ်လေ။ ကိုယ့် စာဖတ်သူတွေလည်း လုပ်နိုင် ကိုယ်လည်း ပြန်လုပ်နိုင်ဆိုတော့ မဆိုးဘူးဘဲ။ ဒီချိစ်ကိတ် က စပျစ်ခြောက်ထဲ့လုပ်ထားတာ။ အိုင်အိုရာ့အတွက်ဆိုရင် တော့ နည်းနည်း ချိုသွားတယ်။ စပျစ်သီးက ချိုတော့ နည်းနည်းပဲ ထဲ့ရင်ထဲ့ ကိတ်သားကို အချိုလျှော့ထဲ့ရင်ထဲ့ ပေါ့ ။
လာအားပေးသူများ အားလုံးကျေးဇူးတင်ပါတယ်ရှင်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ ပျော်ရွှင်ကြပါစေ။
ခင်မင်လေးစားသော
အိုင်အိုရာ
Saturday, February 20, 2016
ထမင်းဘူးများ
ချစ်ချစ်အတွက်ထဲ့ပေးခဲ့တဲ့ ထမင်းဘူးတွေပါ။ အဆင်ပြေရင် ပြေသလို ရိုက်ထားခဲ့တဲ့ပုံတွေပါ။
ရိုက်ထားတာတော့ ကြာလှပါပြီ။ အမှတ်တရ ဖြစ်အောင်နဲ့ ကိုယ့်စီလာလည်တဲ့ဘလော့သူငယ်ချင်းတွေအတွက်တင်ပေးလိုက်တာပါ။
ကြက်ကင်၊ ကညွတ်ကြော် နဲ့ ပဲပြုတ်အစပ်သုပ် |
ငပိကြော်၊ အစိမ်းကြော်၊ သခွားသိးအချဉ်သုပ် နဲ့  ၀က်ဦးနှောက်မဆလာချက် |
ဝက်ဦးနှောက်ကို ကြက်သားတို့ အမဲသားတို့ ချက်သလိုမျိုး ဂျင်း၊ကြက်သွန်ဖြူနီ၊ ငြုတ်သီးဆီသပ်ပြီး ဆီပြန်ချက်ထားတာပါ။ ပျဉ်းတော်သိမ်နဲ့ မဆလာ ခပ်ထားပါတယ်။
ကိုက်လံကြော်၊ ၀က်အူချောင်းကြော်၊ သရက်သီးသနပ်၊ ၀က်ခေါင်းသုပ် နဲ့ ကြက်ဥခေါက်ကြော် |
မုန်ညင်းစိမ်းဖူးကြော်၊ ငပိကြော်နဲ့  ၀က်ဦးနှောက်ဆီပြန် |
ဝက်သားကြာဆံကြော် နဲ့ ကြက်သွန်အချဉ် |
ဝက်သားသရက်သီးသနပ်၊ ကိုက်လံနဲ့ ပြောင်းဖူးကြော်၊ ငပိကြော် |
ခုတလော ဘလော့မိတ်ဆွေတွေကို သတိရနေလို့ ပို့ စ်တင်လိုက်တာပါ။
ဒီနှစ်မာဒီဂရာစ် ပုတီးပစ်ပွဲတော် နဲ့ မီစီစီပီ ကို အားလပ်ရက်သွားလည်တာ ရေးချင်ပေမဲ့ ပုံတွေ နဲ့ ဗီဒီယိုတွေ တော်တော်များများ ရှာရမှာ အချိန်ယူဖို့ မလွယ်သေးလို့  ရည်ရွယ်ယုံပဲ တတ်နိုင်ပါသေးတယ်လို့ ။
အားလုံးကိုသတိရချစ်ခင်လျှက်..
