သူဟာကျောင်းသားဘ၀တုန်းကစိတ်ရှည်သလောက် ခုများတော့စိတ်ကိုမရှည်တတ်တော့ပြန်ဘူး။
"ဘာလို့ ဒီလောက်စိတ်တိုနေရတာလဲ
ကြီးကျယ်တဲ့အပြစ်လုပ်ထားတာလဲမဟုတ်ဘူး။
စော်ကားမော်ကားပြောဆိုနေတာလဲမဟုတ်ဘူး။
ဘာဖြစ်လို့ စိတ်မရှည်ဖြစ်နေရတာလဲ။
ဟိုးတုန်းကတော့ စိတ်ရှည်လိုက်တာ။
စိတ်ရှည်အလိုလိုက်လွန်းလို့ ဘဲချစ်ခဲ့ရတာကို။"
အဲတုန်းက ဒီလောက်အရစ်ရှည်တတ်မှန်းမသိဘူးတဲ့။ ကြည့်စမ်းပါဦး။ ရက်ရက်စက်စက်ပြောရက်လိုက်တာ။ အရင်တုန်းကတော့ လုပ်တာကိုင်တာစိတ်ရှည်တယ်။ သေသပ်တယ်။ စနစ်ကျတယ်။ စည်းကမ်းရှိတယ်တဲ့။ မရမချင်းလုပ်လို့ ဇွဲကောင်းတယ်တဲ့။ ခုတော့အဲဒါတွေကအရစ်ရှည်ပေရှည်သတဲ့။
စိတ်ကောက်ရမှာကလည်း နှစ်ယောက်ထဲရှိတာ။
စကားမပြောဘဲ ၁၅ မိနစ်လောက်နေကြည့်လိုက်တာတောင် ပျင်းလာတယ်။
အသက်ကတော့ကြီးလာပြီ။
စိတ်ကူးယဉ်ဆန်သောချစ်မြတ်နိုးခြင်းအမှုတွေလည်းတဖြည်းဖြည်းနဲ့ ပျောက်ကုန်ပြီ။
ဒါပေမဲ့လက်တွေ့ ဆန်သောချစ်မြတ်နိုးခြင်းအမှုတွေတော့တစတစနဲ့ အစားထိုးဝင်ရောက်လာကြတယ်လို့ တော့
ပြောလို့ ရပြန်တယ်။ (ဒီလိုဘဲဖြေတွေးရတာပေါ့လေ။) ကော်ဖီဖျော်ပေးတာ။ ပေါင်မုန့် မီးကင်တာ။ အ၀တ်ခေါက်ပေးတာ။ အ၀တ်လျှော်တာ။ အမှိုက်ပစ်တာ။ အိပ်ယာသိမ်းတာ။ သန့် ရှင်းရေးလုပ်တာ။။ ပန်းကန်ဆေးတာ။သူအလုပ်သွားလို့ ကျမအိပ်နေရင် ကျမမနိုးအောင်တိုးတိုးတိတ်တိတ်လုပ်တတ်တာ။ ကျမကိုနှုတ်မဆက်ပဲ တိုးတိုးတိတ်တိတ် ထွက်သွားရင် ကျမကနိုးလာလို့ သူ့ ကိုမတွေ့ တော့ရင် နှုတ်မဆက်သွားလို့ ဆို ပြီးနောက်သွားရင်နှုတ်ဆက်သွားပါလို့ ပြော။
ဟော..အိပ်နေတုန်း နှုတ်ဆက်ပြန်တော့ပြန်အိပ်မရပြန်ဘူးပြော။ ဒီလိုနဲ့ ကျမပြောတဲ့အပေါ်မူတည်ပြီးနှုတ်ဆက်တလှဲ့ မနှုတ်ဆက်တလှဲ့ ။အမြဲအတူတူနေနေရတော့လည်း ကျမကိုလွမ်းတယ်ဆိုတာမျိုးတွေ သတိရမိတယ်ဆိုတာမျိုးတွေလည်း မကြားရတာကြာလှပေါ့။
ဟိုးတုန်းက လက်ဆောင်ပေးရင် သူ့ စိတ်ကူးလေးနဲ့ သူဝယ်လာတယ်။
ကျမနှစ်သက်တဲ့အရောင်တွေနဲ့ ပုံစံမျိုးတွေ အစစအရာရာ အကုန်သိတယ်။ မှတ်မိနေတတ်တယ်။ အစားအသောက်ဆိုလည်း ကျမနှစ်သက်တတ်တာတွေသိတယ်။ ဘယ်ခရီးကပြန်လာပြန်လာ ကျမအတွက် ခေါင်းကနေခြေအထိအစုံနီးပါး ပစ္စည်းအသေးအဖွဲလေးတွေကအစ၀ယ်လာတတ်တယ်။ ကျမက အိတိကွိစိလှတပတလေးတွေချစ်တတ်မှန်းသိလို့ ဘီးလေးကအစ အလှစိုက်ပန်းအိုးအထိဝယ်လာပေးတတ်တယ်။ ဘောင်းဘီဆိုလည်းကျမဆိုဒ်မှန်းဝယ်လာတာအတော်ဘဲ။
ချစ်သူတွေဘ၀တုန်းက သူကမလေးရှားတို့ ထိုင်းတို့ တရုတ်တို့ ကိုခရီးထွက်တတ်တယ်။
အဲတုန်းကနိုင်ငံခြားသွားတဲ့သူတွေဆိုတာလည်းရှားတော့စကော့ဈေးမှာ သင်္ဘောသားတွေလာလာရောင်းတတ်တဲ့ဆိုင်မျိုးတွေမှာ နိုင်ငံခြားကလာတဲ့ပစ္စည်းကိုယ်ကြိုက်တတ်တာလေးတွေ
သွားသွားကြည့်ရမေးရတယ်။ သူမလေးတို့ ထိုင်းတို့ ကပြန်လာရင် ကျမအတွက်ဆိုအများကြီးဝယ်လာတာ။ သူငယ်ချင်းတွေကတောင်သဘောကျကြတယ်။ တခါတခါ သူငယ်ချင်းတွေအတွက်ပါ အမှတ်တရလေးတွေဝယ်လာတတ်သေးတယ်။ မျက်နှာလိမ်းတဲ့ခရင်မ်တို့ လိုးရှင်းတို့ ရေမွှေးတို့ ဆိုတာပြတ်တယ်ကိုမရှိသလောက်ဘဲ သူဝယ်လာတာတွေနဲ့ ။ ခုများတော့ မွေးနေ့ တောင်မှ ကိုယ်ကြိုက်တာကိုယ်ရွေး သူကပိုက်ဆံရှင်းတယ်။ ဘယ်မှာလည်းရိုမန်းတစ်။ လူကိုအလိုလိုက်တာတောင်မှ ချစ်လို့ အလိုလိုက်တာမျိုးမပြောဘူး။ ကျမကြိုက်တာစား။ ကြိုက်တဲ့ဆိုင်ရွေး သူကချေး(ဂျီး)မများဘူးဆိုပြောလိုက်သေးတာ။ ဘာစားမလဲမေးရင်ကြိုက်တာချက်တဲ့။ ကျမချက်မှာကိုကြောက်လို့ တဲ့။ ဆေးစရာတွေထွက်လာတော့မယ် သူဆေးရတော့မယ်ဆိုပြီး။ ဘယ်လိုကြီးမှန်းကိုမသိဘူး။
တစ်နေရာရာသွားကြရင် ယုတ်စွအဆုံး တစ်ပါတ်တစ်ခါ နှစ်ခါ ဈေးသွားကြရင်တောင်မှ အနားမှာမနေဘူး။
ဒီမှာဈေးဝယ်တာကတော့ ဟင်းချက်စရာလည်းစတိုးဆိုင်ကြီးတွေမှာပဲဝယ်ကြရတာမဟုတ်လား။ အဲဒါ အဲလိုသွားကြရင်လည်းအထဲရောက်တာနဲ့ ဘယ်ဖက်ထွက်သွားမှန်းကိုမသိဘူး။ ပျောက်သွားရော။
အစကဆိုသိပ်ဒေါကန်တာ။ ဒီကသူပါတယ်မှတ်ပြီး စကားတွေပြော အနားကပစ္စည်းထဲ့တဲ့လှည်းကို ကိုယ့်လှည်းမှတ်လို့ မှားထဲ့။ နောက်နားကလူကိုကိုယ့်လူမှတ်လို့ ဆွဲမလိုလို ခဏခဏဖြစ်။