အသစ်လာလည်သူများကို လည်း ကျေးဇူးတင်ပါတယ်ရှင်။
အိုင်အိုရာ
Sunday, January 24, 2016
ငပိရည်ဖျော်တို့ စရာ၊ ငါးစူစီကြော်၊ ငါးခူရဲယိုရွက်အစားထိုးနောက်တစ်မျိုး နဲ့ ငပိထောင်း
ဒါက အရင်ပို့ စ်မှာတုန်းကလိုဘဲ ရဲယိုရွက် အစားထိုးCollard Green ဆိုတဲ့အရွက်နဲ့  ငါးကိုအုပ်ထားတာပါ။ ချက်နည်းကတော့ တူတူပါဘဲ။ |
ခဏခဏ လာလည်တဲ့သူတွေကိုပိုသတိရတာတော့မညာပါဘူးရှင်။း)
ဒါကြောင့်မို့ လို့ အလွယ်ရှာတွေ့ တဲ့ ဟိုတလောက ချက်စားထားတာလေးနဲ့ ပို့ စ်အသစ်လေးတင်လိုက်တာပါ။
ကိုယ့်စာဖတ်သူထဲကတစ်ယောက်က ကို်ယ်ငါးခူရဲယိုရွက်အုပ်အတု ဆိုတဲ့ ပို့ စ်လေးတင်တုန်းက Collard Green နဲ့ ချက်ကြည့်ရင် ပိုသဘောကျမှာပါတဲ့။ ကိုယ်အဲဒီအရွက်နဲ့ လည်းချက်ပေမဲ့ ဓါတ်ပုံမရိုက်ထားမိလို့ မတင်ဖြစ်ခဲ့ဘူး။ အဲတော့ ကော်လာ့ဒ်ဂရင်းအရွက်နဲ့ ချက်စားတိုင်း အဲဒီ မမ ကိုသတိရနေမိတယ်။ တခြားသူတွေလည်း ချက်စားရင်စားရအောင်တင်လိုက်တာပါ။ ဒီအရွက် က အရင်ပို့ စ်ထဲက ကေးလ်အရွက်နဲ့ စာရင် အရွက်သားထူတယ်။ ပိုချိုတယ်။ ကေးလ်အရွက် က ပိုပါးတယ်။ ခါးသက်သက်လေးရှိတယ်။
ဒီအရွက် က ရဲယိုရွက် ရဲ့ အရောင်နဲ့ အရွက်သားထူတာပိုတူတယ်။ အိုင်အိုရာတော့ နှစ်ခု လုံးကြိုက်တယ်။ နှစ်ခုလုံးကို ရဲယိုရွက် အစားထိုးချက်စားတယ်။ ဒီအရွက်ကို ငရံ့ ပလူရွက်သုပ် လိုသုပ်စားချင်ရင် လည်းသုပ်စားတယ်။ ကေးလ်အရွက် ကိုပြုပ်သုပ်စားရင် ကုလားပဲညွန့် တို့  မြူရွှက်တို့ ကို သုပ်တဲ့အရသာနဲ့ ပိုနီးစပ်တယ်လို့ ခံစားမိတယ်။
လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
နှစ်သစ်ကစလို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ......
ခင်မင်လေးစားသော..
အိုင်အိုရာ
Saturday, October 17, 2015
ဂုဏ်ယူမိပါတယ်
ကိုယ်တစ်ခုပဲမှတ်တမ်းတင်ထားချင်တာပါ။
အဲဒါက သည်ရက်တွေအတွင်း စင်္ကာပူမှာ မဲပေးဖို့  နေ့ ရောညရော အပင်ပန်းခံတန်းစီစောင့်နေ စောင့်ခဲ့ကြသူများနဲ့ သူတို့ တွေကို ပံ့ပိုး၊ ကူညီစောင့်ရှောက်၊ ကျွေးမွေးသူများ အားလုံးကို လေးစားဂုဏ်ယူမိကြောင်းလေးပါ။
စင်္ကာပူက မောင်နှမများတူတူမများ လို အခြားနိုင်ငံတွေမှာ လည်း ရှိချင်ရှိမှာပါ။
ဒါပေမဲ့ စင်္ကာပူက မောင်နှမများတူတူမများကိုတော့ တကယ်ကို မချီးမွမ်းပဲမနေနိုင်လို့ ပါ။
သည်အခန်းကဏ္ဍက နောင်တစ်ချိန် သမိုင်းစာမျက်နှာမှာ ဂုဏ်ယူဖွယ်အခန်းကဏ္ဍ အနေနဲ့ ခမ်းနားတင့်တယ်စွာ မှတ်တမ်းကျန်ခဲ့မှာပါ။
ကျမတော့ အဲဒီသမိုင်းစာမျက်နှာကို မြင်ခွင့်ရချင်မှ ရမှာပါ။
ဒါပေမဲ့ အဲဒါကို လေးစားဂုဏ်ယူမှတ်တမ်းတင်ခဲ့ပါတယ်ရှင်။
လေးစားလျက်..