ခုတော့ အထာကျသွားပြီ။ ၀င်ကတည်းက တွန်းလှည်းကိုကိုယ့်ဖာသာယူပြီး ကိုယ်သွားချင်တဲ့လိုင်းကိုယ်သွားတယ်။ အချိန်တန်ရင် တစ်နေရာရာကနေပေါ်လာလိမ့်မယ်ဆိုပြီး။
ကိုယ်ကစိတ်ကူးနဲ့ စဉ်းစားပြီးပစ္စည်းတွေဖတ်ကြည့်ကိုင်ကြည့်လုပ်နေတုန်း နောက်ကနေ လူကိုပုခုန်းတိုက်ပြီး ဖြတ်လျှောက်သွားရင် အဲဒါသူလို့ သာမှတ်လိုက်တော့။ အဲဒါကိုကျမကလည်း မမှတ်ဘူး။
ပြုန်းဆို ကိုယ့်ကိုပုခုန်းတိုက်သွားရင်တို့ တွန်းလှည်းကိုဆွဲယူသွားရင်တို့ ဆို အမလေး..လန့် လိုက်တာ..ဆိုပြောနေကြ။ သူက ကျမအဲလိုပြောတာအတော်သဘောကျပုံရတယ်။ အမြဲပဲ ပြန်ပေါ်လာရင်ရိုးရိုးမပေါ်လာဘူး။ ပုခုန်းကိုတိုက်ချပြီးမှပေါ်လာတယ်။ ကျမကလည်း အမြဲ အမလေးလန့် လိုက်တာလို့ ပြောတယ်။ စဉ်းစားကြည့်တော့ကျမလည်းခုတော့အဲလိုလုပ်တာကိုတောင်အမြင်ကပ်ရာကနေချစ်တတ်နေပြီထင်တယ်။ လွှတ်ထားလိုက်တယ်။ တစ်ခါတစ်ခါဆို သူ ကျမပျောက်လို့ ဖုန်းကိုဆက်တိုက်ခေါ်နေပြန်ရော။ ကျမကလည်း အဲလိုနေ့ မျိုးဆို ရုံးမှာစည်းဝေးရှိလို့ ဖုန်းကိုအသံပိတ်ထားပြီးပြန်မဖွင့်ထားမိတဲ့နေ့ မျိုးတို့ ဖြစ်နေတတ်ပြန်တယ်။
စိတ်ထဲကတော့ အဲလို လွဲရင်ကြိတ်ပြီးဝမ်းသာနေတာ။ သွားချင်ဦး သပ်သပ်ဆိုပြီးတော့ပေါ့။
ခေါင်းကိုက်ဇက်ကြောတက်လို့ ကိုကို..ဒီနားလေးနည်းနည်းနှိပ်ပေးပါလားပြောရင် မျက်လုံးကအဲဒီပုခုန်းတို့ ဇက်တို့ မှာမရှိဘူး။ လေးငါးချက်နှိပ်ပြီး လက်မသန်တော့ဘူးလို့ ပြောတယ်။ သူ အကြောတက်နေမကောင်းဖြစ်ရင် ကျမကသိပ်နှိပ်ပေးချင်တာ။ ဒါမှကျမနှိပ်ပေးဖို့ တောင်းဆိုခဲ့ရင် သူတစ်လှဲ့ ကိုယ်တစ်လှဲ့ သဘောပေါ့။ သက်သာစေချင်တာလည်းတစ်ကြောင်းပေါ့။ အဲဒါ မနှိပ်ပေးနဲ့ တဲ့။ ဇွတ်နှိပ်ပေးရင် ရပြီရပြီဆိုပြီးကိုယ်ကိုတွန့် လိမ်ပြီးရုန်းထွက်သွားရော။
ခုလေကျမအကြောင်းတစ်ခုခုပြောဖို့ အစပျိုးရင် အလည်ကအကြောင်းကိုနားမထောင်ချင်ဘူး။ နောက်ဆုံးဘာဖြစ်သွားလဲတန်းမေးတယ်။ နောက်ဆုံးဖြစ်တာပြော
ပြီးပြန်တော့ ကြားထဲက သူများနဲ့ အပြန်အလှန်ပြောရတာတွေ ဖြစ်ပျက်တာတွေက ဟ နေတော့ ကိုယ်ခံစားရ ကြုံရတာကို ဘာကြောင့်ဘယ်လိုဆိုတာပြည့်ပြည့်၀၀နားမလည်ပြန်ဘူး။ စိတ်ကိုအပူမရှိအောင်ထားဖို့ ၊ အပူဆိုတာ အကုသိုလ်ဘဲ။ အဲဒီအကုသိုလ်ဖြစ်နေရင် ကောင်းတာတွေနဲ့ ပိုဝေးနေစေတယ်။ စိတ်အေးချမ်းမှ ကုသိုလ်ဖြစ်တာ။ ဒါမှအေးချမ်းပြီးကောင်းမွန်တာတွေဖြစ်မှာဆိုပြီး လန်ဘားကျောက်သတား အကြာကြီးပြောနေပြန်ရော။ ကြည့်...သူများပြောတုန်းကတော့ လိုတိုရှင်းပြောခိုင်းပြီးသူ့ ကျတော့ အင်ဒီးယန်းကားရိုက်နေတယ် ပေအရှည်ကြီး။
သူကလေဖျားခဲတယ်။ ဖျားရင်လည်းအပြုစုမခံတတ်ဘူး။ အေးအေးဆေးဆေးအိပ်ယာထဲလှဲနေတာဘဲ။
ကျမတို့ အိမ်မှာတစ်ယောက်ကိုတစ်ယောက်သိပ်ပြုစုကြတာ။ ကျမခေါင်းကိုက်လက်ကိုက်ဆိုအစ်ကိုတွေမောင်တွေကနှိပ်ပေးတာ အကြာကြီးစကားတပြောပြောနဲ့ ။ ကျမဖျားလို့ ကတော့အမေနဲ့ မမနဲ့ သေပြီဆရာပဲ။ ဟိုဟာလည်းမစားဒီဟာလည်းမစား။ ဟိုဟာလေးလုပ်ပေး ဒီဟာလေးလုပ်ပေး ကျမစားချင်မယ်ထင်တာလေးတွေ။ နဖူးကိုခဏခဏလာစမ်းရင်လည်းမကြိုက်ဘူး။ အကြာကြီးပစ်ထားရင်လည်းမကြိုက်ဘူး။ ကျမဖျားရင် ပေပေတေတေနေပြီးမှဖျားတော့ တစ်ခါတစ်ခါဖျားရင် ချက်ချင်းမပျောက်ဘူး။ အဖျားကောင်းကောင်းမပျောက်ခင်ရေချိုးခေါင်းလျှော်ချင်တယ်။ ပြန်အအေးမိပြန်ဖျား။ အမေနဲ့ မမနဲ့ ကပြန်ပြုစုရနဲ့ ။ ခုများတော့ပြုစုမဲ့သူမရှိလို့ မဖျားရဲပေါင်။ ကိုယ့်ကိုကိုယ်ဂရုစိုက်လိုက်တာ။ ဘယ်ပေပေတေတေနေရဲမလဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက စိတ်မရှည်တတ်တော့တဲ့ ချစ်ချစ်က ကျမဖျားရင် အရမ်းဂရုစို်က်ပြန်တယ်။ အိပ်ယာထဲ ကော်ဖီ ဆွတ်ပြုတ်ဘာညာယူလာပြီး ခွံ့ ကျွေးတိုက်ကျွေးတယ်။ ဆေးသောက်ချိုန်စောင့်ပြီးထပြီးဆေးတိုက်ပေးတယ်။ ဘာစားချင်လည်းပြော သွားဝယ်ပေးရှာတယ်။ မှတ်မှတ်ရရ ကယ်လီဖိုးနီးယားမှာတုန်းက ကျောင်းတက်နေတုန်းကပေါ့။ ကျမဖျားတာ သူ့ မှာစိတ်တွေပူလို့ ။