အိုင်အိုရာ
Sunday, July 19, 2015
ငါးခူရဲယိုရွက်အုပ်အတု ဘူးသီးကြော် ငါးမြွေထိုးကြော် ဂေါ်ဖီသုပ် နဲ့ မုန်ညင်းဟင်းခါး
ငါးခူရဲယိုအတုဟင်း ..Cat fish & Kale |
အမေရိကားမှာ မြန်မာစာဆင်းရဲတော့ ကြံဖန်လုပ်စားရတာပေါ့။
ဒီဟင်းက Cat fish fillet (ငါးပတ်လိုလိုမျိုးကိုအသားလွှာထားတာ) ကိုစဉ်းပြီးတော့ ကြက်သွန်ဖြူနီဂျင်း ငရုတ်သီးထောင်းကို ဆီသတ် ခရမ်းချဉ်သီးတစ်လုံးလောက်ထဲ့ပြီး ဆားပြားထဲ့ မွှေးပြီးကျက်သွားတော့မှ ငါးစဉ်းထားတာတွေထဲ့ ငံပြာရည်ထဲ့ အဖုံးလေးအုပ်ထား။ ခြောက်သွားတဲ့အချိန်မှာ ရေဆူနည်းနည်းထဲ့ အုပ်ထား။ အရည်အားလုံးမခမ်းခင် မှာ အသင့်လှီးဖြတ်ဆေးကြောရေစစ်ထားတဲ့ ကေးလ်အရွက်တွေ ကိုရဲယိုရွက်အစားအုပ်။
ငရုတ်သီးစိမ်းလေးပါအုပ်။ ငံပြာရည်လေး အရွက်ထဲကို နည်းနည်းထပ်ဖြန်း။ အဖုံးအုပ်ထား။ ဖျစ်ဖျစ်မြည်လာရင် အရွက်လည်း အစိမ်းရောင်မပျက်လေး အိရင်ရပါပြီ။
( ကေးလ်ကခါးသက်သက်နဲ့ နုညံ့ပြီးတော်တော်နဲ့ အစိမ်းရောင်မပျောက်လို့ ကောင်းပါတယ်။)
မြန်မာ့ရိုးရာဘူးသီးကြော် မနက်စာအတွက် |
အိုင်အိုရာက အင်တာနက်မှာသူများတွေတင်ထားတဲ့ မှုန့် နှစ်တွေလိုက်လိုက်စမ်းကြည့်တယ်။
တချို့ လည်းပုံမှာတော့ကောင်းပါတယ်။ ကြော်ပြီးကြာကြာမခံတာများတယ်။
အမြန်စားချင်ရင်တော့ အိုင်အိုရာ က တင်ပူရာမှုန့် ထဲကို ဆန်မှုန့် နဲ့ ကောက်ညင်းမှုန့် ထပ်ရောပြီး ကြော်ဖြစ်တယ်။ (ကိုယ့်စိတ်ကြိုက်ဖြစ်တာလေးတွေနောက်မှ ပြန်ရှာပြီးတင်ထားလိုက်အုန်းမယ်။ လွယ်လွယ်ပြန်ရှာလို့ ရအောင်။)
ဆား၊ဂျင်းနဲ့ ကြက်သွန်ဖြူရည်ထဲ့တယ်။ ညှစ်ပြီးသားဂျင်းနဲ့ ကြက်သွန်ဖြူကိုမှ အချဉ်ရည်ဖျော်တဲ့ထဲထဲ့တယ်။ မြန်ကောင်းသက်သာအောင်ပေါ့။ အချဉ်ရည်ကို ကြက်ဖတံဆိတ် ငရုတ်ဆီ ထဲကို မန်ကျည်းရည် နဲ့ ငံပြာရည်ထဲ့တယ်။တခါတခါလည်းပဲကျက်မှုန့် ထဲ့တယ်။ မထဲ့တဲ့အခါများပါတယ်။
ငရုတ်သီးစိမ်း၊နံနံပင်ထဲ့တယ်။ စိတ်ကူးပေါက်သလိုလုပ်တယ်။ တခါတခါ ငရုတ်လှော်မှုန့် နည်းနည်းထဲ့တယ်။ ချိုချိုလေးဖြစ်ချင်ရင် ထညက်လေးနဲနဲ ထဲ့တယ်။ အရောင်လည်းပိုလှတယ်။
ကိုယ်တိုင်လုပ် ငါးမြွေထိုးခြောက်ကြော် |
ဂေါ်ဖီထုတ်သုပ် |
ဘာမှသုပ်စရာမရှိရင် ဂေါ်ဖီကိုလှီးပြီး အသုပ်သုတ်သလို သုပ်စားတယ်။ ဆီချက်တို့ ပဲမှုန့် တို့ ပုဇွန်ခြောက်မှန့် တို့ အမြဲအဆင်သင့်လုပ်ထားတော့ သုပ်ရတာမြန်ပါတယ်။
ဆီချက်၊ ပဲမှုန့် ကျက်၊ ပုဇွန်ခြောက်မှုန့် ၊ ငံပြာရည် ၊ မန်ကျည်းရည်၊ ငရုတ်သီးလှော်မှုန့် ထဲ့ပြီး ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်သုပ်ထားတာပါ။
မုန်ညင်းဖြူဟင်းခါးနဲ့ ဂေါ်ဖီသုပ် |
Iora's Flan |
အရင်က ခဏခဏလုပ်စားဖြစ်တာလေးပါ။
လုပ်နည်းကို ဒီမှာ တင်ပေးထားဘူးပါတယ်။
Flan made by Iora |
Flan made by Iora |
ဟိုးတုန်း က မကြာမကြာလာလည်တဲ့သူတွေကိုလည်း သတိရလျက်ပါ..ကျန်းမာကြရဲ့ လားလို့ တော့ တွေးမိပြီး ကျန်းမာစေဖို့ ဆုမွန်တောင်းပါတယ်။
အိုင်အိုရာ