နလံထတော့ဘာစားချင်လည်းတဲ့ ။ ကျမ ကမုန့် ဟင်းခါးလို့ ပြောတော့ မြန်မာစားသောက်ဆိုင်ကိုသွားပြီး မုန့် ဟင်းခါးတစ်ပွဲ ၇ဒေါ်လာခွဲလား ၆ဒေါ်လာခွဲလားမသိဘူး ပေးရတယ်။ ၂ပွဲသွားဝယ်ပြီးကျွေးရှာတယ်။ ပြောရမယ်ဆိုရင်ကျမစားဘူးသမျှ မုန့် ဟင်းခါးထဲမှာ သူ့ ထက်ညံ့တာတောင် သူ့ လောက်မညံ့ဘူးလို့ ပြောရမယ်။ အညံ့တကာ့အညံ့ဆုံးဘဲ။
ကျမကတော့သူပြုစုတာကို သဘောတွေကျနေတာ။ ဖျားရတာမဆိုးဘူးလို့ တောင်ထင်မိခဲ့တယ်။
ကဲ...ကိုယ့် သူငယ်ချင်းစာဖတ်သူများကော
သူ့ လိုပြောင်းလဲသွားတဲ့သူများနဲ့ ဘ၀ဖေါ်ဖြစ်နေသလား။
ဘ၀ဖေါ်မရှိသေးရင်လည်းတချိန်မှာပြောင်းလဲသွားတတ်တာလေးတွေကြိုတင်မြင်ယောင်ထားနော်။
အရင်တုန်းနဲ့ ခုချိန်ထိအတူတူဘဲ..ဆိုရင်တော့ကိုယ်က ကွန်ဂရက်ကျူးလေးရှင်းလုပ်လိုက်ပါတယ်နော်။း)
အားလုံးကိုကျေးဇူးတင်လျှက်။
ချစ်ခင်သော
အိုင်အိုရာ
ခုတော့ မသိသေးဘူး။ ယူကြည့်မှ သိမယ်တူတယ်။ :P
ReplyDeleteမြတ်ကြည်လေး...
Deleteမြတ်ကြည်လေးသိတဲ့အချိန်ကျကိုယ်ဘာရေးခဲ့ဘူးမှန်းတောင်မမှတ်မိလောက်တဲ့အရွယ်ရောက်နေလောက်
ပြီ။..အဟက်..
အရေးအသားလေးက ရိုမက်တစ်ပါ။
ReplyDeleteကျွန်မတောင် အဲသလိုလေး ရေးချင်လာတယ်၊
ကျွန်မတို့ကတော့ အရင်လိုနဲ့ အခုတော့ မတူဘူး၊ ပုံစံကွဲသွားတာလို့ ပြောလို့ ရတယ်
ဆက်ရေးပါအမ၊
အပြုံးပန်း...
Deleteကိုယ်တို့ ထက်လည်းအသက်အများကြီးငယ်သေးတာကိုး။
ကိုယ်ကတော့အပြုံးပန်းရေးသမျှဖတ်လို့ ရသလောက်ဖတ်တာဆိုတော့ အဲလိုလေးရေးရင်လည်းအပြေးလာဖတ်မှာပါလို့ ။
အားပေးတယ်လား။း)
ကျေးဇူး၊ အားပေးတဲ့သူရှိလို့ ရေးအုံးမယ်၊
Deleteအိမ်ထောင်သက် ၃၁နှစ်ကျော်အထိတော့ မပြောင်းလဲသေးဘူး အိုင်အိုရာ.. ဒါဆိုတီတင့်ကို ကွန်ဂရက်စ်လုပ်တော့နော် ဟာဟ… ချစ်သူနဲ့ပတ်သက်တဲ့ အပိုင်းအစလေးတွေ ဆက်မျှော်နေတယ်..
ReplyDeleteတီတင့်...
Deleteကွန်ဂရက်စ်.....
အိုင်အိုရာကတီတင့်စီသင်တန်းလာတက်ရင်ကောင်းမလား။
သူ့ ကိုတီတင့် အိမ်ဦးနတ်စီ ပို့ ပြီးသင်တန်းတက်ခိုင်းရကောင်းမလား။ ဟင်း..ဟင်း..
မျှော်သာမျှော်သည်မပေါ်ပြီဆိုတာ အိုင်အိုရာဘဲတီတင့်ရေ။
အားပေးတဲ့သူတွေများလာတော့ ဖီလင်လာရင်လာသလိုဆက်ရေးဖြစ်ဦးမယ်ထင်ပါတယ်။း)
ဖတ်ရင်းနဲ့ ရေးချင်စိတ်တွေတောင် ဖြစ်လာတယ်။ 2ယောက်ထဲချင်းတူလို့လေ။ မအိုင်အိုရာကို မမီးငယ်နဲ့ စန်းထွန်းတို့ရဲ့ စာတွေ သွားဖတ်ရင်း ကွန့်မန့်တွေ တွေ့နေပေမဲ့ တခါမှ အလည်မလာခဲ့ဖူးဘူး။ ရေးဘို့ ကြိုးစားဦးမယ်ရှင်
ReplyDeleteအိမ်စိုးမေ..
Delete(နံမည်လေးကလှလိုက်တာနော်)
လာလည်ပြီးဖတ်သွားကွန်မန့် ပေးသွားလို့ ကျေးဇူးတင်ဝမ်းသာပါတယ်။
အားတဲ့အခါအချိန်ရတဲ့အခါဘာမှဖတ်စရာမရှိတဲ့အခါထပ်လာလည်ဘို့ လည်းဖိတ်ပါတယ်နော်။
ရေးတဲ့အခါလာဖတ်မယ်နော်။ ဖတ်ရင်းနဲ့ ရေးချင်စိတ်တွေတောင်ဖြစ်လာတယ်ဆိုတော့
ပြုံးမိတယ်။ ကိုယ်လည်းဒီကွန်မန့် လေးဖတ်ရင်းနဲ့ ထပ်ရေးချင်စိတ်တွေတောင်ဖြစ်လာတယ်။း)
ဟီးဟီး တကယ်တော့ ဂျူါ် ရဲ့ ဇတ်ကောင် နာမည်လေ ကြိုက်လွန်းလို့ပါ ။
Deleteဖတ်လို့ကောင်းလိုက်တာ မမအိုင်အိုရာရယ်... ရေးတတ်ပါ့... အဲဒါဖတ်မှ ဒီကရော ဘယ်လိုလဲဆိုတာ စဉ်းစားပြီးနှိုင်းယှဉ်ကြည့်နေရတယ်။ ဈေးဝယ်ရင်လည်း ဒီက ကြုံရတာက တမျိုး..နောက်မှပဲ ကိုယ့်ထဲ ပို့စ်တင်မယ် စိတ်ကူးတယ်။ ဖတ်မလားဟင် :D
ReplyDeleteစူးနွယ်လေး..
Deleteတကယ်လား။
ပို့ စ်တင်ရင်လာဖတ်မှာပေါ့။ အမြဲအားပေးနေတာကို။
ဖွန့် မတူတာကိုစိတ်မှန်းနဲ့ ရအောင်ဖတ်သေးတာ။း)
ချစ်စရာပို့စ်လေး....း) စာအရေးသိပ်ကောင်းတာကို ခနခနအဲလိုပို့စ်လေးတွေတင်ပါ...ငယ်တုန်းက အကြောင်းလေးဖြစ်ဖြစ်ပေါ့...။
ReplyDeleteမိုးငွေ့ ....
Deleteချစ်စရာကွန်မန့် လေးး)
မြှောက်ပေးရင်ဘာဖြစ်အောင်ကတယ်ဆိုလား။
ဘယ်သူမှမမြှောက်ပေးပဲနဲ့ တောင်ရေးနေတာ ဒီလိုမြှောက်ပေးလို့ ကတော့..ရေးမယ် ရေးမယ်နဲ့ ဖြစ်နေဦးတော့မှာ။း)
ရေးရင်လာဖတ်ပေးဦးနော်ဒါဆို။
စာဖတ်ရင်းကပြေးလာတာ...ဖတ်ပြီးတော့ရယ်မိတယ်..အစ်မစာရေးတာသိပ်ကောင်းတာပဲဗျ
ReplyDeleteအိမ်ထောင်သည်ဘ၀ဆိုတာအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်...:)
ကျနော်ကအတွေ့အကြုံမရှိသေးဘူးဗျ...ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးဆိုတော့လည်း
တစ်မျိုးတော့ပျော်ဖို့ကောင်းမယ်ထင်ပါတယ်...:) အားလုံးအဆင်ပြေနေရင်ငြီးငွေ့စရာကြီးနေမှာ
လောလောဆယ်တော့ဘ၀အဖော်မရှိသေးလို့အတွေ့အကြုံလေးတွေမှတ်သားသွားပါတယ်ဗျ
ဆက်လက်ပြီးပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ...
ရွှေညာသားလေး...
Deleteစာဖတ်ရာကနေတောင်ပြေးလာတယ်ဆိုတော့ကျေးဇူးကျေးဇူး။
ဖတ်ပြီးတော့ရယ်သွားရတယ်ဆိုတော့ဦးနှောက်ဆေးသလိုဖြစ်သွားတော့စာပြန်ဖတ်တော့စိတ်ကြည်သွားတာပေါ့နော။(တော့ တွေတောင်များနေပြီ)
ဟာ..လာပြန်ပြီတစ်ယောက်..စာရေးကောင်းတယ်တဲ့။ ဟ.ဟ.
အိမ်ထောင်သည်ဘ၀နဲ့ လူလွတ်ဘ၀မတူတာတော့အသေချာဘဲ။
စိတ်ရှည်သည်းခံရတာတော့နှစ်ဦးနှစ်ဖက်လုံးဘဲ။ လူလွတ်ဘ၀တုန်းကလည်းကိုယ့်စိတ်ကြိုက်ကိုယ်လုပ်တဲ့
နှစ်ယောက်ကိုး။
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေနော်။
Hi Iora,
ReplyDeleteHigh Five! Tu lite tar A :) I feel like all the points are being mentioned about me and my hubby ha ha.. At first, I was irritated by his behaviours even though I could feel his affection. Now? Oh! I am very used to the situation!
Hi unknown reader,
DeleteHigh Five!!
When I talked about those kind of stuff with a friend of mine, she also said it happens same thing to her.. She said when men get older they also change their habit. I don't know. We were laughing by sharing similar conversations between us and our hubbies.
Thanks for visiting and commenting very friendly.
I invite you to visit me whenever you have time.
ဘယ်နေရာရောက်ရောက် မုန့်ဟင်းခါးကိုကောင်းကောင်းချက်ပြီးရောင်းတဲ့ မြန်မာဆိုင်မတွေ့ဖူးသေးဘူးနော်
ReplyDeleteတကယ်ကောင်းအောင်ချက်လဲ ရပါတယ်
အိမ်ထောင်သက် ၃၁ နှစ်ဆိုတာနဲလားကွယ် ဆက်လက်ပြီး တွဲတဲ့လက်ဒီထက်ခိုင်မြဲရပါစေသား
ဂျက်...
ReplyDeleteဟုတ်တယ် ဂျက်။ ကိုယ်တို့ လို မုန့် ဟင်းခါးအရမ်းကြိုက်တဲ့သူတွေမှာကိုယ်ချက်မှကိုယ်စားရတဲ့ဘ၀ဖြစ်နေတာသနားစရာနော်။း)
ဟုတ်ဘူး ဂျက်..အိမ်ထောင်သက်၃၁နှစ်က တီတင့်။
ကိုယ်တို့ ကချစ်သူသက်တမ်းကသာအကြာကြီး။
အိမ်ထောင်သက်က အဲလောက်မရှိသေးပါဘူး။
၃၁ နှစ်ဆိုရင်တော့ဘယ်လောက်တောင်ပြောပြစရာတွေများမလဲမသိဘူး။ ဟား..ဟား
ပေးတဲ့ဆုနဲ့ ပြည့်မယ်ထင်ပါတယ်။း)
အလုပ်မသွားခင်ကမန်းကတန်းဖတ်လိုက်တယ်..
ReplyDeleteပြန်လာမှဘဲအားပါးတရမန့်လိုက်ပြီ..ဟီး..
အိမ်ကကျားကျားလည်းပြောင်းလဲချက်ကတော့..
၁ဝဝ% ပေါ့..အိမ်ထောင်မကျခင်က၊
ဘာမှမချက်တတ်ဘူးနော်..ဆိုတော့
ရပါတယ် ထမင်းတအိုးနဲ့ငရုတ်သီး၊ဆားရှိရင်
ပြီးပါတယ်တဲ့...၊
ခုတော့..ဟုတ်တော့ဘူး..ဒါလေးလုပ်ပါလား
ဟိုဟာလေးလည်းစားချင်လိုက်တာ
တမ်းတချက်ကကိုယ်ဝန်ဆောင်အလားဘဲ..
မအိုင်အိုရာ..ကျားကျားကချစ်စရာလေး..
ရိုမန်းတစ်နေပါသေးတယ်လေ..
ဈေးဝယ်သွားတာလည်းအတူတူဘဲ၊
ဒီကစကားတပြောပြောနဲ့၊
ဘေးကြည့်မှကိုယ်တော်ကဘယ်ရောက်နေမှန်းမသိ၊
တခါခါကိုယ့်တွန်းလှည်းလာတိုးပြီးနေရာရွှေ့ထားလို့၊
ပြာယီးပြာယာခပ်နေတဲ့ပုံကိုအဝေးကနေကြည့်ပြီးဟားနေတာလေ..။
အင်္ကျီအသစ်ဝတ်ရင်လိုက်လားလို့မေးရင်၊
လှည့်မကြည့်အားတော့ဘူး..။
လှတယ်လှတယ်..ရမ်းတုတ်ပြီးပြောတော့တာလေ..ဟုတ်တယ်လား..။
အော်..ခုတော့သိပြီ..
အဖော်ရှိပြီ..မအိုင်အိုရာလေ..
ဟားဟား...အလုပ်ကပြန်ရောက်တာနဲ့
အဝတ်တောင်မလှဲဘူး..တန်းရေးတာနော့်..
ဆက်ရန်တွေပါ..မျှော်နေမယ်း)))
မီးမီး..
ReplyDeleteအိုး..ဟိုးအဖေါ်ရပြီ။ ပျော်တာ။
ဥပမာအလင်္ကာပေးတာပီပြင်လွန်းလို့ ၇ယ်လိုက်ရတာ။
တူလိုက်တာ။ တနေ့ ကပဲ ဘောင်းဘီအသစ်ဝတ်လို့ သူ့ ကိုဘယ်လိုနေလဲမေးတာ အဲလိုဘဲ ဖိနပ်စီးနေတာကိုယ့်ကိုလှည့်မကြည့်ပဲကောင်းတယ် ကောင်းတယ် လှတယ်တဲ့လေ။
အမြဲ အတူတူနေနေရတော့လည်း ကျမကိုလွမ်းတယ် ဆိုတာမျိုးတွေ သတိရမိတယ် ဆိုတာမျိုးတွေလည်း မကြားရတာ ကြာလှပေါ့ တဲ့...
ReplyDeleteရေးချင်စရာ တော့ပစ်လေး... ရေးအုံးမယ်.... ဟိဟိ
မနက်က Iora ဆိုတဲ့ brand နဲ့ အကျီင်္လေး ၀တ်တုန်းကတောင် သတိရနေသေးတာ...း)
မသက်ဝေ..
ReplyDeleteရေးဖြစ်ရင်လာအားပေးမှာနော်။
ကိုယ့်ကိုသတိရတယ်ဆိုတော့ ခဏခဏအဲဒီအကျီ င်္လေးဝတ်နော်။း)
အိုင်အိုရာ
Sure... I will wear it quite often bcos it's black color, my fav. <3
DeleteThen when you wear it please don't forget to remember me. OK! <3
DeleteBlack is my favorite too. :)
မမအိုင်အိုရာရေ....မမရေးထားတာလေးက..ချစ်စရာလေး ..ဖတ်လို့ကောင်းလိုက်တာ ..
ReplyDeleteစာရေးချင်စိတ်တောင် ဖြစ်လာတယ်..း)
မိုးစက်ဝိုင်
မိုးစက်လေး..
ReplyDeleteတကယ်လား။
မိုးစက်လေးကလည်းချစ်စရာကွန်မန့် လေးရေးတတ်လို့ ဖတ်ရတာပြန်ပြန်ဖတ်ချင်စိတ်ပေါက်တယ်နော်။
ဒီစာဖတ်ပြီးရေးချင်စိတ်ပေါက်တယ်လို့ ပြောကြတယ်နော်။ ရေးလေ။ လာဖတ်မှာပေါ့။